Chapter 9
- Home
- All Mangas
- ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး
- Chapter 9 - ( Bossက ဝက်! )
လည်ပတ်နေသောစက်သွားများသည် ရှန်ဂျီ၏ မျက်တောင်များအနီးသို့ ဖြတ်သန်းသွားခဲ့သည်။
ရှန်ဂျီ၏ ရှည်လျားလှသော ထိုမျက်တောင်များကို ၀.၀၁ မီလီမီတာခန့်အထိ ဖြတ်သွားမှာကို systemမှာ စိုးရိမ်နေရ၏။ပြီးတော့ ရှန်ဂျီ… စက်ဓားသည် သူ့မျက်လုံးကိုဖောက်လုမတတ် နီးကပ်လာချိန်တွင်တောင် သူ မျက်တောင်မခတ်ချေ!
“ ရှန်ဂျီ ဒါက ပျော်စရာမကောင်းဘူး နောက်တစ်ခါ မကစားပါနဲ့ !”
System၏ အသံသည် အားနည်းနေသကဲ့သို့ တုန်ခါနေ၏။
ရှန်ဂျီ: “ငါ အခုမှလန့်သွားတာ အချိန်မီ တုံ့ပြန်နိုင်ခဲ့တယ်မလား”
ဘယ်သူယုံမှာလဲ! စက်လာပြီးစစ်ဆေးနေတုန်းကတောင် သူစကားပြောနိုင်သေးတယ်!
သူ့ဘေးမှ ချန်ရှုးရှုးသည်လည်း အမှန်တကယ်ပင် ထိတ်လန့်သွားရသည်။ စစ်ဆေးရေးမှူးစက်က ဖြတ်သွားချိန်တွင် ရှန်ဂျီက ခေါင်းပင်မငုံ့ထားချေ။ထိုအခိုက်အတန့်တွင် သူသည် ရှန်ဂျီ၏ခေါင်းမှ သွေးများအားမြင်ရတော့မည်ဟု ထင်လိုက်မိသည်။တကယ့်ကို နီးနီးလေးပါပဲ!
“အစ်ကို အဆင်ပြေရဲ့လား”
သူစကားပြောနေစဉ်တွင် ချန်ရှူးရှူးသည် သူ့နှလုံးတွင် တင်းကြပ်လာမှုကို ခံစားလိုက်ရ၍ ဆေးလုံးသေတ္တာထဲမှ ဆေးတစ်လုံးကို ထုတ်ကာ မျိုချလိုက်သည်။
“ငါအဆင်ပြေပါတယ်”
ရှန်ဂျီက သူ့ကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက်မေးလိုက်၏။
“ဆေးက အရသာရှိလား”
ရှန်ဂျီ၏တုံ့ပြန်မှုကို ချန်ရှူးရှူး အံ့သြသွားခဲ့သည်။သူက နှုတ်ခမ်းကိုက်ကာ ပြုံးလိုက်ပြီး “ဒါက စတော်ဘယ်ရီအရသာလေ။ အရမ်းမချိုဘူး အရသာရှိတယ်”
ရှန်ဂျီက “အရသာရှိရင်တောင် အရမ်းမစားနဲ့ သွားပိုးစားမယ်”
ချန်ရှုးရှုးက ထိုဆေးသည် သကြားမပါသောထုတ်လုပ်မှုတစ်ခုဖြစ်ကြောင်း ရှင်းပြချင်သော်လည်း ရှန်ဂျီသည် သူပြောချင်ရာပြောပြီးနောက် ဟိုဘက်လှည့်သွားခဲ့ပြီဖြစ်သည်။ ထို့နောက် သူ့နားကြပ်ကို ထုတ်လိုက်ကာ မျက်လုံးမှိတ်ပြီး သီချင်းပြန်နားထောင်နေလိုက်သည်။
“ထူးဆန်းတယ်!” ဟု သူတွေးနေခဲ့သည်။
ချန်ရှုးရှူးသည် ယနေ့တွေ့ခဲ့ရသော သုတေသနအဖွဲ့အစည်းမှ လုပ်သက်ရင့်သူတစ်ယောက်သည် ထူးခြားသောအသွင်အပြင်ရှိပြီး လေးနက်သောအရာများကို မဖြေရှင်းရသလိုပင်။
သုတေသနအဖွဲ့အစည်းတွင် ခပ်ကြောင်ကြောင်လူများရှိသည်ကို ကြားသိခဲ့ရသော်လည်း အန္တရာယ်ရှိသော မြူခိုးများကြားတွင် နားကြပ်တပ်ကာ သီချင်းနားထောင်နိုင်သည့် ဤအစ်ကိုလိုလူမျိူးမှာတော့ အများအပြားမရှိနိုင်ပေ။
ထိုအစ်ကိုကြီးသည် တည်ငြိမ်အေးဆေးပြီး တိတ်တိတ်ဆိတ်ဆိတ်နေတတ်သော သူတစ်ယောက်ဟု ချန်ရှုးရှူးထင်သည်။သူသည် ဂန္တဝင်ဂီတ သို့မဟုတ် ကဗျာဆန်သောဂီတကိုနားထောင်နေခြင်း ဖြစ်ရမည်။
ရှန်ဂျီ၏လက်ထဲတွင် ကိုင်ထားသောဖုန်းကို ချန်ရှုးရှုး သေချာကြည့်လိုက်မိသည်။
တေးဂီတappတွင် သီချင်းတစ်ပုဒ်သည် ပွင့်လျက်ရှိ၏။လူကြိုက်များသော ဇာတ်သိမ်းပိုင်းသီချင်း “The Most Dazzling XX Style” ကို ဖွင့်ထားခဲ့ပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ စာသားများသည် တေးသွားများဖြင့်ပျံ့နှံ့လျက်ရှိ၏။
“မင်းဟာ ငါ့နှလုံးသားထဲမှာ အလှပဆုံး တိမ်တိုက်ပဲ ဝိုင်တွေကို လောင်းချလိုက်တယ် ~”
ချန်ရှုးရှူးသည် တေးသွားတို့နှင့်အတူ သီချင်းစာသားများကို မတော်တဆ သီဆိုမိလိုက်၏။
ထိုအခါ စစ်ဆေးရေးမှူးစက်နှင့် ကြုံတွေ့လိုက်ရသော ရထားတွဲပေါ်မှလူများသည် ချန်ရှူးရှူးကို တညီတညွတ်တည်း ဝိုင်းကြည့်လိုက်ကြသည်။
“အဟမ်း အဟမ်း အဟမ်း”
ချန်ရှုးရှုးသည် ပါးစပ်ကို အုပ်ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်သည်။
“တောင်းပန်ပါတယ်”
မျက်မှန်တပ်ထားသောအမျိုးသားက သူ့မျက်မှန်ကိုအနည်းငယ်အောက်လျှောကာ ရှန်ဂျီ နှင့် ချန်ရှူးရှူးတို့ကို ကြည့်လိုက်သည်။စည်းမျဉ်းများကို မှန်ကန်စွာ တုံ့ပြန်နိုင်ခဲ့သည့် ဤလူနှစ်ယောက်သည် ထောင့်တစ်နေရာတွင်ထိုင်ကာ လူထုကိုကူညီပေးခဲ့၏။
ဤပုဂ္ဂိုလ်နှစ်ဦးတွင် လျှို့ဝှက်စွမ်းအင်များရှိပုံရသည်။ရှင်သန်နိုင်ခြေကို တိုးလာစေရန်အတွက် သူတို့နှစ်ယောက်ဆီမှ အကြံဉာဏ်တစ်ခုခု ယူရမည်။
“သူဌေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေအတွက် မင်းမှာအကြံရှိလား?”မျက်မှန်နှင့်အမျိူးသားက ချန်ရှုးရှုးကိုကြည့်ပြီး တိုက်ရိုက်မေးလိုက်သည်။
ချန်ရှုးရှူးက ခေါင်းကုတ်လိုက်သည်။ “အင်း သူဌေးနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေက နည်းနည်းတော့ ကျယ်ပြန့်တယ်”
အမှန်မှာ သူဋ္ဌေးနှင့် ပတ်သက်သော ထိုစည်းမျဉ်းတို့သည် အတော်လေးကျယ်ပြန့်ပါသည်။
စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ စည်းမျဉ်းသုံးခုစလုံးသည် သူဌေးနှင့်သက်ဆိုင်ပြီး စည်းမျဉ်းများ၏ ထက်ဝက်နီးပါးလောက်ရှိသည်။
“သူဋ္ဌေးက ဒီမြူခိုးတွေကို လုပ်ခဲ့တာထင်တယ်”
မျက်မှန်နှင့်အမျိူးသားက ခန့်မှန်းချက်တစ်ခုကို အဆိုပြုလိုက်သည့်အခါ ချန်ရှုးရှူးသည် ခေါင်းညိတ်လိုက်ပြီး သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။
“ ဖြစ်နိုင်တယ်”
မြူခိုးများ ထွက်ပေါ်လာခြင်း၏ အဓိကတရားခံသည် မြူခိုးများ၏ ဖန်တီးရှင်ဖြစ်သည်။မြူခိုးများသည် ကမ္ဘာပေါ်ရှိ ရွေးချယ်ထားသော လက်ခံသူများမှတဆင့် ဆင်းသက်လာခဲ့တာဖြစ်သည်။
မြူခိုးများကို လုံးလုံးချေဖျက်ပစ်ရန်မှာ မြူခိုးများအတွင်းမှ မူမမှန်မှုများကို ရှင်းပစ်နိုင်ရုံနှင့်မလုံလောက်ပေ။ မြူခိုးများ၏ “ဖန်တီးရှင်” ကို တိတိပပချေမှုန်းနိုင်မှသာလျှင် မြူခိုးများပျောက်ကွယ်သွားနိုင်ဖွယ်ရှိသည်။
Systemက ရုတ်တရက်ပြောလာခဲ့သည်။ “အခုအချိန်အထိ စုဆောင်းရရှိထားသော ဒေတာတွေအရဆိုရင် ‘သူဌေး’က မြူခိုးဖန်တီးသူ ဖြစ်နိုင်ခြေက 13% ပဲရှိတယ်”
“အိုး?” ရှန်ဂျီ တုန့်ပြန်လိုက်သည်။
System က “အဲဒီကလေးနှစ်ယောက်က အတွေ့အကြုံမရှိသေးဘူး။ စည်းမျဉ်းတွေက ကျယ်ပြန့်ပေမယ့် စည်းမျဉ်းတွေ မချမှတ်မီကတည်းက မြူခိုးဖန်တီးသူဟာ ကူးစက်အမြန်ဆုံးသက်ရှိတွေထဲက တစ်ယောက်ဖြစ်ရမယ်လို့ အကြံပြုထားတယ်။ဖန်တီးသူတွေက သူတို့ဘာသာ ဖန်တီးသူအဖြစ် မဆုံးဖြတ်နိုင်ပေမယ့် ကိစ္စအများစုမှာ စည်းမျဉ်းအမျိုးအစားရဲ့ ပိုင်ရှင်တွေက နောက်ကွယ်မှာပဲ နေတတ်တာ”
“သူဌေးက မြူခိုးတွေရဲ့ ဖန်တီးရှင်ဖြစ်ခဲ့ရင်”ဟု မျက်မှန်နှင့်အမျိုးသားက တွေးတောလိုက်သည်။
“သူဌေးကိုရှင်းနိုင်ရင် ဒီမြူခိုးတွေကိုရှင်းနိုင်မှာပဲ။အဲ့ဒါဆို ငါတို့ ထွက်သွားလို့ရပြီ”
“ဒါပေမယ့် ပြဿနာက သာမန်လူတွေ မဆိုထားနဲ့။အဆင့်9စွမ်းရည်ရှိတဲ့သူတွေတောင် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရာမဟုတ်ဘူး”
ဝတ်စုံဖြူဝတ်ထားသောအမျိုးသမီးက စဉ်းစားကာ ပြောလိုက်သည်။ “စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ကယ်ဆယ်ရေးကိုစောင့်တာ အကောင်းဆုံးလို့ ထင်တယ်။စည်းမျဉ်းစည်းကမ်းတွေမှာ သူဌေးက အလျဉ်းသင့်သလိုစစ်ဆေးမှုတွေလုပ်မယ်လို့ပါတယ်မလား။ ဒါကြောင့် ကျွန်မတို့ရထားတွဲကို သေချာပေါက် စစ်ဆေးခံရမယ်လို့ မပြောနိုင်ဘူးလေ။ စည်းမျဉ်းအရဆိုရင် သူဌေးကို စီးကရက်တစ်လိပ် ချက်ခြင်းပေးပြီး သူ့ရဲ့ အမိန့်ကိုနာခံ၊ အလုပ်ကိုသေသေချာချာ လုပ်နေသရွေ့ လုံလုံခြုံခြုံနေနိုင်မှာပါ”
“မဟုတ်ဘူး ဒီစည်းမျဉ်းတွေက မသေချာမရေရာတာတွေ များလွန်းတယ်။စီမံချက်နှစ်ခု ရေးဆွဲထားဖို့ လိုတယ်”
မျက်မှန်နှင့်လူက အခိုင်အမာပြောသည်။ယခုပင်လျှင် ပထမစည်းမျဉ်းနှစ်ခုမှာ လူထုကို ကြီးကြီးမားမား ဒုက္ခပေးလျက်ရှိသည်။သူဌေးရဲ့ နောက်ထပ် စည်းမျဉ်းသုံးခုသာဆိုရင်!
သူသည် သာမန်လူတစ်ယောက်မျှသာဖြစ်ပြီး လူတိုင်းကို မကာကွယ်နိုင်ချေ။သို့သော် ဖြစ်နိုင်ပါက ရထားတွဲပေါ်ရှိ သူ၏အဖော်များကို အလောင်းများအဖြစ် မမြင်ချင်ပေ။
မြူခိုးဖန်တီးရှင်ကို ရှာဖွေခြင်း၊ ပြတ်ပြတ်သားသား ထိုးနှက်ခြင်း၊ ဤသည်မှာ အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး တုံ့ပြန်မှုနည်းလမ်းဖြစ်သည်။ ယင်းသည် မြူခိုးများကို ရှင်းလင်းရေးအဖွဲ့မှ ကိုင်တွယ်ဖြေရှင်းပုံဖြစ်သည်။ သာမန်လူများအတွက် ဤနည်းလမ်းသည် အလွန်အန္တရာယ်များသည်မှာ မှန်သော်လည်း မည်သို့ပင်ဖြစ်စေ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။
“ကောင်းပြီ Plan A ကို အရင်စပြီး စီစဉ်ကြရအောင်။မင်းတို့မှာ ဆေးလိပ်နဲ့ မီးခြစ်တွေ ရှိလား?”
မျက်မှန်နှင့်အမျိုးသားက ထိုင်နေသောလူများကို မေးလိုက်သည်။
သူ၏ဘေးမှ အမျိုးသမီးက ပထမဆုံးဖြေလိုက်၏။
“ငါ ဆေးလိပ်မသောက်တတ်ဘူး”
“မရှိဘူး”
“ကုမ္ပဏီမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားတယ်”
“ကျောင်းကလည်း ခွင့်မပြုဘူး”
လူတိုင်းက အကြောင်းပြချက်ကိုယ်စီဖြင့် ငြင်းကြသည်။
မျက်မှန်တပ်ထားသောအမျိုးသားသည် ထိုတုံ့ပြန်မှုများကို နားထောင်လေလေ သူ၏အမူအရာက ပို၍လေးနက်လာလေလေပင်ဖြစ်သည်။လူနှစ်ဆယ်ကျော်ပါတဲ့ ဒီရထားတွဲမှာ စီးကရက်တစ်လိပ်တောင် မသောက်ကြဘူးလား?
“ငါ”
လက်ဆွဲအိတ်ကိုင်ထားသော အမျိုးသားကရုတ်တရက်ထပြောလိုက်ကာ သူ၏အိတ်ထဲသို့ တစ်ချက်ရှာလိုက်ပြီး ကြေမွနေသော စီးကရက်ဗူးကို ဆွဲထုတ်လိုက်သည်။
“ကျန်သေးတယ် ဒီမှာ မီးခြစ်တစ်လုံးရှိတယ်။ ဒါပေမယ့် သိပ်တော့မကောင်းဘူး ကြာကြာတော့ ခြစ်ရမယ်”
“ဟုတ်ပြီ ဒါဆို သူဌေးက တကယ်လို့ တို့တွေထဲက တစ်ယောက်ယောက်ကို စီးကရက်တောင်းရင် စီးကရက်ကို မီးခြစ်ဖို့ မင်းကတာဝန်ယူလိုက်” မျက်မှန်နှင့်လူက ပြောလိုက်သည်။
“ဒါပေမယ့်…” ထိုသူကတုံ့ဆိုင်းသွား၏။
မျက်မှန်နှင့်လူက သူ၏ တုံ့ဆိုင်းမှုကို နားလည်လိုက်သည်။
“စီးကရက်တစ်လိပ်က ခဏအတွက် လုံလောက်ပါတယ်။သူဌေးက ရထားပေါ်မှာ အကြာကြီးမနေလောက်ပါဘူး။တစ်ခုခု မှားသွားရင် Plan B ကို အကောင်အထည်ဖော်မှာ”
Plan B က သူဌေးကို သတ်ပစ်မယ်!
မျက်မှန်တပ်ထားသောသူသည် နည်းဗျူဟာကို ရေးဆွဲထားပြီးဖြစ်သော်လည်း လူတိုင်း၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပေသည်။
သူက လူတိုင်းကို အစီအစဉ်ကို ရှင်းပြလိုက်သော်လည်း သူတို့အားလုံး ချီတုံချတုံ ဖြစ်နေပုံရသည်။
“တကယ်တော့ တစ်ခါတလေ ငါတို့မှာ ရွေးချယ်ခွင့်မရှိဘူး”
မျက်မှန်နဲ့လူက ဆက်ပြီးတော့ပြောခဲ့သည်။
“ဥပမာ၊ စည်းကမ်းချက်နံပါတ် (၅) မှာဆိုရင် သူဌေးက မနာခံတဲ့ ဝန်ထမ်းတွေကို မကြိုက်ဘူး။သူဌေးက တောင်းဆိုရင် ဘာပဲဖြစ်ဖြစ် လိုက်နာရမယ်လို့ပါတယ်။ တကယ်လို့ သူဋ္ဌေးက မင်းရဲ့လည်ပင်းကို 360°လှည့်ပါလို့ပြောလာရင် ဘယ်လိုလုပ်မလဲ”
ဟုတ်သားပဲ!
လူအများစုက လက်ခံလာကြပေမယ့် အချို့သူများကလည်း အချင်းချင်း ခပ်တိုးတိုး ပြောနေကြ၏။
“မတော်တဆအမှားအယွင်းတစ်ခု ဖြစ်ခဲ့ရင် သရုပ်ဆောင်တာက အသက်အနည်းငယ်ကို ကယ်တင်နိုင်သလို အဲ့ဒီသရုပ်ဆောင်မှုကလည်း အသက်တွေကိုယူသွားနိုင်တယ်။လူတိုင်းကို သူဌေးက ရွေးချယ်မှာမဟုတ်ဘူး”
“ဒါဆို မင်းက မတ်တပ်ရပ်ပြီးပဲ စောင့်နေချင်တာလား?”
မျက်မှန်နှင့်လူက ခေါင်းခါလိုက်သည်။ “အဲ့လိုလုပ်တာက တကယ်ကို နုံအတာပဲ။မြူခိုးက ငါတို့နဲ့ ဂိမ်းဆော့နေတာလို့ ထင်လို့လား။’ရောဂါပိုး’ ‘ပျံ့နှံ့’ ‘ကိုက်စား’ အဲဒါက မြူခိုးရဲ့ အဓိကပန်းတိုင်ပဲ။ မြူခိုးဖန်တီးသူက စည်းကမ်းဖောက်ဖျက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားမှာပဲ။ဘယ်သူမှ အသက်ရှင်ကျန်မှာမဟုတ်ဘူး”
သူက စိတ်အားထက်သန်ပြီး စိတ်ရင်းမှန်နှင့် ရိုးရှင်းစွာပြောလိုက်သည်။“ဒီကမ္ဘာပျက်ကြီးမှာ ငါတို့ကို အမြဲကာကွယ်ပေးမယ့်အရာဟာ ငါတို့လက်ထဲမှာ တင်းတင်းကြပ်ကြပ်ကိုင်ဆောင်ထားတဲ့ လက်နက်မှတပါး အခြားအရာမရှိတော့ဘူး”
ရှန်ဂျီ မျက်လုံးဖွင့်လိုက်သည်။
System: “အမ်… ရှန်ဂျီ ဘာလို့လဲ?”
System သည် ရှန်ဂျီ ဖွင့်ထားသော”The Most Dizzling XX style” သီချင်းမှ စွဲမက်စရာကောင်းသော တေးသွားထဲတွင် နစ်မြောနေခဲ့တာဖြစ်၏။
ရှန်ဂျီ: “ဘာမှမဟုတ်ဘူး”
ရှန်ဂျီသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုစကားများကို တစ်စုံတစ်ယောက်ဆီမှ ကြားခဲ့ရဖူး၏။ထိုသူက သူ့ခေါင်းကို ပွတ်သပ်ကာပြောခဲ့ဖူးသည်။
“ရှန်ဂျီ ကမ္ဘာပျက်ကပ်မှာ ငါတို့က ငါတို့လက်ထဲမှာရှိတဲ့ဓားတွေကလွဲလို့ ဘယ်သူ့ကိုမှ အားကိုးလို့မရဘူး”
“သာမန်လူတွေမှာတောင် ဂြိုဟ်သားတွေကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်တွေရှိတယ်”
“လာပါ မင်းရဲ့ကိုယ်ပိုင်ဓားကို ဆွဲထုတ်လိုက်ပါ”
ရှန်ဂျီသည် ကုတ်အင်္ကျီအိတ်ကပ်ထဲတွင် ထည့်ထားသော သူ၏လက်တို့ကို ဆွဲထုတ်လိုက်သည်။
“ဝီး ဝီး ဝီး ဝီး ဝီး ဝီး ဝီး”
ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသောအသံများကိုအဝေးဆီမှကြားလိုက်ရပြီး ဆွေးနွေးနေကြသောလူများ၏အသံမှာ ရုတ်ချည်းတိတ်ဆိတ်သွားခဲ့၏။
အနက်ရောင်ပုံရိပ်တစ်ခုသည် အဝေးမှအေးအေးလူလူ လမ်းလျှောက်လာနေခဲ့သည်။
သူဋ္ဌေးလာပြီ!
သူဋ္ဌေးက ဝက်!
ဝက်ဟုဆိုသော်လည်း ဝက်၏ အတိအကျပုံစံမျိူးနှင့်တော့မဟုတ်ပေ။သူ့တွင် လူ၏ပုံစံတစ်ချို့တစ်ဝက်လည်း ရှိသေးသည်။အရပ်နှစ်မီတာလောက်ရှိသော လူ့ခန္ဓာကိုယ်ပေါ်တွင် ဝက်၏ဦးခေါင်းတစ်ခုရှိပြီး ကျယ်ပြန်သောပခုံးများနှင့် တောင့်တောင့်တင်းတင်းရှိ၏။လည်ပင်းတစ်ဝိုက်တွင် ရွှေကြိုးများ တွဲလွဲဆွဲထားသော ဆွဲကြိုးတစ်ကုံးကို ဝတ်ဆင်ထားကာ မျက်နှာတွင် နေကာမျက်မှန်ကိုတပ်ထား၏။လက်နှစ်ဖက်ကိုမူ အိတ်ကပ်ထဲထည့်ထားကာ ရင်ကိုကော့ထားခဲ့သည်။
ထိုအရာ၏ဗိုက်မှာ ကြီးလွန်းသောကြောင့် အညိုရောင်အကွက်အကျီက ဗိုက်ကိုအကုန်မဖုံးအုပ်နိုင်ပဲ တစ်ဝက်တစ်ပျက်ပေါ်နေကာ အပေါ်အောက်လှုပ်စိလှုပ်စိ ဖြစ်၍နေ၏။
ထိုပုံပန်းသဏ္ဍာန်သည် ရယ်စရာအတိဖြစ်နေသဖြင့် ရယ်ချင်စိတ်ကိုထိန်းချုပ်ရန် အလွန်ခက်ခဲပေ၏။
သို့သော် လူတိုင်း၏ မျက်နှာပေါ်တွင်ရှိနေသောအမူအရာများမှာ တင်းမာကာနေခဲ့သည်။
စည်းမျဉ်းနံပါတ် ၃:ကျွန်ုပ်တို့သည် အလုပ်သမားများကို စွမ်းရည်ပြည့်ဝစွာ လေ့ကျင့်ပေးပြီးသားဖြစ်သည်။သူဋ္ဌေးသည် မည်မျှပင်ရယ်စရာကောင်းစေကာမူ ရယ်မောရန်ခွင့်မပြုပါ။
သို့သော် ထိုအချိန်တွင် သူဌေးက သူ၏ခြေထောက်ပေါ်သို့ ရုတ်တရက်လဲကျသွားကာ ဝက်တစ်ကောင်အသွင်သို့ပြောင်းသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။ယင်း၏ ဗိုက်သည် ဘောလုံးကဲ့သို့ ရှေ့သို့ခုန်ထွက်ကာ နောက်ဆုံးတွင် လူအုပ်၏ခြေရင်းတွင် ရပ်တန့်သွားပြီး သုံးကြိမ်ပင် ခုန်နေခဲ့သည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေရာမှ သူဌေး၏ တင်ပါးမှလည်း ပန်းရောင်အမြီးတစ်ခု ထွက်လာပြီး ရထားပေါ်ရှိလူများကို ရွှတ်နောက်နောက်နှင့် နှုတ်ဆက်လျက်ရှိ၏။