Chapter 6
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 6 - ( သူက သူများတွေနဲ့မတူဘူး)
ရှန်ဂျီ ထိုလူကို မော့ကြည့်လိုက်သည်။ သူ၏မျက်တောင်များမှာ ကျီးကန်း၏အနက်ရောင်စိုစိုရှိသော ငှက်မွေးနှစ်တောင်ကဲ့သို့ လူများ၏နှလုံးသားကို သိမ်းပိုက်သွားနိုင်လှအောင် လှပသေသပ်လှပေသည်။
ချန်ရှူးရှူးက တဒင်္ဂတွေဝေသွားခဲ့သည်။ထို့နောက်မှ သွားကလေးများပေါ်အောင်ပြုံးပြလိုက်ပြီး နောက်သို့အလှည့်တွင် သူသည်လေထဲသို့ပြုတ်ကျသွား၏။ ခုံမရှိပဲ လေထဲတွင် ထိုင်နေသော်လည်း ခုံပေါ်တွင်ထိုင်နေရသကဲ့သို့ပင် ခံစားနေရသည်။
ဒီခံစားချက်ကို ဘယ်လိုဖော်ရပြမလဲ။ ဆွဲငင်အား သုညရှိတဲ့ အာကာသယာဉ်ထဲမှာ မျောနေသလိုပဲ!
ချန်ရှုရှူး တစ်စုံတစ်ခုကို သဘောပေါက်သွားရသည်။ “အစ်ကို မင်းက တကယ်ကို အံ့သြစရာကောင်းတာပဲ။စည်းကမ်းတွေရဲ့လှည့်စားမှုကို မြန်မြန်တွေ့ပြီး ဖြေရှင်းရမယ့် နည်းလမ်းကိုရှာနိုင်ခဲ့တယ်နော်။ မင်း သုတေသနအဖွဲ့အစည်းကို ဝင်နိုင်တာ အံ့ဩစရာမရှိပါဘူး”
ထိုစဉ် ချန်ရှုးရှူးသည် ရှန်ဂျီ၏” တိတ်တိတ်ဆိတ်ဆိတ်နေတဲ့ လူတွေကို ကြိုက်တယ်” ဟုပြောခဲ့သောစကားကို သတိရမိသွားခဲ့တာကြောင့် ပါးစပ်ကို ဇစ်ပိတ်သည့်ဟန်ထပ်မံလုပ်လိုက်ပြီးနောက် ရှန်ဂျီကို မျက်စိမှိတ်ပြလိုက်သည်။
အပြင်ဘက်မှာလည်း ချန်ရှုးရှူးသည် သူရဲကောင်းဝတ္ထု၏ ဇာတ်ဆောင်ကဲ့သို့ ထက်မြက်သွက်လက်ကာ ဗဟုသုတနှင့်လည်းပြည့်စုံပြီး ချောမောသောမျက်နှာလည်း ရှိပေသည်။သူ့အပြုံးသည် ပထမတွင် အနည်းငယ်မိုက်ရူးရဲပုံစံပေါက်သော်လည်း အလွန်ဆွဲဆောင်မှုရှိ၏။သိသာထင်ရှားစွာပင် သူသည် အတော် တတ်သိနားလည်နိုင်စွမ်းရှိပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်မှာလည်း မနိမ့်ကျပေ။ ထို့ကြောင့် ဇန်လင်သည် သူ၏ဝတ္ထုတွင် ချန်ရှူးရှူးကို အလုပ်သင်အဖြစ် ထည့်သွင်းဖော်ပြထားခြင်းပင်ဖြစ်လိမ့်မည်။ရှန်ဂျီက ခေါင်းကို အနည်းငယ်ငုံ့ထားကာ ပြောသည်။
“လှည့်ကွက်ကို ရိပ်မိတယ်လို့ပြောတာလား။ ငါက ထိုင်လို့ရတဲ့အခါ အမြဲထိုင်တယ်။ထိုင်လို့ရတဲ့အချိန်မှာဘဘယ်တော့မှ မရပ်ဘူး။လှဲလျောင်းလို့ရရင် လှဲနေတယ်။ဘယ်တော့မှမထိုင်ဘူး။အဲ့ဒါ ငါ့ဘဝရဲ့စည်းမျဉ်းပဲ”
ချန်ရှုးရှူး : “ဟမ်?”
ထိုအချိန်တွင် မြူခိုးများထပ်မံရောက်လာ၍ လူတိုင်းသည် ရှေ့သို့အသည်းအသန် ပြေးလာကြသည်။ရှန်ဂျီ မလှုပ်ရှားပဲထိုင်နေခြင်းမှာ ကြက်သေသေခြင်းကြောင့်လည်းမဟုတ်။ တစ်စုံတစ်ခုကို ခံစားလိုက်ရသောကြောင့် လည်းမဟုတ်ပေ။သူထိုင်ချင်နေသောကြောင့်သာ ထိုင်နေခြင်းဖြစ်သည်။ယုတ္တိတန်စွာတွေးရလျှင် သာမန်လူများအတွက် ဤကဲ့သို့သော တုံ့ပြန်မှုမှာ အတော်လေးပင် ထူးဆန်းနေပေသည်။
Systemသည် ချန်ရှူးရှုး၏ ရှန်ဂျီအပေါ်နားမလည်နိုင်မှုကို စာနာမိသွားခဲ့သည်။
Systemက ” ရှန်ဂျီ မင်း ငါတို့ကို နောက်ပြောင်နေသလို ခံစားရတယ်!”
System မှာ အလေးအနက်တစ်ခုခု ပြောချင်လိုက်တိုင်း ရှန်ဂျီ၏စကားများကြောင့် အကြောင်းအရာခေါင်းစဉ်မှာ ပျောက်ပျောက်သွားရသည်။ထိုအကြောင်းကို ပြန်သတိရသွားပြီး system သည် သူ၏ အမှန်တကယ်မရှိသော ပါးကိုပင် ကိုယ့်ကိုယ်ကိုအမှတ်ရှိအောင်ဆုံးမရန် ရိုက်ချင်သွားသည်။
“ဒါက ကျိုးကြောင်းဆီလျော်လို့လား?”
“ဟင့်အင်း မဆီလျော်ဘူးလေ။ဒါနဲ့ရှန်ဂျီက ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်နေတာမဟုတ်ဘူးလား!”
ရှန်ဂျီက “ဘာလဲ ငါက လူတွေကို လှည့်စားရတာ မကြိုက်ဘူး”
ရှန်ဂျီ၏ အမူအရာမှာပကတိ တည်ငြိမ်အေးဆေးနေပြီး သူ့မျက်နှာတွင်လည်း အပြစ်လုပ်ထားသောအရိပ်အယောင် တစိုးတစိမျှရှိမနေချေ။ထိုပြောင်မြောက်လှသော အသွင်အပြင်နဲ့အတူ လေးလေးနက်နက် စကားပြောလိုက်သောအခါ လူအများမှာ ရှန်ဂျီကို ယုံကြည်ကြသည်မှာ မထူးဆန်းပါပေ။
Systemက ” သူ့ကိုအစက ငါတစ်ယောက်တည်း နားမလည်နိုင်ဘူးလို့ထင်ထားတာ ခုတော့မဟုတ်ဘူးပဲ”
System သည် တစ်ချိန်လုံး ညည်းညူသံများနှင့်သာ ပြည့်နေတော့သည်။
ထိုအချိန်တွင် ရထားပေါ်ရှိအခြားလူများက ရှန်ဂျီနှင့် ချန်ရှုးရှုးတို့၏ ပုံမှန်မဟုတ်သော ထိုင်နေဟန်ကို နောက်ဆုံးတွင် သတိပြုမိသွားကြသည်။
“ဒီထိုင်နေပုံက ရူပဗေဒရဲ့နိယာမကို လုံးဝချိုးဖောက်ထားတာပဲ”
မျက်မှန်တပ်ထားသောလူက သူ့ဘာသာသူ ရေရွတ်ရင်း ရုတ်တရက် တစ်ခုခုကို တွေးနေပုံရသည်။ထို့နောက်တွင် သူ၏မျက်လုံးများဝင်းလက်သွားပြီးတော့ သူကပြောလိုက်သည်။
“ဟုတ်ပြီ စည်းမျဉ်းတွေရဲ့ ‘အလုပ်ရုံတွေ’ လို့ ပြောတာက ငါတို့ရှေ့က အရာတွေကိုပဲ ရည်ညွှန်းတာ မဟုတ်လောက်ဘူး”
ဝက်ဝံအညိုရောင်နှင့်တူသည့် ထွားကျိုင်းသော အမျိုးသားက စိတ်ရှုပ်သွားခဲ့သည်။
“မင်း ဘာကိုဆိုလိုချင်တာလဲ?”
မျက်မှန်နဲ့လူကြီးက ရှင်းပြခဲ့သည်။ “ကျွန်တော်ဆိုလိုချင်တာက အခုမြင်တွေ့မြင်နေရသမျှ မြူခိုးတွေဟာ ဖန်တီးထားတဲ့ ထင်ယောင်ထင်မှားတစ်ခုပါပဲ။ ကျွန်တော်တို့ ခန္ဓာကိုယ်တွေဟာ မြေအောက်ရထားပေါ်မှာ ရှိနေတုန်းပဲ”
စီးပွားရေးအဖွဲ့အစည်း ဝတ်စုံဝတ်ထားသော အမျိုးသမီးက ဝင်ပြောသည်။
“မဖြစ်နိုင်ဘူး မြေအောက်ရထားကို သတ္တုနဲ့လုပ်ထားတာ အထိအတွေ့က ဒီလိုခံစားရမှာမဟုတ်ဘူး”
သူမစကားပြောရင်း အိတ်နှင့်နံရံကို ထုနေဆဲပင်ဖြစ်သည်။
“ဒါက လှည့်စားမှုတစ်ခုဆိုရင်တောင် လူတွေရဲ့ ခံယူချက်နဲ့ အာရုံတွေကို ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု မျက်မှန်တပ်ထားသူက လျှင်မြန်စွာ သုံးသပ်လိုက်သည်။
“ဒါဟာ ရထားရဲ့အတွင်းပိုင်းပဲ ရှိသေးတယ်လို့ ဆိုပါစို့။ စည်းမျဉ်းထဲမှာပါတဲ့ ‘အလုပ်ရုံများ”ဆိုတာက တခြားအရာတွေထက် မြေအောက်ရထားပေါ်မှာရှိတဲ့ မူလထိုင်ခုံတွေကို ရည်ညွှန်းတာမဟုတ်ဘူးလား”
ထို့နောက်တွင် ထိုသူက စောနက အကူအညီလာတောင်းခဲ့သော သားအမိဘေးတွင် ထိုင်ချလိုက်သည်။
မြေပြင်ပေါ်သို့ကျမသွားပဲ လေပေါ်မှာထိုင်၍နေခြင်းဖြစ်သည်။ထိုင်နေသောကိုယ်ဟန်အနေအထားကို ထိန်းသိမ်းပေးနိုင်သည့် မမြင်ရသော အထောက်အပံ့တစ်ခုခု ရှိနေခဲ့သည်။
လူအုပ်ကြီးမှာ အံ့အားသင့်သွားကြ၏။
ဤအချိန်သည် ထုတ်လွှင့်မှုအကြောင်းကြားပြီး နှစ်မိနစ်ပင်မပြည့်သေးသော အချိန်ဖြစ်သည်။
မမြင်နိုင်သောနံရံသည် အပြင်ဘက် ခုံများဆီသို့ သွားရာလမ်းကို ပိတ်ဆို့ထားဆဲပင်။
ရုတ်တရက် လူအုပ်ကြီးသည် မြေအောက်ရထားပေါ်တွင် ထိုင်ခုံများများစားစားမရှိခြင်းကို သတိရမိသွားကြသည်။ မြေအောက်ရထားတွင် မြူခိုးများဖုံးလွှမ်းနေသဖြင့် လူတိုင်းသည်အလျင်စလိုဖြစ်နေကာ သူတို့၏နေရာနှင့် ပတ်၀န်းကျင် ရောထွေးကုန်ကြသည်။ အချိန်ကိုလိုက်ပြီး လူတွေရဲ့အမြင်က ရှုပ်ထွေးလာသည်!
ပရမ်းပတာများကြားတွင် အချို့က လေပေါ်သို့ လျင်မြန်စွာ ထိုင်လိုက်ကာ ထိုင်ခုံရသွားကြပြီး အချို့မှာလွဲမှားစွာ ကြမ်းပြင်ပေါ်သို့ကျသွားကြသည်။အခန်းထဲတွင် လူများပိုများလာကာ ရှုပ်ယှက်ခတ်နေကြ၏။
“လူအရမ်းများတယ် ထိုင်ခုံမလောက်ဘူး…”
“ငါတို့ ဘာလုပ်သင့်လဲ?”
တစ်ချို့လူတွေက အကြံပြုခဲ့ကြသည်။
“ကျွန်တော်တို့ရထားရဲ့ နောက်ဘက်ပိုင်းကို ပြန်သွားနိုင်တယ်လေ။ အဲဒီမှာ လူနည်းနည်းပဲ ရှိတာ”
“ပြောတာက လွယ်တယ်။ ငါတို့ ဘယ်လိုပြန်သွားကြမှာလဲ”
မမြင်နိုင်သော တံတိုင်းသည် ဝင်ပေါက်နှစ်ဖက်စလုံးကို ပိတ်ဆို့ထားဆဲဖြစ်သည်။ မည်သူမျှ မချဉ်းကပ်ဝံ့သည့် လမ်းကြောင်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုလမ်းကြောင်းပေါ်တွင်တွင် ကြီးမားလှသော သံမဏိဖြတ်စက်ကြီးနှစ်လုံးထားရှိသောကြောင့်ပင် ဖြစ်သည်။
သံမဏိဖြတ်စက်များ၏ ကြိုးများသည် လှည့်ပတ်နေကာ အတွင်းဘက်ဆုံးပိုင်းတွင် လွန်စွာချွန်ထက်လှသည့်ဓားသွားများရှိနေသည်မှာ သားရဲတစ်ကောင်၏ အစွယ်များနှင့်ပင်တူချေသည်။ထိုစက်ကြီးနှစ်လုံးမှာ လူအုပ်ကြီးကိုရှေ့မတိုးနိုင်စေရန် ခြိမ်းခြောက်လျက်ရှိသည်။
“ငါတို့ရှေ့က အရာအားလုံးဟာ တကယ်ပဲ အမြင်လှည့်စားမှုတစ်ခုဆိုရင် ဒီဖြတ်စက်နှစ်ခုက ရထားတွဲကို ချိတ်ဆက်ထားတဲ့ နေရာဖြစ်နိုင်တယ်”
သူ့၏ထင်ကြေးမှာ အကြောင်းပြချက်ခိုင်လုံပါသည်။ သို့သော် မည်သူက ထိုနေရာကိုသွားရဲမည်နည်း?
သွယ်လျသော လူငယ်လေးတစ်ယောက်သည်သည် ပတ်ဝန်းကျင်ကို သတိထားပြီး တစ်ချက်ကြည့်လိုက်သည်။
ထိုကောင်လေး၏သူငယ်ချင်းဖြစ်သူက “ယွမ်ဝေ မင်းက ငါတို့ဋ္ဌာနမှာ အပြေးသမားပဲလေ ကြိုးစားကြည့်ပါ့လား”
ဖြတ်စက်၏ ဓားသွားများသည် လျင်မြန်စွာ လည်ပတ်နေသော်လည်း ယင်းတို့ကြားတွင်အကြမ်းဖျင်းအားဖြင့် လူတစ်ယောက်စာကွာဟချက်ရှိသည်။အချိန်ကိုအသုံးချတတ်လျှင် ဖြတ်ကျော်သွားနိုင်ပေသည်။
“အဲဒါက ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုရင်တောင် မင်းမှာမထိခိုက်ဖို့ နည်းလမ်းတွေရှိတာပဲ”
ယွမ်ဝေ၏ သူငယ်ချင်းသည် မျက်နှာဖုံးစွပ်ထားသူဘက်သို့ အကြံပေးချက်တောင်းခံသကဲ့သို့ လှည့်လိုက်သည်။
System “အဲဒါက မြူခိုးဖန်တီးသူ ခံစားချက်ပေါ် မူတည်တယ်။အဓိကနေရာကို ဖန်တီးဖို့က အဆင့်နိမ့်မျိုးကွဲမျိုးစိတ်တွေအတွက် ခက်ခဲလွန်းတယ်။ မင်းတို့ရဲ့ခန္ဓာကိုယ်တွေဟာ ရထားထဲမှာ ရှိနေတုန်းပဲ။ ဒါပေမဲ့ ရထားတွဲတွေကို ဖြတ်မသွားနိုင်ဖို့ သံမဏိဖြတ်စက်ကို ဖန်တီးထားတာကတော့ အဲ့လောက်မခက်ခဲပါဘူး”
Systemက “ဒါနဲ့စကားမစပ် ရှန်ဂျီ မင်း တိုက်နိုင်မလား?”
ရှန်ဂျီ: ………
ယွမ်ဝေ၏သူငယ်ချင်းသည် ယွမ်ဝေကို နောက်တစ်ကြိမ်အကူအညီတောင်းဆိုရန် လှည့်လိုက်သည်။
သို့သော် ယွမ်ဝေက ရယ်မောလိုက်ရင်း ထိုင်နေသော သေးသေးသွယ်သွယ် မိန်းကလေးတစ်ယောက်ကို သူ၏ထိုင်ခုံပေါ်မှ အတင်းဆွဲချလိုက်သည်။
“ဘာလုပ်တာလဲ?!”
ကောင်မလေးက ကြောက်လန့်တကြား ထအော်လိုက်၏။
ယွမ်ဝေက “တောင်းပန်ပါတယ် ငါအပါအဝင် လူတိုင်းက ရှင်သန်ချင်ကြတယ်”
သူသည် ထိုကောင်မလေးကိုကြမ်းတမ်းစွာ တွန်းဖယ်လိုက်ပြီး ထိုင်ခုံပေါ်တွင်ထိုင်လိုက်၏။ ထို့နောက် ဒေါသတကြီးကြည့်နေသော ထိုကောင်မလေးကို လျစ်လျူရှုလိုက်သည်။
“ဒီနေ့ ငါဒီမှာနေမယ်”
ယွမ်ဝေ၏လုပ်ရပ်များသည် လူများ၏ မကောင်းသောစိတ်အတွေးတို့ကို မီးထိုးပေးသကဲ့သို့ ဖြစ်သွားခဲ့၏။
အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ လက်လှမ်းမှီတဲ့အဖြေတစ်ခုကိုရှာပါ။ ဘာလို့ဓါးတွေနဲ့ပြည့်နေတဲ့ ဖြတ်စက်ကို ဖြတ်ကျော်မှာလဲ။
လူအချို့သည် အနိုင်ကျင့်ရန် လွယ်ကူသော ပစ်မှတ်များကို စတင်ရှာဖွေကြပြီး အချို့က စတင်လှုပ်ရှားနေပြီဖြစ်သည်။
လေထဲတွင် ခွန်အားနည်းသောသူများသည်အလွယ်တကူဆွဲချခံရတော့သည်။အချိန်ခဏအတွင်း ရထားပေါ်တွင် အော်ဟစ်ဆဲဆိုသံများဆူညံသွား၏။
ရှန်ဂျီသည် သူ၏ဘဝတွင် ဘယ်တုန်းကမှ ရန်မဖြစ်ခဲ့ဖူးပါ။ပြဿနာများကိုဖြေရှင်းရာတွင် သူနှစ်သက်သောနည်းလမ်းမှာ “ကာကွယ်ခြင်း” နှင့် “ဖျက်စီးခြင်း” ဖြစ်သည်။လိုအပ်ရင် သူဓားကိုပင်ကိုင်၍ တိုက်ခိုက်နိုင်သည်။
ကံမကောင်းစွာပင် သူ့ကိုနှောင့်ယှက်ဖို့ ဘယ်သူကမှ ရှေ့မတိုးလာချေ။
အရပ်ရှည်ကာ ခြေတံရှည်သော ထို အရွယ်ရောက်ပြီး အမျိုးသားသည် “ပျော့ညံ့သော ပုဂ္ဂိုလ်များ” နှင့် နီးကပ်စွာရှိမနေချေ။
Systemက ” နောက်ဆုံးတော့ထင်ထားတဲ့အတိုင်း ဖြစ်လာတာပဲ”
Systemသည် ပညာရှိ၏လေသံဖြင့်ပြောကာ သက်ပြင်းချလိုက်သည်။
Systemက “မြူခိုးတွေဟာ လူ့သဘာဝကို စမ်းသပ်လိုက်တာ။လူ့သဘာဝက စမ်းသပ်ဖို့ အခက်ခဲဆုံးအရာလေ။တကယ်တော့ ဒီလိုဆူပူမှုက ငါခန့်မှန်းထားတာထက် အများကြီးနောက်ကျတယ်။မကောင်းတဲ့လူတွေက ငါထင်ထားတာထက်တောင် နည်းသေးတယ်”
“ဧဒင်” တွင် နေထိုင်သူများသည် တစ်ခါတစ်ရံ ဆင်စွယ်မျှော်စင်တွင်နေထိုင်သော သိုးငယ်များနှင့်တူလှ၏။ သိုးငယ်များသည် ချစ်စရာကောင်းသော်လည်း ပျက်စီးရန်လွယ်ကူပေသည်။
ရှန်ဂျီသည် “သိုးငယ်များ” ဟူသော အသုံးအနှုန်းတွင် နှုတ်ဆိတ်၍နေခဲ့သည်။
Systemသည် ” စကားမစပ် ချန်ရှုးရှူးကိုထိကြည့်ဖို့ မင်းကိုပြောလို့ရမလား။ အခုက ဇာတ်ကွက်ပြောင်းသွားပြီ။ သူ့စွမ်းအားတွေ တကယ် နိုးထနိုင်လားဆိုတာ အတည်ပြုချင်တယ်”
ယခုအချိန်တွင် ထိုင်ခုံများတွင် လူများပြည့်နေပြီး ကွက်လပ်မရှိပေ။တစ်စုံတစ်ဦးက ဆွဲထုတ်ခြင်းခံရလျှင် အခြားတစ်ဦးမှ ချက်ချင်းအစားထိုးလိုက်သည်။
ရှန်ဂျီနှင့် ချန်ရှုးရှူးတို့သည် လူအုပ်ကြားထဲတွင် အတူတူတိုးဝှေ့ကာ နေရာယူနေရ၏။ချန်ရှူးရှူး၏ ဂျာကင်အင်္ကျီကို သူ၏ဘေးနားရှိ ပေါင်ချိန်180 ခန့်ရှိမည့် အမျိုးသမီးကြီးမှအတင်းဆွဲထားပြီး သူဝတ်ထားသည့်အောက်ခံ ကာတွန်းပုံတီရှပ်မှာ လုံးဝမြင်သာနေတော့သည်။
ရှန်ဂျီက “ငါတို့အခုတောင် ထိနေရတာ”
သူ၏လေသံက စိတ်မရှည်သော အရိပ်အယောင်များပါနေ၏။
Systemက “အဲဒါကို ထည့်မတွက်ဘူး တကယ့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုလိုအပ်တာ”
ရှန်ဂျီက “အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့”
ရှန်ဂျီသည် အကြင်နာကင်းမဲ့စွာပင် ငြင်းဆန်ခဲ့သည်။
System သည် ထိုနေ့အစောပိုင်းတွင်သုတေသနအဖွဲ့အစည်း၌ ဖန်ခွက်ကွဲသည့်အဖြစ်အပျက်ကို ပြန်အမှတ်ရသွားခဲ့၏။
Systemက “ရှန်ဂျီ မင်းမှာ အသန့်ကြိုက်ရောဂါရှိနေတာလား?”
ရှန်ဂျီက “ငါက လူတွေနဲ့ဓာတ်မတည့်လို့”
Systemသည် သူဘယ်လိုပင်ဖျောင်းဖျသော်လည်း ရှန်ဂျီ၏တင်းမာနေခြင်းကို သည်းမခံနိုင်တော့ပေ။
System: ” အဲ့ဒါဆို မင်းနဲ့မင်းရဲ့လက်တွဲဖော်အတူတူရှိတဲ့အချိန်ကျရင်ရော လက်အိတ်ဝတ်ထားလား မင်းသူ့ကို မရွံဘူးလား? ”
“ဟီးဟီး”
ရှန်ဂျီက ပြုံးပြီး တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“သူက မတူဘူးလေ။ အပြင်မှာ ငါတို့ အတူတူရှိတုန်းကလည်း လက်အိတ်တွေ မဝတ်ထားဘူး။ ဒါ့အပြင်…”
Systemက “ ရပ်ပါ ရပ်ပါ ရပ်ပါ တောင်းပန်ပါတယ်။ဒီကိုယ်ရေးကိုယ်တာမေးခွန်းကိုမေးမိတာ ငါ့အမှားပါ”
Systemသည် သူ့ကိုသူ ကျွမ်းကျင်စွာ ပါးရိုက်လိုက်သည်။Systemသည် ရှန်ဂျီကြောင့် ဤ ကမ္ဘာကြီးကို ငြီးငွေ့သွား၏။။
System: ” ရှန်ဂျီ မင်းသူ့ကို တစ်ကြိမ်ပဲထိလိုက်ပါ။ ဆုကြေးအနေနဲ့ မင်းကို ပိုးသတ်ဆေးဂျယ်အကန့်အသတ်မဲ့ ရာသက်ပန်ပေးပါ့မယ်”
Systemသည် မမျှော်လင့်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းပင်။ငါ့ရဲ့system သက်တမ်းတစ်လျှောက်မှာ ဒီရှန်ဂျီလောက် ခက်ခဲတဲ့လူကို တစ်ခါမှ မကြုံဖူးဘူး!
ပိုးသတ်ဆေးဂျယ်ကို အကန့်အသတ်မရှိ ပေး မှာဟုတ်လား!
ဤအရာသည် ရှန်ဂျီကို စစ်မှန်သော ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။
အမှန်တကယ်တွင် ပိုးသတ်ဆေးဂျယ်ပုလင်းကြီးတစ်ဘူးကို သယ်ရခြင်းသည် ရှန်ဂျီအတွက်အဆင်မပြေချေ။သို့သော် ပုံမှန်အသုံးပြုနေကျ ပုလင်းသေးကို ယူသွားလျှင်လည်း တစ်ရက်ပင်မခံပါ။ထိုသို့ကုန်သွားလျှင်လည်း အဖွဲ့အစည်း၏ သန့်ရှင်းရေးနေရာကို သွား၍ယူရသည်။မကြာသေးမီက သုတေသနအဖွဲ့အစည်းမှ သန့်ရှင်းရေးအမျိုးသမီးသည် သူ၏ ပိုးသတ်ဆေးဂျယ်အလွန်အကျွံသုံးမှုကြောင့် အနည်းငယ်စိတ်မချမ်းသာဖြစ်နေပုံပင်။
ရှန်ဂျီ: “အင်း…ဒါဆို တစ်ခေါက်လောက်တော့..”
ရှန်ဂျီက အနည်းငယ်မကျေနပ်ဖြစ်နေသောလေသံနှင့် ပြောလာခဲ့သည်။
Systemက ” ဟင်? ရှန်ဂျီ သဘောတူလိုက်တာလား?”
ဘာလို့ပိုးသတ်ဆေးဂျယ်ကျမှလဲ!
ထိုအချိန်တွင် ချန်ရှုးရှူး သည် မြေပြင်ပေါ်သို့ လဲကျသွားသော မိန်းကလေးကို ကူညီရန်ပြင်နေခဲ့၏။
နှစ်ဖက်မြင်နေထိုင်သူများကြားတွင် သူသည် ကမ္ဘာကိုကယ်တင်သည့် animeကားအများအပြားကို ကြည့်ခဲ့ဖူးသူဖြစ်သည်။လှပသောမိန်းကလေးကို သူရဲကောင်းဆန်ဆန် ကယ်တင်ရန် စိတ်ကူးယဉ်မှုများစွာက ချန်ရှူးရှူးစိတ်ထဲတွင် ပြည့်လျက်ပင်။
ကံမကောင်းစွာဖြင့် ယခုအချိန်တွင် လူများလွန်းသောကြောင့် မိန်းကလေးကိုကူညီရန် အောက်သို့ ငုံ့ရသည်ကပင် သူ့အတွက် အလွန်ခက်ခဲလျက်ရှိနေသည်။ ထိုအချိန်တွင် လက်တစ်ဖက်သည် သူ့နောက်ကျောသို့ ရောက်ရှိလာခဲ့သည်။
ချန်ရှူးရှူး၏ ပထမဆုံးထင်မြင်ချက်မှာ “အိုး သိပ်ကိုသွယ်လျလှပတဲ့ လက်တွေပဲ”
သူ၏ဒုတိယထင်မြင်ချက်မှာ “ဒီလို လက်လှလှလေးက ဘာလို့ အဲ့လောက်ထိ အားပြင်းရတာလဲ?”