753 views
ကြာသည်လည်းနှောင်း...နွေသည်လည်းဟောင်း
[🚨Warning - R 19🚨]
Title - 쏘 롱, 써머 (So Long for Now, Summer)
Author - Kim Chacha (김차차)
Type - Webnovel (Korean)
Genre - Adult, Drama, Psychological, Romance, Smut
****
ဇာတ်လမ်းအကျဉ်း
"ကွာရှင်းကြရအောင်။"
ကလေးလည်း မရှိတော့ဘူးဆိုတော့ ကျွန်မတို့တွေ နဂိုအနေအထားကို ပြန်ရောက်သွားပြီလေ။
ကျွန်မ ဝူဂျင်ဟာကို ဘယ်လောက်ကြီးပဲချစ်ချစ် မိုက်မဲတဲ့ကိစ္စတွေ ထပ်လုပ်စရာမလိုတော့ပါဘူး။
****
ကိုယ့်အပေါ် ဂရုမစိုက်တဲ့ ယောက်ျားကိုမှ တစ်ဖက်သတ် ချစ်မိခဲ့တဲ့ မိန်းမတစ်ယောက်။
အဲ့ဒီလူရဲ့ ကုမ္ပဏီမှာ လေးနှစ်တာ အလုပ်လုပ်ခဲ့တဲ့တစ်လျှောက်လုံး သူ့ရဲ့ အသိအမှတ်ပြုမှုကိုရရုံလေးအတွက် ကြိုးစားရုန်းကန်မိခဲ့တဲ့အဖြစ်။
ဒီလိုနဲ့ တစ်ညတာ မှားယွင်းငြိစွန်းကြရာကနေ ရုန်းမထွက်နိုင်တဲ့နွံမှာနစ်ပြီး မတော်တဆ ကိုယ်ဝန်ရသွားတဲ့အထိ ဖြစ်လာတဲ့အခါ...
မလိုချင်ဘဲရလာတဲ့ ကိုယ်ဝန်ကြောင့် တာဝန်ယူမှုသက်သက်အတွက် လက်ထပ်ခဲ့တဲ့ အိမ်ထောင်ရေး၊ အချစ်ကိုမပေးနိုင်ဘဲ သူ့ရဲ့ရမ္မက်အလိုကိုသာ ဖြည့်ဆည်းတဲ့ ခင်ပွန်း၊ အခြေအနေ အဆင့်အတန်းမတူတဲ့အတွက် ချိုးချိုးနှိမ်နှိမ် ဆက်ဆံကြတဲ့ ယောက္ခမနဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ သောကဆင်းရဲနဲ့ လောင်မြိုက်ရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်စရာဇာတ်လမ်း။
****
Translated by D
594 views
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
[🚨Warning - R 19🚨]
Title - 우리가 헤어지는 이유 (The Reason We Broke Up)
Author - 서혜은
Type - Webnovel (Korean)
Genre - Adult, Drama, Josei, Romance, Smut
****
ဇာတ်လမ်းအကျဉ်း
ငါ့ရဲ့အိပ်မက်က မင်းပဲ နာဟာယွန်း။
မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဟာယွန်းက သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထယ်ဝမ်နဲ့ အကြာကြီး တွဲခဲ့တယ်။ ငယ်ရွယ်နုသစ်တဲ့ ဆယ့်ရှစ်နှစ်အရွယ်မှာ စတင်ခဲ့တဲ့ အချစ်ဟာ နှစ်ဆယ့်ကိုးနှစ်အရွယ်ကို အရောက်မှာတော့ ဆုံးခန်းတိုင်တော့မလို ဖြစ်လာခဲ့တော့တယ်။
"အခု လမ်းခွဲကြရအောင် ထယ်ဝမ်။ ဒီလောက်နဲ့ပဲ ရပ်ကြရအောင်။"
"ဘာဖြစ်လို့ လမ်းခွဲချင်ရတာလဲ။ မချစ်တော့ဘူးလို့ ပြောနေတာလား။"
"ဟင့်အင်း မချစ်တော့တာမဟုတ်ဘူး။"
အချစ်က တဒင်္ဂလေးတောင် ပျောက်မသွားခဲ့ဖူးပါဘူး။ နွေရာသီကာလကို နောက်ခံထားပြီး သူ လျှောက်လာခဲ့တဲ့ အခိုက်အတန့်ကစလို့ အချစ်က အမြဲတမ်း ရှိနေခဲ့တာပါ။
"ငါ နင့်ကို ချစ်နေတုန်းပဲ။"
"ဒါဆို ဘာဖြစ်လို့လဲ။"
ထယ်ဝမ်က နားမလည်နိုင်တဲ့အလား အော်ပြောခဲ့တယ်။
"မနက်ဖြန်တွေမှာ နင့်ကို ဆက်ချစ်သွားဖို့ ယုံကြည်ချက်မရှိလို့။"
"..."
"အကြောင်းရင်းက အဲ့ဒါပဲ။"
မဟုတ်ဘူးလို့ ငြင်းနေတာတောင်မှ အဲ့ဒါ အဆုံးသတ်ပဲလို့ ပြောခဲ့တဲ့ ငါ။
အဆုံးသတ်မှန်း သိနေခဲ့ပေမဲ့ အဆုံးမသတ်နိုင်တဲ့ နင်။
အတူတူရှိနေလေ ငါတို့ကို ဒဏ်ရာတွေ ပိုပေးလေဖြစ်တဲ့ ဒီအချစ်...
အဲ့ဒီအချစ်ကို ငါတို့ ကာကွယ်နိုင်ပါ့မလား။
****
Translated by D
209 views
[caption id="attachment_20922" align="aligncenter" width="214"] 魔尊他念念不忘 မိစ္ဆာအရှင်မြတ်က ဘယ်တော့မှမမေ့နိုင်ဘူး mm translation[/caption]ဝိညာဉ်ပြန်ဝင်စားလာပြီးနောက် ချီမုယောင်သည်အဓိကဗီလိန် ရှီဟွိုင်နှင့် "နက်မှောင်တဲ့အခန်းငယ်" ဟုခေါ်သော ဂူတစ်ခုထဲမှာပိတ်ခံထားရလေသည်။မိစ္ဆာကျင့်ကြံသူ၏ ခန္ဓာကိုယ်အားသံကြိုးများဖြင့်ချည်နှောင်ထားပြီး သူ၏ကျင့်ကြံရေးအမြုတေလည်း ချိတ်ပိတ်ထားခံရ၏။ချီမုယောင်၏အခြေအနေကိုပြောရမည်မှာ............အနည်းငယ် ကို့ရို့ကားယားနိုင်လှသည်။ဂူ၏ကန့်သတ်ချက်စည်းမျဉ်းများအား ဖယ်ရှားနိုင်ရန်အတွက် နှစ်ကိုယ်တူကျင့်ကြံရန် လိုအပ်သည်။ထိုမှသာသူတို့ကိုယ်သူတို့ကယ်တင်နိုင်မည်ဖြစ်၏။ သို့ပေမည့်........သူသည် ဟယ်ဟွမ်းဂိုဏ်း၏ယောက်ျားလေးတပည့်ဖြစ်နေသောအခါ အားးးးးးးးးးးးးးးး! သူနဲ့နှစ်ကိုယ်တူကျင့်ကြံရမည့်သူဟာ မည်သူဟုထင်ပါသနည်း? ဟိုအဓိကဗီလိန်ကြီးနဲ့လား? သူပြန်ဝင်စားထားသည့် ဤစာအုပ်ဖတ်ထားသည့်သူတိုင်းသိကြသည်။ ထိုအမြှောက်စာ ရှီဟွိုင်နှင့်နှစ်ကိုယ်တူကျင့်ကြံတဲ့သူတိုင်း တမူဟုတ်ချင်းအသေဆိုးနှင့်သေရမည်ဆိုသည်မှာ ပြေးရမယ်! ကန့်သတ်ချက်စည်းချပြီးချင်းချင်း သူတချိုးတည်းလစ်ပြေးရမယ် ***** ရှီဟွိုင်အကယ်ခံရပြီးနောက်ပိုင်း ရူးသွားပြီထင်ရဲ့။ သုံးလောကလုံးကိုသတင်းလွှင့်လိုက်ပြီး အဲ့လူကိုလိုက်ရှာနေသည်။ သူသည် အဲ့လူ၏နာမည်အားမသိသလို သူ့ရဲ့ပုံပန်းသဏ္ဍာန်ကိုလည်းမသိပါလေ။ သူသိသည်မှာ ထိုလူသည် ဟဲဟွမ်ဂိုဏ်းရဲ့ယောက်ျားလေးတပည့်ဆိုသည်သာပင်။ လူတိုင်းက သူ့ကိုသုံးနှစ်ကျော် ကျင့်ကြံရေးမီးဖိုလုပ်သွားသည့်ထိုကောင်လေးအား သတ်ဖြတ်မလိုလိုက်ရှာနေတယ်လို့ ထင်ကြသည်။ ချီမုဟောင်သည် တလောကလုံးမှာအညံ့ဆုံးကျင့်ကြံရေးဂိုဏ်းဖြစ်တဲ့ ယွဲ့ချုန်းကျောင်းတော်ကို အသုံးမကျဆုံးဖြစ်တဲ့ဝိညာဉ်ရင်းမြစ်နဲ့ရောက်လာခဲ့သည်။ လူတိုင်းကသူ့ကိုစွမ်းအားမရှိတဲ့အလှလေးလို့ပြောကြပြီး သုံးလောကလုံးရဲ့နံပါတ်တစ်အလှဆုံးသူဟူသော ဂုဏ်ပုဒ်မထိုက်တန်ကြောင်း ရည်ညွှန်းပြောဆိုကြလေ၏။ အထွေထွေဆိုင်ရာအမတညီလာခံ၌ မိစ္ဆာကျင့်ကြံသူများသည် သူတို့ဖာသာသူတို့မိတ်ဆက်ပြီးဝင်လာကြ၏။ မိစ္ဆာမီးလျှံတွေနဲ့လွမ်းခြုံထားသောကောင်လေးသည် လူအများရှေ့၌ရပ်လျက်ရှိနေ၏။ သူသည် စိတ်တိုလွယ် ရက်စက်ကြမ်းကြုတ်ပြီး တားဆီးမရနိုင်သောမိစ္ဆာအဖြစ် သတင်းပျံ့လျက်ရှိသည်။ ခုတော့သူဟာ အမှန်ဂိုဏ်းများကြားတွင် ထင်ရှားသောအိမ်မက်ဆိုးကြီးဖြစ်လာချေပြီ။ လူတိုင်းသည် တောင့်တင်းနေလျက်ရှိပြီး အချိန်မရွေးသူတို့ကိုယ်သူတို့ကာကွယ်နိုင်ရန် အသင့်ပြင်ထားလျက်ရှိ၏။သူတို့ ချီမုယောင်နား ရှီဟွိုင်ရောက်သွားသည်ကိုမြင်သည့်တိုင်အောင်ပေါ့။ ကျဉ်းမြောင်းသောမျက်လုံးများဖြင့် သူဤသို့ထင်မြင်ချက်ပေးလေ၏။ "မင်းရဲ့ကျင့်ကြံရေးက ခုထိအရေးကြီးတဲ့အချက်တွေမချိုးဖောက်နိုင်သေးတာ ကူပြီးကျင့်ကြံပေးဖို့ငါမရှိတာကြောင့်များလား?" ချီမုယောင်ဟာဆွံ့အသွားလျက် "ဒီကကျင့်ကြံရေးမိတ်ဆွေ မင်းဘာကိုပြောနေတာလဲ? " ဒီတစ်ဖက်စွန်းရောက်တဲ့ကျင့်ကြံရေးလောက၌ ရှီဟွိုင်ဟာ အကြွေးဆပ်နေရရှာ၏။ ချီမုယောင်အား သူ့အိမ်တော်၌ ညှင်းဆဲရန်အလုပ်များလျက်ရှိနေသည်။ ညရောက်သော် ချီမုယောင်သည်ခါးခါးသီးသီးပင်အသနားခံလျက်ရှိပြီး " မလုပ်ပါနဲ့တော့ ကျေးဇူးပြီးနောက်ထပ် ထပ်ပြီးမကျင့်ပါရစေပါနဲ့တော့......... ငါ့ရဲ့ကျင့်ကြံရေးက ဆရာတစ်ဆူဖြစ်မယ့်အဆင့်တောင်ကျော်တော့မယ် " ငါက သေတော့မယ်ထင်ခဲ့တာ ဒါပေမယ့်ဘယ်လိုဖြစ်ပြီး ငါက မိစ္ဆာအရှင်ရဲ့ လရောင်ဖြူလေးဖြစ်သွားရတာတုန်း အလွန်တရာပိုင်စိုးပိုင်နင်းလုပ်လွန်းပြီး ခေါင်းမာလွန်းသောနတ်ဆိုးအရှင် ( gong )× ဟယ်ဟွမ်ဂိုဏ်းရဲ့တစ်ဦးတည်းသောယောကျာ်းလေးတပည့်ဟောင်းလေး ( shou )