Chapter 2
[ခရီးသွားသူရေ ရှင့်ရဲ့အခက်ခဲဆုံးတာဝန်ကိုရွေးချယ်ခဲ့တဲ့ရဲရင့်မှုက အုပ်ချုပ်ရေးအဖွဲ့တစ်ခုလုံးကို လှုံ့ဆော်ပေးနိုင်ခဲ့တယ်]
လော့ယွီ: ….?
သူ စာသားကို ငုံ့ကြည့်လိုက်သည်.. ဒါက အခက်ခဲဆုံးလား?
တစ်နေ့ကို မိနစ် 90 လောက်အိပ်တာက ဘယ်လောက်ခက်ခဲနိုင်မှာတဲ့လဲ
သူသည် တစ်ညတာလုံး စာလုပ်နေခဲ့လို့ အသက်ပျောက်သွားရသည့် နောက်ဆုံးတစ်ခေါက်ကလွဲလို့ သူ့ဘဝတစ်လျှောက်တွင် တစ်ညလျှင် ၈နာရီနှုန်းဖြင့် အနှစ်၂၀လုံးလုံး အိပ်ခဲ့သည်
[Special Item: Portable Space]
[ရှင်က အိပ်စက်ခြင်းတာဝန်ကိုပြီးမြောက်နေသရွေ့ အာကာသအိပ်ဆောင်မန်နေဂျာက ရှင့်ကို ကူညီပေးနိုင်ဖို့အမြဲတမ်းရှိနေမှာဖြစ်ပါတယ်]
လော့ယွီက ရယ်မောလိုက်သည်
“ကျေးဇူးတင်ပါတယ် ဒါပေမယ့်ဘယ်သူကများ အိပ်ဖို့အတွက်ကို အကူအညီလိုနေလို့လဲ”
သူ့ဘဝမှာ အိပ်ယာထဲလှဲပြီးတာနဲ့ ငါးမိနစ်လောက်နေရင်အိပ်ပျော်သွားရော… ဘယ်တုန်းကမှ သူ့မှာကြိုးစားအိပ်ရတယ်ဆိုတာမရှိခဲ့ဖူးဘူး
[ဆုများနှင့် ပစ္စည်းများကို ပေးပို့ပြီးပါပြီ.. စိတ်ဝိညာဉ်လွှဲပြောင်းခြင်းစတင်ပါပြီ ကံကောင်းပါစေရှင်]
ထို့နောက် သူ သတိလစ်သွားတော့သည်.. လော့ယွီသည် သူအိပ်နိုင်သည့်အကြောင်းကို သတိလစ်ချိန်တွင်ပင် ယုံကြည်မှုအပြည့်ရှိနေစဲဖြစ်သည်
…..
“ထစ်ခ်ျ!”
ဓာတ်ခွဲခန်းအင်္ကျီ၊ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးနှင့် ခွဲစိတ်ခန်းသုံးဦးထုပ်ကိုဆောင်းထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ပိတ်ဖြူသားဖုံးထားသော ဘီးတပ်ကုတင်တစ်လုံးကိုတွန်း၍ စင်္ကြံအဆုံးရှိ တိတ်ဆိတ်သောအဖြူရောင်တံခါးဆီသို့ တွန်းပို့နေစဉ် ထိုအမျိုးသား၏မျက်ဝန်းများသည် အေးစက်နေ၏
သူ တံခါးရှေ့တွင်ရပ်လိုက်ပြီး တံခါးကို နှစ်ကြိမ်ခေါက်လိုက်သည်
ချက်ချင်းဆိုသလိုပင် တံခါးပွင့်လာကာ မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးငယ်တစ်ယောက်ပေါ်လာသည်
“အလောင်းကိုယူပြီး ခါတိုင်းလိုပဲ အသုဘအိမ်မှာချက်ချင်းမီးသဂြိုလ်လိုက်”
“ဟုတ်ကဲ့ ဒေါက်တာဒွန်း”
အမျိုးသမီးက ခေါင်းညိတ်ပြပြီး ဘီးတပ်ကုတင်ကို အခန်းထဲသို့ဆွဲသွင်းလိုက်သည်
သို့သော် ကုတင်ပေါ်ရှိ “အလောင်း” သည် လှုပ်ရှားလာပြီး ပိတ်ဖြူစကိုဖယ်ကာ ထထိုင်လာသည်
“အား! သရဲ!”
အမျိုးသမီးက အော်ဟစ်လိုက်ပြီး နောက်ပြန်လှည့်ကာ ကုတင်ကိုတွန်းထုတ်၍ အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်
လျှိုယွီသည် မပြုတ်ကျသွားအောင် ကုတင်ကိုတင်းတင်းကိုင်ထားလိုက်ပြီး ပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သည်..
သူတွေ့လိုက်ရတာက ‘ရေခဲတိုက်’ဆိုပြီးရေးသားထားတဲ့ဆိုင်းဘုတ်တစ်ခုကိုပဲ
အဲဒါက ဖြစ်နိုင်ပါတယ်..လွန်ခဲ့တဲ့ငါးမိနစ်လောက်က သူရဲ့အပြိုင်ကမ္ဘာဖြစ်သော ဤနေရာတွင်နိုးလာခဲ့ပြီးဖြစ်သည်..သူနိုးလာလာချင်းမှာပဲ သူ့ကိုပိတ်ဖြူစကြီးနဲ့အုပ်ထားတာကိုသိလိုက်ရသည်
ဒီကမ္ဘာမှာဘာတွေဖြစ်ပျက်နေကြောင်း ပတ်ဝန်းကျင်ကို အကဲဖြတ်ဖို့အတွက် တိတ်တဆိတ်နားထောင်ဖို့သူစီစဉ်လိုက်သည်..ဒါပေမယ့် သူ့ကိုမီးသဂြိုလ်တော့မယ်လို့ ဘယ်သူကထင်မှာလဲ
“မင်း ဘယ်လိုလုပ်အသက်ရှင်နေသေးတာလဲ!”
လျှိုယွီ လှည့်ကြည့်လိုက်ချိန် သူ့ကို ဒီနေရာသို့ တွန်းပို့ခဲ့သည်ဟုထင်ရသည့် ဆရာဝန်၏ ထိတ်လန့်တကြားအကြည့်ကိုတွေ့လိုက်ရသည်
“မင်းက သေချာပေါက်သေသွားပြီးသားလေ!”
ကုတင်ပေါ်တွင်ထိုင်နေသော လျှိုယွီ၏မျက်နှာသည် လန်းဆန်းနေခဲ့ပြီးအခုမှအိပ်ရာကနိုးထလာသလိုမျိုးထူးထူးခြားခြားအသက်ဝင်နေလေသည်
‘အမှန်ဆို သူကအသက်မဲ့နေပြီး မျက်နှာကလည်းဖြူဖျော့နေသင့်တာမလား’
လျှိုယွီတစ်ယောက် သူ့ကိုဆရာဝန်က စိုက်ကြည့်နေတာကြောင့် အနည်းငယ်ကြောင်သွားပြီး ရှက်ပြုံးလေးပြုံးပြလိုက်သည်
“အို ဒေါက်တာ ငါလည်း သေပြီထင်သွားတာ! ဒါပေမယ့် တစ်နည်းနည်းနဲ့ ငါ အသက်ရှင်နေတုန်းပဲ.. ဒါက မင်းရဲ့ မယုံနိုင်စရာဆေးပညာ ကျွမ်းကျင်မှုကြောင့်ဖြစ်ရမယ်..မင်းရဲ့နတ်ဘုရားလိုကျွမ်းကျင်မှုတွေက လူတွေကို အသက်ပြန်ရှင်လာစေတယ်!”
မြှောက်ပင့်ပေးခြင်းသည် အမြဲတမ်းအထောက်အကူဖြစ်သည်..လျှိုယွီသည် ဆရာဝန်က ဒီလိုချီးကြူးမြှောက်ပင့်ခြင်းကို ဂုဏ်ယူနေလိမ့်မည်ဟုထင်ခဲ့သည်
ဒါပေမယ့် ဂုဏ်ယူသွားရမယ့်အစား အဲဒီ့ဆရာဝန်က လျှိုယွီကိုသတိအပြည့်ဖြင့်ကြည့်လာပြီး သူ့ရဲ့ကုတ်အင်္ကျီအိတ်ထဲက ဓားတစ်ချောင်းကိုထုတ်လာသည်..ဒီအမူအရာက လျှိုယွီကိုခေါင်းကြိမ်းသွားစေ၏
အခန်းမျက်နှာကျက်ရှိ မီးအလင်းရောင်က ဓားသွားကိုထိသွားပြီး အလင်းတန်းတစ်ခုဖြစ်ပေါ်လာသည်..ဒါကပဲ လျှိုယွီရဲ့ နှလုံးခုန်နှုန်းကို ပုံမှန်ထက်ကျော်လွန်သွားစေ၏
သူ ကုတင်ပေါ်မှခုန်ဆင်းကာ အနောက်သို့အမြန်ဆုတ်လိုက်သည်
ဒေါက်တာဒွန်းသည် အရှိန်မြှင့်လာကာ သူ၏ ကနဦးတုန်လှုပ်ချောက်ချားမှုကို အေးချမ်းသောအမူအရာဖြင့် အစားထိုးလိုက်သည်
ဒါက လျှိုယွီအတွက်တော့ အဆင်ပြေမနေဘူး
စဉ်းစားချိန်ပင်မရလိုက်ဘဲ လျှိုယွီက ဝမ်းနည်းမှုအပြည့်ဖြင့် သူ့ခေါင်းကို တင်းတင်းဆုပ်ကိုင်ပြီးပြေးရင်းပင် ညည်းတွားလိုက်သည်
🌠🌠🌠🌠🌠