All For Love

0
Your Rating
All For Love 0 (0)
46
Comments
3 Users bookmarked This

ရိုးရိုးမကပဲ ဖင်လိမ်ကမဲ့ နိုင်းကလေးရဲ့အသစ်ပါ ။ အပျင်းရောဂါစွဲကပ်နေလို့ မပျင်းမိအောင်ကြိုပြီး cover နဲ့ intro လာဝင်ထားတာ ။

ဘယ်လိုဇာတ်လမ်းလဲဆိုရင်တော့ မင်းတို့နိုင်းရဲ့ပုံစံအတိုင်း ဇာတ်အေးမယ် ။ ဒွမ်မာပါမယ် ။ ဖတ်ပြီးရင် ဘာဗဟုသုတမှလည်းရမှာမဟုတ်ဘူး ။ (ဒါကတော့ လုံးဝသေချာတယ်) ။ plot twist တွေ အများကြီးထည့်ရမှာပျင်းတဲ့ကောင်ဆိုတော့  တအားကြီးတော့မမျှော်လင့်စေချင်ဘူး ။ မြင်ဖူး ဖတ်ဖူးနေတဲ့ဇာတ်လမ်းအတိုင်းပဲ သွားမှာ ။ သူများရေးဖူးပြီးပေမယ့် ကိုယ်မရေးဖူးသေးလို့ ဒီဇာတ်လမ်းကိုရေးတာပါ ။  (တစ်ခုလျှိုထားတာရှိပေမဲ့ မပြောပြပါဘူး ။ ကိုယ့်ဘာသာဖတ်တော့မှသိပါစေလို့ဆိုပြီးထားထားတာမို့လို့ လုံးဝမပြောပြဘူး)

ဆိုတော့ ဆိုတော့ စောင့်ဖတ်မယ်စိတ်ကူးထားရင် နောက်ဘုရားပွင့်မှပြန်လာဖတ်ပါလို့ အကြံပြုလိုပါတယ် ။ (အမှန်ကတော့ ရေးတော့ရေးနေတယ် မုကပျောက်ပျောက်သွားတော့ တစ်ခါလိုက်ဖမ်းရင် သုံးရက်လောက်ကြာတယ် ။ ) တစ်ပတ်ကိုတစ်ပိုင်း Up ပေးတာကို လက်ခံကြမလားဆိုတာကိုလည်း သိချင်တယ် ။ လက်ခံရင်တော့ တစ်ပတ်တစ်ပိုင်းရပါမယ် ။

ဇာတ်ဆောင်တွေကတော့

– ပြိုင်စံရှား ကချေသည် အန်းလီရှင်း
– ဦးရီးတော် ကောင်းဖန်ဟွာ
– မင်းကြီး ဝေဖု

အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ပုံစံကတော့ cover က အတိုင်းပါပဲ ။ ကြည့်ပြီး စိတ်ကူးယဥ်ရအောင် ပုံထပ်ထည့်ပေးထားပါတယ် ။

Genre(s)