Chapter 11
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 11 - ( အဆုံးမရှိသောမြူခိုးများကိုခွဲပစ်လိုက်သောဓား )
System: ရှန်ဂျီ မင်းလုပ်နိုင်ပါ့မလား?
ရှန်ဂျီ: “ဟမ်..”
ရှန်ဂျီသည် သူဋ္ဌေးခိုင်းသည့်အရာကို လုပ်မည်မလုပ်မည်ကို ပြတ်ပြတ်သားသား မပြောသော်လည်း systemက သူ၏ ပင်ကိုယ်စရိုက်ကို သိပေသည်။ရှန်ဂျီသည် ဝက်ခေါင်းသူဋ္ဌေးအတွက် ထိုကဲ့သို့လုပ်ပြမည် မဟုတ်သည်မှာ သေချာ၏။
အကယ်၍ ထိုသို့လုပ်ခဲ့လျှင်လည်း ရှန်ဂျီသည် သူ၏အိမ်တွင် သူချစ်ရသည့် လက်တွဲဖော်ရှေ့မှာပဲ လုပ်ဖြစ်လိမ့်မည်။ Systemသည် ဤကိစ္စနှင့်ပတ်သက်၍ သူ၏အတွေ့အကြုံများကိုအခြေခံကာ မှန်ကန်ဆုံးဖြတ်မှုတစ်ခုကို ကျွမ်းကျင်စွာ ခန့်မှန်းနိုင်ခဲ့သည်။
“သိတယ်! အရာအားလုံးကို တကယ်သိတယ်။ ဒါကြောင့် မသိဘူးလို့ မပြောပါနဲ့ ~ (>_<)~”
ရှန်ဂျီ၏ဘေးနားမှ ချန်ရှုးရှူးသည် သီချင်းညည်းနေသော သူဌေး၏ပါးစပ်ကို ကြည့်လိုက်သည်။
“ဝက်လက်စွပ်ပြုတ်က အရသာမရှိဘူး။ သူဌေး တခြားတစ်ခုခု စားချင်လား?”
ချန်ရှုးရှူးသည် သူ၏အိတ်ထဲမှ ရောဂါပိုးကာကွယ်ခြင်းနှင့် ကုသဆေးများကိုထုတ်ကာ ပေးလိုက်သည်။
“ကန့်သတ်အရေအတွက်နဲ့ထုတ်ထားတဲ့ စတော်ဘယ်ရီအရသာ သကြားလုံးစားမလား။ အရမ်းအရသာရှိတယ်”
ဝက်ခေါင်းသူဌေး: “ဟမ်”
ထို့နောက်တွင် အစွယ်ရှည်ရှည်နှစ်ချောင်းရှိသည့် သူဌေး၏ပါးစပ်သည် ရုတ်တရက် ပွင့်သွားခဲ့ပြီး ပါးစပ်ထဲမှ မကောင်းသောအနံ့အသက်များကလည်း ထွက်လာခဲ့သည်။ထိုပါးစပ်အတွင်းတွင် ကျန်ရှိနေသည့်အသားများနှင့် သိသာထင်ရှားသော လူ့လက်ချောင်းရိုးတစ်ခြမ်းကို ချန်ရှုးရှူးသည် ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
သန့်ပြန့်နေတဲ့ အမိုက်စား ဝက်ခေါင်းသူဌေးက လူလက်တွေကို တကယ်စားနေတယ်!
ချန်ရှုးရှုး၏ဆံပင်များသည် မူလထက်ပင် ပိုထောင်သွားရကာ သူ့စိတ်ထဲတွင် အချက်ပေးခေါင်းလောင်းသံများစွာ တပြိုင်တည်း မြည်ဟည်းသွားသလို ခံစားလိုက်ရသည်။သူသည် ဘဝတွင် အလျင်မြန်ဆုံးအရှိန်နှင့် ခေါင်းညိတ်ပြလိုက်ရသဖြင့် ဦးရေပြားပင်အေးသွားသလို ခံစားလိုက်ရသည်။
သူဋ္ဌေးကို သူ လုံးဝမကြည့်ဝံ့တော့ချေ။ ဒုံးပျံကဲ့သို့သာ ထိုသူဋ္ဌေး၏ ဘေးမှလွင့်ထွက်သွားချင်တော့သည်။
တစ်ချိန်တည်းမှာပင် မျက်မှန်နှင့်လူက ဆော်သြလိုက်သည်။
“Plan B! မြန်မြန်လုပ်!”
ထိုင်နေသူများအားလုံးသည် ၎င်းတို့၏လက်နက်များကို ထုတ်လိုက်ကြ၏။ လက်နက်ဟုဆိုရာတွင် အချို့မှာ ကျောပိုးအိတ်ထဲက ဘောပင်များကို ယူထုတ်လာကြတာပင်။ အချို့လက်နက်များမှာ အိတ်များ၊ အချို့မှာ ရေအပြည့်ထည့်ထားသော ၁-လီတာ တွင်းထွက်ရေဗူးများ၊ထီးများ၊ ကြက်တောင်ရိုက်တံများ၊ ဘေ့စ်ဘောရိုက်တံများနှင့် အခြားများစွာသော လက်နက်ပစ္စည်းများပင်ဖြစ်ကြသည်။
ဝက်ခေါင်းသူဌေးသည် မည်သူ့ကိုမျှမကိုက်ဘဲ ရှေ့ကို ငုံ့ထားသော်လည်း သူ့ဘေးတွင်ရှိသော ပေါင် 180 အမျိုးသမီးကြီးတစ်ဦးကို ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။ထိုနောက် ဝက်ခေါင်းသူဌေးသည် ဒေါသထွက်ကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။
“မင်းတို့က ငါ့ကိုပုန်ကန်ဖို့ ကြိုးစားနေတာလား”
ထိုအချိန်တွင် ချန်ရှုးရှူးသည်သည် လက်နက်များကိုင်ဆောင်ထားသော လူအုပ်ထဲသို့ ရောက်နေပြီဖြစ်သည်။ထို့နောက် ထိုအမျိုးသမီးကြီးလည်း ရှောင်ပြေးရန် အခွင့်အရေးကိုယူကာ သူမ၏အိတ်ထဲမှ လက်တဝက်မျှအထူရှိသော ဆေးထိုးတံကြီးကို ဆွဲထုတ်လိုက်သည်။ ထိုဆေးထိုးအပ်၏ အဖျားမှာ အလွန်ချွန်ထက်လျက်ရှိ၏။ထိုအမျိုးသမီးကြီးသည် ယနေ့ မြို့တွင်းဧရိယာတွင် တာဝန်ကျသော သူနာပြုဖြစ်ရမည်။ထို့ကြောင့် သူမသည် လုံခြုံရေးအနေဖြင့် ဆေးထိုးအပ်နှင့် ဆေးကို ယူဆောင်လာနိုင်ခဲ့ပုံရသည်။
ဝက်ခေါင်းသူဋ္ဌေး၏ မီးစွမ်းအားသည် ယခု သူတို့နှစ်ဦးဆီသို့ လုံးလုံးလျားလျား ရောက်သွားခဲ့သည်။သူ၏နှာခေါင်းမှ အဖြူရောင်အငွေ့များ ထွက်လာကာ သူ့ကိုခုခံရဲသော ရဲရင့်သော ဝန်ထမ်းများဆီသို့ ဝက်ခွာသံဖြင့် ဒေါသတကြီး ပြေးသွားလိုက်သည်။
“ကာကွယ်ကြ! ကာကွယ်ကြ!”
မျက်မှန်နှင့်လူက ကျယ်လောင်စွာအော်လိုက်သည်။
လျှပ်တပြက် အနက်ရောင်ထီးတစ်လက် ပွင့်လာခဲ့ပြီး ဝက်ခေါင်းသူဋ္ဌေးကို ထီး၏ချောမွေ့သောမျက်နှာပြင်ဖြင့် ပိတ်ဆို့လိုက်ကာ တင်းတိမ်ပေါက်နေသောလူငယ်လေးက ထီးကိုကိုင်ကာ နောက်တွင် ရပ်နေခဲ့သည်။ထိုအချိန်တွင် သွေးကြောများဖောင်းနေသော လက်မောင်းကြီးများဖြင့် ထီးလက်ကိုင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သူ၏နောက်မှလူအုပ်ကို ကာကွယ်ပေးထားလေသည်။
ထီး၏တွန်းအားသည် ဝက်ခေါင်းသူဋ္ဌေးကို ဟန်ချက်ပျက်သွားစေကာ အနီးနားတွင် စောင့်ကြည့်နေသော ကျောင်းသူလေးမှ သူ့ကို လျင်မြန်စွာ ဝင်လှဲပစ်လိုက်ရာ သူဌေးမှာ လုံးဝပြုတ်ကျသွားတော့သည်။
ဝက်ခေါင်းသူဌေးသည် ပထမဆုံးရောက်တုန်းက ပုံစံအတိုင်းပင် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
သို့သော် ဤတစ်ကြိမ်တွင် သူဌေးသည် ဖင်ထိုင်လျက်သားကျသွားခြင်းဖြစ်ပြီး ပျော့ပျောင်းမှု ကင်းမဲ့စွာပင် နှစ်ကြိမ်သာ ခုန်ပေါက်ကာ ရပ်တန့်သွားခဲ့သည်။
“အခုတိုက်ခိုက်ရမယ့်အချိန်ရောက်ပြီ!”
မျက်မှန်နှင့်အမျိုးသားက အော်လိုက်သောအခါ မရေမတွက်နိုင်သော လက်နက်များသည် ဝက်ခေါင်းသူဌေးအပေါ်သို့ ချက်ချင်းကျရောက်သွားခဲ့သည်။
“ဘောပင်နဲ့ မျက်လုံးကို ထိုးလိုက်!”
“သူ့ပါးစပ်ထဲ သတ္တုရည်နဲ့ လောင်းထည့်”
“သူ့ရဲ့သွေးလွှတ်ကြောတွေကို လေပြွန်နဲ့တိုက်ရိုက်ဖောက်!… ဘာလဲ? ငါက ဝက်ရဲ့သွေးလွှတ်ကြော ဒါမှမဟုတ် လူ့သွေးလွှတ်ကြောတွေကို ဖောက်ရမှာလား ဟုတ်ပြီ။အဲဒါက လူရဲ့ပုံစံပဲ အခုက လူ့ပုံစံဖြစ်နေပြီ!”
Systemသည် အံ့အားသင့်စွာဖြင့် “သာမန်လူတွေ စတင်တိုက်ခိုက်ရင် အဲ့လိုပဲ ရူးကြောင်ကြောင်နိုင်တာလား?”
ထိုအချိန်တွင် ရှန်ဂျီသည် ထိုင်နေရင်းမှ ထိုစကားကိုကြားချိန်တွင် သူ၏ အလွန်ပြုံးခဲလှသောနှုတ်ခမ်းတို့ အနည်းငယ် ကွေးသွားခဲ့သည်။
သူ၏အပြုံးမှာ အလွန်ပင်စိတ်ကျေနပ်စရာကောင်းသောအပြုံးမျိုးပင်ဖြစ်သည်။
“ကောင်းပြီ သာမန်လူတွေက ပိုလို့တောင် အမိုက်စားဖြစ်တတ်တာကို မင်းမမြင်ဖူးဘူးထင်တယ်” ရှန်ဂျီက မှတ်ချက်ချသည်။
System: “မင်းရောမြင်ဖူးလို့လား?”
System သည် သံသယဖြစ်ဖွယ်မေးလိုက်သည်။
ရှန်ဂျီ: “မြင်ဖူးတာပေါ့”
ရှန်ဂျီသည် ထိုမျှသာပြောပြီး အကျယ်တ၀င့် မပြောတော့ဘဲ ခေါင်းကို အနည်းငယ်ငုံ့ကာ သူ၏ ခြေရင်းတွင်ရှိနေသော ထီးကို ကြည့်လိုက်သည်။
ထိုထီးသည် ချန်ရှူးရှူး၏ဘေးနားမှထိုင်နေသော အမျိုးသမီး၏ထီးဖြစ်သည်။ သူမ ထွက်မပြေးစဉ်က ထိုထီးကို ကြိုးများဖြင့်ရစ်ပတ်ထားကာ မြေပြင်ပေါ်တွင် ကျနေခဲ့၏။ ထီးတွင် ခေါက်၍မရသည့် အလွန်ရှည်လျားသော လက်ကိုင်ပါရှိပြီး အရောင်မှာ ချစ်စရာ ကောင်းသော ပန်းရောင်ဖြစ်သည်။
ရှန်ဂျီငုံ့၍ ထီးကို ကောက်လိုက်၏။
ထိုအချိန်တွင် လူတိုင်း၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေသော သူဌေးက ရုတ်တရက်ထအော်လိုက်သည်။
“မင်းတို့ ယုတ်မာတဲ့ ဝန်ထမ်းတွေ !!!”
ထိုအသံနှင့်အတူ သူဋ္ဌေး၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ လှုပ်ခါလာခဲ့သည်။
လက်နက်ကိုင်ဆောင်ထားသောလူများသည် သူဋ္ဌေးကိုတိုက်ခိုက်ရန် ကြိုးစားနေကြချိန်တွင် သူဌေး၏ခန္ဓာကိုယ်သည် ထိတ်လန့်စရာကောင်းသည့်နှုန်းဖြင့် သိသိသာသာ ကြီးထွားလာ၏။
“ဆုတ်! ငါတို့ အရင်ကိုယ့်ကိုယ်ကိုကာကွယ်ရမယ်!”
မျက်မှန်တပ်ထားသော အမျိုးသားသည် အခြေအနေ ဆိုးရွားလာသည်ကို မြင်လိုက်ရသဖြင့် ချက်ခြင်းအော်လိုက်၏။
အားလုံး လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။သူဋ္ဌေး၏ဝတ်စုံသည် ရုတ်တရက် ပွင့်ထွက်သွားကာ သူ၏ကိုယ်ထည်ရှိ လက်နက်များသည် နေရာအနှံ့ပြန့်ကျဲနေပြီး လူတစ်ယောက်ကို အသွေးများအသားများတစ်စစီ လုပ်ပစ်နိုင်ပေသည်။
သူဋ္ဌေး၏ ခန္ဓာကိုယ်သည် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ သူ၏တစ်ကိုယ်လုံးသည် သွေးနီဥများလွှမ်းခြုံသွား၏။ မျက်နှာပေါ်ရှိနေကာမျက်မှန်များသည်လည်း ကွဲအက်သွားခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် ခြေလက်အင်္ဂါများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ပြန်လည်ဖြစ်ပေါ်လာကာ ခဏအကြာတွင် သူဋ္ဌေးသည် ဧရာမတောဝက်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သွေးနီရောင်မျက်လုံးခြောက်စုံဖြင့် တန်ဆာဆင်ထားသည့် ဝက်မျက်နှာ၊ လူ၏လက်ထက်ရှည်သော အစွယ်နှစ်ချောင်း၊ ရာနှင့်ချီသော လူ့လက်များကဲ့သို့ ပြူးထွက်သောအရေပြားပေါ်မှ အဖုများနှင့်ပြည့်နေသော ဗိုက်သားတစ်ခုတို့ ထွက်ပေါ်လာခဲ့သည်။ထိုအရာတို့သည် ဝက်ခေါင်းသူဌေး၏ပုံစံကို အခြားတောဝက်များမှ ကွဲလွဲစေသောအရာများပင်ဖြစ်ပေသည်။
ကြောက်မက်ဖွယ်ရာ ဝက်အူသံများက ထိုသူဌေး၏ နှာခေါင်းအတွင်းမှ ထွက်ပေါ်နေ၏။ ထို့နောက်တွင် အမျိုးသား၊ အမျိုးသမီး၊ ကလေးများ၏ အသံများနှင့် ထိုကြောက်စရာကောင်းသည့် အသံများရောနှောနေကြသည်မှာ ခြင်များတဝီဝီအော်နေသကဲ့သို့ပင်ဖြစ်သည်။
“နာတယ်!”
“ငါ့ကိုမစားနဲ့!”
“သူဌေး၊ ငါ့ကိုမစားနဲ့…”
လူအုပ်ကြီးသည် မေးခွန်းတစ်ခုကို ရုတ်တရက် သတိရလိုက်ပြီး ရိုးတွင်းခြင်ဆီအထိ အေးစက်သွားသလို ခံစားလိုက်ရသည်။
“ဒီရထားကို မရောက်ခင် သူဌေးက နေရာဘယ်နှခုလောက်ကို စစ်ဆေးခဲ့တာလဲ?”
“သူဌေးရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောသူတွေရဲ့ ကံကြမ္မာကရော ဘယ်လိုလဲ?”
တင်းတိမ်များနှင့်လူငယ်က ထီးကို တိတ်တဆိတ်ဖွင့်လိုက်သည်။
ဤထီးသည် မကြာသေးမီက လူသားပုံသဏ္ဍာန်သူဌေးနှင့်ရင်ဆိုင်ရသောအခါတွင် ထီးမျက်နှာပြင်သည် ထိုသူဋ္ဌေးကို ဟန့်တားနိုင်ခဲ့၏။သို့သော် ကြံ့ခိုင်သော တောဝက်တစ်ကောင်နှင့် ရင်ဆိုင်ရသည့်အခါ ရနိုင်ပါ့မလားဟု သံသယဝင်မိသည်။သူဌေးသာ သူ့ဆီသို့ တည့်တည့်လာလျှင် ထီးလက်ကိုင်မှတဆင့် သူ့ရင်ဘတ်ကို တည့်တည့်ဖောက်ပစ်လိုက်မည်ဟု သူတွေးလိုက်သည်။
ဘာလုပ်ရမလဲ? ပြန်ဆုတ်ရမလား?
တင်းတိမ်လူငယ်သည် တွေဝေ၍နေ၏။
ငါ့နောက်မှာ လူနှစ်ဆယ်ကျော်ရှိသေးတယ်…!
ထိုအချိန်တွင် ဝက်အဖြစ်ပြောင်းသွားသောသူဋ္ဌေးက သွေးနီရောင်မျက်လုံးများနှင့် သူ့ကိုစက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ရင်း ရုတ်တရက် ကျောခိုင်းလိုက်၏။
လူအုပ်ကြီးသည် သူ၏တင်ပါးမှမျက်လုံးနှစ်လုံးကိုအံသြစွာတွေ့လိုက်ရသည်။ဘယ်ဘက်တွင် မျက်လုံးတစ်လုံး၊ ညာဘက်တွင်မျက်လုံး တစ်လုံးနှင့် တစ်ဖက်တစ်ချက်စီတွင် ပြန့်ကျဲနေသော မျက်လုံးများသည် နီရဲနေသော သွေးပြန်ကြောများဖြင့်ပြည့်ကာ အလွန်ကြောက်စရာကောင်းပေသည်။
သူဌေးက ဘာလုပ်ဖို့ စီစဉ်ထားတာလဲ!လူအုပ်အတွင်းမှ လေထုသည် ပို၍တင်းမာလာ၏။
မျက်မှန်တပ်ထားသောလူက အကယ်၍ မတော်တဆမှုတစ်ခုဖြစ်လာပါက သူဌေးကို တစ်ဖက်မှတိုက်ခိုက်ကာ မိမိကိုယ်ကိုကာကွယ်ရန်ဟူသော အစီအစဉ် B ကိုအကြံပြုခဲ့သည်။ သို့သော် ရှန်ဂျီက ထိုအစီအစဥ်ကို သဘောမတူခဲ့ကြောင်း ချန်ရှုးရှူး ရုတ်တရက် သတိရသွားခဲ့သည်။
ရှန်ဂျီသည် ထောင့်ခုံတွင်ထိုင်နေဆဲဖြစ်ပြီး ဒူးပေါ်တွင် ပန်းရောင်လက်ကိုင်ထီးရှည်တစ်ချောင်းကို တင်ထား၏။
ဝက်သူဌေး၏ ယခုဦးတည်ချက်မှာ ရှန်ဂျီပင်။
ဒါပဲ!
ဝက်သူဌေးအတွက် လူတစ်စုကို ရင်ဆိုင်ရသည်နှင့် နှိုင်းယှဉ်လျှင် တစ်ဦးတည်းထိုင်နေသော ရှန်ဂျီသည် ဖမ်းရလွယ်ကူသော သားကောင်ဖြစ်သည်။ချန်ရှုးရှုး ထိုအချက်ကို နားလည်သွား၏။
“အစ်ကို သတိထား!”
ချန်ရှုးရှူးသည် ယခုအခြေအနေတွင် မည်သို့မျှ လုပ်မပေးနိုင်ပဲ ကျယ်လောင်စွာသတိပေးရန်ပဲ တတ်နိုင်ခဲ့သည်။
သူစကားပြောလိုက်သည့်အခိုက်တွင် သူဌေး၏ ထိလွယ်ရှလွယ်သော အာရုံများကို အမှတ်တမဲ့ အစပျိုးပေးလိုက်သကဲ့သို့ပင် ဖြစ်သွား၏။
တခဏချင်းတွင် သူဌေး၏ ခွာသံများသည် မြေပြင်နှင့်အတန်ငယ်ကွာသွားခဲ့ပြီး နောက်တစ်စက္ကန့်လောက်တွင် ဝက်တစ်ကောင်သည် ရှန်ဂျီဆီသို့ မြှားတစ်စင်းကဲ့သို့ ဦးတည်သွားတော့၏။
ရှန်ဂျီ၏အမြင်အာရုံတွင် AR တွက်ချက်မှုပုံစံကို ဖြန့်ကျက်ထားသဖြင့် အစိမ်းရောင်ဒေတာချောင်းက စီးဆင်းသွားခဲ့သည်။
အမြန်နှုန်း- 180 ကီလိုမီတာ/နာရီ
ခန့်မှန်းအလေးချိန်- 21.3 တန်
ခန့်မှန်းခြေ ယာဉ်တိုက်မှုအချိန်- 1 စက္ကန့်…
သက်ရောက်မှုအင်အား ခန့်မှန်းခြေ -1,065,000N
လူ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည် ကန့်သတ်ချက်ထက် ကျော်လွန်တယ်! ရှောင်ရမယ်!
System: “အမြန်၊ ဘယ်ဘက်ကို ရှောင်လိုက်!”
System၏ အရေးပေါ်အသံ ထွက်ပေါ်လာသည်။
ရှန်ဂျီ သက်ပြင်းချလိုက်၏။သူသည် တင်းတိမ်များနှင့်လူငယ်လေးကို မီးခြစ်ပစ်ပေးခဲ့သည်မှာလည်း ပြစ်ဒဏ်မှလွတ်မြောက် ကူညီလိုက်ခြင်းဖြစ်ကာ ဒုက္ခကို ရှောင်ရှားနိုင်ခဲ့သည်။သို့သော် သူသည် ချန်ရှုးရှူး၏ အထူးကိုယ်ဟန်ကို လျှော့တွက်ထားမိခဲ့သည်။
ရှန်ဂျီက မရှောင်ပေ။ဒူးပေါ်မှ ထီးကိုသာ လှမ်းဆွဲလိုက်သည်။
သူ၏ ရှည်လျားလှပပြီး ပြေပြစ်သောလက်ဆစ်များပါရှိသောလက်သည် စမ်းသပ်မှုများပြုလုပ်ရန် ကျွမ်းကျင်သည့်လက်မျိုးဖြစ်သည်။ သို့သော် ထီးလက်ကိုင်ကို ကိုင်လိုက်သောအခါတွင် လက်ငါးချောင်းက ထီးကိုကိုင်ရုံတင်မဟုတ်ဘဲ နူးညံ့သိမ်မွေ့ကာ ပြတ်သားသောပုံစံဖြင့် လက်ကိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။
အဆုံးမရှိသောမြူမှုန်များကို ဖျက်စီးပစ်နိုင်သည့် ဓားတစ်ချောင်းကို ဆုပ်ကိုင်ထားသလိုပင်။