Chapter 1
“ဒင်!”
“ဂုဏ်ယူပါတယ်! ရှင်သည် ရှားရှားပါးပါး ဘဝ၏အောင်မြင်မှုကိုရရှိပြီးဖြစ်သည်- ရှင့်ရဲ့ parallel worldရှိ တူညီသည့်လူနှင့်တစ်ပြိုင်နက်တည်းသေဆုံးခဲ့သည်”
“……..”
တပြိုင်နက်တည်းသေသွားတာလား ဒါကိုဘယ်လိုလုပ်အောင်မြင်မှုတစ်ခုလို့ယူဆလို့ရနိုင်တာလဲ
လော့ယွီသည် ထိုအဓိပ္ပာယ်မဲ့သောစကားကို ချီးကျူးဂုဏ်ပြုသကဲ့သို့ပြောနေသော အမျိုးသမီးအသံကိုကြားလိုက်ရသောအခါ သတိပြန်ဝင်လာသည်
သူပြန်ပြောဖို့ကြိုးစားလိုက်ပေမယ့် သူ့အသံကို သူတောင်မကြားရပါပေ
သူအားတင်းရုန်းကန်ပြီးနောက် သူ့ရဲ့လေးလံနေတဲ့မျက်ခွံတွေကိုဖွင့်နိုင်ခဲ့သည်
သူမြင်နေရသောမြင်ကွင်းသည် မှောင်မိုက်နေခဲ့ပြီး အဆုံးမရှိအေးစက်သောခံစားမှုကိုပေးနေ၏
ထိုအမှောင်ထုကြီးသည် ငြိမ်သက်နေခြင်းမျိုးမဟုတ်ပေ.. မြစ်တစ်စင်းစီးဆင်းနေသကဲ့သို့ ဝေ့ဝဲနေပြီး အမှောင်ထုမြစ်ကြီးသည် အမည်မသိသောနေရာတစ်ခုသို့ တရွေ့ရွေ့ဖြင့် ရွေ့လျားနေလေသည်
လော့ယွီသည် မသိစိတ်အရ သူ့အောက်ပိုင်းကိုငုံ့ကြည့်လိုက်သော်လည်း သူ၏ခန္ဓာကိုယ်ကိုမမြင်ရပါပေ.. ထိုအစား အမှောင်ထု၏အောက်ခြေဘက်တွင် လင်းနေသောစကားလုံးအချို့ကိုသာတွေ့လိုက်ရသည်
ဒါသူသိတဲ့စကားလုံးတွေပဲ
အောက်ဘက်တွင် ရွေးချယ်စရာနှစ်ခုရှိလေသည်
[၁။ အောင်မြင်မှုအတွက် ဆုတောင်းခံခြင်း]
[၂။ အောင်မြင်မှုဆုလာဘ်ကို ငြင်းပယ်ခြင်း]
ဟုတ်သား.. parallelကမ္ဘာကသူနဲ့ လက်ရှိသူနဲ့ တစ်ပြိုင်နက်တည်းသေခြင်းမှတ်တိုင်ကိုအောင်မြင်ခဲ့တဲ့အကြောင်း သူခုနကကြားလိုက်ပါတယ်..
သူကဖြင့် သေပြီးသွားပြီကို ဆုပေးစရာလိုသေးလို့လား
လေ့ယွီသည် သူ၏ခန္ဓာကိုယ်ကိုမမြင်ရသော်လည်း ရှိနေသေးကြောင်းတော့ခံစားရဆဲဖြစ်သည်
သူ မျက်တောင်ခတ်လိုက်ပြီးနောက် ရွေးချယ်ခွင့်ကိုနှိပ်ဖို့ ခြေတစ်လှမ်းလှမ်းလိုက်တော့သည်
တီ! တီ!
“ဒင်!”
[ဆုလာဘ်ကို အောင်မြင်စွာ တောင်းဆိုခဲ့သည်]
ရွှင်မြူးသောအမျိုးသမီးတစ်ဦး၏အသံသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောလေထုနှင့် သွေဖယ်ကာထွက်ပေါ်လာသည်
[‘ဆု’အမျိုးအစား – ဝိညာဉ်ဖလှယ်ခြင်း၊ ပြန်လည်မွေးဖွားခြင်း!]
[‘ဆု’အတွက်ဖော်ပြချက်- ဤဆုလာဘ်ကို လက်ခံရရှိသူသည် တစ်ပြိုင်နက်တည်း သေဆုံးသွားသော ၎င်းတို့၏အပြိုင်ကမ္ဘာရှိ သူနှင့် အချင်းချင်းဝိညာဉ်များကို ဖလှယ်နိုင်သည်.. သေဆုံးသွားသောခန္ဓာကိုယ်သည် ပြန်လည်မွေးဖွားမည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးသည် ဘဝတွင် ဒုတိယအခွင့်အရေးရရှိမည်ဖြစ်သည်]
[ယခု ဆုလက်ဆောင်ကို အသုံးပြုလိုပါသလား?]
လော့ယွီတစ်ယောက် ယခုအချိန်တွင်သူ၌နှလုံးရှိသေးရဲ့လားမသေချာပေမယ့် သူ့ရင်ထဲမီးရှူးမီးပန်းများပေါက်ကွဲနေသကဲ့သို့ခံစားရသည်
သူ အသက်ပြန်ရှင်နိုင်မှာလား?
သေခြင်းတရားကို ပြတ်ပြတ်သားသား ခံစားမိနေတုန်းပဲ.. သူသည် စာကြည့်ခန်းထဲတွင် တစ်ညတာလုံးစာများဖြင့်လုံးပန်းနေခဲ့ရသည်.. သူစာရေးပြီးနောက် မောပန်းနွမ်းနယ်စွာဖြင့်ထရပ်လိုက်ပြီး စာကြည့်ခန်းမှထွက်လာခဲ့သည်..သူသည် မတော်တဆ အပေါ်ထပ်မှပြုတ်ကျသွားကြီး သူရဲ့ဝိညာဉ်ကလေးသည် ကလူကလူဆိုပြီးလွင့်ထွက်သွားလေတော့သည်
ယုတ်မာလွန်းလှသော သေခြင်းတရားကြောင့် သူ့မှာပြောစရာစကားပင်မရှိတော့ပေ.. ဒါက မတရားမှုကြီးပဲ
သူ့ဘဝတစ်လျှောက်လုံး ပိုင်ဆိုင်ထားခဲ့သည့် ချောမောသောမျက်နှာသည် သူသေဆုံးသွား သောအခါ မမှတ်မိနိုင်လောက်အောင် ဒဏ်ရာများဖြင့်ပြည့်နေလောက်သည်
တကယ်လို့ သူသာ အသက်ပြန်ရှင်နိုင်မယ်ဆိုရင် ဒါကဆေးပညာဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်လာနိုင်တယ်
လေ့ာယွီသည် အတွေးများကြောင့်စိတ်ပျက်နေခဲ့ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ ‘Yes’ ဟူသောစာသားကိုရွေးချယ်လိုက်သည်
ရုတ်တရက် ပြင်းထန်သော ဒရမ်တီးသံက သူ့ ပတ်ဝန်းကျင်ရှိ အမှောင်ထဲတွင် ပဲ့တင်ထပ်သွားသည်
လော့ယွီ သတိကပ်၍ အနောက်သို့ဆုတ်လိုက်သည်
ဒရမ်ခတ်သံကဲ့သို့ စိတ်လှုပ်ရှားဖွယ်အသံဖြင့် စာသားအသစ်ပေါ်လာသည်–
[ချစ်လှစွာသောခရီးသည်ရေ တရားဝင် ဝိညာဉ်ဖလှယ်ခြင်းမစတင်ခင် ကျွန်မ ရှင့်ကို အသိပေးစရာရှိတယ်.. ဝိညာဉ်လွှဲပြောင်းခြင်းက လွယ်ကူတဲ့လုပ်ဆောင်မှုမဟုတ်ပါဘူး]
[လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်ကတည်းက ရင့်ကျက်တဲ့ဝိညာဉ်တွေဟာ မရင်းနှီးသောခန္ဓာကိုယ်များတွင် နေထိုင်နိုင်ရန် ပထမဆုံးအကြိမ်ကြိုးစားချိန်မှာ ငြင်းပယ်မှုနှုန်းက 99% အထိမြင့်မားခဲ့တယ်]
[ဒါပေမယ့် Parallel World Administrationကနေ နှစ်ပေါင်းများစွာ မမောမပန်းမရပ်မနားတမ်း သုတေသနပြုပြီး နောက်မှာ စံပြဖြေရှင်းချက်ကိုတွေ့ရှိခဲ့တယ်]
[အုပ်ချုပ်ရေးအဖွဲ့တစ်ခုလုံးကိုယ်စား ကြိုဆိုပါတယ်]
“ကျေးဇူးတင်ပါတယ်.. ကျေးဇူးတင်ပါတယ်”
လော့ယွီက ဒရမ်တီးသံနှင့်အတူ သူပါလက်ခုပ်လိုက်တီးပြီး စည်းချက်ညီညီပြော လိုက်သည်
[ရပါတယ်]
[ဘာပဲပြောပြော ဒီစမ်းသပ်ချက်အောင်မြင်နိုင်ဖို့ ခရီးသွားပြောင်းရွှေ့သူရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုလိုအပ်နေတုန်းပဲ]
“ကျွန်တော် အပြည့်အဝပူးပေါင်းဆောင်ရွက်ပါ့ မယ်”
လော့ယွီက စိတ်ရင်းမှန်ဖြင့်ပြောလိုက်သည်
[ဝိညာဉ်ရွှေ့ပြောင်းပြီးနောက် ပထမရက် 100 အတွင်း ရှင့်ခန္ဓာကိုယ်အသစ်နဲ့ အပြည့်အဝပေါင်းစပ်နိုင်စေဖို့ နေ့စဉ် ‘ဝိညာဉ်-ခန္ဓာကိုယ် ချိန်ညှိခြင်းလုပ်ငန်း’ကို လုပ်ဆောင်ရပါမယ်]
[ကျွန်မတို့ရဲ့ လေ့လာတွေ့ရှိချက်အရ အောက်မှာဖော်ပြထားတဲ့ အချက်တွေထဲကတစ်ခုကိုလုပ်ဆောင်တာက အကောင်းဆုံးရွေးချယ်မှုဖြစ်လိမ့်မယ်]
လော့ယွီ၏အရှေ့တွင် ရွေးချယ်စရာများစွာပေါ်လာသည်
[1. နေ့တိုင်း 10 ကီလိုမီတာ ပြေးပါ ]
[2. နေ့စဉ် ဖားခုန် ၁ဝဝဝ ခုန်ပါ]
[3. နေ့တိုင်း မီတာ ၁၀၀၀ ရေကူးပါ]
[4. နေ့စဉ် မိနစ် 90 အိပ်ပါ]
[ခရီးသွားသူရေ ရှင် ရက်ပေါင်း100အတွင်း လုပ်ဆောင်ချင်တဲ့ အလုပ်တစ်ခုကို သေသေချာချာစဉ်းစားပြီးရွေးပေးပါဦး]
Pfft!
ပထမသုံးမျိုးထဲက တစ်ခုခုကိုရွေးချယ်တာက ကိုယ့်ကိုယ်ကို သေကြောင်းကြံတာနဲ့မတူဘူးလား
မဆိုင်းမတွဘဲ လော့ယွီသည် စတုတ္ထတစ်ခုကို ရွေးချယ်လိုက်သည်
[အင်း … ရှင် ဒါကိုရွေးမှာသေချာရဲ့လား]
အကြောင်းတစ်ခုခုကြောင့် ထိုအသံက ပထမဆုံးအကြိမ် တုံ့ဆိုင်းသွားသည်
သူက ဘာကိုတွန့်ဆုတ်နေတာလဲ..လော့ယွီက သူ့ရွေးချယ်မှုကို မြန်မြန်ပဲ အတည်ပြုလိုက်တယ်
[ဒင်!]
[ရွေးချယ်မှုကို အောင်မြင်ခဲ့သည်]
[ 24 နာရီအတွက် အချိန်ဇယားကိုလိုက်နာပါ.. လွှဲပြောင်းပြီးနောက် ရက်ပေါင်း 100 အတွက် နေ့စဉ်မိနစ် 90 အိပ်ရပါမည်]
[လုပ်ငန်းကို အောင်မြင်စွာပြီးမြောက်ခြင်းက ရှင့်ဘဝသစ်ကို လုံခြုံစေလိမ့်မယ်..တကယ်လို့ ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ ရှင့်မူလကမ္ဘာမှာလိုပဲ တစ်ခါတည်းသေသွားလိမ့်မယ်]
ထပ်ပြီး မတရားသေရဦးမှာလား? ဒါကအရမ်းကြမ်းတယ်
လော့ယွီသူ့လျှာသူကိုက်လိုက်မိသည်
‘ကိစ္စမရှိပါဘူး သူက ပုံမှန်လေးအိပ်ယုံပဲမဟုတ်လား.. ဒါလေးကိုဘယ်လိုလုပ် ကျရှုံးမှာတဲ့လဲ’