Chapter 0(description)

‘ဝမ်ဖန်’သည် သူ့ငယ်သူငယ်ချင်း’ရှောင်းယိီစု’ နှင့်ကြီးပြင်းခဲ့သည်မှာကြာပြီဖြစ်သည်..ရှောင်းယီစုသည်ဆယ်မီတာအရှည်ရှိသောဓါတ်တိုင်ကြီးကဲ့သို့ဖြောင့်ဆင်းနေသောအဖြောင့်စစ်စစ်ဖြစ်သည်..သူသည် လိင်တူချစ်ကြိုက်သူများကိုရွံရှာပြီးလိင်တူချစ်သူအသိုင်းအဝိုင်းများနှင့်လည်းအဆက်အဆံမလုပ်ဘဲရှောင်ရှားခဲ့သည်..
ဝမ်ဖန်သည် လိင်တူချစ်ကြိုက်သူဖြစ်ခဲ့သော်လည်း သူတစ်ပါးကိုပါကွေးအောင်လုပ်ရန် စိတ်မဝင်စားခဲ့ပေ..ရှောင်းယီစုနှင့်အမြဲတမ်း သူငယ်ချင်းအဖြစ်နေနိုင်ရင်ကောင်းမယ်.. သို့သော်ရှောင်းယီစု၏နှစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့တွင် သူနဲ့စာချုပ်တစ်ခုချုပ်ဆိုရင်ဖြစ်လာခဲ့သည်
လက်ထပ်စာချုပ်!!
ရှောင်းယီစုသည် စိတ်ညစ်နေပြီး
“ဝမ်ဖန်~ ငါ့မိဘတွေက အရမ်းတွန်းအားပေးနေတယ်”
ဝမ်ဖန်သည် သူ့မိဘများ၏ဖိအားကြောင့်လက်ထပ်ရန်သဘောတူခဲ့လေသည်
ဝမ်ဖန်သည် ‘ရှောင်းgroup’ပိုင်ရှင်သူဌေး၏ သူငယ်ချင်းကောင်းအဖြစ်မှ ‘Mrs.ရှောင်း’အဖြစ်သို့ရောက်သွားခဲ့သည်.. လူတိုင်းသည် သူတို့၏ချစ်စရာကောင်းသောဆက်ဆံရေးကို မနာလိုအားကျဖြစ်နေကြသော်လည်း ဝမ်ဖန်ကတော့ ထို့သို့မဟုတ်ခဲ့.. ရှောင်းယီစုသည် မိန်းကလေးများကိုသာနှစ်သက်ကြောင်း သူအမြဲသတိရနေပြီး သူ့(ရှောင်းယီစု)ကို ဘယ်သောအခါမှ နှောင့်ယှက်မည်မဟုတ်ပေ.. ရှောင်းယီစုသည် အိမ်ကိုတစ်ခြားသူတွေခေါ်လာတာကိုလည်း စိတ်မ၀င်စားဘဲ စာချုပ်သက်တမ်းကုန်သောအခါ ချက်ချင်းထွက်သွားမည်ဟုသာ ထပ်ခါတလဲလဲပြောနေခဲ့သည်
မမျှော်လင့်ဘဲတစ်နေ့တွင် ရှောင်းယီစုသည် လူမှုရေးပွဲတစ်ခု၌ မသန့်ရှင်းသောဝိုင်ကို သောက်မိခဲ့ပြီး ဝမ်ဖန်၏အခန်းထဲသို့သွားကာတစ်ညတာအတူတူကုန်ဆုံးခဲ့ကြသည်..နောင်နေ့တွင်ဝမ်ဖန်မထနိုင်တော့ပေ
ဒါကစာချုပ်စည်းကမ်းကိုချိုးဖောက်တဲ့မတော်တဆမှုတစ်ခုဖြစ်ပြီး ရှောင်းယီစုက သူအမှားလုပ်မိကြောင်းသိကာလျော်ကြေးပေးချင်ခဲ့သည်.. သို့သော် ဝမ်ဖန်က
“ငါတို့နှစ်ယောက်လုံးကယောက်ျားသားတွေပဲလေ! မေ့ထားလိုက်တော့”
ထိုနေ့ပြီးနောက်တွင် ဝမ်ဖန်သည် သူလိုချင်သည့်အတိုင်းသာသူ့ဘဝကိုဆက်လက်ဖြတ်သန်းနေခဲ့သော်လည်း တားမြစ်သစ်သီး၏အရသာကိုသိသွားသော ရှောင်းယီစုသည် ငြိမ်သက်မနေနိုင်တော့ပေ
ဝမ်ဖန်သည် ယခင်နေ့တွေထက် ပိုမိုလှပလာပြီး ပို၍စွဲဆောင်မှုရှိလာသည်ဟု ရှောင်းယီစုထင်နေမိသည်..ဝမ်ဖန်သည် လသာဆောင်တွင်ထိုင်၍စာဖတ်နေသောညနေခင်းတိုင်း သူသည် ဝမ်ဖန်ကိုငေးမောကာစိုက်ကြည့်လေ့ရှိသည်.. ဝမ်ဖန်အောက်ပိုင်းကိုပုဝါပတ်ထားပြီးရေချိုးခန်းမှထွက်လာသည်ကိုတွေ့လိုက်ရသောအခါ ရှောင်းယီစုသည်တစ်ညလုံးနှာခေါင်းသွေးများလျှံနေတတ်သည်.. အိပ်မက်ထဲမှာလည်းသူမြင်လိုက်သမျှက အဲဒီညက ဝမ်ဖန်၏ချောမောတဲ့ရုပ်ရည်ပင်
ဝမ်ဖန်သည် ရှောင်းယီစုနှင့်ပတ်သက်ခဲ့သည့်ထိုအဖြစ်အပျက်ကို မေ့ဖျောက်ထားခဲ့သည်.. ဖြောင့်စင်းသောသံမဏိသမားရှောင်းယီစု သည်သူနဲ့ဖြစ်ခဲ့သမျှအရာအားလုံးကို ရွံရှာနေမည်ဟုသူထင်ခဲ့သည်..မဟုတ်ရင် သူ(ရှောင်းယီစု)ဘာလို့ဒီလောက်အကြာကြီး သူ့ကိုရှောင်နေမှာလဲ..ဝမ်ဖန်သည်သူတို့စာချုပ်ကို စောစောစီးစီး ရပ်စဲနိုင်လိမ့်မည်ဟုလို့ထင်ခဲ့သည်
သို့သော်…..
ခမ်းနားကြီးကျယ်သောပွဲ၌ တစ်စုံတစ်ယောက်သည် ဝမ်ဖန်အား အဓမ္မကျင့်ရန်ကြိုးစားပြီး သူ့ကိုနမ်းခါနီးအချိန်တွင် ရှောင်းယီစုရောက်လာပြီးထိုလူကို လက်သီးဖြင့်ထိုးလိုက်သည်
သူ့မျက်လုံးများသည်ထိန်းမနိုင်သိမ်းမရ ဒေါသစိတ်များဖြင့်ပြည့်နှက်နေသည်.. ထို့နောက်သူကအံကြိတ်လိုက်ပြီး
“မင်း ငါ့အမျိုးသားလေးကိုထိရဲတယ်ပေါ့”
………
နောက်ပိုင်းတွင်သူတို့၏စာချုပ်သက်တမ်းသည်ပြီးဆုံးသွားသော်လည်း ရှောင်းယီစု သည် အရာအားလုံးကို မေ့သွားပုံပင်..ထို့ကြောင့်ဝမ်ဖန်က သူ့ကို ညင်သာစွာသတိပေးခဲ့သည်
အဲဒီညက အလင်းရောင်မှိန်ပျပျအခန်းလေးထဲတွင် ရှောင်းယီစုသည်သူ့ကိုနံရံနှင့်ဖိကပ်လိုက်ပြီး
” ဖန်ဖန်~ကိုယ်တို့
မကွာရှင်းဘဲနေကြရအောင်လေ..ဟုတ်ပြီလား”
Wine Mine
ကြိုက်တယ်😍😍😘😘😘😘
Cherry 🍒
🥰🥰