Chapter 1

ရန်ချန်းမြို့၏အာဏာရှိအသိုင်းအ၀ိုင်းကြားတွင် ‘Mr.ရှောင်း’ကိုထိန်းချုပ်နိုင်သောလူတစ်ယောက်သာရှိသည်.. ထိုသူသည် Mr.ရှောင်း၏ငယ်သူငယ်ချင်း’ဝမ်ဖန်’ ဖြစ်သည်
အမှန်တော့ ရှောင်းမိသားစုမှခေါင်းဆောင်အသစ်ခန့်အပ်ခြင်းခံရသောMr.ရှောင်းသည် ငွေကြေးထရီလျံနှင့်ချီပြီးပိုင်ဆိုင်သောကြောင့် ရန်ချန်းရှိစီးပွားရှင်များက လိမ်လည်ရယူရန် ကြိုးစားနေကြသည်..ထို့ကြောင့်သူ့ငယ်သူငယ်ချင်းဖြစ်သူဝမ်ဖန်ကကာကွယ်ပေးရခြင်းဖြစ်သည်..ဝမ်ဖန်သည်အာဏာပါဝါတော့မရှိပေ
ဝမ်မိသားစုသည် ပညာတတ်မိသားစုဖြစ်သည်.. အတိအကျပြောရလျှင်ရန်ချန်းမြို့ရှိအခြားသူများသည် Mr.ရှောင်း၏ခြေသလုံးကိုဖက်ချင်သော်လည်း အရည်အချင်းပြည့်မီမည်မဟုတ်ပေ..သို့သည့်တိုင် ဝမ်ဖန်သည် Mr.ရှောင်းကို ထိန်းချုပ်နိုင်ရန်ဘယ်လိုကံကောင်းမှုတွေပိုင်ဆိုင်ထားတာလဲ
စန္ဒယားကိုတီးခတ်တတ်သောလက်များကြောင့်လား
အခြားသူများ၏သံသယများမည်သို့ပင်ရှိစေကာမူMr.ရှောင်းကိုဝမ်ဖန်မှလွဲ၍ မည်သူမှ ထိန်းချုပ်နိုင်စွမ်းမရှိသည်ကိုတော့ဝန်ခံရလိမ့်မည်..
နေဝင်ရီတရောအချိန်တွင်မြို့လယ်ခေါင်ရှိ ကျယ်ဝန်းပြီးတောက်ပသောတေးဂီတဆိုင်တစ်ဆိုင်တွင် တံခါးကိုပိတ်နေသောအဖြူရောင်ရှပ်အင်္ကျီဝတ်ထားသည့်လူငယ်တစ်ဦးသည် သော့ကိုဂရုတစိုက်ခတ်နေလေသည်
သူသည်အရပ်ရှည်ရှည်သွယ်သွယ်လျလျနှင့်အလွန်ချောမောလွန်းလှသည်..သူသည် အီလက်ထရွန်းနစ်သော့ကိုဂရုတစိုက်ပိတ်နေရင်း လှုပ်ခတ်လိုက်သောမျက်တောင်များသည်အလွန်တင့်တယ်နေကာ ပန်းချီကားတစ်ချပ်နှင့်ပင်တူသည်.. သူ၏အသားအရေသည်လည်း ဆောင်းနှင်းကဲ့သို့ဖြူစင်နေကာ သူ့ဆံပင်သည်နက်မှောင်သောမှင်ရည်များလိမ်းခြယ်ထားသကဲ့သို့ပင် သူ၏နီညိုရောင်နှုတ်ခမ်းများအပါအဝင်အရာအားလုံးသည် စွဲမက်ဖွယ်ကောင်းလှပေသည်
စန္ဒယားဆိုင်တံခါးကိုသော့ခတ်ပြီးနောက် သူသည်လှေကားထစ်များအတိုင်းဆင်း၍အိမ်သို့ပြန်လာခဲ့သည်
ညဘက်တွင် မြို့လယ်ခေါင်၏အလင်းရောင်များက သူ့မျက်နှာပေါ်တွင်ရောင်ပြန်ဟပ်နေပြီးရင်သပ်ရှုမောဖွယ်လှပနေသည်
ဝမ်ဖန်၏ တိုက်ခန်းသည် အနီးနားတွင်ရှိပြီး အိမ်သို့လမ်းလျှောက်ပြန်လာခဲ့ခြင်းဖြစ်သည်
ခဏကြာသောအခါသူ့အိတ်ကပ်ထဲက လက်ကိုင်ကဖုန်းမြည်လာခဲ့သည်..ဝမ်ဖန် ကြည့်လိုက်သောအခါ အတွင်းရေးမှူးချင် ဖုန်းခေါ်လာခြင်းပင်
အတွင်းရေးမှူးချင်သည် ရှောင်းမိသားစုမှဖြစ်ပြီး ရှောင်းယီစုနှင့်အလုပ်လုပ်ခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်သည်..သူသည်တိကျပြီး တည်ငြိမ်ကာ များသောအားဖြင့်သူ့(ဝမ်ဖန်)ကိုဖုန်းခေါ်လေ့မရှိပေ..အကယ်၍ သူဖုန်းခေါ်ခဲ့လျှင် မစ္စတာရှောင်း၌ပြဿနာတစ်ခုခုရှိနေသောကြောင့်ပင်..
ဝမ်ဖန်ကဖုန်းကိုင်လိုက်ကာ
“အတွင်းရေးမှူး ချင်”
လူငယ်လေး၏အသံသည် အလွန်နူးညံ့သိမ်မွေ့ပြီး ကြည်လင်သော စမ်းရေတွင်းမှ စီးဆင်းနေသော ရေများကဲ့သို့ နားထဲတွင် အလွန်သာယာနာပျော်ဖွယ်ကောင်းလှသည်
သို့သော် အတွင်းရေးမှူးချင် သည် ဤကောင်းမွန်သောအသံကိုတန်ဖိုးထားနားလည်ရန် အချိန်မရှိသဖြင့်မြန်မြန်ဆန်ဆန်ပဲပြောလိုက်သည်
“Mr.ဝမ်! Mr.ရှောင်းကအရက်မူးပြီးဟိုတယ်မှာအနားယူနေတယ်.. ပြီးတော့..သူ.ဒီနေ့စိတ် အခြေအနေမကောင်းဘူး”
ဝမ်ဖန် မျက်ခုံးပင့်ကာစာကြောင်း၏ ဒုတိယပိုင်းသည် အဓိကအချက်ဖြစ်ကြောင်းသိလိုက်သည်
ရှောင်းယီစုသည် မွေးစကတည်းက ပိရမစ်ထိပ်တွင် ရပ်နေသော ကောင်းကင်ဘုံ၏ ဂုဏ်ယူစရာသားတော်အဖြစ်မွေးဖွားလာခဲ့သည်.. အသက်နှစ်ဆယ့်လေးနှစ်တွင် ရှောင်း မိသားစု၏အာဏာကိုရရှိပြီးနောက် ရန်ချန်းတွင်သူ၏လုပ်နိုင်စွမ်းကိုပြသခဲ့သည်..နှစ်အနည်းငယ်အတွင်းမှာပင် ရှောင်းမိသားစု၏ ဘေးနားကကပ်ဖားလျက်ဖားတွေပင်သူ့ကို ကြောက်ရွံ့ရိုသေလာကြသည်
ရှောင်းယီစု၏ဆိုးသောအချက်မှာဒေါသကြီးခြင်းပင်ဖြစ်သည်..အတွင်းရေးမှူးချင်သည် သူ့နောက်သို့သုံးနှစ်ကြာအောင်လိုက်ပြီးသည့်တိုင်ထိတ်လန့်နေဆဲ..ကြောက်ရွံ့နေဆဲပင်
ရှောင်းယီစု စိတ်ဆိုးနေတဲ့အခါပုံမှန်အားဖြင့်မည်သူကိုမျှပြောပြလေ့မရှိပေ..သို့သော် ထိုလူများကြားတွင် ဝမ်ဖန်းတော့မပါပေ..ထို့ကြောင့် အတွင်းရေးမှူးချင်သည်Mr.ရှောင်းတစ်ခုခုဖြစ်တိုင်းသူ့ကိုဖုန်းဆက်ခဲ့သည်
ရှောင်းယီစုသည် လေ့ကျင့်ရခက်သောမြင်းတစ်ကောင်ဖြစ်ပြီး ဝမ်ဖန်သည်ထိုဇာက်ကြိုးကိုထိန်းသူဟုပင် ရန်ချန်းမြို့တွင်လူအများပြောလာကြသည်
“ကျွန်တော်နားလည်ပါတယ်..သူ့လိပ်စာကိုကျွန်တော့ဆီပို့ပေးပါ..ကျွန်တော်ချက်ချင်းအရောက်လာခဲ့မယ်”
အတွင်းရေးမှူးချင်သည်ကျေးဇူးတင်သွားပြီးလိပ်စာကိုဝမ်ဖန်၏ဖုန်းသို့အမြန်ပို့ပေးလိုက်သည်
၎င်းသည် ရန်ချန်းမြို့ရှိ ထိပ်တန်းဇိမ်ခံဟိုတယ်တစ်ခုဖြစ်သည်
ဟိုတယ်သည် မြို့လယ်ခေါင်၏အစည်ကားဆုံးဧရိယာတွင် တည်ရှိပြီးဤအချက်အချာကျသောနေရာတွင်သီးသန့်နေရာတစ်ခုအဖြစ်ဖန်တီးထားသည်
တန်ဖိုးအရှိဆုံးအရာမှာ ပရမ်းပတာများကြားတွင်အေးချမ်းမှုကိုရှာဖွေခြင်းဖြစ်ပြီး ယင်းသည်ချမ်းသာသူများ၏အကျိုးစီးပွားနှင့် အကိုက်ညီဆုံးဖြစ်သည်
တက္ကစီကို အပြင်ဘက်ဆုံးလမ်း၌ရပ်ခိုင်းလိုက်ပြီး ဝမ်ဖန်ဆင်းလိုက်သောအခါ အတွင်းရေးမှူးချင် အဝေးမှကားဖြင့်စောင့်နေသည်ကို တွေ့လိုက်ရသည်
ကားသည် စမ်းရေတွင်းအဝိုင်းကိုဖြတ်ပြီးနောက်ဖြည်းဖြည်းချင်းရပ်သွားသည်
ဤဇိမ်ခံဟိုတယ်သည်ယခုအချိန်တွင်လင်းလက်တောက်ပနေပြီး တန်ဆာဆင်ထားသော ဗိသုကာပုံစံနှင့် အရောင်အသွေးများဖြင့်တင်တယ်လှပနေသည်
အတွင်းရေးမှူးချင်သည် ဝမ်ဖန်ကိုအထဲသို့ခေါ်သွားလိုက်သည်
ဒါက အထက်တန်းစားပွဲဖြစ်ပုံပင်..ဝိုင်ခွက်များကိုလဲလှယ်ကာစားသောက်နေကြသူများကိုဝမ်ဖန်မသိသော်လည်း သူ့ကိုတော့လူတော်တော်များများကသိကြသည်
Mr.ရှောင်းတွင် အလွန်ချောမောလှပသော သူငယ်ချင်းတစ်ယောက်ရှိပြီးထိုအကြောင်းကို ရန်ချန်းမြို့တစ်ဝက်လောက်သိကြသည်
သို့သော်သူ၏အလှတရားကိုသာကြားဖူးကြပြီး မည်မျှလှသည်ဆိုတာကိုမတွေ့ဖူးကြပေ.. ထို့ကြောင့် ဒီနေ့သူ့ကိုပထမဆုံးအကြိမ်တွေ့လိုက်ရသောအခါသူတို့အံ့ဩသွားကြသည်
Mr.ရှောင်းကို သူထိန်းချုပ်နိုင်တာအံ့ဩစရာ မရှိပါ..ချက်ချင်းဆိုသလိုပင် အချို့လူများက တိုးတိုးတိတ်တိတ်အတင်းအဖျင်းများပြောကြတော့သည်
“ဒါက Mr.ရှောင်းရဲ့သူငယ်ချင်းပဲမလား သူတို့ကချစ်သူတွေမဟုတ်လောက်ပါဘူး”
လူအချို့ကတိုးတိုးလေး ရယ်မောရင်း
“ သူတို့သာတကယ်အဲ့လိုစိတ်ရှိရင် အနှစ်နှစ်ဆယ်ကြာအောင် သူငယ်ချင်းဖြစ်နိုင်ပါ့မလား”
“ဟုတ်တယ်”
ထိုလူက အသံကို လျှော့၍
“Mr.ရှောင်းကလိင်တူချစ်သူမကြိုက်ဘူးဆို.. ဒီလိုမှမဟုတ်ရင် သူတို့နှစ်ပေါင်းများစွာ ခင်မင်လာတာကောလဟာလတွေဘာလို့မထွက်ခဲ့တာလဲ”
အတင်းအဖျင်းပြောသူများသည် ခေါင်းယမ်းကာဘာအကြောင်းကြောင့်သက်ပြင်းချရမှန်းမသိဖြစ်နေကြသည်
……………………..
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က လိင်တူလက်ထပ်ခြင်း ဥပဒေကြမ်းကိုခွင့်ပြုပေးခဲ့သည်..သို့သော်လူ့အဖွဲ့အစည်း၏ဖွဲ့စည်းပုံမှာ ပုံမှန်အတိုင်းဖြစ်နေဆဲပင်..လိင်တူလက်ထပ်သူများမှာအလွန်ရှားပါးပြီး သာမန်အားဖြင့်လိင်ကွဲနှစ်သက်သူများဖြစ်ကာ ဥပဒေကြမ်းတစ်ခုအတည်ပြုခြင်းသည်လူတစ်ဦး၏လိင်စိတ်ခံယူမှုကိုပြောင်းလဲမည်မဟုတ်ပေ..ထိုအထဲတွင်ဖြောင့်တန်းနေသော ရှောင်းယီစုလည်းအပါအဝင်ဖြစ်သည်
ဝမ်ဖန်သည်သူ့ကိုသိလာတာအနှစ်နှစ်ဆယ်ရှိပြီဖြစ်သည်..Mr.ရှောင်းသည်အမျိုးသမီးများကို အမျိုးသားများထက်ပို၍နှစ်သက်ကြောင်း ဝမ်ဖန်သိပြီးကတည်းကသူနှင့်ပတ်သက်၍အခြားအတွေးမရှိတော့ပေ..
အမှန်ပင်.. ဝမ်ဖန်သည် လိင်တူကြိုက်သူဖြစ်သည်.. သူ Mr.ရှောင်းကိုကြိုက်သည်..သို့သော်ဝမ်ဖန်သည် သူမရှိဘဲမနေနိုင်သည်အထိတော့မကြိုက်ခဲ့ပေ..သူ့ကိုကြိုက်တာမှန်တယ်..ဒါပေမယ့် သူငယ်ချင်းဖြစ်ရတာလည်းကောင်းပါတယ်လေ..Mr.ရှောင်းကိုကွေးအောင်းလုပ်ဖို့ သူစိတ်မဝင်စားပေ
……………………
အထူးဓာတ်လှေကားသည် ဟိုတယ်၏ ၃၃ ထပ်သို့တက်သွားပြီးနောက် အတွင်းရေးမှူးချင်က ဝမ်ဖန်ကို အခန်းတံခါးဆီသို့ ခေါ်ဆောင်သွားခဲ့သည်
” Mr.ဝမ်.. ! Mr.ရှောင်းကအထဲမှာ ရှိတယ်”
ဝမ်ဖန်သည်ခေါင်းညိတ်ပြလိုက်ကာ တံခါးဖွင့်ရန်အခန်းကတ်ကိုသုံးလိုက်သည်
“ကလစ်”
အခန်းတွင်းရှိအမျိုးသားသည်ထိုတံခါးဖွင့်သံကိုသတိပြုမိပုံရပြီး စိတ်မရှည်သော အသံတစ်ခုထွက်လာသည်
“ထွက်သွား !!”
ထိုလူသည် သက်တမ်းရင့်သောစပျစ်ဝိုင်ကဲ့သို့ဩရှတည်ကြည်သောအသံရှိပြီး သေရည်သေစာသောက်ထားသော်လည်း ယခုအချိန်တွင်သူ၏အသံမှာတည်ကြည်နေဆဲပင်
အတွင်းရေးမှူးချင်နှင့် ဝမ်ဖန်သည် တစ်ယောက်ကိုတစ်ယောက်လှည့်ကြည့်လိုက်ကြသည်
ထို့နောက်ဝမ်ဖန်သည် တံခါးကိုတွန်းဖွင့်ကာ ဝင်လာခဲ့သည်..ထိုစဥ်အခန်းထဲမှလူကပြောလာခဲ့သည်
“ငါထပ်ပြောမယ် ထွက်သွား!!”
အလင်းရောင်မှိန်ပျပျ အခန်းထဲတွင် အနက်ရောင် ၀တ်စုံဝတ်ထားသောအရပ်ရှည်ရှည်နှင့်အမျိုးသားသည်ဆိုဖာပေါ်တွင်နစ်မြုပ်နေသည်.. သူ့မျက်နှာသည်မြင့်မြတ်သော်လည်း အလွန်စိတ်မရှည်သောပုံဖြစ်နေခဲ့သည်
ပုံမှန်အားဖြင့် သပ်သပ်ရပ်ရပ်ရှိသောသူ၏ဆံပင်များသည် ယခုအခါနဖူးပေါ်သို့ ဟိုတစ်စ ဒီတစ်စဖြင့်ရှုပ်ပွနေသည်
ဝမ်ဖန်သည်စကားတစ်ခွန်းမှမပြောဘဲ လမ်းလျှောက်လာကာရေတစ်ခွက်ခပ်လိုက်သည်..ထိုစဉ်ဖန်ခွက်သည်စားပွဲနှင့်ထိသွားပြီး အသံထွက်လာခဲ့သည်..ရေခွက်တော့မကွဲပေ
ရှောင်းယီစု ပေါက်ကွဲတော့မည်ကို ခံစားလိုက်ရပြီး ဝမ်ဖန်သည်ရေခွက်ကိုပေးလိုက်ကာ
“ရေသောက် !! စိတ်ကို ငြိမ်ငြိမ်ထား ! ပြီးရင် အိမ်ပြန်တော့”
ဟုပြောလိုက်သည်
ရှောင်းယီစုသည် သူ့တစ်ကိုယ်လုံးတွင်သဲလွန်စပင်မကျန်တော့အောင် အနှောက်အယှက်များ ချက်ချင်းပျောက်ကွယ်သွားသည်
“အတွင်းရေးမှူး ချင်”
Mr.ရှောင်းကလှမ်းခေါ်လိုက်သည်
“အတွင်းရေးမှူးချင်ကို မခိုင်းပါနဲ့တော့.. သူ့မိန်းမက မကြာသေးခင်ကမှကလေးမွေးထားတာမလား..မင်းအဆင်ပြေရင် သူ့ကိုစောစောပြန်ခိုင်းလိုက်ပါ.. မင်းကအိမ်ထောင်မရှိဘူးဆိုပေမယ့် တခြားသူတွေကတော့မင်းလိုမဟုတ်ဘူးလေ”
အမှောင်ထဲတွင် လူငယ်လေး၏အသံသည် ပျော့ပျောင်းတည်ငြိမ်နေပြီး လူများကိုသက်တောင့်သက်သာဖြစ်စေနိုင်သည့်မှော်စွမ်းအားများပါရှိနေသလိုပင်