ကျွန်တော့ရဲ့အိပ်စက်အနားယူမှုကို တိုက်ရိုက်ထုတ်လွှင့်ခြင်းအားဖြင့် Global Celebrity တစ်ယောက်ဖြစ်လာသည်
မမျှော်လင့်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းတစ်ခုကြောင့် ကောလိပ်ကျောင်းသားလေး လျှိုယွီဟာ မယုံနိုင်စရာအပြိုင်လောကကြီးတစ်ခုသို့ရောက်ရှိသွားသည်
သူရောက်ရှိသွားသောနေရာတွင် လူများသည် ဆေးသောက်ခြင်းဖြင့် ၂၄နာရီ ၇ရက်ပတ်လုံးအလုပ်လုပ်ကြပြီး သူတို့တွင်အိပ်စက်အနားယူမှုမရှိကြပေ
စိတ်ရှုပ်ရှုပ်နဲ့ လျှိုယွီက သူ့စားပွဲပေါ်မှာ တရေးတမောအိပ်ဖို့ကြိုးစားလိုက်တယ်..ဘယ်သူသိမလဲ သူ့ရဲ့အခန်းဖော်က သူ(လျှိုယွီ)ကိုသတိလစ်သွားတယ်ထင်ပြီး ဆေးရုံကိုအမြန်ပို့လိုက်မယ်လို့..ပြီးတော့ သူ့အခန်းဖော်က တစ်သက်လုံးမှာတစ်ခါမှမအိပ်ခဲ့ဖူးဘူးတဲ့လေ
လျှိုယွီ ကောင်းကောင်းမွန်မွန်အနှောင့်အယှက်ကင်းကင်းအိပ်နိုင်ဖို့ကို စတင်ကြိုးစားတော့သည်
“ဂန္တဝင်ယဉ်ကျေးမှုကို မြှင့်တင်ခြင်း—အိပ်စက်ခြင်း” ကို ၎င်း၏ ထုတ်လွှင့်သည့် ပလတ်ဖောင်းတွင် ရေးမှတ်ထားလိုက်သည်
“Sleep Broadcaster”ဆိုသည့် တရားဝင်ခေါင်းစဉ်ဖြင့် သူသည် နေ့စဉ်နှင့်အမျှ တိုက်ရိုက်ထုတ်လွှင့်နေသည်
တိုက်ရိုက်ထုတ်လွှင့်မှုစတင်သောအခါတွင် လျှိုယွီသည် မျက်နှာဖုံးတပ်ထားပြီး ညအိပ် ပိုးသားဝတ်စုံကိုဝတ်ဆင်ထားပြီး အိပ်စက်ခြင်းနံ့သာပေါင်းအချို့ကိုပင် မီးထွန်းညှိထားသေးသည်..ပြီးလျှင် ကုတင်ပေါ်တွင်သက်သက်သာသာထိုင်လိုက်ပြီး ဂန္ထဝင်တေးသွားကိုတီးမှုတ်လိုက်သည်
ဒါတွေအားလုံးပြီးသွားချိန်မှာ stream ရဲ့ ကြည့်ရှုသူအရေအတွက်က ဝင်လိုက်ထွက်လိုက် မတည်မငြိမ်ဖြစ်နေဆဲပင်
ဒါပေမယ့် သူနိုးလာတဲ့အချိန်မှာတော့ ကြည့်ရှုသူအရေအတွက်သည် ဂဏန်းခြောက်လုံးအထိတိုးလာတာကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်
လျှိုယွီ: “…???”
ဘာကြောင့် လူအများကြီးက သူအိပ်နေတာကို ကြည့်နေရတာတုန်း
မှတ်ချက်များ..
“ဒီကောင်ရူးနေတာလား.. ညကြီးမှာ အိပ်နေတယ်?”
“ငါ့ယောက်ျားက အရမ်းအိပ်မောကျနေပုံရတယ်.. အိပ်စက်ခြင်းက ဒီလို ဆွဲဆောင်မှု ရှိနိုင်တယ်ဆိုတာ ငါဘယ်တုန်းကမှ မသိခဲ့ပါလား”
“အဲဒါ ငါ့ယောက်ျား! အဲဒီ နူးညံ့တဲ့ ပါးပြင်တွေကို ကြည့်စမ်းပါဦး ”
“စခရင်ကို ယက်နေပါပြီ..အဲ့ဒီမျက်နှာလေးကိုပြေးယက်ချင်တယ်…”
လျှိုယွီ “အိပ်စက်ခြင်းအလှလေး”၏ ကျက်သရေရှိသောအသွင်အပြင်အကျိုးသက်ရောက်မှုကြောင့် အိပ်စက်အနားယူခြင်းသည် တစ်ဖန်ပြန်လည်လွှမ်းမိုးလာခဲ့သည်
🌠🌠🌠🌠🌠
လက်အောက်ငယ်သားများထံမှ အစီရင်ခံစာများကို ကြားသိပြီးနောက် ‘International Progress Association’ ၏ အကြီးအကဲဖြစ်သူ ပါမောက္ခရှောင်လင်းယွင်သည် “လူသားတိုးတက်ရေးအစီအစဉ်ကို နှောင့်ယှက်ခြင်းနှင့် ဟန့်တားခြင်း”ဆိုသည့်အကြောင်းပြချက်ဖြင့် လျှိုယွီ၏အကောင့်ကို အပြီးတိုင်ပိတ်ပစ်ရန် အမိန့်ပေးခဲ့သည်
သို့သော်လည်း အစည်းအရုံးက ပုန်ကန်သည်ဟုယူဆထားသည့် မြေအောက်အဖွဲ့များ၏ လျှို့ဝှက်ပံ့ပိုးမှုဖြင့် လျှိုယွီ၏ အိပ်စက်ခြင်း တိုက်ရိုက်ထုတ်လွှင့်မှုသည် တုန့်ပြန်မှုအချို့ကိုပြုလုပ်နိုင်ခဲ့သည်..
လျှိုယွီ၏အကောင့် ထပ်မံပေါ်လာသည်..ရှောင်လင်းယွင်က ထပ်မံပိတ်ပင်လိုက်သည်..ထို့နောက် ထပ်မံပေါ်လာပြန်သည်
…
၉ ကြိမ်မြောက် ‘အိပ်စက်ခြင်း တိုက်ရိုက်ထုတ်လွှင့်မှု’ကိုတားမြစ်လိုက်ပြီးနောက် ရှောင်လင်းယွင်သည် သူ၏ဖုန်းတွင် နောက်ထပ်တိုက်ရိုက်ထုတ်လွှင့်မှု သတိပေးချက်တစ်ခုထွက်ပေါ်လာပြန်သည်
သူဒေါသထွက်ထွက်ဖြင့် ထိုသတိပေးချက်ကိုတစ်ချက်တည်း နှိပ်ပစ်လိုက်သည်
ထို့နောက်…
သူအစကဒေါသထွက်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့အကြည့်တွေကို တစ်ခြားနေရာဆီသို့မလွှဲနိုင်ခဲ့ပေ..သူအချိန်အတော်ကြာသည်အထိ တိုက်ရိုက်ထုတ်လွှင့်မှုကိုတစ်စိုက်မတ်မတ်ကြည့်နေမိသည်
ထို့နောက်တန်ဖိုးအကြီးဆုံး “ဒုံးပျံ” လက်ဆောင်ကို ပို့လိုက်သည်
မထင်မှတ်ထားဘဲ သူက ထိပ်တန်းပရိတ်သတ်ဖြစ်လာတော့၏
လက်အောက်ငယ်သားများသည် အံ့သြတုန်လှုပ်သွားသည်- “ပါမောက္ခ၊ မင်း-”
ရှောင်လင်းယွင် ဖုန်းကိုဘေးသို့ အေးအေးဆေးဆေးချလိုက်သည်
“ဒါဟာ မတော်တဆမှုတစ်ခုပဲ”
“သူက လူထုကိုအပျင်းကြီးဖို့နှိုးဆော်နေတာ.. သူ့ကို ကောင်းကောင်းတားမြစ်ရမယ် !”