Chapter 1 part 2
{ Zi zi zi zi zi zi zi zi zi…}
{ Zi zi zi zi zi zi…}
{ Zi zi zi zi zi zi zi z ဘွန်း ဘွန်း ဘွန်း… }
ထူးဆန်းသော အီလက်ထရောနစ်အသံများက မိနစ်ဝက်ခန့်မြည်ပြီးနောက်တွင် နောက်ဆုံး၌ ရပ်တန့်သွားခဲ့သည်။
ထို့နောက် အီလက်ထရောနစ်စာပို့စနစ်ဖြင့် ရှန်ဂျီ၏စိတ်ထဲတွင် သတင်းစကားများရောက်ရှိလာ၏။
“ဝိဉာဉ်ကူးပြောင်းခြင်း ရွှေရောင်လက်သည် online ဖြစ်နေသည်”
“ကံကြမ္မာအသစ်တစ်ခုကို ပြောင်းချင်ပါသလား။ ထူးခြားဆန်းပြားသည့်ဘဝကိုကူးပြောင်းလိုပါသလား။ ဒါမှမဟုတ် အဓိပ္ပါယ်ရှိသော ဘဝကိုရှာဖွေလိုပါသလား။ကံကြမ္မာကူးပြောင်းခြင်း စနစ်အသက်ဝင်နေပါပြီ”
ထိုအသံသည် နေ့လည်က သတင်းတင်ဆက်သူ၏အသံကဲ့သို့ပင် အားပါလှ၏။
သို့သော် ရှန်ဂျီ၏အာရုံတို့မှာ ကြမ်းပြင်ပေါ်ရှိ ပြန့်ကြဲလျက်ရှိသော ဖန်ခွက်အပိုင်းအစများပေါ်တွင်သာ ရှိနေခဲ့သည်။
ရှန်ဂျီ: “စိတ်မဝင်စားဘူး”
System:” မဟုတ်တာ သေချာစဉ်းစားပါအုံး။ မင်းက အခုသိပ်ကိုအန္တရာယ်ရှိတဲ့ ကမ္ဘာပျက်တစ်ခုထဲကိုရောက်နေတာနော် ရှန်ဂျီ။ ပြီးတော့ ဂြိုလ်သားတွေလည်းရှိတယ်။ မင်းမှာ သူတို့ကို ထိန်းချုပ်နိုင်တဲ့ စွမ်းအင်လည်းမရှိဘူးလေ။ မင်းဒီလိုအဖွဲ့အစည်းထဲမှာ ဆက်ပြီးဘယ်လိုနေမှာလဲ။ ဘာမှမပြောင်းလဲချင်တာသေချာရဲ့လား”
System: ” ငါက မင်းကိုကူညီဖို့အတွက် ရောက်လာတာပါ သေချာစဉ်းစားပါအုံး”
ရှန်ဂျီက အနည်းငယ်စဥ်းစားလိုက်သော်လည်း သူ့မျက်လုံးထဲတွင် ပြန့်ကျဲနေသောဖန်ခွက်အပိုင်းအစများနှင်ရေတို့ကသာ နေရာယူထားခဲ့သည်။ ထိုအရာတို့ကို တံမြက်စည်းကိုအသုံးပြုကာ လှည်းထုတ်လိုက်ပြီး ကြမ်းပြင်ကိုအဝတ်ဖြင့် နှစ်ကြိမ်တိုက်လိုက်သည်။ထိုနောက် အလုပ်စားပွဲနှင့် ကုလားထိုင်တို့ကိုလည်း အရက်ပျံဖြင့် အနည်းငယ်ဖြန်းလိုက်သေး၏။3မိနစ်မျှ လက်ဆေးပြီးသွားသောအခါ သူ၏သန့်ရှင်းရေးအလုပ်တို့ ပြီးသွားချေပြီ။
System: ” ငါ့ကိုယုံပါ ငါလုပ်နေတာတွေ အကုန်လုံးက မင်းကောင်းကောင်းမွန်မွန်နေနိုင်ဖို့အတွက်ပဲ။ မင်းရဲ့ဆုံးဖြတ်ချက်က အရေးကြီးတယ် ”
System သည် သူ၏အသုံးဝင်ပုံနှင့် ပြသနာများကို အူပေါက်မတတ်ပြောပြနေသော်လည်း ရှန်ဂျီမှာ သူ၏ထိုသန့်ရှင်းရေးအလုပ်တို့ကိုသာအာရုံစိုက်နေသဖြင့် system၏အသံ တ ဖြည်းဖြည်းတိတ်သွားရတော့သည်။
system:” ရှန်ဂျီ အဲ့ဒါတွေက ရေနဲ့ဖန်ခွက်အပိုင်းအစလေးတွေပါပဲ။ အဲ့လောက်ထိသေချာသန့်ရှင်းနေစရာမလိုပါဘူး”
ရှန်ဂျီ: ” ကိုယ်နေတဲ့ပတ်ဝန်းကျင်ကို ရှင်းလင်းအောင်ထားရမှာက လူသားတိုင်းရဲ့တာဝန်ပဲ။ ဒါနဲ့စကားမစပ် မင်းက အခုဘယ်မှာလဲ”
System:”အတွေ့အကြုံရှိပြီးသား ဂြိုလ်သားတွေကို ဒီအဖွဲ့အစည်းက လွတ်မြောက်ဖို့အတွက် ကူညီပေးနေတာ”
ရှန်ဂျီ ခေါင်းညိတ်လိုက်ကာ ကုလားထိုင်တွင်ထိုင်လိုက်ပြီး အလုပ်စားပွဲပေါ်ရှိ သတင်းစာတစ်စောင်ကိုယူ၍ ဖတ်လိုက်သည်။ ထိုသတင်းစာမှာ အဝါရောင်ပင်သန်းနေပြီဖြစ်သောသတင်းစာတစ်စောင် ဖြစ်၏။သူ၏မျက်လုံးများသည် သတင်းခေါင်းစီး တစ်ခုဆီသို့ရောက်သွားခဲ့သည်။
“သုတေသနအဖွဲ့အစည်းမှ ဂြိုဟ်သားများထွက်ပြေးလွတ်မြောက်ပြီး နေ့တစ်ဝက်အကြာတွင် ထူးခြားမှုများဖြစ်ပေါ် ”
……အောက်တိုဘာ ၁၆ ရက်၊ ၂၀၇၀ ရက် နံနက် ၁ နာရီ ၃၀ မိနစ်တွင် သုတေသနဌာန ဖြိုခွင်းခံရခဲ့ပြီး ဋ္ဌာန၄တွင် ထိန်းသိမ်းခံထားရသော ဝန်ထမ်းအများစုထွက်ပြေးသွားကာ မြို့ကို စိုးရိမ်မှု အဆင့်၁အဖြစ် မြှင့်တင်ပေးခဲ့သည်။ မြို့တစ်ခုလုံးကို မြို့ပြကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားပြီး ရှင်းလင်းရေး အဖွဲ့အားလုံးကို ဖြန့်ကျက်ထားသော်လည်း လွတ်မြောက်သွားသော ဂြိုလ်သားများကို မရှာဖွေနိုင်ခဲ့ပေ ။
သို့သော်လည်း တစ်ရက်ခွဲကြာသောအခါ မယုံနိုင်စရာဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သည်။လွတ်မြောက်သွားသော ဂြိုလ်သားများသည် သုတေသနဌာနအပြင်ဘက်တွင် ကြိုးများဖြင့် ချည်နှောင်ထားခံရပြီး ကြိုးများ၏ အဆုံးများကို သုတေသနဌာန၏ တံခါးများနှင့် ချိတ်ဆက်ထားခံခဲ့ရသည်။
သုသေသနအဖွဲ့အစည်းမှ တစ်ဦးတည်းသော မျက်မြင်သက်သေ၏ ထွက်ဆိုချက်အရ အဆိုပါဂြိုလ်သားများကို လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦးမှ ပြန်လည်ထိန်းသိမ်းထားခြင်းဖြစ်သည်။
“သူက ခွေးတွေလမ်းလျှောက်တာနဲ့တူတယ်” ဟု သုတေသနဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
Systemသည် ရုတ်တရက် နက်နဲသောအတွေးထဲသို့ ရောက်သွား၏။
ဤသတင်းဆောင်းပါးနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော ထိုပုဂ္ဂိုလ် A နှင့်ပတ်သက်သော အထူးစုံစမ်းစစ်ဆေးရေးအစီရင်ခံစာတစ်ခုရှိသည်။
“… လျှို့ဝှက်ဆန်းကြယ်သော A သည် ထူးခြားဆန်းပြားသော လူသားဟုတ်မဟုတ် အတည်မပြုနိုင်သေးပါ။ စောင့်ကြည့်ရေးမှတ်တမ်းတွင် A ကိုတွေ့ရှိခဲ့ရသည်မှတစ်ဆင့် A ထွက်ခွာသွားသော်လည်း သူတို့သည် ထိုကြိုးများမှ ရုန်းမထွက်ဝံ့ကြပါပေ ”
ဗီဒီယိုထဲမှာတော့ A ဟာ အရှည် ၁.၈၄ မီတာခန့်မြင့်ပြီး ဓါးရှည်ကိုကိုင်ဆောင်ကာ အရိပ်တွေဖုံးလွှမ်းနေ၏။ အထူးခြားဆုံးမှာ A ၏ ခရမ်းရောင်မျက်လုံး တစ်စုံဖြစ်သည်။
ဤသတင်းစာတွင် လျှို့ဝှက်ဆန်းကြယ်လှစွာသော ပုဂ္ဂိုလ် A ၏ တစ်ခုတည်းသော ပုံပါရှိ၏။
ဓာတ်ပုံသည် အနီးကပ်ရိုက်ချက်ဖြစ်သည်။
သုတေသနအဖွဲ့အစည်း၏ တံခါးရှေ့တွင်ရပ်နေသောအသွင်အပြင်မှာ လူသားနှင့်တူပြီး တစ်ခုခုကို အာရုံခံမိနေသကဲ့သို့ ကင်မရာဆီသို့ လှမ်းကြည့်နေပေသည်။သို့သော် အမှောင်ထုအတွင်းတဖျပ်ဖျပ်ခတ်ကာ ဒေါသနှင့် အေးစက်မှုတို့ဖြင့် တောက်လောင်နေသည့် ခရမ်းရောင် မျက်လုံးများမှလွဲ၍ မည်သည့်အသွင်အပြင်ကိုမှ မမြင်ရချေ။
သတင်းစာတွင် သုံးနှုန်းထားသောအသုံးတို့သည် ယခုထက်ပို၍ တိကျသင့်သည်။အချို့ဖော်ပြချက်များသည် မှားယွင်းသယောင်ရှိနေသော်လည်း ငရဲမှလာသောမျက်လုံးများကဲ့သို့ ဟုဖော်ပြချက်သည် မမှားပေ။ Systemသည် အနည်းငယ် တုန်လှုပ်သွားရသည်။
System: ” ဒါဆို အခြေအနေက ပြေလည်သွားပြီလား။ အခုက 2070 မဟုတ်ဘူးလား၊ ဒါနဲ့ A ဘယ်သူဖြစ်နိုင်လဲ”
ရှန်ဂျီက ပြုံးပြီးပြောလိုက်သည်။ “System, မင်းအဆင့်မြှင့်ရမယ့်အချိန်ရောက်ပြီ။ အခု 2077 ရောက်နေပြီလေ။ A ဘယ်သူလဲဆိုတာ တစ်ကမ္ဘာလုံးက သိချင်နေကြတာ”
Systemက ” 2077 ဟုတ်လား။ ငါ ခုနစ်နှစ် နောက်ကျနေပြီပေါ့ ”
Systemသည် နံရံနှင့်ခေါင်းကို တိုက်ချင်အောင်ပင်စိတ်ပျက်နေသော အီလက်ထရွန်းနစ်အသံဖြင့် ညည်းတွားလိုက်သည်။
ရှန်ဂျီသည် နံရံပေါ်ကနာရီကို တိတ်တဆိတ် စိုက်ကြည့်နေပေသည်။ 5:45 အလုပ်ဆင်းရန်အချိန်နီးကပ်လာပြီ။ ဒီနေ့ညစာစားဖို့ စတီဗင်ကို ရှာရမည်။ပြီးရင် မနက်ဖြန်အတွက် မနက်စာဝယ်ပြီး အိပ်ခန်းထဲဝင်ကာ ရေချိုးမည်။ ထို့နောက် အိပ်ရာဝင်ချိန် ၁၀ နာရီ ၃၀ မိနစ်အထိ သီချင်းနားထောင်ပြီး ဂိမ်းဆော့မည်။ သာမန်လူတစ်ယောက်၏ တစ်နေ့တာကို သာမန်ပုံစံနှင့်ပင် ရှန်ဂျီကုန်ဆုံးစေသည်။ သူသည် မြို့ပြင်ရပ်ကွက်တွင် အခြားအိမ်တစ်ခုရှိသော်လည်း စတီဗင်နှင့်အတူတူမဟုတ်လျှင် တစ်ယောက်တည်း သိပ်သွားလေ့မရှိပေ။
System: “ဒါပေမယ့် ရှန်ဂျီ၊ ငါတို့ ခုနှစ်နှစ်နောက်ကျရင်တောင် အရာအားလုံးက အချိန်မှီသေးတယ်။ မင်းသိလား ရှန်ဂျီ။ အလုပ်တွေပြီးမြောက်အောင်လုပ်ဖို့ စိတ်ရှိနေသ၍ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါသေးတယ်။ ဒါပေမယ့် အချိန်က ကုန်သွားပြီ။ မင်းတစ်ခုခုကို မြန်မြန်….”
ရှန်ဂျီက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“ငါက ဘာလို့ ကမ္ဘာကြီးကို ကယ်တင်ရမှာလဲ”
” ဟမ်! ”
Systemပင် အံ့အားသင့်သွားကာ “ကမ္ဘာကြီး ပျက်စီးသွားခဲ့ရင် မင်းလည်းမတည်ရှိတော့ဘူးလေ”
ရှန်ဂျီ: “အင်း၊ မင်းပြောတာမှန်တယ်။ ဒါပေမယ့် ငါဘာလုပ်နိုင်မှာလဲ၊ ငါက သာမန်လူတစ်ယောက်ပဲလေ”
System: ” ဒီအတွက် စိတ်ပူစရာမလိုပါဘူး။ ကူးပြောင်းရေးစနစ်အနေနဲ့ မင်းကိုသာမန်မဟုတ်တော့အောင်၊ ထူးထူးခြားခြား ဖြစ်လာအောင်၊ ကမ္ဘာကြီးကို ကယ်တင်နိုင်အောင် လုပ်ပေးနိုင်တယ်”
” သာမာန်လူတစ်ယောက်ဖြစ်ရတာ ဘာဖြစ်လို့လဲ၊ ငါ ကမ္ဘာကြီးကို မကယ်တင်ချင်ဘူး” ရှန်ဂျီက အေးဆေးတည်ငြိမ်လှသောလေသံနဲ့ ပြောလိုက်သည်။
“တကယ်လို့ မင်းကယ်တင်ရှင်အဖြစ်ကူးပြောင်းပေးချင်နေတယ်ဆိုရင်တော့ ငါ့လုပ်ဖော်ကိုင်ဖက် စတီဗင်ကို အကြံပေးနိုင်တယ်။ သူလက်ခံလောက်တယ် ။ သူကလည်းကမ္ဘာကြီးကိုကယ်တင်ချင်နေတာ”
System: “မရဘူး ရှန်ဂျီ ။ အခု ငါတို့က ကတိပြုပြီးသားလေ။ မင်းရဲ့လုပ်ငန်းတာဝန်တွေပြီးမြောက်သရွေ့ ငါပေးတဲ့ဆုတွေ၊ အခွင့်အရေးတွေကိုရနေမှာလေ အဲ့လိုဆိုရင်ရော”
သို့သော် ရှန်ဂျီကစိတ်မဝင်စားပါ။ “ငါရဲ့လက်ရှိဘဝကို ကျေနပ်တယ်၊ ပြီးတော့ ငါ့မှာဘာမှမလိုအပ်ဘူး”
ထိုအချိန်တွင် ရှန်ဂျီ ရဲ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။စာရောက်ရှိနေကြောင်း သတိပေးချက်ဖြစ်၏။ထိုကြောင့် System၏ပြောဆိုမှုကို လျစ်လျူရှုလိုက်ပြီး ရှန်ဂျီ သူ့ဖုန်းကိုထုတ်ကာ ဖွင့်လိုက်သည်။ မဖတ်ရသေးသော အနီရောင်အမှတ်အသားဖြင့် စာတစ်စောင်ပင်။
ရှန်ဂျီ၏ နှုတ်ခမ်းများကွေးညွှတ်သွားပြီး သူစာကို ဖွင့်ဖတ်လိုက်၏။
စာပို့လာသူ၏ ပရိုဖိုင်ပုံမှာ ယောကျာ်းပီသလှစွာ six- pack abs များရှိပြီး သူ၏တီရှပ်အင်္ကျီကို ပါးစပ်ဖြင့်ကိုက်ထားကာ ဝမ်းဗိုက်ကြွက်သားများကို မြင်သာအောင်ပြသထားသည့် လူတစ်ယောက်၏ဓာတ်ပုံဖြစ်သည်။ ထိုသူသည် ဝမ်းဗိုက်ကြွက်သားများဖြင့် လွန်စွာစွဲဆောင်မှုရှိပြီး ပြီးပြည့်စုံလှသောခန္ဓာကိုယ် ၊ ကျယ်ဝန်းသောပခုံး၊ သေးသိမ်သောခါးတို့သည် အချိုးအစားကျမှုရှိနေသည်။ ရှန်ဂျီမှတ်ထားသောသူ၏နာမည်မှာ”လက်တွဲဖော် ” ဟူ၍ ဖြစ်သည်။ ထိုအချိန်မှာပင် သူ၏လက်တွဲဖော်မှ စာပို့လာခဲ့သည်။
“ကိုယ် ပြန်လာနေပြီ”