ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး

0
Your Rating
ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး 0 (0)
29
Comments
Bookmark This

ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး

Genres _ Bl , Transmigration , System , Powerful couple , Apocalypse , Special abilities

ရှန်ဂျီသည် သူ့ကိုယ်သူ ကမ္ဘာပျက်ခေတ်ဝတ္တုထဲက ဖြတ်သွားဖြတ်လာတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေတာကို တွေ့ခဲ့ရသည်။ ထိုသူမှာ ထူးခြားစွမ်းအင်များမရှိသည့် သာမန်လူတစ်ယောက်သာဖြစ်ပြီး သုတေသနအဖွဲ့အစည်း၏ လက်အောက်မှ သာမန်ဝန်ထမ်းတစ်ယောက်ဖြစ်သည်။ စမ်းသပ်ချက်များလုပ်ရသော အလုပ်အပြင် ရံဖန်ရံခါ ပတ်ဝန်းကျင်ကိုအသက်ဝင်လှုပ်ရှားစေရန် လက်ခုပ်တီးကာအော်ဟစ်တတ်သည်။

ရှန်ဂျီသည် သူ၏ဘဝအသစ်ကို အလွန်ပင်သဘောကျနေပြီး  လက်တွဲဖော်တစ်ယောက်ကိုပင် ရှာဖွေနိုင်ခဲ့သည်။သူ၏လက်တွဲဖော်သည် အလုပ်ခရီးမကြာမကြာထွက်ရတတ်ပြီး စကားနည်း၏။ထိုသူသည် ကျယ်ပြန့်သောပခုံး၊ သေးသွယ်သောခါးတို့ကိုပိုင်ဆိုင်ပြီး ဆွဲဆောင်မှုရှိသော ယောကျာ်းတစ်ယောက်ဖြစ်သည်။ အများတကာ လဝက်လောက်လုပ်ရသောအလုပ်ကို တစ်နေ့တည်းဖြင့်ပြီးအောင်လုပ်နိုင်ပေသည်။ ရှန်ဂျီသည် ဘဝအသစ်တွင် နေ့ရက်တိုင်းပျော်ရွှင်နေရသည်။

ထိုသာမန်ဘဝတွင် 7နှစ်တာမျှ လွတ်လပ်စွာနေပြီးနောက် ရှန်ဂျီသည် အသံတစ်ခုကိုကြားလိုက်ရသည်။

ဝိညာဥ်ကူးပြောင်းခြင်း System : ” ရှန်ဂျီ မင်းသာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကို မကူးပြောင်းချင်ဘူးလား ”

” မပြောင်းချင်ဘူး”

ရှန်ဂျီတွင် တွေဝေခြင်းအလျဥ်းမရှိပေ။ System မှာစိတ်ပျက်လက်ပျက်ဖြစ်သွား၏။ရှန်ဂျီ သည် ကမ္ဘာပျက်ကိန်းကိုလည်း စိတ်မဝင်စားပါ။ သူ့လက်တွဲဖော်နှင့်သာ ဘဝကို ရိုးရှင်းစွာဖြတ်သန်းလိုသည်။ ကမ္ဘာကြီးပျက်သုဥ်းလုနီးပါးဖြစ်နေသည့်တိုင် ချစ်ခြင်းမေတ္တာတို့ဆက်လက်တည်ရှိနေမည်ပင်။

တစ်နေ့တွင် Systemသည် ရှန်ဂျီ၏ဝိညာဉ်သည် ကမ္ဘာကြီးပျက်စီးခြင်း၏နောက်ကွယ်က တရားခံဖြစ်သည်ဟူသော လျှို့ဝှက်ချက်ကိုတွေ့ရှိသွားခဲ့သည်။

System: “ကျေးဇူးပြုပြီး ရှန်ဂျီ၊ ကျေးဇူးပြုပြီး သာမန်လူတစ်ယောက်အဖြစ်ပဲ နေပါ”

                         ***

ဇန်လင်တွင် သိပ်ချစ်ရသောချစ်သူတစ်ယောက်ရှိကြောင်း အဖွဲ့အစည်းမှာရှိတဲ့ လူတော်တော်များများ သိကြ၏။ အေးစက်စက်နိုင်သော ထိုလူသည် အသန်မာဆုံးစွမ်းအားများဖြင့် ဂြိုလ်သားများ၏နှလုံးကို လှံဖြင့် အကြိမ်တိုင်းထိုးဖောက်ပြီးနောက် သူ့ချစ်သူပေးထားသည့် အိတ်ဆောင်နာရီကိုထုတ်ကာ သူ၏ သွေးများပေကျံနေသောလက်ဖြင့် ညင်သာစွာနမ်းရှိုက်လိုက်သည်။မေတ္တာတရား၏ နူးညံ့သော အကျဥ်းထောင်ထဲတွင် သူ့ကိုယ်သူ လိုလိုလားလား ချုပ်နှောင်ထားခဲ့သည်။

ဇန်လင်၏ချစ်ရသူသည် ချောမောလှပသောမျက်နှာတစ်ခုမှလွဲ၍ ထူးခြားစွမ်းအင်မရှိသည့် သာမန်လူတစ်ဦးမျှသာဖြစ်ကြောင်း ကောလဟာလများထွက်ပေါ်နေ၏။

တစ်နေ့တွင် ဇန်လင်၏ချစ်လှစွာသောထိုသူသည် SSS အဆင့်ရှိ ဂြိုလ်သားတစ်ဦးမှ အဓမ္မခေါ်ဆောင်သွားခံရသည်။ ဇန်လင်သည်အင်မတန်ဒေါသထွက်ကာ လူတစ်စုကို ဂြိုလ်သားတို့၏ နယ်မြေသို့ပို့ဆောင်လိုက်သည်။

သို့သော် ဇန်လင်၏ချစ်သူက ထိုဂြိုလ်သား၏လည်ပင်းကို ဓားရှည်ဖြင့်ထောက်၍ ချိုသာစွာပြုံးနေသည်ကို အံ့သားသင့်စွာ တွေ့လိုက်ရသည်။

“ရွေးချယ်စရာ နှစ်ခုရှိတယ်။မင်းလည်ပင်း ငါ့ဓားရှေ့ကို ဆက်တိုးလာပြီး သေမလား။ ဒါမှမဟုတ် ဓားကို မင်းလည်ပင်းထဲ ငါ ထိုးပေးရမလား”