Come to my side

4.7
Your Rating
Come to my side 4.7 (7)
356
Comments
45 Users bookmarked This

Come to my side

         Tran name- ကိုယ့်အနားမှာပဲ နေ‌ပေးပါ

Type- Webnovel

Genre- comedy, drama, romance

Author- Liu Mang Xing (六盲星)

Translator- Cassendra

 

ဇာတ်လမ်းအကျဉ်း

ကွမ်းရှီးဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ အသက်၂၆နှစ်ရောက်မှ သူက သူ့မိဘတွေရဲ့ သမီးအရင်းမဟုတ်ဘူးလို့ အသိပေးခံလိုက်ရတယ်။

တကယ့် ကွမ်းမမလေးကို မကြာခင်မှာပဲ ဟိုးမြို့ငယ်ငယ်လေးကနေ သွားခေါ်လာမှာတဲ့။
ခဏလေးအတွင်းမှာပဲ သူ့ဘဝဟာ ဇောက်ထိုးမိုးမျှော် တွေ ဖြစ်သွားခဲ့တယ်။ သူ့မိဘတွေရဲ့ အချစ်တွေကို ခွဲပေး ရတော့မှာဖြစ်သလို ပိုင်ဆိုင်မှုတွေကိုလည်း ခွဲဝေပေးရ တော့မယ်။ သူ့ရဲ့ သတို့သားလောင်းကတောင် သူ မဟုတ်တဲ့ တခြားမိန်းကလေးနဲ့ လက်ထပ်သွားနိုင်တယ်။

တစ်ညလုံးစဉ်းစားပြီးတဲ့နောက်မှာတော့ ကွမ်းရှီးက စိတ်ကိုစုစည်းလိုက်ပြီး သူ့ဆန္ဒနဲ့ဆန့်ကျင်ကာ သတို့သားလောင်းရဲ့ နှစ်သက်မှုကို ရရှိဖို့အတွက် သူ့ဘက်ကနေ ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

“ကျန်းဆွေကျိုး၊ ငါ နင့်ကိုချစ်တယ်။ နင့်ကိုချစ်လွန်းလို့ နင်မရှိရင် အသက်မရှင်နိုင်လောက်ဘူးထင်တယ်။”

အခုလေးတင်မှ အလုပ်ခရီးကနေ ပြန်ရောက်လာတဲ့ ကျန်းဆွေကျိုးက ကြမ်းပြင်ပေါ်က ပန်းပွင့်ပွင့်ဖတ်တွေကို တွေ့တဲ့အခါ မျက်ခုံးတစ်ဖက်ပင့်ပြလိုက်ကာ
“ကွမ်းရှီး၊ ဒီတစ်ခေါက်ရော ဘယ် limited edition အိတ်ကို သဘောကျနေပြန်ပြီလဲ။”

 

ကွမ်းမိသားစုရဲ့ သမီးအကြီးဆုံးဖြစ်တဲ့ ကွမ်းရှီးမှာ ရုပ်ရှိရေလျှံသတို့သားလောင်းရှိပေမဲ့လည်း သူတို့ကြားက ဆက်ဆံရေးဟာ ပိုက်ဆံပေါ် အခြေခံပြီးဖြစ်လာတဲ့ အတုကြီးမှန်း လူတိုင်းသိကြပါတယ်။

 

သမီးအရင်း ပြန်ရောက်လာတဲ့နောက် ကွမ်းရှီး တစ်ယောက်တော့ အကုန်လုံးဆုံးရှုံးရလိမ့်မယ်လို့ ထင်ကြေးပေးနေကြတာဟာ လေလံပွဲတစ်ပွဲမှာ သူ့ သတို့သားလောင်းဖြစ်တဲ့ ကျန်းဆွေကျိုးက ကွမ်းရှီးအတွက် တန်ဖိုးကြီးလက်ဝတ်လက်စား အစုံလိုက်ဝယ်ပေးဖို့ သူတို့မျက်စိရှေ့တင် ပိုက်ဆံကို ရေလိုသုံးပစ်လိုက်တာကို မတွေ့လိုက်ရခင်အထိပါပဲ။

သူငယ်ချင်းတစ်ယောက်က သူ့ကို လာပြောခဲ့တယ်။
“မင်းရူးနေလား။ ကွမ်းရှီးက မင်းသတို့သမီးလောင်းမှ မဟုတ်တော့တာ။”
အဲ့ဒီနောက်မှာတော့ ကျန်းဆွေကျိုးက တည်ငြိမ်စွာပဲ ပြုံးပြလိုက်ကာ
“သူက ငါအလိုလိုက်ထားတဲ့ ငါ့သတို့သမီးလောင်းပဲ။ ငါ့ကို ဘယ်သူပြောင်းခိုင်းရဲသလဲ။”

 

Genre(s)
Tags(s)