Chapter 13
Chapter 13
ခေတ်ဘက်ကသူ့ညီရွှီဇီယွိနဲ့တုန်းက အတွေ့အကြုံတွေကြောင့် ကလေးတွေကဘယ်လောက်ပဲ အသက်ငယ်ငယ် လေးစားမှုရှိပေးသင့်သည်။
“ကိုကို…..” ရွှီဇီရုန်အလျင်အမြန်ပင် ရွှီဇီယန်အတွက်လာပြီး တံခါးဖွင့်ပေးသည်။ သူ့အရှေ့မှာမြင်နေရသည့် အလိုလိုက်ဂရုစိုက်ပေးပြီး သူ့အားပြုံးပြနေသည့်မျက်နှာကို ကြည့်လိုက်ပြီး ရွှီဇီရုန်ပိုပြီးစိတ်ရှုပ်ထွေးလာသည်။
ရွှီဇီယန်ရဲ့ပုံစံတွေ၊ အသံတွေ၊ အလေ့အထတွေက သူ့မှတ်ဉာဏ်ထဲကအတိုင်း အားလုံးအတူတူပဲဖြစ်သည်။ ဒါပေမယ့် သူ့အရင်ဘဝကရွှီဇီယန်နဲ့ အခုသူ့အရှေ့ကရွှီဇီယန် နှစ်ယောက်ရဲ့စိတ်သဘောထားတွေက ၁၈၀ဒီဂရီလောက်ကိုပြောင်းပြန်ဖြစ်နေသည်။
ရွှီဇီယန်ကရွှီရှောင်ဆီသွားပြီး ရွှီဇီရုန်ကတော့ သူ့အခန်းဆီ ပြန်လာသည့်အချိန်၌ သူ့စားပွဲပေါ်မှာ ရွမ်းယွီဓားကိုတင်ထားတာ တွေ့လိုက်ရသည်။
သူ့အခန်းထဲမှာ ရွမ်းယွီဓားကိုတင်ထားရသည့်အဓိပ္ပာယ်က ဘာကြောင့်လဲဆိုတာပြောစရာတောင်မလိုတော့ဘူး။ ဒါပေမယ့် ရွှီဇီရုန်ရှင်းရှင်းလင်းလင်းမှတ်မိသေးသည်။ အရင်ဘဝက သူရွမ်းယွီဓားကို ထိကြည့်မလိုလုပ်တာတောင် ရွှီဇီယန်ကသူ့လက်မောင်းကို ချိုးလိုက်သည်။
ထိုအချိန်တုန်းက သူဘာပြောခဲ့တယ်ထင်လဲ?
‘ခွေးကောင်၊ မင်းကများ ငါ့ပစ္စည်းကိုထိရဲတယ်? မင်းစောစောသေချင်နေလို့လား!’
သူ့မျက်နှာကိုလက်ပေါ်တင်လိုက်ပြီး ရွှီဇီရုန်ရဲ့နှုတ်ခမ်းထောင့်က အေးစက်စက်အပြုံးပြုံးလိုက်သည်။ ထိုအချိန်တုန်းက သူဘာလို့အဲ့ဓားကို သွားကိုင်မိခဲ့တာလဲ? အာ…သိပြီ၊ ရွှီဇီယန်ရဲ့ကျင့်ကြံခြင်းစွမ်းရည်ကို သူအားကျပြီး သူ့ရဲ့ရွမ်းယွီဓားကစွမ်းအားကြီးလို့များလားဆိုပြီး သူသွားကိုင်ကြည့်မိလိုက်တာ။
ကံဆိုးချင်တော့ ဓားကိုကိုင်ကြည့်လိုက်သည့် ရလဒ်ကတော့သူလက်မောင်းတစ်ဖက် ကျိုးသွားတာပဲ အဖက်တင်သည်။ ထပ်ပေါင်းပြောရရင် ထိုအချိန်မှစ၍သူဘယ်တော့မှ လေ့ကျင့်ရေးကွင်းကို မသွားရတော့ဘူး။
သူ့လက်ကိုဖြေးဖြေးချင်းချလိုက်ရင်း ရွှီဇီရုန်ကဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတွေမရှိသည့်အကြည့်ဖြင့် မျက်တောင်မခတ်ဘဲ ရွမ်းယွီဓားကို စိုက်ကြည့်နေသည်။
ရွှီဇီယန် ဒီဓားကိုဘယ်လောက်ထိချစ်လည်း ရွှီဇီရုန်နားလည်သည်။ ရွှီဇီယန်ရဲ့ခွင့်ပြုချက်မရဘဲ ဘယ်သူမှထိုဓားကို သူ့ဗီယိုထဲကနေမထုတ်ရဲပါ။
ဘာလို့ရွှီဇီယန်က ဒီဓားကို သူ့အားပေးရတာလဲ?
ဘာလို့ရွှီဇီယန်က သူ့အပေါ်ဒီလောက်ကောင်းရတာလဲ?
သူကရှစ်နှစ်အရွယ်နဲ့ အမေမရှိဖြစ်ခဲ့ပေမယ့် ဘယ်သူ့အပေါ်ကိုမှမှီခိုအားထားမှုမပြုခဲ့ဘူး။ ဒါကြောင့် ရွှီဇီယန်ဘာကိုရည်ရွယ်တာလည်း သူနားမလည်ဘူး။
သူကအရမ်းကောင်းသည့်အစ်ကိုတစ်ယောက်ဖြစ်ချင်နေတာလား? သူအခုလုပ်နေတာတွေအားလုံးက သူ့(ရွှီဇီရုန်)အတွက်တကယ်ပဲလုပ်ပေးနေတာလား?
ထိုအတွေးကသူ့စိတ်ထဲမှာစက္ကန့်ပိုင်းလောက် လွှမ်းမိုးနေပြီးနောက် သူထိုအတွေးကိုဖယ်ထုတ်လိုက်သည်။ ဘာလို့လဲဆိုတော့ ဒီအရာကဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ ဦးနှောက်ရှိသူတိုင်းသိသည်။
ရွှီဇီယန်ရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး တွေးတောရာမှာ ရွှီဇီရုန်အလွန်အမင်း ခေါင်းရှုပ်လာချိန်တွင် ရွှီဇီယန်တံခါးခေါက်လာသည်။ ရွှီဇီရုန်ကသူ့ရဲ့အမူအရာကို ပြင်လိုက်ပြီး တံခါးကိုသွားဖွင့်လိုက်၏။
“ဘာတွေလုပ်နေတာလဲ၊ ဇီရုန်?” သူ့ရဲ့အပြုအမူတွေ၊အပြုံးတွေကြောင့် ရွှီဇီရုန်ဘယ်လောက်စိတ်ရှုပ်နေရလဲ ရွှီဇီယန်မသိဘူး။
ရွှီဇီရုန်ရဲ့စိတ်ထဲမှာ အတွေးတွေရှုပ်ယှက်ခတ်နေပေမယ့်လည်း သူကချက်ချင်းပင် လိမ်မာသည့်ညီငယ်လေးပုံစံပြောင်းလိုက်သည် “ကျွန်တော် ရွမ်းယွီဓားကိုကြည့်နေတာပါ၊ ကိုကို”
“အာ?ဇီရုန်သဘောကျလား?”
“ကျွန်တော်သဘောကျပါတယ်” ရွှီဇီရုန် သူ့နှုတ်ခမ်းကိုကိုက်လိုက်ပြီး ရှက်ရယ်ရယ်ကာ “ဒါပေမယ့် ကိုကို……….ရွမ်းယွီဓားကအရမ်းအဖိုးတန်တယ်မဟုတ်ဘူးလား?”
ရွှီဇီရုန်ကဉာဏ်ပြေးသည်။ ဒါကြောင့် ထိုဓားက ရွှီဇီယန်ရဲ့အဖိုးတန်ရတနာလေးဖြစ်တယ်မလားဆိုတာကို သွယ်ဝိုက်မေးလိုက်ခြင်းဖြစ်သည်။ သူကအခုမှရွှီမိသားစုကိုရောက်လာပြီး ဘာမှမသိသည့်ပုံစံမျိုးဖြင့် မေးလိုက်၏။
“ဒါကဘာမှမဟုတ်ပါဘူး။ ရွှီမိသားစုက မင်းအတွက်ဓားကောင်းတစ်လက် မဝယ်ပေးနိုင်ဘူးဆိုတော့ မင်းကလည်းဒီဓားကြိုက်တော့ အဆင်ပြေသွားတာပေါ့။” ရွှီဇီယန်က သဘောထားကြီးစွာပြန်ဖြေလိုက်သည်။
ရွှီဇီရုန်ဟာရုတ်တရက် အနည်းငယ်အံ့ဩသင့်သွားသည်။ ရွှီဇီယန်ကဒီဓားကိုဘယ်လောက်ထိအလေးထားကြောင်း အခြားသူအပေါ်သူဘယ်လောက်ထိစေတနာထားကြောင်းတွေ ပြောလိမ့်မယ်လို့ သူတွေးထားသည်။ ဒါပေမယ့် သူမမျှော်လင့်ထားသလို သူအတွေးနှင့်တခြားစီ ရွမ်းယွီဓားနိမ့်ကျတယ်လို့တောင် ပြောသွားသေးသည်။
ဒါပေမယ့် ထိုဓားဘယ်လောက်ထိအဖိုးတန်မှန်းသူသိပေမယ့် သူ့ဘက်ကနေထုတ်ပြောရအောင် ရွှီဇီရုန်အဲ့လောက်ထိမတုံးဘူး။ ရွှီဇီယန် ထိုစကားကိုမပြောတော့လည်း သူအတွက်အဆင်ပြေပါတယ်၊ သူမသိသလိုဟန်ဆောင်လိုက်မှာပေါ့။ ဘယ်လိုပဲကိစ္စဖြစ်ဖြစ် ယခုလက်ရှိသူစွမ်းရည်က သိပ်မမြင့်သေးတော့ ရွမ်းယွီဓားသာသူ့အနားမှာရှိနေရင် အနည်းငယ်တော့လုံခြုံမှုရှိသည်။
ရွှီဇီရုန်ကရှက်ကိုးရှက်ကန်းပြုံးကာ ရွမ်းယွီဓားကိုဂရုတစိုက်မလိုက်သည်။ နောက်တော့ သူကရွှီဇီယန်၏မျက်နှာချင်းဆိုင်၌ ယဉ်ကျေးသောအမူအရာဖြင့် ထိုင်လိုက်၏။ ရွှီဇီယန်ကသူ့ဆီရွမ်းယွီဓားအတွက်လာတာ မဟုတ်ဘူးဆိုတာကို သူယုံကြည်သွားသည်။
ရွှီဇီရုန်အတွေးကအလွန်မှန်ကန်သည်။ တကယ့်ကိုပင် ရွှီဇီယန်က ရွမ်းယွီဓားကိုစိတ်မဝင်စားတော့ဘူး။ ပြီးတော့ ထိုဓားကလက်ရှိ ရွှီဇီရုန်နဲ့ပိုသင့်တော်တယ်ထင်လို့ သူ(ရွှီဇီယန်)က သူ့(ရွှီဇီရုန်)အားပေးခြင်းဖြစ်မယ်ထင်သည်။ ထိုအစား ရွှီဇီယန်လာရတဲ့အကြောင်းက ရွှီဇီရုန်နဲ့ ကျင့်ကြံခြင်းအကြောင်း ဆွေးနွေးဖို့ပဲဖြစ်သည်။
မူလရွှီဇီယန်ရဲ့မှတ်ဉာဏ်အရဆိုလျှင် မူလရွှီဇီယန်ဟာ ရွှီဇီရုန်အပေါ်အလွန်မုန်းတီးတာကြောင့် ရွှီဇီရုန်ကိုကျင့်ကြံခြင်းနဲ့ ပတ်သက်သည့်ဘာအခွင့်အရေးမှမပေးခဲ့ပေ။ ဒါကြောင့် ရွှီဇီရုန်ကရွှီမိသားစုကနေထွက်သွားသည့်အချိန်အထိ အားလုံးကသိုင်းပညာမတတ်သည့် သာမန်လူလို့သာထင်ခဲ့ကြသည်။
ဝတ္ထုထဲမှာပြောထားတာက သွေးမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်က ကျောက်ကမ်းပါးအောက်မှာပဲရှိတာ။ ဒီတော့ သိပ်သေချာတာပေါ့၊ ရွှီဇီယန်စဉ်းစားပြီးသား သူရွှီဇီရုန်ကိုမှန်ကန်သည့် ကျင့်ကြံခြင်းလမ်းစဉ်ဘက်ကို စောစောလျှောက်လှမ်းခိုင်းပြီး မိစ္ဆာလမ်းစဉ်ဘက်ကိုမလိုက်သွားအောင်လုပ်ဖို့ပဲဖြစ်သည်။
“မနက်ဖြန်ကစပြီး မင်းကိုကိုနဲ့အတူ ကျင့်ကြံခြင်းလမ်းစဉ်သင့်ကြားဖို့ လေ့ကျင့်ရေးကွင်းကိုလိုက်ခဲ့ပါလား?” ရွှီဇီယန် အနည်းငယ်ရယ်ရင်း ရွှီဇီရုန်အားပြောလိုက်၏။
ရွှီဇီရုန်ရဲ့လက်တွေကဟာ လက်သီးဆုပ်အနေအထားဖြစ်သွားပြီး သူ၏အပြုအမူဟာ ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားသည်။ “လေ့ကျင့်ရေးကွင်း??”
ရွှီဇီယန်ကသူ့ခေါင်းသူရိုက်လိုက်ပြီး “ကိုကို မင်းကိုပြောဖို့ မေ့သွားတယ်။ လေ့ကျင့်ရေးကွင်းဆိုတာက ရွှီမိသားစုက ကလေးတွေအတွက်ဖွင့်ထားတာ။ ဇီရုန်ကလည်း အစ်ကို့ညီဆိုတော့ ဇီရုန်လည်းသွားရမှာပေါ့။” ခဏလောက်ရပ်လိုက်ပြီးနောက် ရွှီဇီယန်ကပြန်ရှင်းပြပြန်သည်။ “ရွှီမိသားစုက ကျင့်ကြံခြင်းမိသားစုဖြစ်တယ်။ ဇီရုန်ကျင့်ကြံခြင်းမလုပ်ရသေးဘူးဆိုတာက ဇီရုန်ကငယ်သေးလို့၊ ကမ္ဘာကြီးရဲ့အပြင်ဘက်မှာ ဘယ်လောက်ထိရက်စက်ကြမ်းကြုတ်တာတွေရှိမလဲဆိုတာ မသိနိုင်ဘူးလေ။ စွမ်းအားများများရှိလေ၊ နောင်အခါဇီရုန်အပြင်ထွက်တဲ့အခါကြရင် ဘယ်သူမှအနိုင်ကျင့်ရဲမှာမဟုတ်ဘူးလေ။”
ရွှီဇီရုန်ကစိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး “ကျွန်တော်နားလည်ပါပြီ”
“အမ် ပြောစရာလည်းပြောလို့ပြီးပြီဆိုတော့ ဒီညကောင်းကောင်းနားလိုက်တော့ မနက်ဖြန်မနက်ကျမှ ကိုကိုမင်းကိုလာခေါ်မယ်နော်။” ရွှီဇီယန်ကရွှီဇီရုန်ခေါင်းကို ညင်သာစွာပုတ်ပြီး ပြောလိုက်သည်။
ရွှီဇီရုန်ကလည်းပုံစံမပျက်ပြုံးနေပြီး ရွှီဇီယန်ထွက်သွားတာကို ကြည့်နေသည်။
ရွှီဇီယန်ထွက်သွားပြီးနောက် ရွှီဇီရုန်၏မျက်နှာဟာ ခန့်မှန်းလို့မရအောင် ပြောင်းလဲသွားသည်။
ရွှီဇီယန်အပြုအမူတွေရဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ?
အရင်ဘဝက ရွှီဇီယန်ဟာနောင်အခါကျရင် ရွှီဇီရုန်သူ့ကို ဆန့်ကျင်မှာစိုး၍ လေ့ကျင့်ကွင်းအနားသို့ပင် မကပ်ခိုင်းခဲ့ပါ။ အခုကျတော့ ရွှီဇီယန်ကဘာလို့ သူ့ကိုအဲ့ဆီခေါ်သွားချင်တာလဲ?
ရွှီမိသားစုကကျင့်ကြံခြင်းလမ်းစဉ်တွေဟာ သူ့အတွက်ကျင့်ကြံဖို့တန်ဖိုးမရှိပေမယ့် လေ့ကျင့်ရေးကွင်းမှာဆိုလျှင် သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ဖို့ပိုပြီးအဆင်ပြေလိမ့်မည်။
သက်ပြင်းရှည်ကြီးချလိုက်ပြီး ရွှီဇီရုန်ဟာသူ့ရဲ့သံသယဖြစ်မှုတွေကို သူ့စိတ်ထဲ၌ဖြည်းဖြည်းချင်း ဖြေလျော့လိုက်သည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒါကအခွင့်အရေးကောင်းပဲဖြစ်သည်။ ရွှီဇီယန်ရဲ့အပြုအမူတွေကို သူနားမလည်ရင်တောင်မှ အဲ့ဒီမှာဘာအန္တာရယ်မှမရှိနိုင်တာမို့ သူဘာမှစိတ်ပူစရာမရှိဘူး။
ဘာတွေပဲဖြစ်ဖြစ် သူကအရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်သည်။ ဆယ့်နှစ်နှစ်အရွယ်ကလေးတစ်ယောက်ကို သူ့လိုအရွယ်ရောက်ပြီးသားလူတစ်ယောက်က မနိုင်နိုင်ဘူးဆိုတာ သူမယုံဘူး။
တစ်ညတာကုန်လွန်သွားပြီးနောက်…….
နောက်တစ်နေ့မနက်ရောက်တော့ ရွှီဇီရုန်စောစောထနေပြီဖြစ်သည်။ သူဘယ်လောက်ပဲစောင့်စောင့် ရွှီဇီယန်ကပေါ်မလာဘူး။ ပထမဆုံးအနေနဲ့ လေ့ကျင့်ကွင်း၌ စလေ့ကျင့်ရမှာနဲ့ပတ်သက်ပြီး သူလှောင်ပြုံးပြုံးလိုက်သည်။ သူ့ကိုပထမဆုံးမျှော်လင့်ချက်တွေပေးပြီး သူ့မျှော်လင့်ချက်တွေကိုရိုက်ချိုးသွားကာ သူ့ကိုဝမ်းနည်းအောင်လုပ်သွားတာလား?
ဒါကတော်တော်ကလေးဆန်တာပဲ။ သူသာရှစ်နှစ်အရွယ်ကလေးစိတ်ပဲဆိုရင် စိတ်ဓာတ်ကျသွားမှာအမှန်ပင်။ ကံဆိုးချင်တော့ သန်မာသည့်ဝိညာဉ်က အားနည်းသည့်ကိုယ်မှာ ဝင်ရောက်နေခြင်းဖြစ်သည်။ ဒီလိုကလေးကွက်တွေက သူ့အတွက်ဘာမှမဟုတ်ဘူး။
ရွှီဇီယန်ရဲ့အကွက်က အလွန်ရွံစရာကောင်းတာပဲလို့ သူတွေးလိုက်ပြီး ရွှီဇီယန်ရဲ့အခန်းဆီသွားဖို့ ရွှီဇီရုန်ဆုံးဖြတ်လိုက်သည်။ ရွှီဇီယန် သူ့ကိုမနေ့တုန်းက ကတိပေးသွားသည်။ ဒီတော့အကယ်၍ထိုလူသာမပေါ်လာပါက ကလေးတစ်ယောက်အနေနဲ့သွားရှာပြီးမေးရမှာပေါ့။
ပြောရရင်ထိုအခန်းက သူ့အခန်းနားမှာပဲ။ သူ့အခန်းကနေခြေလှမ်းဘယ်လောက်မှမလှမ်းဘဲနဲ့တောင် ရွှီဇီယန်အိပ်ခန်းကိုရောက်နေပြီ။
တံခါးမှာစောင့်နေသည့်အစေခံကလည်း ကလိမ်ကကျစ်ကျသည့်ပုံပေါက်သည်။ ရွှီဇီရုန်နဖူးကြောတွန့်လာပြီး သူမှတ်မိလိုက်သည်။ ထိုအစေခံက ရွှီဇီယန်အရေးပေးဆုံးဖြစ်ပြီး လော့ချီဆိုလား၊ ဘာဆိုလားပဲ။ အခုလက်ရှိသူမကရွှီဇီယန်ဘေးမှာ အရင်တုန်းကနေသည့်တစ်ယောက်လည်းမဟုတ်ဘူး။
“သခင်လေးဇီရုန်” ရွှီဇီရုန်လမ်းလျှောက်လာတာမြင်တော့ လော့ဟွကအနည်းငယ်ဦးညွတ်လိုက်၏။
ဒီလိုနာမည်မျိုးခေါ်တာ သူပထမဆုံးကြားဖူးတာမို့ သူ့မျက်ခုံးအနည်းငယ်လှုပ်သွားသည်။
ဒါပေမယ့် သူကတော့ချစ်စရာအပြုံးလေးထုတ်ဖော်လိုက်သည်။ “ဒီကအမကြီး၊ ကျွန်တော့်ကိုကို…….”
“သခင်လေးဇီရုန်က ကျွန်မကို လန့်အောင်လုပ်နေပြန်ပြီ။ ကျွန်မကိုလော့ဟွလို့သာခေါ်ပါ။” လော့ဟွကအထိန့်တလန့်ဆို၏။ ဘယ်လိုတောင်ရယ်စရာကောင်းတာလဲ! မနေ့တုန်းကလော့ချီဟာ သခင်လေးဇီရုန်အခန်းကို စီစဉ်သာမသေသပ်လို့ အဆောင်ကနေပြောင်းလိုက်ရသည်။ လော့ဟွက အခုမှအစေခံအဆင့်လေးပဲရှိသေးတာ၊ သခင်လေးဇီရုန်က ‘အမကြီး’လို့ခေါ်တာကို သူမဘယ်လိုလုပ်လက်ခံနိုင်မှာလဲ? အကယ်၍ ဒါကိုသာ ရွှီဇီယန်သိသွားပါက သူမလည်းလော့ချီခြေလှမ်းအတိုင်း ထွက်သွားရလိမ့်မည်။
ရွှီဇီရုန်ခဏလောက်ရပ်လိုက်ပြီး သူ့အခေါ်အဝေါ်ပြောင်းလိုက်သည်။
“လော့ဟွ၊ ကိုကိုဒီမှာရှိလား?”
ရွှီဇီရုန်ဟာသူ့မျက်နှာပေါ်၌ အပြုံးလေးတပ်ဆင်ထားပြီး တံခါးရှေ့မှာစောင့်နေရင်း လော့ဟွအကြောင်းလာပြန်မှာကိုစောင့်နေသည်။ ရွှီဇီယန် လေ့ကျင့်ရေးကွင်းကို ထွက်သွားပြီးပြီဆိုပါက သူ့အတွက်ဘာမှမေးစရာမရှိတော့ဘူး။ မမျှော်လင့်ထားတာကတော့ လော့ဟွကသူတွေးထားတာနဲ့ ဆန့်ကျင်စွာပြောလာသည်။
“သခင်လေးကအခန်းထဲမှာ အိပ်နေတုန်းပါ။ သခင်လေးဇီရုန်ဝင်သွားချင်လား? သခင်လေးကမှာထားပါတယ်။ သခင်လေးဇီရုန်ဘယ်ချိန်လာရှာရှာ သခင်လေးဇီရုန်ကိုဝင်ခိုင်းလိုက်လို့ ပြောထားပါတယ်။”
ရွှီဇီရုန်ရဲ့အမူအရာကတော့ ဘာလုပ်လို့ဘာကိုင်ရမလဲမသိဘူး ဖြစ်သွားသည်။ ရွှီဇီယန်ကသူ့ကိုအရှက်ကွဲအောင်လုပ်ချင်လို့ ထွက်သွားရမှာမဟုတ်ဘူးလား??!!
ရွှီဇီယန် တကယ်ပဲသူ့အခန်းမှာရှိနေသေးတာလား??!!
“ကောင်းပြီလေ ငါ ကိုကို့ကိုသွားကြည့်လိုက်မယ်။” သူ့စိတ်ထဲ၌ လှိုင်းလုံးကြီးတက်လာသလို အလွန်တုန်လှုပ်သွားသည်။ ဒါပေမယ့် ရွှီဇီရုန်မျက်နှာကတော့ အရင်တိုင်းပဲ နှိမ့်ချတတ်သည့်ပုံစံဖြစ်နေဆဲဖြစ်သည်။
လော့ဟွကအသာလေးတံခါးကို တွန်းဖွင့်ပေးလိုက်ပြီး လက်ဟန်အမူအရာဖြင့် ရွှီဇီရုန်ကိုအထဲဝင်ခိုင်းလိုက်သည်။ ထို့နောက် သူမဟာအရင်သူမနေရာ၌ပြန်ရပ်နေသည်။
“ကိုကို??” ရွှီဇီရုန်ရဲ့ဦးနှောက်ဟာ အလွန်အမင်းတွေးတောနေပြီး အခြေအနေတွေကိုနားလည်ရန်ကြိုးစားနေသည်။ ဒါပေမယ့် သူဘယ်လိုပဲစဉ်းစားစဉ်းစား အဖြေကဘယ်လိုမှမထွက်လာဘူး။ သူခန့်မှန်းရသလောက်ဆိုရင် ရွှီဇီယန်ကသူ့အခန်းထဲမှာ မရှိသင့်တော့ဘူးလေ။ ဒါပေမယ့် သူကတကယ်ကြီးဒီမှာရှိနေသည်။
“အမ်……..” မပွင့်တပွင့်ပြောနေသည့်အသံက သူ့အနောက်ဘက်ကနေ ထွက်လာ၏။ ရွှီဇီရုန် သူ့ခြေလှမ်းကိုရပ်ပြီး သူ့အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်။
ရွှီဇီယန်က သူအိပ်နေသည့်အချိန် အဝတ်ထူထူတွေဝတ်ရတာမကြိုက်ဘူး။ ဒါကြောင့်အခုလက်ရှိ သူ၏အပေါ်ပိုင်းကကိုယ်ဗလာဖြစ်နေပြီး သူ့အနေနဲ့ဘောင်းဘီတိုတစ်ထည်သာဝတ်ဆင်ထားသည်။ သူကစောင်တွေနဲ့လုံးထွေးနေပြီး နှစ်ခြိုက်စွာအိပ်ပျော်နေသည်။
ရွှီဇီရုန်:……
သူထောင်ပေါင်းများစွာသော ဖြစ်နိုင်ခြေတွေကိုခန့်မှန်းခဲ့ပေမယ့် ဒီလိုမျိုးဖြစ်နေမယ်လို့ သူတစ်ခါမှမတွေးကြည့်မိဖူးဘူး။ ဘာပဲဖြစ်ဖြစ် ရွှီဇီယန်အသေကောင်လိုအိပ်နေတာမျိုးကို သူမြင်ရမယ်လို့မထင်ခဲ့ဘူး……..
“ကိုကို? ကိုကို?” ရွှီဇီရုန်ဟာစိတ်ပျက်စွာ စောင်ကိုဆွဲပြီးနိုးလေသည်။ အကယ်၍မူလဇာတ်ကြောင်းအတိုင်းသာဆိုရင် သူရွှီဇီယန်ကိုဒေါသထွက်ပြီးတော့ လေ့ကျင့်ရေးကွင်းကို သွားချင်သွား၊မသွားချင်နေ ပစ်ထားမှာ။ ဒါပေမယ့်အခုတော့ အရာအားလုံးက ဇောက်ထိုးမိုးမျှော်ဖြစ်နေသည်! ရွှီဇီယန် ဘာလို့သူ့ကိုလာမခေါ်တာလည်းဆိုတော့ သူ့အိပ်ရာမှာအသေကောင်လို့ နှစ်ခြိုက်စွာအိပ်ပျော်နေလို့တဲ့!!!
“အမ်အမ်………” ရွှီဇီယန်ဟာမပွင့်တပွင့်နှင့်အတူ သူ့စောင်နဲ့တစ်ဖက်သို့ ပြန်လှည့်သွားသည်။
ထိုပုံစံက’မင်းငါ့ကိုသတ်ချင်သတ်လိုက်၊ ငါမထဘူး’ဆိုသည့်အဓိပ္ပာယ်နှင့်တူသည်။
ရွှီဇီရုန်အချိန်အတော်ကြာ ငြိမ်နေပြီးနောက် ရွှီဇီယန်ဆီသို့လျှောက်သွားကာ လှုပ်နိုးလေသည်။ “ကိုကို ထတော့”
ရွှီဇီယန်ကမပွင့်တပွင့်ပြန်ပြောလာရင်း ခြေထောက်ဖြင့်သူ့စောင်ကိုကန်လိုက်ကာ သူ့လက်ဖြင့်ခေါင်းမြီးပြန်ခြုံလိုက်ပြန်သည်…….
ရွှီဇီရုန်ဟာတိတ်တဆိတ်သူ့နဖူးကြောကို နှိပ်ဖို့သာတတ်နိုင်တော့သည်။ ရွှီဇီယန်ကိုဒီလိုပုံစံမျိုး သူတစ်ခါမျှမမြင်ဖူးပေ။ ပြီးတော့ဒီပုံစံက သူမျှော်လင့်ထားတာထက်တောင် ပိုဆိုးနေသည်။
“ကိုကို… ကိုကိုပဲကျွန်တော့်ကို လေ့ကျင့်ရေးကွင်းဆီ ခေါ်သွားမယ်လို့ပြောထားတယ်လေ။ မေ့သွားပြီလား?” ရွှီဇီရုန်ဟာရွှီဇီယန်ကို အားထည့်ပြီး လှုပ်နိုးလိုက်သည်။
Original Author’s Note : ဟားဟားဟားဟားဟား………….ရွှီဇီယန်သူ့ကိုလာမခေါ်ရတဲ့အကြောင်းကတော့ ရွှီဇီယန်ကအိပ်မောကျနေလို့ပါတဲ့!!!!