18+

ကြွေ🍁🍁🍁🍁(Taekook fanfiction)

0
Your Rating
ကြွေ🍁🍁🍁🍁(Taekook fanfiction) 0 (0)
73
Comments
Bookmark This

ဂလု! အလှလေးက တကယ်ကိုစားချင်စရာလေး

အပိုင်း(၁)🍁🍁🍁🍁

“ဘုတ်!!!!”

 

လမ်းခုလတ်တစ်နေရာ၌ တိုက်မိကြသည့် သူနှစ်ဦး။

 

တိုက်မိသည့်အရှိန်ကြောင့် တစ်ဖက်မိန်းကလေးလက်ထဲရှိ အထုပ်များမြေပေါ်သို့ ပျံ့ကြဲကုန်ကြသည်။

 

ပျံ့ကြဲကုန်ပြီဖြစ်သော အထုပ်များအား ကြည့်ပြီး မိတ်ကပ်များထူထပ်အောင် လိမ်းထားသော သူမမျက်နှာဟာ တဖြည်းဖြည်းနှင့် နီရင့်လာချေပြီဖြစ်သည်။

 

“ဒီမှာ!!!ရှင်…..ဘယ်လိုလုပ်လိုက်တာလဲဟမ်!

ဒီအဝတ်အစားတန်ဖိုးက ဘယ်လောက်လို့နင်ထင်နေတာလဲ”

 

ရှေ့မှသူအား အစုန်အဆန်ကြည့်ပြီးနောက် အထင်သေးလိုဟန်ဖြင့် နှုတ်ခေါင်းရှုံ့ကာပြောလိုက်သည့် သူမ။

 

တစ်ဖက်မှကောင်လေး၏ မျက်နှာသည်လည်း ပြိုတော့မည့် မိုးဟန်ဖြင့်

“ဟို……..Tae….တောင်းပန်ပါတယ်နော်

Taeအလျင်လိုနေလို့ပါ…..Taeမမြင်လိုက်မိလို့ပါ အစ်မ”

 

“နင်…..တောင်းပန်တာကလွယ်လိုက်တာ

တောင်းပန်တယ်ဆိုတာ……….ဒူးထောက်ပြီးတောင်းပန်မှ…. တောင်းပန်တယ်လို့ခေါ်တယ်ဟဲ့”

 

“ဒူးထောက်တောင်းပန်ရမယ်

ဟုတ်လား…….ဟင်”

 

မျက်နှာငယ်လေးဖြင့် မေးသည့်ကောင်လေးအား ကြည့်ကာ ပြုံး၍ပင်

 

“အဟင်း~……ဟုတ်တယ်”

 

သူမပြောသည့်အတိုင်း ဒူးထောက်တော့မည့် သူအားကြည့်ကာ ကျေနပ်နေခိုက် ခပ်ဝေးဝေးမှပျံ့လွင်လာသည့် တားမြစ်သံ။

 

“ရပ်လိုက်!!!!!”

 

အသံပိုင်ရှင်ကား ခြေလှမ်းကြဲကြီးများဖြင့် သူမတို့အနားရောက်ချလာ၏။

 

ပတ်ဝန်းကျင်သည်လည်း သို့လောသို့လောဖြင့် တီးတိုးဝေဖန်နေကြသည်။

 

အနားရောက်လာသည့် သူ၏သွင်ပြင်ကား ချောမောသည်၊ ကြည့်ကောင်းသည်ထက် သာလွန်၍ အရှိန်အဝါတစ်မျိုးထွက်လို့နေသည်။

 

ညိုစိမ့်စိမ့်အသားအရည်၊ တောင့်တင်းသည့် ကြွက်သားများက လှမ်းလိုက်သည့်ခြေလှမ်းစီတိုင်းတွင် ပို၍ပေါ်လွင်လာကာ မြင့်မားသည့်အရပ်ကြောင့် ထိုလူသား၏အသွင်ဟာ ပြည့်စုံသည်ထက်သာ၍ပင် ပြည့်စုံလို့နေ၏။

 

အနားရောက်လာလေ ပို၍ထင်ရှားလာသော မြင်ကွင်းကြောင့် လှပသည့်မျက်နှာကလေးက Jungkookမြင်ကွင်းထဲ ထင်ရှားစွာရောက်ရှိလာသည်။

 

မဟူရောင်ဆံနွယ်တို့က နှာဖူးကျဥ်းကျဥ်းလေးပေါ်တွင် ခပ်အုပ်အုပ်ကလေး တည်ရှိနေလျက်။

 

ဝိုင်းစက်ပြူးကျယ်သော မျက်လုံးလေးများက ဖန်လုံးလေးသဖွယ် ကြည်လင်နေ၏။

ဖြောင့်စင်းနေသော နှာတံလေးကလည်း အသည်းယားဖွယ် ကောင်းလှသည်။

 

နှင်းဆီဖူးရောင်နှုတ်ခမ်းဖူးသေးသေးလေးက ခပ်ရဲရဲလေး ဖြစ်နေသေးသည်။

 

ဖြူဥနုဖက်နေသော အသားအရည်က မထိရက်မကိုင်ရက် အလှထားချင်စဖွယ်။

 

ခြုံငုံပြီးပြောရမည်ဆိုရင်ဖြင့် Jungkookရှေ့မှထိုကောင်ငယ်လေးကား Jungkookတွဲဖူးသမျှ၊တွေ့ဖူးသမျှ လူအားလုံးထက် သာလွန်၏။ ထူးခြား၏။ လှပ၏။

 

Jungkookရင်ခွင်ထဲတစ်သက်တာ ခိုနားထိုက်သည့် အလှလေးပင်ဖြစ်ပေသည်။

 

ထိုအလှလေး၏ ဆွဲဆောင်မှုကြောင့် Jungkookလိုလူရှုပ်လူပွေတစ်ယောက်ကတောင် တစ်သက်တာအနားခေါ်ထားချင်သည့် စိတ်တို့ပင်တဖွားဖွား။

 

ဤသို့ နန်းစံသည့်အလှတရားလေး လူအများကြားအရှက်ရမည်အား သူ့လိုလူက အဖြစ်မခံနိုင်ပေ။

 

ထို့ကြောင့်ပင် အလှလေး၏ အနားသို့ခြေလှမ်းကျယ်ကြီးလှမ်းကာ အနားသို့ရောက်အောင် သွားလိုက်ချေသည်။

 

ထို့နောက် ကောင်ငယ်လေးရှေ့မှ ကာရပ်လိုက်ကာ အထက်စီးဆန်သည့် လေသံဖြင့် သူမအားကြည့်ကာမေးလိုက်သည်။

 

” ဘယ်လောက်လဲ!!!! ”

 

” ………… ”

 

သူမကတော့ မာန်ပြောသည်အား ကြောင်အစွာဖြင့်သာ ကြည့်နေ၏။

 

” ဘယ်လောက်လဲလို့!! ”

 

Jungkook…..စိတ်မရှည်စွာ နောက်တစ်ခါထပ်မေးသည့် အချိန်မှ ထစ်ထစ်ငေါ့ငေါ့ဖြင့်

“ဟို………၁၀….၁၀သိန်းပါ”

 

သူမစကားအဆုံး Jungkookတစ်ချက်ရယ်လိုက်ကာ

 

” ဟက်~ ရော့……ဒီမှာ ချက်လက်မှတ်

မင်းကြိုက်သလောက် ကိန်းဂဏန်းဖြည့်လိုက်

ပြီးရင်တော့…….အပိုစကားမဆိုဘဲ ထွက်သွား”

 

“ဟုတ်……ဟုတ်ကဲ့”

 

သူမရှေ့မှ လူသားအား မေသွားမရှုပ်ဝံ့ပေ။

Jungkookဆိုတဲ့ထိုလူသားဟာ ကမ္ဘာ့ထိပ်တန်းစာရင်းဝင်လူချမ်းသာတစ်ယောက် ဖြစ်သည့်အတွက် အကဲမစမ်းသင့်သည့် လူမှန်း ဦးဏှောက်ရှိသည့်လူတိုင်းနားလည်ကြမည်ဖြစ်၏။

 

သို့ဖြစ်သည့်အတွက် မေသည်လည်း မေ့အသက်ကလေးအား နှမြောသဖြင့် သွေးကြောစိမ်းများယှက်ဖြာနေသည့် လက်တစ်စုံမှ ချက်လက်မှတ်အားယူ၍ပင် ထိုနေရာမှ သုတ်ချေတင်ထွက်လာခဲ့လိုက်တော့သည်။

 

သူများကိစ္စအား စပ်စုချင်သည့် လူအုပ်ကြီးသည်လည်း ထိုနေရာမှ အသီးသီး လူစုခွဲသွားကြလေသည်။

 

သူ့နားမှလူအုပ်ကြီး လူစုခွဲသွားကာမှ Jungkookသည်လည်း အလှလေးအား ပြုံး၍ပင်အမေးစကားဆိုရတော့သည်။

 

“အဆင်ပြေရဲ့လား

ကိုယ်…..ဘာကူညီပေးရဦးမလဲ”

 

အမေးစကားနောက် လိုက်ပါလာသည့် အသံလေးကား သေးသေးသွယ်သွယ် လူလေးအတိုင်း ပိစိလေးပင်။

 

“ဟုတ်ကဲ့……Taeအဆင်ပြေပါတယ်

Tae ကို အခုလို ကူညီပေးလို့ကျေးဇူးပါ”

 

“ရပါတယ်

ကိုယ်က…..အမြင်မတော်လို့ ကူပေးလိုက်တာပါ”

 

မင်းက အလှလေးဖြစ်နေလို့ဆိုတာတော့ သူထုတ်မပြောလိုက်။

 

ပြီးနောက် ကောင်ငယ်လေးရှေ့ လက်တစ်ဖက်ထိုးပေးကာ

“ကိုယ့်နာမည်က Jungkookပါ”

 

“ဟုတ်ကဲ့

Taeနာမည်က Taehyungပါ”

 

အပြောနှင့်အတူ လက်ဆွဲနှုတ်ဆက်လိုက်သည့် ဖြူလျလျလက်တစ်စုံကြောင့် ရရှိလိုက်သည့်နူးညံမှုလေးက ဝါဂွမ်းလေးအတိုင်းပင်။

 

“Taeတဲ့လား

နာမည်လေးက လှတယ်နော်”

 

Taehyungဆိုတော့ ငယ်ပေါ့။

ကိုယ့်ရဲ့ငယ်………..။

 

“အာ~ဟုတ်ကဲ့”

 

မျက်နှာတည့်တည့် စိုက်ကြည့်နေသည့် သူ့အကြည့်ကြောင့်ထင် ကောင်ငယ်လေး၏ ဖြူဖြူဖွေးဖွေးမျက်နှာလေးက စတော်ဘယ်ရီသီးလေးလို နီနီရဲရဲလေး ဖြစ်လာချေသည်။

 

တွေးရင်းငေးရင်း စတော်ဘယ်ရီသီးပင် စားချင်လာသလို။

 

“ဂလု!!!”

 

အား~အရသာရှိလိုက်မယ့် စတော်ဘယ်ရီလေး။

 

အိမ်ရောက်ရင်တော့ ဟိုကောင် နေလင်းကို စတော်ဘယ်ရီဝယ်ခိုင်းဦးမှပင်။

 

တစ်ဖန်……သူ့ရဲ့အလှလေးဆီက အသံသေးသေးလေးက ထပ်မံထွက်ပေါ်လာပြန်သည်။

 

“ဟို……..Taeသွားစရာလေးရှိသေးလို့

သွားလိုက်ပါဦးမယ်”

 

“အင်း…….ဒါနဲ့

ကိုယ်…. အိမ်ပြန်လိုက်ပို့ပေးရဦးမလား”

 

Jungkookအမေးကို လက်တခါခါဖြင့် ငြင်းလျက်

“ဟို……ရပါတယ်

Taeကိုယ်ကိုယ်ကိုယ် သွားလိုက်ပါမယ်”

 

“ဟုတ်ပါပြီ”

 

“အဲ့ဒါဆို…..Taeသွားလိုက်ပါဦးမယ်နော်”

 

“ကောင်းပါပြီခင်ဗျာ”

 

ထို့နောက်တွင်တော့ Jungkookရှေ့မှအလှလေးဟာ Jungkookအနားမှ ကျောခိုင်းလျက် တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

 

သူကတော့ ပျောက်ကွယ်သွားသည့် ထိုကျောပြင်ငယ်လေးအား ငေးကြည့်ရင်းသာ ကျန်ရစ်ခဲ့လေသည်။

 

ကြွေတဲ့…………။

ကြွေပြီးရင်းကြွေ…….ခြွေပြီးရင်းခြွေပါတဲ့ ငယ်။

 

 

 

 

 

 

 

 

Genre(s)
Tags(s)