First Frost
ကံကြမ္မာစက်ကွင်းကြီးရဲ့စီရင်ခြင်းအောက်မှာ ‘ဝိန်းရိဖန်’ ဆိုတဲ့ကောင်မလေးက အထက်တန်းကျောင်းတုန်းက ငြင်းခဲ့ဖူးတဲ့ကောင်လေး ‘စန်းရန်’ နဲ့ တစ်အိမ်တည်းနေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးက စည်းခြားထားတဲ့မြစ်ချောင်းကြီးကို မချိုးမဖျက်ကြဘဲ တစ်မိုးအောက်ထဲမှာ သူစိမ်းနှစ်ယောက်လိုမျိုး အတူတူနေထိုင်ကြပါသေးတယ်။ ဒီလိုအေးချမ်းငြိမ်သက်နေတဲ့နေထိုင်မှုပုံစံလေးက မနက်ခင်းတစ်ခုမှာတော့ ကပြောင်းကပြန်နဲ့အဆုံးသတ်သွားပါလေရော့သတဲ့….
မနေ့ညကအထိ သူမရဲ့အိပ်ခန်းထဲမှာပဲ ရှိနေခဲ့တဲ့ ‘ဝိန်းရိဖန်’က နောက်တစ်နေ့မနက်မိုးလင်းတော့ ‘စန်းရန်’ရဲ့အိပ်ရာပေါ် ရောက်နေပါတယ်တဲ့လေ။ အိပ်နေတဲ့အချိန် ယောင်ယမ်းပြီး လမ်းထလျှောက်တတ်တဲ့အကျင့်ရှိတဲ့သူ ‘ဝိန်းရိဖန်’ ကသာ ဒီလိုအကျင့်မျိုးရှိကြောင်း ‘စန်းရန်’ကို ရှင်းပြပြီး တောင်းပန်စကားဆိုရတော့တာပေါ့။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးတွေက တစ်ကြိမ်ထပ်တစ်ကြိမ် ထပ်ပြီးဖြစ်လာတဲ့အခါကျတော့ ပြဿနာအတွက် ဆွေးနွေးကြရတော့တယ်လေ။
‘ဝိန်းရိဖန်’ က ‘စန်းရန်’ ကို အိပ်ခန်းတံခါးကို လော့ခ်ချထားသင့်ကြောင်း အကြံပြုပေးတော့တာပေါ့။
‘စန်းရန်’ က စိတ်ထဲမထည့်တဲ့ပုံစံမျိုးနဲ့ အလျင်းသင့်သလို ပြောလိုက်တာက ;
“မင်းက သော့ဖျက်ဝင်လာရင်ရော”
‘ဝိန်းရိဖန်’ကလည်း စိတ်ရှည်လက်ရှည်နဲ့ကို ရှင်းပြရင်း
“ငါ့မှာ ဘယ်လိုလုပ်ပြီး သော့ဖျက်နိုင်တဲ့အစွမ်းအစမျိုးရှိပါ့မလဲ”
“ကိုယ်နဲ့ တစ်ကုတင်ထဲ အတူတူအိပ်ရဖို့အတွက်..”
စန်းရန်က မျက်လုံးကိုအသာအယာပင့်ကြည့်ရင်း ;
“မင်းမလုပ်နိုင်တဲ့အရာဆိုတာမျိုး မရှိရင်ရော”
‘ဝိန်းရိဖန်’က နှစ်စက္ကန့်မျှလေးငြိမ်သွားပြီးတဲ့အခါမှာတော့ လေးလေးနက်နက်နဲ့ကို အတည်ပေါက် မေးတော့တယ်လေ။
“တကယ်လို့ ငါက တကယ်ပဲ အဲ့လိုမျိုးလုပ်နေတယ်ဆိုရင်ရော နင် တံခါးလော့ခ်ချထားဦးမှာလား”
“…..”
‘ဝိန်းရိဖန်’ ; “ဒါဆို လာလိုက်လေ”
‘စန်းရန်’ ; “?”
မှတ်သားထားရမည့်အချက် – မဟားတရား ‘ဖလစ်’တတ် ပြီး ပါးစပ်ကနေပြောမထွက်တဲ့စကားမရှိလောက်တော့တဲ့ အကြီးဆုံးသခင်လေးက တကယ်တမ်းတော့ အရမ်း အသည်းငယ်ခံစားနေရရှာသူလေးပါ။ ဒါပေမယ့် အရမ်းကိုရဲတင်းနေလို့ လက်ဖျားခါရလောက်ပါသေးတယ်။
>>>>>>
ကိုယ့် Description လေး ဆက်သွားကြမယ် ;
ဇာတ်လမ်းလေးကတော့ သက်တူရွယ်တူ အထက်တန်းကျောင်းသားအရွယ် ‘စန်းရန်’ နဲ့ ‘ဝိန်းရိဖန်’တို့ဟာ တစ်နေ့ကျရင် တက္ကသိုလ်တစ်ခုတည်းမှာ အတူတူတက်ကြဖို့အတွက် ကတိကဝတ်ပြုထားခဲ့ကြပါတယ်။ ကံကြမ္မာစီရင်တဲ့အကြောင်းအမျိုးမျိုးတို့ကြောင့် ကောင်မလေးဟာ ကတိကဝတ်ချိုးဖောက်ဖို့ဖြစ်လာခဲ့တော့သလို ကောင်လေးကိုပါ သူမအနားကို ထပ်မလာတော့ဖို့အထိ ငြင်းထုတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက်အရွယ်တစ်ခုရောက်လာပြီး အလုပ်ကိုယ်စီရှိသွားကြတဲ့တစ်နေ့မှာ ကောင်လေးနဲ့ကောင်မလေးတို့ ပြန်ဆုံခဲ့ကြတယ်ပေါ့။
တစ်ခါက အငြင်းခံလိုက်ရတဲ့ကောင်လေးကရော ဘယ်လို သဘောထားမလဲ?
တစ်ခါက ငြင်းလွှတ်လိုက်တဲ့ကောင်မလေးကရော ဘယ်လို သဘောထားနေဦးမလဲ?
>>>>>>