Chapter 40
Chapter 40
ကျောက်စိမ်းဆွဲပြားအား ယူပြီးနောက် ဝေ့ချင်က ခိုးကြောင်ခိုးဝှက်နဲ့လူအား အာရုံမစိုက်တော့ချေ။ သူ့အမြင်မှာတော့ သူလိုအပ်တာက ကျောက်စိမ်းဆွဲပြားတွေသာဖြစ်သည်။ ခိုးကြောင်ခိုးဝှက်နဲ့လူ ဘာပဲဖြစ်ဖြစ် သူဂရုမစိုက်ချေ။
ခိုးကြောင်ခိုးဝှက်နဲ့လူဟာ သူ့ဒေါသကိုမြိုချရင်း ထွက်သွားသည်။ သူတောအုပ်ထဲသို့ပြန်သွားကာ နောက်တစ်ခါပြန်ကြိုးစားရန် ရည်ရွယ်လိုက်သည်။ သူမြစ်ဝှမ်းနားကိုတော့ မဖြတ်ရဲတော့ပေ။ ပြီးတော့ ဦးနှောက်မရှိသည့်လူတစ်ယောက်ယောက်သာ ဝေ့ချင်ကိုရန်သွားစနေသည့်အချိန် မြစ်ဝှမ်းကိုဖြတ်ကျော်ရမည်။ အခုတော့ သူကျောက်စိမ်းဆွဲပြားတွေကို ခိုးရမည်ဖြစ်ပြီး ဝေ့ချင်မရှိသည့်အခါမှ မြစ်ဝှမ်းကိုဖြတ်ကျော်ရမည်။
ထို့အပြင် ဝေ့ချင်ကလည်းသူ့ကိုသဘောမကျပေ။ ခိုးကြောင်ခိုးဝှက်နဲ့လူက အခုပြိုင်ပွဲကို အောင်သွားချင်ရုံသာဖြစ်သည်။ ဒါပေမယ့် ဝေ့ချင်ကတော့ ဒီနှစ်ရဲ့ပထမဆုံးနေရာကို ရချင်တာဖြစ်သည်။ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် ဒီပြိုင်ပွဲအတွက်လောက်နဲ့ ပထမနေရာကို သူလက်လျော့လိုက်မှာမဟုတ်ချေ။ ဒါကြောင့် သူကျောက်စိမ်းဆွဲပြားတွေ လုံလောက်စွာရရှိသွားပါက ဒီနေရာကနေ သူထွက်သွားမှာဖြစ်သည်။
ခိုးကြောင်ခိုးဝှက်နဲ့လူ ထွက်သွားပြီးနောက် ဝေ့ချင်ကလည်းအပေါ်သို့ ပြန်ခုန်တက်သွားသည်။ သူကတောင်ထိပ်ရဲ့ အစွန်းနားသို့သွားလိုက်ပြီး အပေါ်ကနေ မြေပြင်သို့ဆင်းသက်ရန်လည်း လွယ်ကူလှသည်။ ထို့ကြောင့် ဝေ့ချင်ကကြာပန်းပုံစံထိုင်လိုက်ပြီး သူ့ရဲ့နောက်ထပ်သားကောင် လာမှာကို တိတ်ဆိတ်စွာစောင့်နေသည်……….
.
.
.
လက်ရှိမှာတော့ ရွှီဇီယန်ဟာ ရွှီဇီရုန်နဲ့အတူ ချုံပုတ်တွေထဲ၌ သတိရှိစွာပုန်းနေသည်။ ချုံပုတ်တွေက သူတို့ပုံစံတွေကို ဖုံးကွယ်ထားပေးတာကြောင့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူတွေ၏ အပြုအမူတွေကို သူသေချာစောင့်ကြည့်နေသည်။ အဲ့ဒီလူက အနည်းငယ်ကွာဝေးသည့်ချောင်းငယ်ဘေးမှာ ရပ်နေသည်။
အဲ့ဒီချောင်းငယ် ဧရိယာတစ်ဝိုက်မှာက ရေတွေသာရှိသည်။ အဲ့ဒါကြောင့် သူတို့တွေကဒီနေရာမှာပုန်းနေတာဖြစ်ပြီး စာမေးပွဲဖြေဆိုသူတွေ၊ သူတို့ရဲ့ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေက သေချာပေါက် သူတို့အိတ်ထဲကို လုံလောက်သည့်ရေပမာဏပဲ ယူမှာဖြစ်ပြီး ရေချိုးနိုင်လောက်သည်အထိတော့ ရေတွေကိုယူမှာမဟုတ်ဘူးဆိုတာ ရွှီဇီယန်ယုံကြည်သည်။
အဲ့ဒါကြောင့် ရွှီဇီယန်ကသတ္တိရှိစွာ အမဲရောင်ကျင့်ကြံသူအား အမဲပြန်လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ရဲ့ကွေးပြောခဲ့သည့်စကားကို သူယုံကြည်သည် ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေက သူ့ကို သူတို့ပစ်မှတ်အဖြစ် ထားကြမှာသေချာသည်။
သူတို့တွေက သူ့ကိုရင်ဆိုင်ဖို့ လာကြမှာတော့ သူတို့အထက်အရင် လှုပ်ရှားမည့် သူ့ကိုလည်း လာအပြစ်မတင်ကြနဲ့။ သားကောင်နဲ့မုဆိုး တစ်ယောက်ယောက်ကသာ သတိလက်လွှတ်ဖြစ်သွားပါက အချိန်မရွေး သူတို့၏နေရာက ပြောင်းလဲသွားနိုင်သည်။
ရွှီဇီယန်၏လက်ရှိအပြုံးဟာ အလွန်အမင်း အန္တရာယ်ရှိသည့် လက္ခဏာကိုပြနေသည်။ ရွှီဇီရုန်က သူ့ကိုကို၏ပုံစံက အချိန်မရွေး အန္တရာယ်ရှိနိုင်သည့် အပြုံးမျိုးပြုံးနေတာကို သူကလည်းအကျင့်ပါပြီး စိုက်ကြည့်နေသည်။ သူရုတ်တရက်တုန်ယင်သွား၏။ အကြောင်းပြချက်မရှိဘဲ ရွှီဇီရုန်အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ဒီကိုကိုက တဖြည်းဖြည်းနဲ့ ပိုပိုပြီး အရသာရှိလိမ့်မယ်လို့ သူယုံကြည်သည်………
မဟုတ်ဘူး အဲ့လိုလုပ်လို့မဖြစ်ဘူး! ဒီကိုကိုကပဲ သူ့ကိုချစ်တာ! သူသာရွှီဇီယန်သွေးတွေအကုန်လုံးကို သောက်လိုက်ပါက အနာဂတ်မှာ သူ့ကိုဘယ်သူလာချစ်တော့မှာလဲ?
ရွှီဇီရုန်ကရွေးချယ်စရာမရှိဘဲ ရွှီဇီယန်ကဘယ်လောက်ထိ သူ့အတွက်အရေးပါတယ်ဆိုတာကို သူ့ဟာသူရေရွတ်နေတော့သည်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကလည်း ဖွံ့ဖြိုးလာပြီး သူ့အသက်ကလည်းရင့်ကျက်လာပြီးဖြစ်တာကြောင့် သူ့ကိုကိုရဲ့ဆွဲဆောင်မှုရှိသည့်အနံ့ကို ရွှီဇီရုန်ပိုပိုပြီးခံစားမိလာသည်———ထိုသူက သူ့အားပိုပိုပြီး ဆာလောင်အောင်လုပ်လွန်းသည်………
သူလျှို့ဝှက်စွာသိမ်းထားသည့် သွေးလုံးအား တိတ်တဆိတ် မျိုချလိုက်မှ ရွှီဇီရုန်၏မျက်လုံးတွေ ပြန်မည်းနက်သွားတော့သည်။ အဆင့်နိမ့်စိတ်ဝိညာဉ်တောကောင်ဆီကနေ သန့်စင်ထားသည့် သွေးအနှစ်သာရက သူ့အားအချိန်အနည်းငယ်တော့ အကျိုးသက်ရောက်မှုရှိစေသည်။ အကယ်၍ သူသာသွေးပင်လယ်နှလုံးကျင့်စဉ်ကို ဆက်ပြီးကျင့်မည်ဆိုပါက သူကိုယ်တိုင် သူနဲ့ကျင့်စဉ်အဆင့်တူနဲ့ ကျင့်ကြံသူတွေကို သတ်ရင်သတ်၊ မဟုတ်ရင် အင်အားကြီးသည့်စိတ်ဝိညာဉ်တောကောင်တွေကို အမဲလိုက်ရမည်။
ရွှီဇီယန်၏အာရုံစိုက်မှုတွေက အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူဆီ၌သာ ရှိနေသည်။ ခဏအကြာက အနီရောင်ဘယ်ရီသီးတွေပေါ်ကနေ သူနဲ့ရွှီဇီရုန် ဖြတ်သွားကြပြီးနောက် သူ့စိတ်ထဲအကြံတစ်ခုပေါ်လာသည်။
အကြမ်းအားဖြင့် ဒီပြိုင်ပွဲဟာ မူလရွှီဇီယန်၏မှတ်ဉာဏ်ထဲကနှင့် ဆင်တူပေသည်။ ဒီပြိုင်ပွဲအတွင်းမှာ သေးငယ်ပြီးမတူညီသည့်ဖြစ်ရပ်တွေဖြစ်သွားရင်တောင် အရမ်းကြီးလမ်းပြောင်းသွားမှာမဟုတ်ပေ။
ရွှီဇီရုန်၏သစ်သားဒြပ်စင်ကျင့်စဉ်အတတ်ပညာဖြင့် သူထောက်ချောက်အများကြီးကို ချထားပြီးဖြစ်သည်။ အဲ့ဒီထောက်ချောက်တွေက ဘယ်သူ့ကိုမှ ဒဏ်ရာမရနိုင်ပေ။ ဒါပေမယ့် သူတို့တွေဆီလာကြမည့် လူတွေအား အပေါ်ကနေ အနီရောင်ဘယ်ရီသီးအရည်တွေကို ဖြန်းချဖို့ပင်ဖြစ်သည်။
ဘာလို့လဲဆိုတော့ ထောင်ချောက်ကို နွယ်ပင်တွေနဲ့လုပ်ထားတာမလို့ အဲ့ဒီမှာ စိတ်ဝိညာဉ်စွမ်းအင်ရှိမည်မဟုတ်ပေ။ အကယ်၍ တစ်ယောက်ယောက်သာ တောအုပ်ထဲလမ်းလျှောက်လာမည်ဆိုလျှင် သူတို့သေချာဂရုမစိုက်ပါက ဘယ်သူမဆို ထိုအောက်ကနေ ဖြတ်သွားကြလိမ့်မည်။ ထိုအရည်တွေနဲ့ ထိမိသွားပါက စာမေးပွဲဖြေဆိုသူတွေ၊ ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေ အဲ့ဒါနဲ့ပတ်သက်ပြီး သူတို့ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေက ပတ်ဝန်းကျင်မှာ ညစ်ပတ်နေသည့်ဘယ်ရီသီးအရည်တွေနဲ့ လျှောက်သွားနေမှာမဟုတ်ဘူးဆိုတာကို ရွှီဇီယန်သေချာပေါက် ယုံကြည်သည်။
သူကပျင်းရိစွာဖြင့် အခွင့်အရေးရယူရန် ရေ၏အခြေအနေကို စောင့်ကြပ်နေပြီး ရွှီဇီယန်ထိုနေရာ၌ ထိုင်စောင့်နေသည့်အချိန် ဒေါသထွက်နေသည့် အမဲရောင်ဝတ်စုံကျင့်ကြံသူ ပေါ်လာခဲ့သည်။
ထိုလူကအလွန်ပိန်လှသည်။ သူ(မ)၏မျက်နှာကလည်း အမဲရောင်မျက်နှာဖုံးတွေတပ်ထားပြီး သူတို့တစ်ကိုယ်လုံးကလည်း အမဲရောင်လိုဝတ်ဆင်ထားကြတာကြောင့် သူတို့တွေက မိန်းမလား၊ ယောင်္ကျားလားဆိုတာ ပြောဖို့မဖြစ်နိုင်ပေ။ ဒါပေမယ့် သူ့ရဲ့အရင်မှတ်ဉာဏ်ထဲကအတိုင်းဆိုရင်တော့ ထိုလူကမိန်းမဖြစ်လောက်သည်ဆိုတာ ရွှီဇီယန် ၉၀ရာခိုင်နှုန်းလောက် သေချာနေပြီး အထူးသဖြင့် သူ(မ)ကသန့်ရှင်းဖို့ အခြေအနေကို စိုးရိမ်နေသည်။
ထိုအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက အနီရောင်ဘယ်ရီသီးတွေကြောင့် စိုရွှဲနေသည့်မျက်နှာဖုံးဖြင့် ပေါ်လာသည်။ ခန့်မှန်းရသလောက်ကတော့ သူ(မ)အပေါ်ကျလာမည့် အရည်တွေကို တားဖို့ကြိုးစားလိုက်ပုံရသည်။ ဒါပေမယ့် အဲ့ဒီဘယ်ရီသီးတွေက သူ(မ)ထိလိုက်တာနဲ့ ပေါက်ကွဲသွားမယ်ဆိုတာကို မသိလိုက်ပေ။ ဒါကြောင့် သူ(မ)ဟာ ထောင်ချောက်ထဲကျကုန်တာပေါ့။
ရွှီဇီယန်ဟာအလွန်ဂရုစိုက်သည်။ ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေက စည်းကမ်းလိုက်နာပြီးတော့ ချီစွမ်းအင်စုဆောင်းမှုအဆင့်ထက် ပိုမသုံးဘူးဆိုတာ သူယုံကြည်သည်။ ဒါပေမယ့် လူတစ်ယောက်၏စွမ်းအားက သူတို့ရဲ့ကျင့်စဉ်အဆင့်တစ်ခုတည်းသာ မမှီခိုပေ။ သူတို့ရဲ့တိုက်ပွဲစွမ်းရည်၊ လက်နက်တွေ၊ ပြီးတော့ သူတို့ရဲ့ကံကလည်း သူတို့ရဲ့စွမ်းအားတွေထဲမှာ ပါဝင်ပေသည်။
ရွှီဇီယန်ကတော့ သူ့ကံကိုပုံပြီး အရဲမစွန့်ချင်ပေ။ ထို့အပြင် ဒီအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူအား သူနိုင်လိမ့်မယ်လို့ သူ့ကိုယ်သူယုံကြည်ထားပေမယ့် ရွှီဇီရုန်အကူအညီကိုယူပြီး သူတို့တွေကိုတိုက်ခိုက်ရတာက သူ့အတွက်အလွန်ရှက်စရာကောင်းပေသည်။
အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက သူ(မ)ရဲ့လက်နဲ့မျက်နှာတွေကို ဆေးနေသည့်အချိန်တွင် နွယ်ပင်နှစ်ပင်က ချုံပုတ်ထဲကနေ တိတ်တဆိတ် သူ(မ)အနားဆီ တိုးသွားလိုက်သည်။ ရွှီဇီရုန်ကနွယ်ပင်နဲ့ ကျင့်ကြံသူ(မ)၏ခြေထောက်ထား ချည်လိုက်ချင်ပေမယ့် အရမ်းနီးကပ်သွားရင် သူ(မ)သတိထားမိသွားလိမ့်မည်။ အဲ့ဒါကြောင့် သူ့ဘက်ကနေ နွယ်ပင်ကိုဖန်တီးပြီး အဲ့နေရာဆီ ဖြည်းဖြည်းချင်းနီးကပ်ဖို့ပဲဖြစ်သည်။
ကံမကောင်းစွာ ထိုအချိန်၌ ရွှီဇီရုန် ထိုလူအား လျော့တွက်မိသွားသည်။ နွယ်ပင်နဲ့အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ၏ ခြေချင်းဝတ်အား ထိလိုက်သည့်အချိန်၌ ထိုလူကအဝေးကိုခုန်လိုက်ပြီး သူ၏ဓားနဲ့ဝှေ့ယမ်းလိုက်သည်။ အားစိုက်ကာဝှေ့ယမ်းလိုက်ပြီး အဲ့ဒီနွယ်ပင်နှစ်ခုအား ခုတ်ဖြတ်လိုက်သည်။
“ချုံခိုတိုက်ခိုက်တာလား?” သူ(မ)၏မျက်လုံးတွေထဲမှာ စိတ်အားထက်သန်သည့် အပြုံးတွေနှင့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက ထိုချုံပုတ်အား စိုက်ကြည့်နေသည်။
ထိုအရာကိုမြင်တော့ ရွှီဇီရုန်ကဖြေးညင်းစွာ ထလိုက်ပြီး ရှက်ကြောက်စွာပြုံးကာ
“ကျဲကျဲက ရှာတွေ့သွားပြီပေါ့………”
ဒီလိုချစ်စရာကောင်းသည့်ကလေးက ဒီလိုမျိုးချုံခိုတိုက်ခိုက်နိုင်လိမ့်မယ်လို့ အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက ဘယ်လိုမှတွေးမရပေ။ သူ(မ)မျက်နှာက မျက်နှာဖုံးဖြင့်ကာထားပေမယ့် သူ၏မျက်လုံးတွေက နူးညံ့မှုတွေရိပ်ခနဲဖြတ်သွားသည်။
ရွှီဇီရုန်စိတ်ထဲ၌ သူ့နှုတ်ခမ်းကကော့သွားသည်။ သွေးမိစ္ဆာသခင်က ဒီလိုချစ်စရာကောင်းသည့်ပုံစံကို နှစ်ပေါင်းများစွာ သရုပ်ဆောင်ခဲ့ပြီး ဖြစ်တာကြောင့် ဒီလိုပုံစံကို နောက်တစ်ခါ ပြန်သရုပ်ဆောင်တာလည်း သူ့အတွက်ဘာဖိအားမှမရှိပေ။╮(╯_╰)╭
အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက ပြုံးလိုက်ကာ
“ငါကကျဲကျဲဆိုတာ မင်းကဘယ်လိုလုပ်သိတာလဲ?”
ရွှီဇီရုန်ကသူ့လက်ချောင်းဖြင့် သူ့ကိုယ်သူပြန်ထိုးလိုက်သည်။
“ကျွန်တော်က………ကိုကိုကကျွန်တော့်ကိုပြောပြထားတာ၊ ကိုကိုကပြောတယ် အကယ်၍ ဒီမှာရေလာဆေးတဲ့လူကိုတွေ့ရင် အဲ့လူကကျဲကျဲဖြစ်လိမ့်မယ်တဲ့”
“အိုး?” အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက အနည်းငယ်စိတ်ဝင်စားဟန်ဖြင့် သူမကသူ့အား ဆက်မေးလိုက်သည်။
“ဒါဆို မင်းရဲ့ကိုကိုက ဘယ်မှာလဲ?”
ရွှီဇီရုန်ကခေါင်းမော့ကာ ချိုသာလှသည့်အပြုံးကို ပြုံးပြလိုက်သည်။
အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက တစ်ခုခုမှားနေပြီဆိုတာ ချက်ချင်းသဘောပေါက်သွားသည်။ သူမဟာသူမအားဖြတ်သန်းသွားသည့် လေအားရှာဖွေတွေ့ရှိလိုက်သည်။ ထိုအချိန်၌ သူမအရှေ့က ရွှီဇီရုန်ကပါးစပ်ကနေ စကားလေးလုံးကို ဂရုတစိုက်ပြောလိုက်တာကို မြင်လိုက်သည်။ “သူကခင်ဗျားရဲ့ဘေးမှာ”
အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ၏မျက်နှာ အလွန်အံ့ဩသွားသည်။ သူမပုံရိပ်က ရိပ်ခနဲဖြစ်သွားပြီး သူမဟာချက်ချင်းရှောင်လိုက်သည်။ ဒါပေမယ့် လျှပ်စစ်အလင်းတန်းက အလွန်နီးကပ်နေပြီးဖြစ်သည်။ ထို့အပြင် သူမတုန်ယင်စွာ ခုတ်ဖြတ်လိုက်သည့် နွယ်ပင်နှစ်ပင်ကလည်း အသစ်ပြန်ပေါက်လာပြီး သူမခြေထောက်အား ချည်နှောင်ထားသည်။ ထိုအရာတွေက အလွန်အားနည်းပြီး ရွှီဇီရုန်သိပ်ကြာကြာမချုပ်ထားနိုင်ဘူးဆိုပေမယ့် ထိုအရာတွေက သူမအားအချိန်တစ်ခုထိတော့ ရပ်တန့်ထားနိုင်ပေသည်။
“ရှစ်ကျဲ ဒီလိုတိုက်ခိုက်ရတဲ့အတွက် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါနော်” သူ့ရဲ့လျှပ်စစ်တိုက်ခိုက်မှုနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရသည့် ထိုလူအား ရွှီဇီယန်ပြုံးကာ စိုက်ကြည့်လိုက်သည်။ သူမကိုယ်ဟာ မြေပြင်၌ ကိုးရိုးယားရားလဲနေပြီး ကိုယ်ကလည်းထုံနေလေသည်။ သူမကမျက်နှာဖုံးတပ်ထားတာတောင် ဒေါသမီးတောက်လောင်နေတာကို ရွှီဇီယန်ခံစားမိသည်။
အနည်းငယ်ရှက်စရာကောင်းတာကြောင့် ရွှီဇီယန်က သူ့ခေါင်းသူပွတ်လိုက်သည်။ ခေတ်ဘက်အချိန်တုန်းဆိုရင် သူ့ကိုယ်သူ လူကြီးလူကောင်းတစ်ယောက်ဆိုပြီး တွေးတောလေ့ရှိသည်။ ဒါပေမယ့် ယခုအချိန်မှတော့ လူကြီးလူကောင်းဆန်ဆန်ပြုမူနေပါက သေခြင်းတရားမှာပျော်မွေ့နေရလိမ့်မည်။
“ရှစ်ကျဲ ခင်ဗျားတွေ့လား……” ရွှီဇီယန်က ငုတ်တုပ်ထိုင်ကာ အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူအား စတင်စကားပြောလိုက်သည်။ သူကသူ့၏လက်ကိုထုတ်လိုက်ကာ သူမ၏ကျောက်စိမ်းဆွဲပြားအားပေးရန် လက်ဟန်အမူအရာပြန်လိုက်သည်။ လိုလိုမယ်မယ် ရွှီဇီရုန်က သူမအားနွယ်ပင်ဖြင့် ချည်ထားသည်။
အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက အံကြိတ်လိုက်ကာ ညီအကိုနှစ်ယောက်အား စိုက်ကြည့်လိုက်သည်။ သူမရင်ထဲမှာတော့ ဒီနှစ်ယောက်အား ဆဲရလွန်းလို့ တစ်ပိုင်းတောင်သေတော့မည်။
“အဲ့ဒါတွေက ငါ့ဖိနပ်ထဲမှာ” ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေက ဒီလိုစိတ်ဝိညာဉ်အသုံးအဆောင်ပစ္စည်းတွေ သုံးကြလိမ့်မယ်လို့ ရွှီဇီယန်မထင်ထားဘူး ဒါပေမယ့် သူမအသံကအက်ကွဲသံပေါက်တာကြောင့် သူမကယောင်္ကျားလေးလား မိန်းကလေးလားဆိုတာ ခွဲခြားဖို့မဖြစ်နိုင်ပေ။
ရွှီဇီယန်က ထိုအနက်ရောင်ကျင့်ကြံသူအား အားပါးတရပြုံးပြလိုက်ကာ သူမအားချီးကျူးလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ရှစ်ကျဲ!”
ထိုစကားကိုပြောပြီးနောက် သူကကျောက်စိမ်းဆွဲပြားယူဖို့ ဘာမှမလုပ်ပေ။ ထို့အစား သူကရွှီဇီရုန်အား အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
ရွှီဇီရုန်က နွယ်ပင်ကိုထိန်းချုပ်လိုက်ပြီး အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ၏ဖိနပ်ထဲ၌ ဂရုတစိုက်ရှာဖွေလိုက်သည်။ နောက်ဆုံးတော့ သူကအစိမ်းရောင်ကျောက်စိမ်းဆွဲပြားအား အောင်မြင်စွာ တွေ့ရှိသွားသည်။
ဒီညီအကိုနှစ်ယောက်က ဘယ်လောက်ဂရုတစိုက်ဆောင်ရွက်ကြလည်းဆိုတာ သူမတွေ့လိုက်တော့ အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက သူတို့အား ထပ်ပြီးကျိန်ဆဲလိုက်ပြန်သည်။ သူမဖိနပ်ထဲမှာဖွက်ထားသည့် အဆောင်က အသက်သွင်းလို့ရတော့မည် မဟုတ်ပေ။ ထို့အစား သူမကဘာမှမလုပ်နိုင်ပဲ ထိုနှစ်ယောက်အားကြည့်ရပြီး သူမကိုတုပ်နှောင်ထားကာ သေချာသည့်အမူအရာတွေဖြင့် ထွက်သွားတော့သည်။
“ကောင်စုတ်နှစ်ကောင်!” သူတို့နှစ်ယောက်ထွက်သွားပြီးနောက် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက ကျယ်လောင်စွာဆဲဆိုလိုက်သည်။ စွမ်းအင်တစ်ချို့သုံးပြီး သူမအားချည်နှောင်ထားသည့် နွယ်ပင်တွေကို တစ်စစီဖြစ်အောင် လုပ်လိုက်တာကြောင့် မြေပြင်ပေါ်သို့ အစအနများ ပြန့်ကျဲသွားတော့သည်။
“ဟား ဟား ဟား ရွှယ်ယန် မင်းလည်းပဲထောင်ချောက်ထဲကျသွားတာပေါ့!” အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ အခြားတစ်ယောက်က အတော်လေးအရပ်ရှည်ပြီး သန်မာကာ ထိုကျင့်ကြံသူ၏ဘေးက သစ်ပင်ထိပ်သို့ ခုန်လာသည်။ ထို့အပြင် သူရောက်လာတာက သူမအားကူညီဖို့ပင်ဖြစ်သည်။
“ဒီလိုအသက်ပါလှတဲ့ပွဲမျိုးကို ကြည့်ရတာ မင်းအတွက် အတော်စိတ်ဝင်စားဖို့ကောင်းနေမှာပဲ ဟုတ်တယ်မလား?” အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက ရွှယ်ယန်လို့ခေါ်ပြီး သူမကမျက်လုံးလှည့်ကာ ကြည့်လိုက်သည်။
“မင်းငါ့ကို အောက်ဆင်းလာပြီး နည်းနည်းပါးပါး ကူညီပေးဖို့ မတွေးတော့ဘူးလား?”
သန်မာလှသည့်ကျင့်ကြံသူက နောက်တစ်ကြိမ်ထပ်ရယ်လိုက်သည်။
“အဲ့ကလေးအရမ်းလည်တယ်၊ မင်းရဲ့ကျောက်စိမ်းဆွဲပြားကို သူဘယ်လိုဂရုတစိုက်ယူသွားလဲ မင်းမတွေ့ဘူးလား? အကယ်၍ ငါအောက်ကိုဆင်းလိုက်ရင် မင်းလိုပုံစံမျိုး ငါအဆုံးသတ်သွားနိုင်တာပေါ့”
ရွှယ်ယန်ကသရော်လိုက်ပြီး ဘာမှတော့ပြန်မပြောလိုက်ပေ။ ထို့နောက်မှာတော့ သူမကသူမအပြုံးကို ချုပ်တည်းမနေတော့ပဲ ကျယ်လောင်စွာရယ်လိုက်သည်။
“အဲ့ဒီဒေါသထွက်စရာကောင်းတဲ့ ကောင်စုတ်လေးနှစ်ယောက်က အရမ်းကိုသတိဝီရိယရှိကြတယ်”
သန်မာလှသည့်ကျင့်ကြံသူကလည်း ထောက်ခံဟန်ပြန်ပြောလေသည်။
“ဟုတ်တယ်မလား? အဲ့ဒီကလေးနှစ်ယောက်က အရမ်းစိတ်ဝင်စားစရာကောင်းတယ် ကြည့်ရတာကတော့ ဒီနှစ်အသုတ်ကလူသစ်လေးတွေက အတော်လေးတော်ကြတယ် ငါယူဆရသလောက်ကတော့ အဲ့ဒီကျင့်ကြံသူဦးလေးတွေနဲ့ ကျင့်ကြံသူအဖိုးတွေက သူတို့အတွက်နဲ့ ထပ်ပြီးတိုက်ခိုက်ကြဦးမယ်ထင်တယ်”
ရွှယ်ယန်ကအနည်းငယ်ပြုံးလိုက်ကာ
“ငါကြားတာကတော့ ဒီအသုတ်ထဲမှာ ဝေ့ချင်ဆိုတာပါတယ်တဲ့ သူကဝေ့မိသားစုကမလား?”
သန်မာလှသည့်ကျင့်ကြံသူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။
“ဟုတ်တယ် သူကဒီအတိုင်းကလေးတစ်ယောက်ဆိုပေမယ့် အရမ်းမာနကြီးတယ် ဘယ်လိုပဲဖြစ်ဖြစ် ကြည့်ရတာတော့ သူအောင်မြင်သွားလောက်ပြီ”
“သူအောင်မြင်သွားပြီ?” ရွှယ်ယန်ကခဏလောက်ရပ်လိုက်သည်။ “ဘယ်သူ့ကျောက်စိမ်းဆွဲပြားကို သူလုလိုက်တာလဲ?”
“ငါမသိဘူးလေ” သန်မာလှသည့်ကျင့်ကြံသူက သူ့လက်နှစ်ဖက်ကိုထုတ်ကာ မသိဟန်လုပ်လိုက်သည်။
ရွှယ်ယန်ကသူမမျက်လုံးအား လိမ့်ကာ ထိုကျင့်ကြံသူအား ကြည့်လိုက်ပြန်သည်။
“ငါဆက်ပြီး မင်းလိုကောင်မျိုးနဲ့ စကားမပြောချင်တော့ဘူး ငါ့ကျောက်စိမ်းဆွဲပြားလည်း ဆုံးရှုံးသွားပြီဆိုတော့ ငါအရင်ထွက်သွားတော့မယ်”
ထောက်ခံဟန်ဖြင့် သန်မာလှသည့်ကျင့်ကြံသူက တောအုပ်ထဲပျောက်ကွယ်သွားသည့်သူမအား လက်ဝှေ့ယမ်းပြလိုက်သည်။
ရွှယ်ယန်ကအကူအညီမဲ့စွာ သူမခေါင်းကိုခါနေပြီး တစ်ယောက်တည်းရေရွတ်နေလေသည်။
“အား ဒါကအရမ်းရှက်ဖို့ကောင်းတာပဲ ငါကပထမဆုံး ကျောက်စိမ်းဆွဲပြားလုယက်တာ ခံလိုက်ရတဲ့လူလို့ ငါ့ကိုမပြောပါနဲ့”
တကယ့်လက်တွေ့မှာတော့———
သူမကပထမဆုံးမဟုတ်ခဲ့ပါဘူး။
“ရှင်က ရှစ်ရှုန်းလား ရှစ်ကျဲလား ကျွန်မ,မသိပါဘူး ဒါပေမယ့် ရှင့်ရဲ့ကျောက်စိမ်းဆွဲပြားအတွက် ကျေးဇူးအများကြီးတင်ပါတယ်” ချစ်စရာကောင်းသည့်မိန်းမငယ်လေးက ပြုံးလိုက်ပြီး ကျောက်စိမ်းဆွဲပြားကို သူမလက်ဖြင့်လှမ်းယူလိုက်သည်။
အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူဟာ မြေပြင်ပေါ်မှာ ခြေပစ်လက်ပစ်ဖြစ်နေပြီး ခါးခါးသီးသီးပြုံးဖို့ကလွဲရင် ဘာမှမတတ်နိုင်တော့ပေ။
မိန်းမငယ်လေး သူမလက်ကိုဝှေ့ယမ်းလိုက်သည်။ အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ၏ ကိုယ်ပါ်ကနေ သေးငယ်ပြီးအစိမ်းရင့်ရင့်မြွေလေးက တွားသွားကာ ထွက်လာသည်။ အဲ့ဒီမြွေသေးသေးလေး နာမည်က ထင်ထားသည့်အတိုင်း ပိယွင့်ဖြစ်ပေသည်။
မိန်းမငယ်လေးက အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူအား နောက်တစ်ကြိမ်ပြန်ပြုံးပြလိုက်သည်။
“ရှင်ကရှစ်ရှုန်းလား ရှစ်ကျဲလား ကျွန်မ,မသိပါဘူး ဒါပေမယ့် ရှင်စိတ်ပူစရာမလိုပါဘူး ပိယွင့်ကသူ့ရဲ့အဆိပ်ကို နည်းနည်းလေးပဲသုံးထားတာပါ အချိန်ခဏလောက်ပဲ အကျိုးသက်ရောက်မှာမို့ ရှင်ရဲ့ကိုယ်ကနေ အဆိပ်ကိုထုတ်ဖို့ကြိုးစားလိုက်ပါ”
သူမပြောလို့ပြီးသည်နှင့် မြွေအား သူမ၏အင်္ကျီလက်ထဲဝှက်လိုက်ကာ ပျော်ရွှင်စွာထွက်သွားတော့သည်။
အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက မြေပြင်ပေါ်လဲနေရာကနေ ဖြေးညင်းစွာထလာသည်။ သူ့ခန္ဓာကိုယ်က အစိမ်းရောင်ပြောင်းနေပြီး အမဲရောင်အရည်တွေက သူ့လက်တွေက ထွက်လာတော့သည်။ အရည်တွေက မြေပြင်ပေါ်သို့ တစ်စက်စက်ကျနေပြီး အရည်တွေက မြေကြီးကို တိုက်စားသွားတော့သည်။
အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူဟာ တည်ငြိမ်စွာ သူ့ခေါင်းခါယမ်းလိုက်သည်။
“ဒီအသုတ်ကတပည့်တွေကတော့ တကယ့်ကို………ဟ ဟ…… ဖြစ်နိုင်တာကတော့ လာမည့်နှစ်ဆိုရင် အတော်လေးကို ပိုသွက်လာလိမ့်မယ်” သူစကားပြောလို့ပြီးသည်နှင့် သူ့ကိုယ်ပေါ်က ဖုန်တွေကိုဖယ်လိုက်ပြီး အေးအေးဆေးဆေး တောအုပ်ထဲသို့ လမ်းလျှောက်သွားတော့သည်။
တစ်ချိန်ထဲ၌———
“ဟား ဟား ဟား! ဒီရှစ်ရှုန်းကတော့ ကျွန်မရဲ့ထောင်ချောက်ထဲကျသွားပြီ!!!” ရှဟုန်လျန်က သစ်ကိုင်းပေါ်က ဇောက်ထိုးကျနေသည့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူအား ပြုံးပြလိုက်သည်။ ထို့နောက်မှာတော့ သူမကသူ့အား ပျော်ရွှင်စွာ လွှဲယမ်းလိုက်သည်။
အဲ့ဒီအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူမျက်နှာဟာ အလွန်ကိုမည်းမှောင်နေသည်။ သူကအစိမ်းရောင်ကျောက်စိမ်းဆွဲပြားလေးကို ပစ်ပေးလိုက်သည်။ ထို့နောက်မှာ သူကသူ့ခြေထောက်မှာ ချည်ထားသည့် နွယ်ပင်အား မြန်မြန်ဖြတ်ပြီး ချက်ချင်းပျောက်ကွယ်သွားတော့သည်။