အခန်း(၁၀)
မင်းခေါင်နဲ့ကဝေပျံဘိုးမှန်
"အဘနဲ့မောင်မင်းခေါင်ဒီနေရာမှာဘဲလမ်းခွဲကြရတော့မယ် "
"မောင်မင်းခေါင်ရဲ့တပည့်ဖြစ်လာမဲ့သူက
ထန်းတစ်ပင်ရွာမှာရှိတယ်"
"သူဟာမောင်မင်းခေါင်ရဲ့သာသနာပြုခရီးမှာ
အထောက်အကူပေးပါလိမ့်မယ်"
"လူလေးကို ဒီပစ္စည်းလေးတွေကို အဘလက်ဆောင်ပေးလိုက်မယ်ကွဲ့"
"လူလေးရဲ့တပည့်ကိုရှာရင်းနဲ့ ဆေးဆရာအနေနဲ့ခရီးဆက်ပါကွဲ့"
"အရေးကြီးသတိပေးချင်တာကတော့ လူလေးကပညာစုံအောင်လေ့ကျင့်နေတုန်းမို့"
သတိထားပါကွဲ့ နေရာတိုင်းဝင်မပါနုဲ့
မလိုအပ်ဘဲ အထက်လမ်းပညာတွေကိုမသုံးပါနဲ့
"ကောင်းပါပြီအဘ"
"ကျုပ်သတိထားပါမယ်လို့ ဂတိပေးလိုက်တယ်"
ဘိုးတော်ဖြူကို ကန်တော့ကာထန်းတစ်ပင်ရွာကို
သွားရာလမ်းကို စဉ်းစားရင်းနဲ့
"ဘိုးတော်ဖြူနှုတ်ဆက်ကာ ထန်းတစ်ပင်ရွာသို့သွားရန်
ဇရပ်မှထွက်လာခဲ့တယ်"
"ဒီလိုနဲ့ထွက်လာခဲ့ရာ တစ်နေ့ရာအရောက်တွင်
လူနှစ်ယောက်ရပ်ပြီးေတာ့ စကားပြောနေတာတွေ့ရတယ်ဗျ "
"ဘာများဖြစ်ကြတာလဲလို့ သိချင်တာနဲ့အနားကိုကပ်သွားပြီးတော့ မေးလိုက်တယ်"
"နောင်ကြီးတို့ ဘာများဖြစ်နေကြတာလဲဗျ
ကျုပ်ကူညီနိင်တာရှိရင် ကူညီပေးပါရစေ"
"အော်ခင်ဗျားကဘာဆရာလဲ
ကျုပ်ကေဆးဆရာပါ ဆေးလဲလူအများကိုလိုက်ကုေပးေနပါတယ်"
"ဒါဆိုဟန်ကျတာဘဲ ထန်းတစ်ပင်ရွာသွားပြီးေတာ့ဆရာပင့်ပြန်လာကြတာပါ
ဆရာကဘာကြောင့်မှန်းမသိဘူး
ရူးသွားလို့ဗျို့"
"ဒါနဲ့ဘယ်သူဘာဖြစ်လို့တုန်းဗျ
ဒီလိုပါမိတ်ဆွေ ကျုပ်နာမယ်ငဖြိုးနဲ့သူကသံချောင်းတဲ့
သံချောင်းညီမမြသီတာက အခုတလောနေ့ဆိုရင်အိပ်ရာတည်းဘဲလဲနေတာတွဲထူမှထနိင်တာပါ
ဒါပေမယ့်ညဆိုရင်တော့
လာပါပြီရှင် လာပါပြီရှင်ဆိုပြီး အတင်းရွာပြင်ထွက်ဖို့ကြိုးစားတာဘဲ"
"ဒါကြောငိ့ပယောဂလို့ယူဆလို့ ထန်းတစ်ပင်ရွာကဆရာတိုးမောင်ဆိုတဲ့လူသွားပင့်တာပါ
ဆရာက ရူးနေတာဘဲတွေ့ခဲ့ရတယ်"
"ဒါကြောင့်ဘာဆက်လုပ်ကြမှာလဲ
တိုင်ပင်နေတုန်း မိတ်ဆွေရောက်လာတာဘဲ
ကျုပ်ကူညီနိင်ပါတယ် ပယောဂဆိုတာသေချာတယ်အချိန်ရှိတုန်း
ခင်ဗျားတို့ရွာကိုလိုက်ခဲ့မယ်
ကျုပ်ထင်တာမှန်ရင် ခင်ဗျားညီမကိုကယ်ဖို့အချိန်ကစောင့်လို့မရလောက်ဘူးဗျ "
ပယောဂအစစ်ဘဲ......
"ဒါဆိုလဲမိတ်ဆွေဘဲကူညီပေးပါတော့ဗျာ
လှည်းပေါ်တက်အမြန်ရွာကိုရောက်အောင်သွားရအောင်"
ဒီလိုနဲ့ရွာအဝင်အရောက်မှာနွားများက တဖူးဖူးဖြင့် ရှေ့ဆက်မသွားဘဲဖြစ်နေတာကြုံရလေတော့မယ်
"ကြိမ်စကြာရှင် ဘာမှမပူနဲ့မကောင်းဆိုးဝါးတွေ့လို့ဖြစ်တာပါ
ရွာတော်ရှင်နတ်နန်းမှာရွာစောင့်နတ်မရှိဘူး
ဘသက်ကြီးတစ်ကောင်နန်းရှေ့မှာရောက်နေတာတွေ့ရတယ်
အကျွနိပ်တို့ ညီနောင်သွားရှင်းလိုက်မယ်"
"ကျုပ်လည်း ဒေဝ သင့်တို့ကတန်ခိုးရှိတဲ့နတ်ဘီလုးတွေမဟုတ်ဘူးလား
ဟုတ်ပါတယ်ဆရာ
ဒါဆိုသဘက်တစ်ကောင်တည်းဆိုရင်ယက္ခကိုလွှတ်လိုက်ပါ ကောင်းပါပြီဆရာ (စကားချပ်။စိတ်မှမနောကတဆင့်စကားပြောတာပါ တရားထိုင်များပြီးတော့
ပါရမီအခံရှိသူအချို့မှာ ပြောလို့ရတယ်ကြားဖူးတယ်)
ယက္ခဘီလူး တင်းပုတ်ကိုင်ကာနေရာမှပျောက်ကာ သဘက်ကြီးဆီရောက်သွားတာတွေ့ရတယ်"
"ထိုအချိန်နွားလှည်းမောင်းရတာနဲ့ ရွာတည်းဆက်ပြီးေတာ့ဝင်လာခဲ့တယ်"
" ကိုသံချောင်းညီမအိမ်ဆိုတာရောက်သွားတော့
အိမ်ကတော့တစ်ထပ်မြေစိုက်ကိုကပ်မိုးနဲ့တွေ့ရတယ် "
"ကိုသံချောင်းကရှေ့ကအသံပေး၍ ဆရာပါလာတယ်ဟေ့"
အားလုံးဝမ်းသာကြတော့
"အိမ်တည်းရောက်တော့ ဘုရားခန်းရှေ့မှာ ဖျာခင်းပြီး စားပွဲတစ်လုံးပေါ်မှာအစားအစာတွေတင်ထားတာတွေ့ရတယ်"
"ကျုပ်လည်း အတင်းေကျွးတာန့ဲ အများစိတ်ချမ်းသာအောင်မုန့်အနည်းငယ်စားလိုက်တယ်"
"ထို့နောက် ကျုပ်တရားထိုင်ချင်လို့ဆိုတော့ ဘုရားရှေ့နေရာလေးရှင်းပေးပြီး လူတွေတိတ်တိတ်လေးနေပေးကြဖို့ မေတ္တာရပ်ခံပါတယ်ဗျ"
လူကလည်းအများသားဘဲ
"ကိုသံချောင်းအပြင်သူကြီးဆိုတဲ့လူကြီးကတစ်ယောက် ငဖြိုးလို့ခေါ်တဲ့သူကတစ်ယောက်နဲ့မိန်းမကြီးတစ်ယောက်ဘဲရှိတာပါ"
ဒါနဲ့ဝေဒနာရှင်ကဘယ်မှာလဲဗျ
သူအခန်းတည်းမှာပါ ရပါတယ်မေးကြည့်တာပါ
"ကျုပ်လည်း ဘုရားကိုဆီမီးပူဇော်ပြီးတော့
ဘုရားကန့်တော့နေရင်းနဲ့
ခဏကြာတော့အဘအသံကြားရတယ်
လူလေး အခုဖြစ်နေတဲ့မိန်းကလေးကပယောဂဘဲကွဲ့
ကဝေပျံဘိုးမှန်ဆိုတ့ဲလူလက်ချက်ဘဲ
သူကိုလူလေးအသေသတ်လို့မရဘူးနော် "
"မိန်းကလေးကိုဘဲပျောက်အောင်ကုပေးပြီး
သူကိုအနိင်တိုက်ပြီး ပညာစွန့်ခိုင်းပါ
ကြိမ်စကြာနဲ့ရေကိုမွှေပြီးတိုက်လိုက်ရင်ပျောက်တယ်ကွဲ့"
သူ့နာမယ်ကို ထုတ်မပြောပါနဲ့လူလေး
"ဒီလိုအဘဆီကကြားရတော့ အားရှိသွားတယ်"
"ဘုရားကန့်တော့ပြီးတော့ ကိုသံချောငိး လူနာကိုလိုက်ပြပေးပါလား
ဒီအခန်းတည်းမှာပါ ဆရာလေး "
"ကျုပ်မိန်းကလေးကိုမြင်ရတော့ လှကြွယ်တောင်သတိရသွားတယ်ဗျာ"
"သူအတိုင်းဘဲ ဆံပင်ကနက်မှောင်ပြီးရှည်နေတယ် မျက်နှာကလည်းချစ်စရာလေးနဲ့ရွှေရင်မို့မို့လေးနဲ့မိန်းမငယ်တစ်ယောက်ဗျ
ကျန်တာကလဲနေတာဆိုတော့ ပြောလို့မရဘူးလေ
အသက်ကတော့ခန်မှန်းနှစ်ဆယ်ကျော်ပေါ့ဗျာ "
"ဒါနဲ့ကိုသံချောင်းကိုမေးလိုက်တယ် သူကဘယ်လိုစဖြစ်တာလဲဗျ"
ဒီလိုပါ ဆရာလေး ဆိုင်မဆိုင်မသိပေမယ့်
ဒီကိစ္စဖြစ်ပြီးကတည်းက အခုလိုဖြစ်နေတာ
ဆိုတော့ပြောပြပါမယ်
တစ်နေ့ကျုပ်တို့ရွာက စိုးလေးဆိုတဲ့လူနဲ့မြို့ကပါလာတဲ့ဆိုတဲ့လှမိုးလူတစ်ယောက်ပါလာတယ်
ကျုပ်ညီမမြသီတာက ရွာရဲ့အချောအလှဆုံးကွမ်းတောင်ကိုင်တစ်ယောက်ပါ
အဖြစ်အပျက်ကတော့ ဒီလိုပါ
"စိုးလေး မင်းတွေရွာမှာအချောအလှတွေရှိတာတကယ်လားကွ တကယ်ပေါ့လှမိုးရ "
ဒီညနေသက်သေပြမယ် အခုသောက်နေတဲ့ထန်းရေကုန်အောင်သောက်
ရေခပ်ဆင်းချိန်နီးပြီဟ
တကယ်လားဟ အေးတစ်အိုးကုန်ရင်သွားမယ်
လှမိုးလဲ ထန်းရေကုန်အောင်သောက်လိုက်တယ်
စိုးလေး သွားရအောင်ဟ အေးပါကွ
လာသွားကြမယ်ငမိုး
ဒီလိုနဲ့ရေကန်နားက ညနေရေခပ်ဆင်းချိနါတိုင်းရွာသူတွေစောင့်ကြည့်နေကြနေရာဖြစ်တဲ့လင့်စင်နဲ့အပင်နားရောက်လာတယ်
လှမိုးရေ ဒီသစ်ပင်ပေါ်တက်ဟ
အဝေးကတည်းက ဘယ်သူတွေရေလာခပ်လဲပြောလို့ရအောင် အပင်ပေါ်တက်ဟ
လှမိုးလည်းအပင်ပေါ်ရောက်သွားတယ်
"အပင်ပေါ်ရောက်တော့ စိုးလေး နေတောင်ဝင်တော့မယ်ဟ
ဘယ်သူမှမလာသေးပါလား
မင်းကလည်း ဟိုမှာကြည့်လိုက်စမ်း
တို့ရွာရဲ့အချောအလှဆုံးကွမ်းတောင်ကိုင်မြသီတာလာနေတယ်
စိုးလေးပြောနေတာနဲ့ကြည့်လိုက်တာလှမိုးမျက်လုံးပြုးသွားတယ် "
"ရှေ့မှာမြင်ရတဲ့ကောင်မလေးက ဆံပင်ကနက်မှောင်ပြီးခါးလောက်ထိရှည်တယ်
မျက်လုံးကညို့မျက်လုံးလေးနဲ့မျက်နှာကချစ်စရာသနပ်ခါးပါးကွက်ကြားလေးလိမ်းထားတယ်"
"စိုးလေး သူကိုငါသဘောကျတယ် ဖြစ်ရမယ်လေသူကရွာမှာအချောအလှဆုံးဟ
လာကွာ အပင်ပေါ်ကဆင်းပြီးတော့
သူကိုသွားပြောရအောင်
မင်းသဘောကျရင်ပြောလေ ဟုစိုးလေးကထောက်ခံတော့ လှမိုးအဆင်ပြေသွားတယ်
" စိုးလေးမင်းပါလိုက်ဆင်းကွာ
အေးပါဟ မင်းအရင်ဆင်းနှင့်"
လှမိုးလည်းအရင်ဆင်းပြီးနောက်စိုးလေးကနောက်ကပါလာတယ်
လာကွာစိုးလေး သူကိုသွားပြောရအောင်ဆိုကာလှမိုးရှေ့ကနေအပင်နားကထွက်လာခဲ့တယ်
ဒီလိုနဲ့မြသီတာဆိုတဲ့ကောင်မလေးရေခပ်နေတဲ့ရေကန်နားကအပင်အကွယ်ကစောင့်နေလိုက်တယ်
" လှမိုးရေ ကန်တည်းကနေတက်လှပြီဟဟုစိုးလေးအသံကြားရလိုက်ရတယ် "
"ထိုအချိန်ရေကန်တညိးမှ အပေါ်ကိုမြသီတာတက်လာခဲ့တာတွေ့ရတယ်
ဒါနဲ့စိုးလေးလည်း လှမိုးကိုယ်စား မြသီတာကိုလှမ်းခေါ်လိုက်တယ်
ဟေ့ မြသီတာ ခဏရပ်ပါအုံးပြောစရာရှိလို့"
"အမယ်လေးတော့ ရုတ်တရက်နာမယ်ခေါ်တာကြားလိုက်ရတော့
မြသီတာ လန့်သွားတယ်"
"ငါစိုးလေးပါ လန့်သွားတာဘဲစိုးလေးရယ်
ဘာတုန်းတော့ လူကိုခေါ်တာ လန့်သွားတာဘဲတော့်
"ဒီလိုပါဟ ငါသူငယ်ချင်းကြီးလှမိုးက နင်ကိုမြင်မြင်ချင်းသဘောကျလို့တဲ့"
"ဟုတ်ပါတယ် မြသီတာ
မြသီတာကိုကျွန်တော်မြင်မြင်ချင်းချစ်မိလို့ပါ အခုလက်ခံပေးပါဗျာ "
"ဒါတော့မဖြစ်နိင်ဘူးလေ
မဖြစ်နိင်တာကို ဖြစ်အောင်လုပ်မယ်ဗျာ"
"လှမိုးတွန်းလဲတာကို မြသီတာခံလိုက်ရတယ်"
"လှမိုး ဒါဘာလုပ်တာလဲကွ
မင်းပါးစပ်ပိတ်ထားစမ်းစိုးလေး"
"ငါမင်းသူငယ်ချင်းလှမိုးမဟုတ်ဘူးကွ
နှစ်ငါးရာကျော်သက်တမ်းရှိတဲ့ကဝေပျံဘိုးမှန်တဲ့ကွ"
"မင်းငါတပည့်လုပ်မယ်ဆိုရင်ငါပြီးရင်တော့မင်းသူကိုရစေရမယ်"
"ဒါမျိုးတော့လက်မခံနိင်ဘူးကွာ
လက်မခံတော့လဲသေပေတော့ဆိုကာစိုးလေးကိုနီးရာတုတ်နဲ့ရိုက်လိုက်တော့လဲကျသွားတယ်"
"ဟဲဟဲ မြသီတာလေးကြောက်နေလား
မကြောက်ပါနဲ့ဘာမှမဖြစ်ပါဘူးကွယ်
မြသီတာ ကဝေပျံဘိုးမှန်ရဲ့×××××××××××
××××××××××××××××××××××××××××××××××××"
"ထိုအချိန်ရွာသားအချို့ရောက်လာ၍ဘိုးမှန်ဆိုသူက နင်ငါမယားဖြစ်စေရမယ်မှတ်ထားမြသီတာ
ဆိုကာရုတ်တရက်ပျောက်သွားတယ်"
မြသီတာ ဘာဖြစ်နေတာလဲ
သူကြီးတို့ပါလား မြသီတာလည်းအကြောင်းစုံပြောပြလိုက်တယ်
ဒါဆိုလဲအိမ်ပြန်ကြရအောင် စိုးလေးကိုလည်းသယ်ခဲ့ကြကွာ
"ဒါကတော့စိုးလေးနစ်ရက်လောက်နေတော့သတိရတဲ့အချိန်ပြောပြတာတွေပါဆရာလေး
ကျုပ်ညီမမြသီတာကတော့ရှက်လို့အပြင်မထွက်ဘဲနေရင်း အိပ်ရာလဲနေတာဘဲ"
"အကြောင်းစုံသိရသလောက်ဆိုရင် ကဝေပျံဘိုးမှန်ဆိုတဲ့လူလက်ချက်ဘဲ သူကနေမကောင်းဖြစ်အောင်လုပ်ထားပြီး
ဆေးကုပေးရင်း သူပညာစဉ်အသုံးချချင်တာဘဲ"
"ဒီတော့သူကိုခေါ်ပြီး ဆုံးမရတော့မှာပ
ဒီအိမ်ကမြသီတာဆိုတဲ့မိန်းကလေးကိုပြုစားထားတဲ့သူကိုယ်တိုင်လာရောက်စေ
အခြားသူအစားထိုးခြင်းငှာ မစွမ်းစေရ
အကျွနိပ်ကြိမ်စကြာရှင်အမိန့်"
"အာဏာစက်ကပြင်းလှကြီးလား ဟုဆိုကာ အိပ်ရာလဲနေသောမိန်းကလေူးကထလာကာယောင်္ကျားသံကြီးဖြင့်
ပြောလေတယ် "
ရောက်လာမှာတော့ ဘုရားဦးတိုက်လိုက်ပ်ါအုံး
မလုပ်နိင်ဘူးကွမင်းအာဏာစက်ကပြင်းလို့
မနေနိင်လို့လာတာ အာဏာစက်ပြင်းသလောက်ဘယ်လောက်စွမ်းမလဲသိချင်လို့လာတာဘဲ
ဒီမိန်းကလေးကိုဘာကြောင့်ဒီလိုလုပ်တာလဲ
"သူကိုလုပ်ထားတာတွေပြန်ထုတ်ဖို့မေတ္တာရပ်ခံပါတယ်"
" နောက်ကျသွားပြီဆရာလေး
ဒီနေ့ညဘဲသူကိုခေါ်ပြီးထွက်သွားတော့မှာသူကိုကယ်ချင်ရင် ဒီညနေရွာပြင်တစ်ယောက်တည်းထွက်ခဲ့ပါ
ပညာချင်းပြိုင်ကြတာပေါ့ ကျုပ်နိင်ရင်ဆရာလေးကိုသတ်မယ်
ဆရာလေးနိင်ရင်လည်းကြိုက်တာလုပ်ပါ
ကျုပ်သွားပြီဟုဆိုတဲ့အချိန်မိန်းကလေးကလည်းလဲကျသွားတယ် "
"အားလုံးကြားကြတဲ့အတိုင်းဘဲ
ဒါကြောင့်မြသီတာကိုအခန်းတည်းမှာကြိုးတုတ်ထားပြီး အခနိးတည်းမှာရော အပြင်မှာပါလူစောင့်နေပေးပါ အကာအကွယ်တွေလုပ်ပေးပါမယ်ဆိုကာ
အပ်ိချည်ကြိုးများတောင်းကာ ကြိမ်စကြာနဲ့မွှေထားတဲ့ရေတည်းထည့်ကာ လက်ပတ်ကြိုးများပြုလုပ်ကာ ကိုသံချောင်းကိုမြသီတာအပါအဝင်အားလုံးတပ်ခိုငိးလိုက်တယ် "
"မိမိကတော့ ဘုရားခန်းမှာဘဲတရားထိုင်နေလိုက်တယ်"
"ညနေစောင်းတော့ ကိုသံချောင်းတို့ကျွေးသောထမင်းကိုစားကာထွက်လာခဲ့တယ် "
"ဟား…… ဟား…… ဟား…… ဆရာလေးကမလာလောက်ဘူးထင်တာအရင်တောင်ရောက်နေပါလား
ဟာ အံသြဘဲရှိပါမလားဗျ
ရှေ့မှာရောက်နေတာကလူကအများကြီးဘဲလေ"
"ရှေ့မှာကမိန်းမငယ်ငါးယောက် ဘိုးမှန်ရဲ့တစ်ဖက်ဆီမှာက မိန်းမကြီးတစ်ယောက်နဲ့မိန်းမငယ်တစ်ယောက်ကရပ်နေတာဗျ"
"အရှင်စိတ်မပူပါနဲ့ ယက္ခပါလားဟုတ်ပါတယ်
အကိုဒေဝကတော့တပည့်နတ်ဘီလူးတွေသွားခေါ်တယ် အနောက်မယ်တော်ကိုလည်းအကျွန်မျိုးသွားပင့်ထားတယ်"
"ဟဲဟဲ ဆရာလေးကတပည့်ရှိသားဘဲ ဟ
ဘီလူးတပည့်ထားတာကိုး
ဒါပေမယ့်ကျုပ်တပည့်တွေကိုမယှဉ်နိင်ပါဘူး
အရင်ဆုံးတပည့်တွေတိုက်ခိုင်းလိုက်တာပေါ့"
ရပ်စမ်း "အများနဲ့တစ်ယောက်အတိုက်မခံနိငိဘူး
ဟာ ဒီတခါအံသြမိတာက ကဝေပျံဘိုးမှန်ပါ
ဘာလို့လဲဆိုတော့ဝင်းပြောက်ပြောင်နဲ့တင်းပုတ်တွေကိုင်ထားတဲ့နတ်ဘီလူးတွေအများကြီးဘဲလေ
သူမှာကအားလုံးပေါင်းရှစ်ယောက်ပါတည်းရှိတာလေ"
"အခုမြင်နေရတာကနတ်ဘီလူးကနှစ်ဆယ်လောက်ရှိမှာ ရှေ့ဆုံးကနတ်ဘီလူးကဆိုမျက်ထောင့်နီကြီးနဲ့မိမိကျုအမှုန့်တောင်လုပ်မလားမသိဘူး
သူလျုကဝေပျံအဆင့်နဲ့ဘယ်လိုမှမနိင်ဘူးလေ"
"ထိုအချိန် ငမိုက်သားဘိုးမှန် မကောင်းတာလုပ်ချင်တဲ့အကောင် အခုဘာတက်နိင်သေးလဲလို့ ဝတ်ဖြူစင်ကြယ်နဲ့အဘိုးအိုတစ်ဦးပေါ်လာတယ် "
"ဒီတစ်ခါအံသြမိတာက မင်းခေါင်ပါအဘိုးအိုက
ဘိုးတော်ဖြူဖြစ်နေတာကိုး
ဘိုးတေိာဖြူဘေးကနေအနက်ရောင်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ပါပါလာတယ်"
"အကုသိုလ်ကောင်နင်ပညာကိုသိမ်းဖို့ငါရောက်လာတာဘဲ
ထိူအမျိုးသမီးက ဘိုးမှန်ခန္ဓာကိုယ်ကနေစက်တွေကိုနူတ်နေတာပါ ဒါကြောင့် ဒေဝရေ မင်းခေါ်လာတဲ့နတ်ဘီလူးတွေကိုပြန်ပို့လိုက်ပါအုံးဟ ဆိုကာရှိသေးတယ် ကျုပ်ဘက်သို့လှည့်ကာ
နတ်ဘီလူးတွေကအရိုအသေပေးပြီး အကုန်ပျောက်သွားကြတယ်ဗျ"
"အနောက်မယ်တော်လည်းပညာနူတ်တာပြီးသွားလားမသိဘူး ဘိုးမှန်ပါမရှိတော့ဘူး
ဒါပေမယ့်ဘိုးတော်ဖြူကရှိနေသေးတယ်"
"လူလေးကို့အဘကပြောစရာရှိလို့မပြန်သေးတာပါ "
"ဒါနဲ့အနောက်မယ်တော်ကဘယ်အချိန်ပြန်သွားတာတုန်းဗျ"
"နတ်ဘီလူးတွေကိုပြောနေတုန်းပြန်သွားတာ
ဘိုးမှန်ကိုပါခေါ်သွားတာပါလူလေး"
"ကြိမ်စကြာရှင်အဖြစ်နဲ့သာသနာပြုနိင်ဖို့ကူညီမယ်သူကိုကယ်ရတော့မယ်လူလေး"
"ဘယ်သူလဲဗျ တိုးမောင်တဲ့
အခုတော့ အမှားတစ်ခုကြောင့်အရူးကျင့်စဉ်ကိုကျင့်နေရတယ်အပြစ်လဲကျေတော့မယ်
ဒါကြောင့်သူရဲ့အရူးကျငိ့စဉ်အောင်မြင်အောင်ကူညီပြီးတော့ တပည့်အဖြစ်လက်ခံပေးလိုက်ပါ"
အဘသွားတော့မယ် ဟုတ်ကဲ့ပါအဘ
ကျုပ်လည်းအဘရဲ့အမှာစကားအတိုင်း တိုးမောင်ရှိရာကိုထွက်လာခဲ့တယ်
တိုးမောင်ဆိုတာဘယ်သူလဲ ဘာကြောင့်အရူးဖြစ်သွားပြီးတော့
မင်းခေါင်က ဘာအတွက်ကြောင့်အရူးဘဝကကယ်တင်မလဲ ဆိုတာကတော့
"ကြိမ်စကြာရှင်မင်းခေါင်နှင့် တိုးမောင်ဘဝအကြောင်း"ဝတ္ထုမှာ စောင့်မျော်ဖတ်ရူပေးကြပါ
ဆကိလက်ကြိုးစားပါအုံးမယ်
မိုးထက်ယံ
-------------------×------------------------------------------------------------------------------
Author Profile

Latest entries
November 4, 2023Unsubscribe
November 4, 2023Subscription Management
October 23, 2023
October 18, 2023Facebook Login