Chapter 10
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 10 - ( သီချင်းတစ်ပုဒ် ဆိုမယ် အနည်းငယ်ကမယ် ဟိတ်ဟန်နည်းနည်းထုတ်မယ် ဟုတ်တယ်မလား! )
“ခွီး”
တစ်စုံတစ်ယောက်သည် ရယ်မောမိသွားခဲ့၏။
အမျိုးသမီး၏ဘေးတွင် ထိုင်နေသည့် မိန်းကလေးငယ်သည် မထိန်းချုပ်နိုင်ပဲရယ်မိသွားခြင်းပင်။သူ့ဘေးမှ အမျိုးသမီးက ထိုမိန်းကလေး၏ပါးစပ်ကို လက်ဖြင့်အလျင်အမြန်ပိတ်လိုက်ကာ ‘သူဌေး’ ကို ထိတ်လန့်တကြား ကြည့်လိုက်၏။
ထို့နောက် သူဋ္ဌေးသည် သူ၏ပန်းရောင်ဝက်အမြီးကို ရွေ့လျားလိုက်ပြီးနောက် သူသည် မြေပြင်ပေါ်သို့မျက်နှာမူကာ သူ၏ အိတ်ကပ်ထဲမှလက်ကို ထုတ်လိုက်သည်။ထို့နောက်တွင် သွယ်လျသော ပန်းရောင်ဝက်ခွာတစ်စုံကိုထုတ်လိုက်ပြီး ယင်း၏ဘောလုံးနှင့်တူသောခန္ဓာကိုယ်ကို မြေပြင်ပေါ်တွင် ထောက်လိုက်ကာ တစ်မိနစ်ကျော်ကြာပြီးနောက်တွင် ဝက်ခေါင်းသူဌေးက ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။အံ့သြစရာကောင်းသည်မှာ နေကာမျက်မှန်များသည် သူ၏ဝက်မျက်နှာပေါ်တွင် ခိုင်မြဲစွာတည်ရှိနေတုန်းပင်။ထိုနောက် ခေါင်းကို ထိုမိန်းကလေး၏ဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူ၏ ပါးစပ်ကိုဖွင့်လိုက်ရာ ကြီးမားသော အဖြူရောင်အစွယ်နှစ်ချောင်း ပေါ်လာခဲ့သည်။
“မင်း အခု ရယ်လိုက်တာလား?”
ဝက်ခေါင်းဘော့စ်သည် အမှန်တကယ် စကားပြောနိုင်ပေသည်။
မိန်းကလေးမှာ အံ့အားသင့်သွားကာ သူ့ပါးစပ်ကိုအုပ်ထားသည့် အမျိုးသမီးက ခေါင်းခါလိုက်သည်။
“ဟင့်အင်း မရယ်ပါဘူး။ သူဌေးနားကြားမှားတာပါ”
ဝက်ခေါင်းဘော့စ်၏နှာခေါင်းမှ အဖြူအငွေ့များ တဖြေးဖြေးထွက်လာခဲ့သည်။
“ငါနားကြားမှားတာလား?”
ထိုအမျိုးသမီး၏မျက်နှာသည် ဖြူဖျော့သွားကာ ခေါင်းကို အပြင်းအထန် ခါလိုက်သည်။ ထို့နောက် ခေါင်းညိတ်ပြလိုက်ပြန်၏။
ဝက်ခေါင်းသူဌေး၏ ပါးစပ်သည် ပို၍ပင်ကျယ်လာကာ “ဟီး ဟီး…”
အခြေအနေမှာ မနှစ်မြို့စရာအဖြစ်သို့ပြောင်းလဲသွားသောအခါ မျက်မှန်နှင့်လူက ကမန်းကတန်းထပြောလိုက်သည်။
“တကယ်တော့ သူမက စိတ်ကိုသိပ်မထိန်းချုပ်နိုင်ဘူးလို့ ကြားပါတယ်။သူမက ဝန်ထမ်းတွေရဲ့ ဒုတိယစည်းမျဉ်းကိုလိုက်နာဖို့ သေချာလေးကြိုးစားနေတာပါ။သူက ကလေးကောင်းတစ်ယောက်ပါ သူဋ္ဌေး”
“ကောင်းတဲ့ကလေး”
ဝက်ခေါင်းသူဌေးက ရေရွတ်လိုက်သည်။
“ကောင်းတဲ့ကလေး။သူက အလုပ်ရုံမှာ နာခံမှုရှိတဲ့ ကောင်းတဲ့ကလေး”
ထိုဝက်ခေါင်းသူဋ္ဌေးသည် မိန်းကလေးကို အချိန်အတော်ကြာ ဆန်းစစ်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းကိုလှည့်လိုက်သည်။ သူ၏ ဆူဖြိုးသောခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ဆက်ပြီးကင်းလှည့်လိုက်၏။
အမျိုးသမီးသည် သက်ပြင်းတစ်ချက်ချလိုက်ကာ မျက်မှန်တပ်ထားသောယောက်ျားကို ကျေးဇူးတင်သောအကြည့်နှင့် ကြည့်လိုက်သည်။
ရထားတွဲပေါ်မှ လူတိုင်းသည် စစ်ဆေးရေးမှူးစက်နှင့် တွေကြုံခဲ့စဉ်က ပြုလုပ်ခဲ့ကြသလို တူညီသောလုပ်ရပ်ကို လျင်မြန်စွာ လုပ်ဆောင်လိုက်ကြပြီး အလုပ်ကို စေ့စေ့စပ်စပ် လုပ်ဆောင်နေကြသကဲ့သို့ ဟန်ဆောင်လိုက်ကြသည်။
မြင်ကွင်းက တကယ့်ကို ရယ်စရာပင်။
ဝက်ခေါင်းနှင့် သူဌေးသည် တကယ်မရှိသော အလုပ်ရုံများအနီးတွင် စိတ်အားထက်သန်စွာ လှည့်ပတ်ခဲ့ပြီး ဝန်ထမ်းများသည်လည်း မမြင်နိုင်သောအရာများဖြင့် အလုပ်လုပ်ဟန်ဆောင်နေခဲ့သည်။လွန်ခဲ့သောရာစုနှစ်များတွင် ထင်ရှားခဲ့သော အသံတိတ်ပြဇာတ်ကို ကြည့်နေရသလိုပင်။
ရှန်ဂျီ :“ဒါကိုကြည့်ရတာ ပုံပြင်တစ်ပုဒ်ကို သွားသတိရစေတယ်”
ဘာပုံပြင်လဲ?
ရှန်ဂျီ : “ဧကရာဇ်မင်း၏ အဝတ်အစားအသစ်”
System : “လက်ရှိ ဝက်ခေါင်းသူဌေးက ဧကရာဇ်မင်းနဲ့တူပြီးတော့ ဝန်ထမ်းတွေက သူ့ကိုမမြင်ရတဲ့အဝတ်အစားတွေ ဖန်တီးပေးတဲ့ အပ်ချုပ်သမားနဲ့တူတာမလား? တော်တော်တူတယ်”
ရှန်ဂျီ : “မဟုတ်ဘူး”
System:.. “ဟေး…. အဲ့လောက်မအော်နဲ့လေ။ သူဌေးကလှည့်ပြီး မင်းကိုအားမနာပဲ ဖမ်းလိုက်ရင် ဒုက္ခရောက်သွားမယ်”
ရှန်ဂျီသည် သူဋ္ဌေး၏ခန္ဓာကိုယ်ပေါ်မှ ကွဲလုမတတ်ဝတ်ထားသော ဝတ်စုံကို ကြည့်လိုက်သည်။
ရှန်ဂျီက “ငါတွေးနေတာက သူသာ ဒီထက်ပိုထွားလာပြီး အဝတ်အစားတွေ ကွဲထွက်သွားရင် ငါတို့က ဧကရာဇ်မင်းကို လမ်းပေါ်မှာ ကြည့်နေတဲ့ ပွဲကြည့်ပရိသတ်တွေလိုမျိုး ဖြစ်သွားလိမ့်မယ်”
“ရထားပေါ်မှာ ကလေးတွေရှိတယ် မသင့်တော်ဘူး”
“မပြည့်စုံတဲ့ ခန္ဓာကိုယ်တွေကိုမြင်ရတာ ငါမကြိုက်ဘူး။ညစာစားရင် စိတ်ခံစားချက်ကို ထိခိုက်စေတယ်” ရှန်ဂျီက ဖြည်းညှင်းစွာပြောလိုက်သည်။
System: “မင်းရဲ့ ညစာအကြောင်း စဉ်းစားနေတုန်းလား။ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အတွက် မင်းရဲ့စံနှုန်းက ဘာလဲ?
ဝက်ခေါင်းသူဋ္ဌေးသည် လွတ်နေသောနေရာကို ဆက်လက်ကင်းလှည့်ပြီးနောက် မျက်နှာတွင်တင်းတိမ်ပေါက်နေသော လူငယ်၏ဘေးတွင် ရပ်လိုက်သည်။
“မင်းမှာ စီးကရက်ရှိလား? ငါ့ကို တစ်လိပ်ပေးပါလား”
မျက်မှန်နှင့်လူက ညဇီးကွက်နှင့်တူသောလူကိုအချက်ပြလိုက်သည်။ထိုလူကလည်း သဘောပေါက်ကာ စီးကရက်ဗူးနဲ့ မီးခြစ်ကို မြေပြင်ပေါ်အလျင်အမြန် ပစ်ချပေးလိုက်၏။
စီးကရက်ထုပ်သည် လူငယ်၏ဖိနပ်ကို ထိမိသွားသော်လည်း မီးခြစ်မှာ သေးငယ်ကာပေါ့ပါးသောကြောင့် ထိုလူငယ်၏ ဖိနပ်နှင့်တိုက်မိသွားကာ ခုံတန်းအဆုံးထိ ရောက်သွားလေသည်။ထို့နောက်မီးခြစ်သည် မမြင်နိုင်သော နံရံတစ်ခုကိုဖြတ်ကာ ပျောက်သွား၏။
ဇီးကွက်လူသားသည် အံ့အားသင့်သွားခဲ့ပြီး မျက်မှန်နှင့်လူသည်လည်း မျက်လုံးပြူးသွားရလေသည်။
မျက်နှာတွင် တင်းတိမ်များပေါက်နေသော လူငယ်၏ မျက်နှာသည်လည်း ဖျော့တော့သွား၏။
“မြန်မြန်လုပ်”
ဝက်ခေါင်းသူဌေးက ၎င်း၏နှာခေါင်းမှ အခိုးအငွေ့များထွက်လာကာ တိုက်တွန်းလိုက်သည်။
“ဟုတ်… ဟုတ်ကဲ့ သူဌေး”
လူငယ်သည် အတန်ငယ်ကြေမွနေသော စီးကရက်ဗူးကို ကောက်ကိုင်ကာ တုန်ယင်နေသော လက်ချောင်းများဖြင့် စီးကရက်တစ်လိပ်ကို ဆွဲထုတ်ကာ ဝက်ခေါင်းသူဌေးထံ ကမ်းလိုက်သည်။
ဝက်ခေါင်း သူဌေးသည် စီးကရက်ကို ကိုင်ထားရန် သူ၏ဝက်လက်ကို ဆန့်ထုတ်လိုက်ကာ ပါးစပ်အနီးတွင် ထားလိုက်၏။
“မီးလိုတယ်”
လူငယ်၏ ခြေထောက်များ တုန်ယင်လာခဲ့ပြီး စီးကရက်ကို တင်းတင်းကျပ်ကျပ် ကိုင်ထားလိုက်ရင်း မျက်မှန်တပ်ထားသည့် သူကို အကူအညီတောင်းလိုက်သည်။
မျက်မှန်နှင့်လူက သူ၏သွားတို့ကို ကြိတ်လိုက်ပြီး Plan B စတင်ရန် လက်ဟန်ပြလိုက်တော့၏။
ရထားတွဲအတွင်းမှ လေထုသည် ချက်ချင်းပင်တင်းမာ၍လာခဲ့သည်။
ပူးပေါင်းဆောင်ရွက်ရန် သဘောတူထားသောလူများသည် ယာယီအသုံးဝင်နိုင်သော လက်နက်တစ်ခုကိုလက်ထဲတွင် တိတ်တဆိတ် ချုပ်ကိုင်ထားပြီး သူဌေး၏ လှုပ်ရှားမှုကို စောင့်စားလျက်ရှိပေသည်။
ထိုအချိန်တွင် ငွေရောင်သတ္ထုမီးခြစ်တစ်လုံးကို တစ်စုံတစ်ဦးသည် ထိုလူငယ်၏လက်ထဲသို့တိကျစွာပစ်ချပေးလိုက်သည့်အခါ သူ့လက်ဖဝါးထဲသို့ ချက်ချင်းဝင်ရောက်သွား၏။
လူငယ်: ဟူး!
System: တစ်ချက်တည်းနဲ့ ညွှန်ပြချက်သုံးချက်!!! လုံးဝယောကျာ်းပီသတယ်!!!
ရှန်ဂျီ၏လှုပ်ရှားမှုကို system သတိထားမိလိုက်သည်။ထိုအရာသည် သိမ်မွေ့သော လှုပ်ရှားမှုတစ်ခုပင်။သူ၏ လက်မနှင့်လက်ညှိုးက အားအနည်းငယ်သုံး၍ ရွေ့လျားလိုက်ရုံသာ ဖြစ်သော်လည်း တွန်းအားနှင့် ဖြစ်ပေါ်လာသည့် လမ်းကြောင်းနှစ်ခုစလုံးမှာ တူညီပြီး ထို လမ်းကြောင်းသည် တိကျပြီး လှပ၏။သုတေသနအဖွဲ့အစည်းတွင် နှစ်ပေါင်းများစွာ စမ်းသပ်မှုများကို ပြုလုပ်ခဲ့သူတစ်ဦးတစ်ဦးနေနှင့် ဖြစ်သင့်ပါသည်။
System: “ဒါပေမယ့် ရှန်ဂျီ မင်း ဆေးလိပ်သောက်တတ်လို့လား?”
ရှန်ဂျီ : “ငါ ဆေးလိပ်မသောက်ဘူး”
System: “ဒါဆို မီးခြစ်ကို မင်းဘာလို့ဆောင်ထားတာလဲ? ဓာတ်ခွဲခန်းမှာ မီးချောင်းတွေကို အလင်းရောင်ပေးဖို့လား” ဟု အဆက်မပြတ်မေးနေခဲ့သည်။
ရှန်ဂျီ : “ငါ့လက်တွဲဖော်က တစ်ခါတစ်လေ ဆေးလိပ်သောက်တတ်တယ်”
Systemက နားမလည်နိုင်ပေ။ Systemက “သူ ဆေးလိပ်သောက်ရင် သူဆောင်ထားရမှာ မဟုတ်ဘူးလား”
“မင်းနားမလည်ပါဘူး” ဟု ရှန်ဂျီကပြောလိုက်သည်။
“အိမ်ဆိုတာ လူနှစ်ယောက်အတွက် နေရာတစ်ခုပဲ။သူက တခြားသူတွေကို ဂရုစိုက်ဖို့ သန်မာတယ်လို့ ပြောတဲ့အတွက်ကြောင့် ငါတို့ဘဝရဲ့ သဟဇာတဖြစ်မှုအတွက် ဆုံးဖြတ်ချက်တွေက ငါ့အပေါ်မှာပဲ မူတည်တယ်။ဥပမာ ဆေးလိပ်သောက်ဖို့…”
( ဇန်လင်က ရှန်ဂျီကိုဂရုစိုက်ရပြီး ရှန်ဂျီက ဇန်လင်နှင့်ပတ်သက်သော ဆုံးဖြတ်ချက်များ ချပေးရခြင်း ဖြစ်ပါသည်)
System: “ရပ်ပါ နောက်ထပ် ဥပမာတွေ ထပ်ပြောစရာ မလိုတော့ဘူး နားလည်ပါပြီ။ အခု အပြည့်အဝ နားလည်သွားပါပြီ ကျေးဇူးတင်ပါတယ်”
Systemသည် ရှန်ဂျီ၏ အတွေးအခေါ်များကို တဖြည်းဖြည်း ကျင့်သားရကာ နားလည်လာသည်ဟု ကိုယ့်ကိုယ်ကိုထင်ခဲ့သော်လည်း “မင်း နားမလည်ဘူး”ဟူသော စကားလုံးက သူ့ကို အများကြီးစိတ်ထိခိုက်စေခဲ့သည်။
တစ်ယောက်တည်းဖြစ်နေတာ မှားတာလား? တစ်ယောက်တည်းနေတာက ရာဇ၀တ်မှုတစ်ခုလား? တစ်ယောက်တည်းနေသူက ခွေးစာ အမြဲကျွေးခံရမှာလား?
ရှန်ဂျီ : “မင်းတကယ်နားလည်လို့လား?”
Systemသည် အကဲဖြတ်မှုတွင် အမှတ် 10,000 ရရှိပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတိထားနိုင်လာကာ နောက်ထပ်လည်း စကားမပြောလိုတော့ပေ။
ထိုအချိန်တွင် ထိုင်ခုံ၏ တစ်ဖက်ခြမ်းမှ လူငယ်သည် မီးခြစ်ရ၍ အလွန်ဝမ်းသာသွားကာ သူဌေး၏စီးကရက်ကို စျေးကြီးသော မီးခြစ်ဖြင့် မီးညှိပေးလိုက်သည်။
ဤမီးခြစ်သည် စျေးကြီးသည့်အလျောက် ပထမတစ်ချက်မှာပင် သူဌေး၏ စီးကရက်ကိုချက်ချင်း လောင်ကျွမ်းသွားစေ၏။သူဌေးက စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်သည်။
“ဒါက ဘာစျေးပေါတဲ့ စီးကရက်လဲ။ဒီခေတ် ဝန်ထမ်းတွေက စံမမှီဘူး”
သူဋ္ဌေးသည် ညည်းတွားလိုက်ကာ ဆေးလိပ် တစ်စိတ်တစ်ပိုင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ထို့နောက် တင်းတိမ်ပေါက်နေသော လူငယ်ကို ဖြတ်သွားလိုက်၏။
ဇီးကွက်လူသားသည် မြေပြင်ပေါ်တွင် လွှင့်ပစ်ထားသော စီးကရက်ကို ဝမ်းနည်းစွာဖြင့် ကြည့်လိုက်သည်။ကမ္ဘာပျက်ခေတ်တွင် စီးကရက်တစ်လိပ်သည် အလွန်ဈေးကြီး၏။ ထိုစီးကရက်သည် သူ မြို့တွင်း၌ ပြုလုပ်သောစီးကရက်များကို မဝယ်နိုင်သောကြောင့် မြို့ပြင်ရှိ အမှိုက်သိမ်းအဖွဲ့မှဝယ်ခဲ့ရသော ၈၂ နှစ်သက်တမ်းရှိသော စီးကရက်တစ်လိပ်ဖြစ်သည်။
ဝက်ခေါင်းသူဋ္ဌေးသည် အလယ်ဗဟိုရှိ လွတ်နေသောနေရာကို လှည့်ပတ်ကာ စစ်ဆေးခြင်းပြီးကာနီး ဖြစ်သွားသောအခါတွင် ရှေ့ဘက်ရထားတွဲဆီသို့ တည့်တည့် လျှောက်သွားလိုက်၏။
ထိုမှသာ လူအုပ်ကြီးမှာ သက်ပြင်းတစ်ချက်ချနိုင်သွားတော့သည်။
သူဋ္ဌေး၏ ဖောက်ထွင်းမြင်ရသောနံရံသို့ ပျောက်ကွယ်လုနီးပါးဖြစ်ပြီးကာမှ ရုတ်တရက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ နေကာမျက်မှန်တပ်ထားသည့် ထိုဝက်မျက်နှာက ထောင့်တွင်ထိုင်နေသော ချန်ရှူးရှူးကို လှမ်းကြည့်လိုက်၏။
“အမ် ဟမ်…”
ဝက်ခေါင်းသူဋ္ဌေး ပါးစပ်ဟလိုက်သည်။
“မင်း အနံ့အရမ်းကောင်းတယ်။ငါဗိုက်ဆာလို့ လက်စွပ်ပြုတ်စားချင်တယ်”
လက်စွပ်ပြုတ်လား? အဲဒါဘာလဲ?
ချန်ရှုးရှုး၏မျက်နှာသည် ဖျော့တော့သွားတော့သည်။
သူကပဲ ဝက်လက်စွပ်ပြုတ် စားချင်နေသေးတယ်!
“ပြီးတော့ မင်း”
ဝက်ခေါင်းနှင့်သူဌေးက ရှန်ဂျီကိုကြည့်လိုက်သည်။
“ကြယ်ပွင့်တစ်ပွင့်လိုပဲ မင်းဘာလို့ ငါတို့စက်ရုံမှာ အလုပ်လုပ်နေတာလဲ။ငါက ကြယ်တွေကို အမုန်းဆုံးပဲ။သူတို့ကမျက်နှာတွေပြပြီး ဘာမှမလုပ်ဘဲ ငွေရှာနေတာ။ပြီးပြည့်စုံနေတာ ဘာကြောင့်လဲ။ညစာစားရင် မင်းငါ့ကို တစ်ခုခုနဲ့ဖျော်ဖြေရမယ်”
“သီချင်းတစ်ပုဒ်ဆိုပြီး နည်းနည်းကရမယ်။ ဟိတ်ဟန်နည်းနည်း ထုတ်ပြရမယ်။ မင်းအဲ့လိုလုပ်နိုင်လား?”