Chapter 7
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 7 - ( ပူတယ်! )
ဤအခြေအနေတွင် အကြမ်းဖက်မှုများရှိလာတတ်သည်ကို သတိထားပါ။
ရှန်ဂျီသည် ချန်ရှုးရှူး၏လက်ကိုထိလိုက်သည်နှင့်ပင် System ခန့်မှန်းလိုက်သည်။
ထူးခြားစွမ်းအင်အဆင့် – မရှိပါ
လက်ရှိကူးစက်မှုတန်ဖိုး- 27
System: ” ငါဒါကိုသိနေတယ်။ ချန်ရှုးရှူးမှာ သူ့ရဲ့ထူးခြားစွမ်းအင်တွေ မနိုးထသေးဘူးလို့ ငါ စောစောကတည်းက ခန့်မှန်းခဲ့သင့်တယ်။သုတေသနအဖွဲ့အစည်းက ဂြိုလ်သားတွေ လွတ်မြောက်ခြင်းလို အဖြစ်အပျက်မျိုးနဲ့ နောက်သုံးနှစ်အတွင်း ကူးစက်ရောဂါ ကြီးကြီးမားမားလည်း ဖြစ်လာတော့မှာ မဟုတ်ဘူး။ ချန်ရှုးရှူးရဲ့ စွမ်းအင်တွေလည်း နိုးထလာနိုင်မှာမဟုတ်သေးဘူး”
နောက်တွင်ဖြစ်လာနိုင်သည့်အခြေအနေများကို systemက အကျဉ်းချုပ် တင်ပြလျက်ရှိသည်။
System: ” ချန်ရှုးရှူးက အဖွဲ့အစည်း “Dawn” ကာကွယ်ရေးအဖွဲ့ထဲကိုဝင်ဖို့ ကျောင်းလည်းမထွက်ရသေးတဲ့အပြင် တက္ကသိုလ်တောင်ဆက်တက်နေလိုက်သေးတယ်။အခု ငါတို့နဲ့ မြေအောက်ရထားပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့တာပဲ”
ရှန်ဂျီ “ရောဂါကူးစက်မှုသုံးနှစ် ဟုတ်လား?”
System: “ဟုတ်တယ် မူလဇာတ်လမ်းက အဲ့လိုပဲ။မြို့တွင်းက သူလျှိုတွေနဲ့ အာကာသကဂြိုလ်သားတွေကလည်း ကူညီနေကြတယ်လေ။ မြို့တော်ရဲ့လေထုသန့်စင်မှုစနစ်၊ ရေပေးဝေမှုစနစ်၊ စိုက်ပျိုးရေးနဲ့ တိရစ္ဆာန်မွေးမြူရေးစနစ်တွေ အားလုံး ညစ်ညမ်းသွားခဲ့ရတယ်။တစ်ချိန်တည်းမှာပဲ ဂြိုလ်သားတွေက မြို့တော်ကို အံ့သြစရာကောင်းလောက်အောက် ကျူးကျော်ဝင်ရောက်လိုက်ပြီး သုံးနှစ်ကြာ ကြီးမားတဲ့ကူးစက်မှုတစ်ခု ဖြစ်ပွားသွားခဲ့တယ်”
Systemသည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ “အဲ့ဒီသုံးနှစ်အတွင်းမှာ ရှင်းလင်းရေးအဖွဲ့က ဂြိုလ်သားတွေကို နေ့တိုင်းတိုက်ခိုက်ရတယ်။မြို့တော်ကာကွယ်ရေးတပ်က အလောင်းတွေကို နေ့တိုင်းစုဆောင်းပြီးတော့ မီးရှို့ရတယ်။ သုံးနှစ်တောင် တော်တော်လေး ရုန်းကန်ပြီး နှိမ်နင်းခဲ့ပေမယ့်လည်း ဂြိုဟ်သားတွေရဲ့လက်အောက်ကနေ မလွတ်မြောက်ခဲ့ဘူး”
“ကျေးဇူးတင်ပါတယ်”
System၏ အသံမှာ မိန်းကလေး၏ ကျေးဇူးတင်စကားကြောင့် ပြတ်တောက်သွားရသည်။
ရှန်ဂျီသည် ဝဲနေသော ငှက်မွှေးကဲ့သို့ သူ့၏လက်ကို အမြန်ပြန်ရုတ်လိုက်၏။
ချန်ရှုးရှူးသည် သူ၏နှာခေါင်းကို ပွတ်လိုက်ကာ အနည်းငယ် စိတ်မကောင်းဖြစ်မိသွားခဲ့သည်။
မိန်းကလေး၏ နီရဲနေသောမျက်လုံးများကိုကြည့်ကာ ခဏလောက် တွေးနေမိသည်။ သူမအတွက် နေရာပေးရန် ကြိုးစားကြည့်သော်လည်း မရခဲ့ပေ။ သူ့ဘေးနားက အဒေါ်ကြီးကလည်း သူ့ကိုစူးရှစွာ စိုက်ကြည့်နေ၏။
“ရှင်က တကယ် ကြင်နာတတ်တဲ့သူပဲ ဒါက အဆင်ပြေပါတယ် ” ဟု မိန်းကလေးက ခပ်တိုးတိုးပင်ပြောလိုက်ပြီး ယွမ်ဝေဘက်သို့ လှည့်လိုက်သည်။
“ကျွန်မ သူနဲ့ ထိပ်တိုက်ရှင်းရမယ်။ထိုင်ခုံတစ်ခုံပဲရှိပါစေအုံး။ဒီလိုလူတွေကို အကြမ်းဖက်တာက ဆိုးဝါးတာပဲ။သူ ကျွန်မကို တောင်းပန်သင့်တာမဟုတ်ဘူးလား”
ဝတ်စုံဖြူအမျိုးသမီးက ခဏလောက်စဉ်းစားကာ သူ၏ Chanel အိတ်ကို ထိုမိန်းကလေးအားပေးလိုက်သည်။
“မင်းကိစ္စပြီးရင် အစ်မကိုပြန်ပေး”
မိန်းကလေးက ကျေးဇူးတင်ကြောင်းပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ထိုနောက် ယွမ်ဝေ၏မျက်နှာသည် ရုတ်တရက် ဥက္ကာပျံကဲ့သို့ မာကျောသောအိတ်နှင့် အရိုက်ခံလိုက်ရသည်။ယွမ်ဝေ အံ့ဩသွားပြီး ကြည့်လိုက်သောအခါ ခုနကသူတွန်းခဲ့သော မိန်းကလေး ဖြစ်နေပြီး သူမ၏မျက်နှာကို ရှင်းလင်းစွာ သူမှတ်မိပေသည်။
“တောက်စ် မင်း မင်းဘာလုပ်နေတာလဲ B…..!” ယွမ်ဝေ ကျိန်ဆဲလိုက်သည်။
မိန်းကလေးက “နင်ငါ့ကို ခုနက တွန်းလိုက်တယ်။အခု ရိုက်ပါရိုက်အုံးမလို့လား လုပ်ကြည့်လိုက်လေ”
ယွမ်ဝေဆိုသူ၏မျက်နှာမှာ ရုတ်ချည်းမည်းမှောင်သွားတော့သည်။
“မင်းအမေ*”
ကောင်မလေးကို ရိုက်ရန် လက်ကို မြှောက်လိုက်၏။
သို့သော် မိန်းကလေးသည် ဤတစ်ကြိမ်တွင် နောက်သို့ လျင်မြန်စွာ ရှောင်ထွက်သွားခဲ့ပြီး ယွမ်ဝေသည် ထိုင်ခုံမှမထနိုင်ပဲ လေထဲတွင် တွဲလောင်းကျနေခဲ့သည်။ တစ်စုံတစ်ယောက်က သူအင်္ကျီကော်လံကိုဆွဲထား၍ ယွမ်ဝေမှာ အချုပ်ခံထားရသည့် ခွေးတစ်ကောင်လိုဖြစ်နေတော့၏။
“တော်လောက်ပြီ!”
ရုတ်တရက်ဆိုသလိုပင် အဆင့် 9 ဝက်ဝံညိုလူသား၏အသံ ထွက်ပေါ်လာခဲ့ရာ ရထားတစ်စင်းလုံး ရုတ်ရုတ်သဲသဲဖြစ်နေရာမှ တိတ်ဆိတ်သွားခဲ့၏။
သူသည် ယွမ်ဝေကို ထိုင်နေရာမှ မြှောက်လိုက်သည်မှာ ကြွက်တစ်ကောင်ကို မြှောက်လိုက်သကဲ့သို့ လွယ်လွယ်ကူကူပင်။
” ဘာ…ဘာလုပ်တာလဲ…??”
ယခုတစ်ခါတွင် ယွမ်ဝေ ထိတ်လန့်စွာ ငိုကြွေးအော်ဟစ်ရတော့သည်။
သို့သော်လည်း ထိုဝက်ဝံညိုလူသား၏လက်မောင်းများသည် ယွမ်ဝေ၏လက်သုံးချောင်းစာထက် ပိုကြီးကာ အရပ်မှာလည်း သူ့ထက် ခေါင်းနှစ်လုံးပိုမြင့်ပေသည်။ယွမ်ဝေသည် ဒေါသတကြီးဖြင့်ရုန်းနေသော်လည်း သူ၏ ခြေလက်များမှာလေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေရတော့သည်။
“မင်း ၊ ပြီးတော့ မင်း၊ မင်း ၊မင်း အကုန်ထကြ”
ထိုလူကြီးက ထိုင်နေကြသောလူများမှ တစ်ယောက်ချင်းစီကို လက်ညှိုးထိုးပြကာ အော်လိုက်သည်။
ထိုသူများသည် မကြာသေးမီက လူများကိုအကြမ်းဖက်ကာ ထိုင်ခုံလုထားသူများ ဖြစ်ကြသည်။
ထိုလူများထဲမှတစ်ယောက်က ထကာ ကြောက်ကြောက်ရွံ့ရွံ့နှင့် ပြောလာ၏။
“ငါတို့က ဒီခုံတွေကို အတင်းယူထားတာမှ မဟုတ်တာ။ ထိုင်နေတဲ့သူတွေက ကောင်းကောင်းမထိုင်နိုင်လို့ ငါတို့ယူလိုက်ရတာပဲ ဘာလို့ထပေးရမှာလဲ”
ကျန်လူများကလည်း ထောက်ခံလိုက်ကြသည်။
“ဟုတ်တယ် ထမပေးနိုင်ဘူး”
ထိုလူတို့သည် ကလေးများ သက်ကြီးရွယ်အိုများနှင့် အားနည်းသော အမျိုးသမီးများကိုအကြမ်းဖက်ကာထိုင်ခုံများကို လုယူထားကြခြင်းဖြစ်သည်။
ဝက်ဝံညိုလူသားသည် ဟိတ်ဟန်ပါလှသောအကြည့်ဖြင့် အားလုံးကို ကြည့်လိုက်သည်။ ထိုစဉ် လူတစ်ယောက်၏ အသံနက်နက်တစ်ခုထွက်ပေါ်လာ၏။
“ကျွန်တော် လျိုယန်ဆင်းက အဆင့် 9 ထူးခြားစွမ်းအင်ကိုအသုံးပြုသူတစ်ဦးပါ။ ‘စွမ်းအား ချဲ့ထွင်ခြင်း’ စွမ်းရည်ကိုအသုံးပြုပြီး အဆင့်အနိမ့်ဆုံး D အဆင့် ရှင်းလင်းရေးတပ်ကတောင် ကျွန်တော့်ကိုအဖွဲ့ဝင်အဖြစ် မခန့်အပ်လောက်ပါဘူး။ကျွန်တော့်ရဲ့ဦးနှောက်က မထက်မြက်ပေမယ့် မြူခိုးကို ဆန့်ကျင်ရတဲ့လူသားတွေအတွက် ပထမဆုံးစည်းမျဉ်းကို မှတ်မိသေးတယ်”
ယန်ဆင်းသည် ထိုင်ခုံနေရာလုယူရန် အကြမ်းဖက်ခဲ့သောလူတစ်ယောက်ကို လက်ညှိုးထိုးကာ ညွှန်ပြလိုက်သည်။
“မင်းပြော ပထမစည်းကမ်းက ဘာလဲ?”
ထိုလူမှာ ကြောက်ရွံ့နေပြီး ခက်ခက်ခဲခဲတံတွေး မျိုချလိုက်သည်။
စိတ်မရှည်တော့သည်ပုံစံ ဖြင့်လျိုယန်ဆင်းသည် ကြွက်သားများဖုထစ်ထွက်နေသော လက်မောင်းကို မြှောက်လိုက်သည်။
“ဘာဖြစ်တာလဲ မူလတန်းကျောင်းသားတွေတောင်ရတယ်။အဲဒါကို မေ့နေတာလား”
ထိုလူသည် တုန်လှုပ်သွားပြီး ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုလိုက်သည်။
“ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် စည်းလုံးညီညွတ်ရမယ်။ငါတို့ရဲ့ယုံကြည်ချက်တွေကို ထိန်းသိမ်းထားရမယ်။ လူသားတွေဟာ မြူခိုးတွေကို တွန်းလှန်နိုင်တဲ့ အပြင်းထန်ဆုံး စွမ်းအားတွေပဲ”
“ကောင်းလိုက်တာ မင်းစိတ်က မြူခိုးတွေကြောင့်အကုန် ပျက်မသွားသေးဘူးပဲ”
လျိုယန်ဆင်းသည် လက်တစ်ဖက်တည်းနှင့် ယွမ်ဝေကို ဖြတ်စက်ရှေ့သို့ ဆွဲခေါ်လာခဲ့သည်။ယန်ဆင်းသည် ဟိုဟိုဒီဒီလှည့်ပတ် ကြည့်လိုက်ရင်း မြေပြင်ပေါ်မှာ သတ္တုရေသန့်ဘူး အလွတ်တစ်လုံးကို တွေ့လိုက်ရသဖြင့် ထိုဘူးကို ကောက်ကာ ပိုက်လိုင်းပေါ်ကို ပစ်ချလိုက်သည်။
ရေဘူးသည် ကြိုးတစ်လျှောက်ပါသွားပြီး ပန်ကာပုံသဏ္ဍာန် ဓါးသွားများကို ဖြတ်သွားသည့်အခါတွင် မရေမတွက်နိုင်သော အပိုင်းများအဖြစ် ဖြတ်ခြင်းခံလိုက်ရ၏။
လူတိုင်းတုန်လှုပ်သွားကြတော့သည်။
ယွမ်ဝေသည်လည်း အလွန်ထိတ်လန့်နေကာ သူ့ဘောင်းဘီများတွင် ရေများစင်လျက်ရှိသည်။
“ဟင့်အင်း၊ ငါ မဝင်ချင်ဘူး!!! လျိုယန်ဆင်း မင်းက တကယ်ယုတ်မာတာပဲ။မင်းပဲ ကြီးကြီးကျယ်ကျယ်တွေပြောနေတာ မင်းဝင်လိုက်လေ”
လျိုယန်ဆင်းက သူ့ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။
ထို့နောက်သူ၏ခြေထောက်ကို မြှောက်ကာကြိုးပေါ်တင်လိုက်ပြီး သူ့ခြေထောက်တစ်ဝက်ကို တိုက်ရိုက်ထိုးထည့်လိုက်သည်။
ထိုအခါ အသားများနှင့်သွေးများ နေရာအနှံ့ ပျံ့နှံ့သွားတော့၏။
အရိုးများနှင့် ခြေလက်အင်္ဂါများက ဓားများကြားတွင် ရောနှောနေသော မြင်ကွင်းသည် ဆိုးရွားပြီး ကြောက်စရာကောင်းသော်လည်းယန်ဆင်းသည် ရုတ်တရက်ထကာ ရယ်မောလိုက်သည်။
“ငါ့ခြေထောက်က ဒီမှာရှိနေတုန်းပဲလေ။ ဒါက တကယ်ကို ထင်ယောင်ထင်မှားတစ်ခုပဲ!”
လျိုယန်ဆင်းက သူ၏ခြေထောက်ကို ဓားသွားများမှ ဆွဲထုတ်လိုက်ရာ သွေးများနှင့်အသားများ လွင့်ပျံနေသော မြင်ကွင်းက ပျောက်ကွယ်သွားပြီး သူ၏ခြေထောက်မှာလည်း လုံးဝ ထိခိုက်မှုမရှိပေ။
ယွမ်ဝေသည် ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။ကြောက်လန့်လွန်းသဖြင့် သူ့မျက်နှာပေါ်တွင် မျက်ရည်များနှင့် နှပ်ချေးများရောကာ ရှိနေသေး၏။ထိုနောက် လျိုယန်ဆင်းက ရုတ်တရက် သူ့ကို တွန်းချလိုက်တော့သည်။
“အား”
သွေးများပြန့်ကြဲသွားခဲ့၏။
လျိုယန်ဆင်း၏ အမူအရာသည် မပြောင်းလဲ သူ့ပုံစံအတိုင်းရှိနေခဲ့ပြီး သူ၏ အရပ်အမောင်းသည် မြင့်လွန်းသောကြောင့် အောက်သို့ ငုံ့ထားရလေသည်။
“ရထားအနောက်ဖက်ပိုင်းကိုသွားရအောင်”
“ဒတ် ဒတ် ဒတ် ( ဖြတ်စက်ထဲမှထွက်ပေါ်လာသောအသံ)”
ဖြတ်စက်မှအသံများကြားထဲတွင် ပျောက်ကွယ်သွား၏။သံမဏိဖြတ်စက်အတွင်းတွင် အသားနှင့် ခြေလက်များ စုပုံနေတော့သည်။
ရထားပေါ်ရှိလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အံ့သြတုံ့ဆိုင်းနေတုန်းပင်ဖြစ်သည်။
ရုတ်တရက် လျိုယန်ဆင်းသည် ဖြတ်စက်ဘက်သို့ ဦးခေါင်းလှည့်ကာ အနီးအနားရှိလူများကို ချွန်ထက်သော သွားများပေါ်အောင် ပြုံးပြလိုက်သည်။
“မြန်မြန်လုပ် မင်းတို့ကို ငါ ပစ်ချပေးရမလား။ ကိုယ့်ဘာသာ သက်တောင့်သက်သာ သွားကြမလား”
ချီတုံချတုံဖြစ်နေသော လူများသည် တွန့်ဆုတ်နေကြပြီး ခြေထောက်များတုန်ယင်ကာ ဖြတ်စက်ရှိရာ လမ်းကြောင်းဆီသို့ဦးတည်လိုက်ရသည်။လျိုယန်ဆင်းက ထိုသူတို့ကို စိတ်မရှည်တော့ပဲ ကြက်ငှက်ကလေးများကဲ့သို့ ဆွဲခေါ်နေရ၏။
ရထားပေါ်တွင်ထိုင်ခုံမရသောသူများသည်လည်း အားတင်းကာ ဖြတ်စက်ကိုဖြတ်ကြပြီး ရထားနောက်ဖက်ပိုင်းသို့ သွားကြသဖြင့် လူများကို ကယ်ထုတ်နိုင်ခဲ့ပေသည်။
မိန်းကလေးက Chanelအိတ်ကို ဝတ်စုံဖြူအမျိူးသမီးကို ပြန်ပေးလိုက်ပြီး သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။
ထိုအခါ Systemက ရုတ်တရက်ထပြောလာသည်။ “အဲ့လိုဖြစ်မယ်လို့ ထင်မထားဘူး”
ရှန်ဂျီ၏ဖုန်းမှာ ထူးခြားခြင်းမရှိပါ။ နားကြပ်တပ်ထားသောကြောင့် system ပြောလိုက်သည်ကို မသဲကွဲလိုက်ပေ။
“ဟမ်??”
System: ” ဒီလိုမငြိမ်မသက်ဖြစ်နေတာကို ဒီနည်းနဲ့ ဖြေရှင်းရလိမ့်မယ်လို့ မထင်ထားဘူးလို့”
ရှန်ဂျီက “ငါလည်း မထင်ထားဘူး” ဟု ပြန်ပြောခဲ့သည်။
“မင်းက ဘာကိုထင်မထားတာလဲ” ဟု system က ပြန်မေးခဲ့သည်။
ရှန်ဂျီ အမူအရာပြောင်းလဲသွားသည်။ “ ဒီရထားပေါ်က သန့်ရှင်းမှုအခြေအနေက ဒီလောက်ဆိုးမယ်လို့ ထင်မထားတာ”
သူတို့ရှေ့တွင် သွေးများနှင့် အသားစများ လွင့်နေသော မြင်ကွင်းသည် မြူခိုးများဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုမှန်း သိထားပေသည်။ သို့သော် မလှမ်းမကမ်းမှ ဖုံးအုပ်မထားသော အလောင်းအစုအပုံများသည် ခရီးသည်များကို ထိတ်လန့်စေတုန်းပင်။ လူများသည် ဇီဝကမ္မဆိုင်ရာတုံ့ပြန်မှု တစ်ခုရလိုက်ပြီး ရထားသည်ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။
ရှန်ဂျီ သူ့နှာခေါင်းကို ပိတ်လိုက်၏။
လူသေများနှင့် သွေးပင်လယ်တို့သည် သူ့အတွက် ပြဿနာမဟုတ်ပေ။ ဤထက် အဆတစ်ရာပို၍ပင် သွေးထွက်သံယိုနှင့် ကြေကွဲဖွယ်မြင်ကွင်းများကို သူ မြင်ဖူးခဲ့ပြီးသားဖြစ်သည်။
သို့သော် ဤရထားထဲမှ ညစ်ပတ်မှုနှင့် ဖရိုဖရဲ အခြေအနေများကို သူခံနိုင်ရည်မရှိချေ။
“ပိုးသတ်ဆေးဂျယ်လ် 60 မီလီမီတာ တစ်ပုလင်း ငါ့ကိုပေးပါ” ဟု ရှန်ဂျီက ပြောခဲ့သည်။
“ရပါပြီ ဖောက်သည်…..ပိုးသတ်ဆေးဂျယ်လ်တစ်ပုလင်းကို မင်းအိတ်ကပ်ထဲမှာ ထည့်ထားပေးပါတယ် ပျော်ရွှင်ပါစေ!” system က ဂုဏ်ပြုလိုက်သည်။
ရှန်ဂျီက တစ်စုံတစ်ခုအတွက် တက်တက်ကြွကြွ တောင်းဆိုတာ ဒါပထမဆုံးအကြိမ်ပဲ! ပိုးသတ်ဆေးဂျယ်လ်သည် ပုလင်းငယ်မျှသာ ရှိသော်လည်း ရှန်ဂျီအတွက် အလွန်အသုံးဝင်ပေသည်။
ချန်ရှုးရှူးသည် ရှန်ဂျီ၏ မသက်မသာဖြစ်နေမှုကို သတိပြုမိသွားခဲ့ပြီး “အစ်ကိုကြီး မင်း သိပ်ကြည့်ရတာ သိပ်မကောင်းဘူး ဆေးသောက်ချင်လား”
တစ်ချိန်တည်းမှာပင် ရထားပေါ်၌ အားနည်းလှသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“မင်းမှာ ပိုးမွှားကာကွယ်ရေးနဲ့ ကုသဆေး အပိုရှိလား”
စကားပြောသူသည် ပိန်ပိန်ပါးပါးရှိပြီး သူ၏ လက်ဆွဲအိတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။သူသည် မျက်ကွင်းများညိုနေပြီး အိပ်ရေးပျက်ထားပုံရ၏။
ဝတ်စုံဖြူအမျိုးသမီးက “ကျွန်မမှာရှိတယ်။ မင်းတစ်ခုလိုချင်လား?”
“ကျေးဇူးတင်ပါတယ် အပြင်ထွက်လို့ရရင် ပြန်ပေးပါ့မယ်”
နွမ်းနယ်နေသော အမျိုးသားက ကျေးဇူးတင်စွာ ပြန်ပြောလိုက်သည်။
ထိုအဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးက ခေါင်းညိတ်ပြပြီး အိတ်ထဲမှ သတ္တုသေတ္တာကို ထုတ်လိုက်၏။ထို့နောက် “S.C” ဟူသော အဖြူရောင်ဆေးတောင့်ကို အိပ်ရေးမဝသော အမျိုးသားအား ကမ်းပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”
ထိုလူက ကျေးဇူးတင်ကြောင်း တတွတ်တွတ်ပြောကာ ရေတစ်ငုံမျှပင် မသောက်ဘဲ ဆေးပြားကို မြန်မြန်မျိုချလိုက်တော့သည်။
ဆေးသောက်လိုက်ပြီးနောက် သူ့မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုနှင့် အားနည်းမှုတို့သည် ချက်ချင်းပြေလျော့သွားက တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူတင်မက အနီးနားက တခြားသူများလည်း ဆေးများထုတ်ကာ သောက်လိုက်ကြသည်။
ခဏအကြာတွင် အော့အန်နေသူများလည်း ရပ်သွားကာ မျက်နှာဖြူဖျော့နေသောလူများလည်း အသားအရည် ပြန်လည်မှန်လာကြသည်။
ချန်ရှုးရှူးလည်း သူ၏အိတ်ထဲမှ ဆေးသေတ္တာတစ်ဘူးကို ထုတ်လိုက်သည်။
“ယူအုံးမလား အစ်ကိုကြီး”
သူက ရှန်ဂျီနား တီးတိုးကပ်ပြောလိုက်သည်။
“ဒါက ကန့်သတ်အရေအတွက်နဲ့ထုတ်ထားတာ။ စတော်ဘယ်ရီအရသာလေ တော်တော် အရသာရှိတယ်”
ရှန်ဂျီသည် ချန်ရှုးရှုးလက်ထဲမှ ဆေးပြားများကို ကြည့်လိုက်သည်။
၎င်းတို့သည် သုတေသနအဖွဲ့အစည်းမှ တီထွင်ထားသော ကူးစက်ရောဂါကာကွယ်ကုသဆေး များဖြစ်သည်။
နေ့စဉ်တစ်ကြိမ်သောက်ခြင်းဖြင့် ဂြိုလ်သားများထံမှ ဖိနှိပ်ခံရခြင်းကို ထိရောက်စွာ နှိမ်နင်းနိုင်ပြီး ကူးစက်မှုနှုန်း တိုးလာမှုကိုလည်း ကာကွယ်ပေးနိုင်ပေသည်။
ဂြိုလ်သားများ လွတ်လွတ်လပ်လပ် သွားလာနေထိုင်နေကြသည့်ခေတ်တွင် မြို့ကြီးများ၌ လေထုနှင့်ရေကို သန့်စင်မှုများကျယ်ပြန့်စွာဆောင်ရွက်နေကြသည့်တိုင် လေထုညစ်ညမ်းမှုများကိုမူ လုံးဝသန့်စင်၍ မရချေ။
လူများ၏ကူးစက်မှုနှုန်းသည် မွေးကတည်းကပင် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ဤခေတ်တွင် လူတို့သည် သဘာဝအတိုင်း သေဆုံးခြင်းမှာ မဖြစ်နိုင်သလောက်ရှားပါးလှ၏။ လူတစ်ယောက်၏ ကူးစက်အဆင့် 100 ကျော်သွားလျှင် ထိုလူ သေသွားမည်ပင်။ကူးစက်မှုနှင့် ဂြိုလ်သားအဖြစ်သို့ ပြောင်းလဲခြင်းဖြစ်စဉ်သည် အလွန်နာကျင်တတ်ပြီး ထိုဖြစ်စဉ်သည် ပတ်ဝန်းကျင်ရှိသူများကို သိသိသာသာ ခြိမ်းခြောက်လျက်ရှိသည်။
ထို့ကြောင့် လူတစ်ယောက်သည် ကူးစက်မှုတန်ဖိုး 90 ကျော်လွန်သည်နှင့် တစ်ပြိုင်နက် မြို့မှ အတင်းအကျပ် ပြည်နှင်ခြင်းခံရသည်။ သို့မဟုတ် သူတို့သည် နေထိုင်သူများအတွက် လစဉ်ဖွင့်လှစ်ထားသော နိုက်ထရိုဂျင်ခန်းထဲသို့ဝင်ရန် ရွေးချယ်နိုင်ပြီး သူတို့သေဆုံးသွားကြသောအခါ မြို့ကာကွယ်ရေးတပ်များက သဂြိုလ်ပေးရပေသည်။
ကံကောင်းထောက်မစွာပင် ရောဂါပိုးကာကွယ်ခြင်းနှင့် ကုသရေးဆေးများသည် သာမန်လူများအတွက် ကူးစက်မှုနှုန်းကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သည်။
စာရင်းဇယားများအရ သာမန်လူတစ်ဦး၏ ပျမ်းမျှသက်တမ်းသည် ရောဂါကူးစက်မှုတန်ဖိုး ၁၀၀ တွင် ၂၃ နှစ်အထိနေနိုင်ပေသည်။သို့သော်လည်း ရောဂါပိုးကာကွယ်ခြင်းနှင့် ကုသဆေးများအသုံးပြုခြင်းဖြင့် ခန့်မှန်းခြေသက်တမ်းသည် အနှစ် 60 သို့ရောက်ရှိနိုင်ပြီး အသက်ရှည်ရှည်နေနိုင်ရန် အထောက်အကူဖြစ်စေခဲ့သည်။
ထို့အပြင် ကံဆိုးသူများသည် မြူခိုးများထဲတွင် ပိတ်မိသွားပြီး ၎င်းတို့၏ ကူးစက်မှုတန်ဖိုးများ လျင်မြန်စွာ မြင့်တက်လာသောအခါတွင် ဤဆေးပြားများသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်အနေဖြင့် လူများကိုကာကွယ်နိုင်ပေသည်။
မြို့တွင်းရှိ သာမန်နေထိုင်သူများသည် ကုသရေးဌာနများမှ ရောဂါပိုးကူးစက်မှု ကာကွယ်ရေးနှင့် ကုသဆေး အလုံးသုံးဆယ်ကို လစဉ်အခမဲ့ ရရှိနိုင်၏။
ယနေ့ခေတ်တွင် လူအချင်းချင်း တွေ့ဆုံကြသောအခါ အရှေ့တိုင်းယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ “စားပြီးပြီလား”ဟုမေးကြသော်လည်း အစာစားခြင်းရှိမရှိကို ရည်ညွှန်းခြင်းမဟုတ်ပေ။ဆေးသောက်ခြင်းရှိမရှိကိုသာ ရည်ညွှန်းပေသည်။ ဥပမာ”ဆေးသောက်ပြီးပြီလား”ဟု မေးခြင်းပင်။
အစားအသောက်ကို ရှောင်၍ရသော်လည်း ဆေးများကို ဘယ်တော့မှ မရှောင်ရဆိုသော အသိက လူတိုင်းတွင်ရှိကြသည်။
“ငါအဆင်ပြေပါတယ်”
ရှန်ဂျီက ချန်ရှုးရှုးကို ပြန်ဖြေလိုက်သည်။
ရှန်ဂျီ နောက်ဆုံးတိုင်းတာခဲ့သော သူ၏ကူးစက်မှုတန်ဖိုးမှာ 77 ဖြစ်သည်။သူပထမဆုံးအလုပ်ဝင်ခဲ့သောနှစ်တွင် ကူးစက်မှုတန်ဖိုး 70 ဖြစ်သည်။တစ်နှစ်လျှင် ပျမ်းမျှ 1 မှတ် သာ တိုးလာသဖြင့် အလွန်တည်ငြိမ်သည်ဟု ဆိုနိုင်ပေသည်။ဤနှုန်းဖြင့် သူသည် နောက်ထပ် ဆယ်နှစ် သို့မဟုတ် ဆယ်နှစ်ထက်ပို၍ လွယ်ကူစွာ နေထိုင်နိုင်သည်။
ကနဦးတွင် သူ၏ကူးစက်မှုတန်ဖိုးမှာ 7 သာရှိခဲ့၏။
ဇန်လင်နှင့် တရားဝင်မတွဲမီ ပထမနှစ်တွင် ဇန်လင်သည် ရှန်ဂျီ၏ကူးစက်မှုတန်ဖိုးမှာ 7 မှ 70 အထိ သိသိသာသာ မြင့်တက်သွားသည်ကို တွေ့ခဲ့ရသဖြင့် ဇန်လင်က သူ့ကြောင့်ထင်ကာ နောက်တစ်ကြိမ် ရှန်ဂျီအနားကိုကပ်ရန် စိုးရိမ်ခဲ့ရသည်။
နောက်ပိုင်း တရားဝင်တွဲပြီးနောက် ဇန်လင်သည် ရှန်ဂျီအနားကို ကပ်တော့မည်ဆိုလျှင် ရှန်ဂျီကိုမထိမီ သူ၏ခန္ဓာကိုယ်ပေါ်တွင် စွမ်းရည်ကို နှိမ်နှင်းသည့်အရာတစ်မျိုးကို အမြဲဝတ်ဆင်ထားတော့သည်။ထို့နောက်တွင်မှ ဇန်လင်သည် ညင်သာစွာငုံ့လိုက်ပြီး ရှန်ဂျီ၏နူးညံ့လှသော နှုတ်ခမ်းကို နမ်းလာခဲ့သည်။ ရှန်ဂျီ အလိုက်သင့်နေရင်း ပြန်နမ်းလိုက်ပြီး ဇန်လင်နှုတ်ခမ်းကို ကိုက်ချမိသွားခဲ့သည်။
သူခံစားလိုက်ရတာက အရမ်းပေါ့ပါးတယ်။ သူက ဇန်လင်နှုတ်ခမ်းကို အနောက်မှ ကိုက်လိုက်သည်။ သူခပ်နာနာလေးလိုက်လိုက်၍ သွေးစလေးများထွက်နေသည်ကိုပင် ခံစားလိုက်ရသည်။ဇန်လင်က နာကျင်သော်လည်း တိတ်ဆိတ်နေကာ သူ့ကို စိတ်ကြိုက်နမ်းခွင့်ပေးထားခဲ့၏။ ဇန်လင်၏ပါးပြင်မှ ချွေးများစီးကျလာကာ ရှန်ဂျီခုံးပေါ်သို့ ကျဆင်းသွားခဲ့သည်။
ပူတယ်!
ရှန်ဂျီသည် သူ့အိတ်ကပ်ထဲမှ ပိုးသတ်ဆေးဂျယ်ပုလင်းကို ထုတ်ယူကာ သူ့လက်ပေါ်သို့ ညှစ်ချလိုက်ပြီး သွယ်လျသော လက်ချောင်းတို့ဖြင့် ဂျယ်တို့ကို ဖြန့်လိုက်သည်။
ပိုးသတ်ဆေးဂျယ်လ်မှ ပါဝင်သော အရက်ပျံများအငွေ့ပျံသွားသည့်အခါတွင် အေးမြသောခံစားမှုက ရှန်ဂျီ၏အသန့်ကြိုက်ရောဂါမှ ဖြစ်ပေါ်လာသော အပူဒဏ်ကို သက်သာစေ၏။
ထိုအခိုက်တွင် အသံလွှင့်စက်မှ အချက်ပေးသံ ထွက်ပေါ်လာပြန်ပြီး အမျိုးသမီးတစ်ယောက်၏အသံ ပြန်ပေါ်လာခဲ့၏။
“အချိန်ကျပါပြီ စစ်ဆေးရေးမှူးတွေက ကင်းလှည့်နေပြီမလို့ ကျေးဇူးပြုပြီး ငြိမ်ငြိမ်လေးထိုင်ပြီး အလုပ်ကိုသေချာလုပ်ကြပါ”
“ငါတို့စက်ရုံရဲ့ဆောင်ပုဒ်ကို သတိရပါ”
“ယနေ့ ကျွန်ုပ်တို့ အလုပ်ကိုသေချာလုပ်လျှင် မနက်ဖြန်တွင် ကျွန်ုပ်တို့သည် ပျော်ရွှင်ချမ်းသာကြရမည်ဖြစ်ပါတယ်”
“အလုပ်က အနာဂါတ်ကို ဖန်တီးတယ်၊ ဘဝကို အောင်မြင်အောင် ကြိုးစားပါ”