Chapter 50
Chapter 50
၃၃၀မီတာနီးပါးလောက် ပြေးပြီးနောက် လေတိုက်နှုန်းဟာပိုမိုပြင်းထန်လာတော့သည်။ ကောင်းကင်ပြာ အမဲရောင်တိမ်တိုက်တွေ ပြန့်နှံ့လာပြီး စတင်ပြီး မိုးစက်မိုးပေါက်တွေ ကျလာတော့သည်။ မိုးတဖြောက်ဖြောက်ကျသံနှင့်အတူ ရွှီဇီယန် ကိုယ်ပေါ်သို့လည်း ကျလာတော့သည်။
ရွှီဇီယန်ရင်ထဲတင်းကျပ်သွားသည်။ မိုးသက်မုန်တိုင်းက ဒီလောက်မြန်မြန်ကြီး ရောက်လာလိမ့်မယ်လို့ သူမထင်ထားမိဘူး။ မူလရွှီဇီယန်တုန်းကထက် ပိုစောစောရောက်လာခဲ့တာပဲ။
မိုးစက်မိုးပေါက်တွေက လျင်မြန်စွာ သူ့အင်္ကျီကို ရွှဲစိုသွားစေတော့သည်။ ရွှဲရွှဲစိုနေသည့် အဝတ်တွေက သူ့ကိုယ်မှာကပ်ကာ အတော်လေး နေခက်ပေမယ့်လည်း အခုချိန်မျိုးမှာ သူဒီလိုဟာအတွက်နဲ့ စိတ်အနှောင့်အယှက်ဖြစ်ဖို့ အချိန်မရှိပေ။
သူ့အောက်နှုတ်ခမ်းကိုကိုက်ကာ ရွှီဇီယန်ဟာ ခိုင်မာသည့်ကျောက်တုံးရုပ်တုပုံစံဖြင့် အရှေ့ကို လျင်မြန်စွာ သွားလေသည်။ မိုးစက်မိုးပေါက်တွေဟာ သဲကန္တာရမှာ လျင်မြန်စွာ ရွာချလာတာကြောင့် ကျယ်ပြန့်လှသည့် သဲကန္တာရဟာ ကြီးမားသည့် ရေအိုင်တွေ ဖြစ်လာတော့သည်။
သူ၏ခြေထောက်တွေဟာ မြေအောက်ထဲက ရေအိုင်ထဲနစ်ဝင်သွားပြီး ထူလှသည့် ရွှံ့အိုင်ထဲ၌ သူဖိနပ်တွေ နစ်နေတော့သည်။ ရွှီဇီယန်၏ခြေလှမ်းတွေဟာ တဖြည်းဖြည်း လေးလံလာပြီး သူဟာအံကြိတ်ရင်းသာ သူ၏အမြန်နှုန်းကို တိုးနေရသည်။
မိုးရေမိုစက်တွေဟာ တဖြည်းဖြည်းကြီးလာသည်။ နောက်ဆုံး ရွှီဇီယန် ကြီးမားလှသည့် ရွှံ့နွံဧရိယာကြီးကို ဖြတ်ကျော်ပြီးနောက် မိုးစက်တွေဟာ ကြီးမားသည့် မိုးသီးအဖြစ်သို့ အသွင်းပြောင်းသွားတော့သည်။
ရွှီဇီယန်မျက်နှာဟာ အသက်မပါသည့်ပုံစံဖြစ်သွားသည်။ မိုးနဲ့လေဟာ သူတို့၏ဆန္ဒကို ဖော်ထုတ်နေကြသည်။ ထိုအချိန်တွင် အရှေ့ဘက်၌ စိတ်ဝိညာဉ်အခင်းအကျင်းဟာ အန္တရာယ်ပြုမည့်လက္ခဏာမျိုးပုံစံဖြင့် အစွယ်နဲ့လက်သည်းခြေသည်းတွေကို ဖော်ထုတ်လာသည်။
မိုးသီးဟာ လျင်မြန်စွာ လက်ချောင်းအရွယ်လောက် ဖြစ်နေရာကနေ မိုးသီးဟာ လက်သီးလောက် ကြီးမားလာတော့သည်။ တစ်စုံတစ်ရာက ကောင်းကင်ပေါ်ကနေ ကျလာပြီး ပြင်းထန်လှသည့် လေပြင်းနဲ့အတူ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး ထိုအရာတွေဟာ ဖုန်အညစ်အကြေးထဲ တစ်ဝက်လောက်နစ်ဝင်သွားတော့သည်။
ရွှီဇီယန်ဟာ သူ၏စိတ်ဝိညာဉ်စွမ်းအင်အကာအရံကို ဧရိယာထပ်ချဲ့လိုက်သည်။ ပြင်းထန်လှသည့် မိုးသီးတွေဟာ သူ့အကာအရံ၏အပြင်ဘက်သို့သာ ကျနေတော့သည်။ ထိုအရာက သူ့အားပိုပြီး စိတ်သက်သာရာရစေသည်။
သဲကန္တာရဟာ ရွှံဗွက်အိုင်အဖြစ် ပြောင်းသွားတာကြောင့် မြေပြင်ပေါ်က အလင်းရောင်မှိန်မှိန်လောက်နဲ့ ရေအောက်မှာဘာရှိနေလဲဆိုတာ မြင်နိုင်ဖို့ မဖြစ်နိုင်ပေ။
ရွှီဇီယန်ဟာ တိမ်နေတဲ့နေရာကို နင်းမိလိုက် နစ်တဲ့နေရာကို နင်းမိလိုက်နဲ့ ဒယိမ်းဒယိုင် အရှေ့သို့ဆက်သွားနေသည်။ ဒါပေမယ့် သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုနေရတာကြောင့် အရှေ့ကို၃၃၀မီတာတောင် မရှိသေးခင် သူခြေကုန်လက်ပန်းကျနေတော့သည်။ သူ၏စိတ်ဝိညာဉ်စွမ်းအင်အကာအရံဟာ ချက်ချင်းပင် ပျက်ပြယ်သွားပြီး ထိုလက်သီးလုံးလောက်ရှိသည့် မိုးသီးတွေဟာ သူ့ကိုယ်ပေါ်ကျလာတော့သည်။
“လီးပဲ သေလောက်နာတယ်ဟ!” ရွှီဇီယန်ဟာ ထိုအရာတွေ ထိမှန်မှုကြောင့် သူ့နှာခေါင်းကလည်း သွေးတွေရဲနေပြီး သူ့မျက်နှာကလည်း ဖူးရောင်နေကာ စိတ်ပျက်နေသည့်အခြေအနေသို့ ရောက်ရှိနေသည်။
ဒီမိုးသက်မုန်တိုင်းလောက်နဲ့ သူ၏စိတ်ဝိညာဉ်စွမ်းအင်တွေကို သုံးပစ်ရမယ်လို့ သူမထင်ထားခဲ့မိဘူး။ အခုချိန်မှာတော့ သူ့ကိုယ်သူတောင့်ခံထားကာ သူ၏စိတ်နှလုံးနဲ့သာ အရှေ့ကိုဆက်လျှောက်ဖို့တတ်နိုင်တော့သည်။
ရွှီဇီယန်ဟာ သူ၏ခေါင်းကို အတတ်နိုင်ဆုံးကာကွယ်ထားကာ သူ၏ကိုယ်အား ကာကွယ်ဖို့ သူ့မှာဘာစွမ်းရည်မှ မရှိသောကြောင့်သာဖြစ်သည်။ သူဆက်လျှောက်နေပြီး နာကျင်မှုဒဏ်တွေကို တောင့်ခံနေရင်း မိမိဘာသာ အတွေးတွေကို ပြောင်းပြန်စဉ်းစားနေမိသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဒီအတွေးစိတ်ကူးအခင်းအကျင်းကနေ ခေါ်သွားပြီး ခေတ်ဘက်ကိုပြန်ပို့လိုက်ကာ သူတို့တွေ ၉၉ရာခိုင်နှုန်းလောက်ကတော့ အစစ်အတိုင်း ဖန်တီးနိုင်မှာပဲ မဟုတ်ဘူးလား?
သူနောက်ထပ် ၃၃၀မီတာလောက် လျှောက်ပြီးနောက် ကောင်းကင်က တိမ်မဲကြီးတွေဟာ လွှင့်စဉ်ပပျောက်သွားတော့သည်။ အလင်းရောင်မှုန်မှုန်လေးဟာ ပြန်လည်ပေါ်ထွက်လာတော့သည်။ နေရောင်လေးဟာ တိမ်စိုင်ကြားကနေ ထွက်လာတာကို သူမြင်လိုက်ပြီးနောက် ရွှီဇီယန် သူ့အရင်ဘဝကို ပြန်လည်အမှတ်ရသွားလေသည်။
မိုးရွာပြီးနောက် ကောင်းကင်ဟာ ပြန်လည်ကြည်လင်သွားသည်။ သဲကန္တာရ၏အပေါ်ဘက်မှာ အပင်အညှောက်လေးတွေဟာ စတင်ပေါက်လာတော့သည်။ အေးစိမ့်သည့် လေပြေလေညင်း တိုက်ခတ်သွားပြီးနောက် ထိုအပင်ပေါက်တွေဟာ စတင်ကြီးထွားလာတော့သည်။ အသက်ဘယ်လောက်မှတောင် မရှူရသေးခင် သဲကန္တာရကြီးဟာ မြက်ခင်းပြင်ဒေသအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရွှီဇီယန်ရင်ထဲမှာ ချက်ချင်း စူးရှသည့် အချက်ပေးသံ မြည်လာတော့သည်။ သူ၏ကိုယ်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင် ဘယ်တော့မှမကျန်တော့ပေ။ ဒီလိုအချိန်မျိုးမှာ ရန်သူတစ်စုံတစ်ယောက်သာ ရောက်ရှိလာပါက သူအခြေအနေကတော့ ဘယ်လိုမှမတွေးရဲစရာပင်။
ကံဆိုးစွာဖြင့် ထိတ်လန့်နေသည့်အတိုင်းပင် နောက်ဆုံးတော့ တစ်စုံတစ်ခုဟာ ပေါ်ထွက်ရောက်ရှိလာသည်။ အမဲရောင်အရိပ်ဟာ လျှပ်တစ်ပြက်ရောက်လာပြီးနောက် ရွှီဇီယန် သူ၏ပါးနာကျင်သလို ခံစားလိုက်ရသည်။ သူ့လက်ချောင်းဖြင့် သူ့ပါးကိုစမ်းကြည့်လိုက်ကာ နီရဲလှသည့် သွေးတွေဖြစ်နေတာကို သူမြင်လိုက်သည်။
သူကသတိဝီရိယရှိစွာ သူ့ပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်လေသည်။ အခုချိန်အထိ သူ့ကိုတိုက်ခိုက်သွားသည့်အရာကို သူမမြင်ရသေးပေ။ အကယ်၍ ရန်သူ၏ပစ်မှတ်က သူလည်ပင်းသာဖြစ်သွားပါက အခုချိန် သူမြေပြင်ပေါ်လဲကျနေပြီးဖြစ်သည်။
သူကဓားမြှောင်ကို ထုတ်လိုက်ကာ သူ့ရင်ဘတ်တည့်တည့်နားက အရှေ့မှာထားပြီး သူ့ကိုယ်သူကာကွယ်ရန် ပြင်ဆင်ထားသည်။ ထို့နောက်မှာတော့ ရွှီဇီယန် အရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာတော့သည်။
သူ့မျက်စိထောင့်ကနေ နောက်ထပ်အမဲရောင်အရိပ်ကို ဖျတ်ခနဲမြင်လိုက်ရပြန်သည်။ ဒါကြောင့် ရွှီဇီယန်က သူ့လက်ထဲက ဓားမြှောင်နဲ့ လှမ်းပေါက်လိုက်သည်။ သတ္ထုအချင်းချင်း ထိခတ်သံ ကြားရပြီးနောက် အမဲရောင်အရိပ်ဟာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ရွှီဇီယန်ဓားမြှောင်ကို ပြန်ကောက်ပြီးနောက် ထိုအရာအား အာရုံစူးစိုက်စွာ ကြည့်လိုက်သည်။ ထို့နောက်မှာတော့ သူ့ကိုတိုက်ခိုက်သည့်အရာက မမျှော်လင့်ပဲ အစိမ်းရောင်မြှားလေးဖြစ်နေသည်။ ဒီမြှားငယ်လေးက လက်မလောက်ပဲရှည်လျားပြီး ထိုပစ္စည်းကို လုပ်ထားတာက ရွှေလည်းမဟုတ်သလို သစ်သားလည်းမဟုတ်ဘူး။ အကယ်၍ တစ်စုံတစ်ယောက်သာ သူတို့လက်ချောင်းတွေနဲ့ ထိုအရာကို ကွေးကောက်ကြည့်ပါက ထိုအရာက တကယ့်ကို ကွေးနိုင်ဆန့်နိုင်လိမ့်မည်။ ထိုမြှားကိုလုပ်ထားတာက အရိုးနဲ့တူပေသည်။
ထိုမြှားကိုလွှင့်ပစ်ပြီးနောက် ရွှီဇီယန်ဟာ သူ့လက်ချောင်းမှာ ချွဲကျိကျိအရာမျိုး ကပ်နေတာကို သူခံစားလိုက်ရသည်။ သူကသူ့လက်ချောင်းက အနည်းငယ် ချဉ်စုတ်စုတ်အနံ့ကို လေထဲကနေ ရလိုက်ရသည်။
ဒီအစိမ်းရောင်မြှားက ချဉ်စုတ်စုတ်အနံ့ရှိတာပဲ……
ရုတ်တရက် ရွှီဇီယန်၏အမူအရာဟာ ပြောင်းလဲသွားသည်။ သူ့ခြေထောက်တွေက မြေကြီးကန်ကာ အရှေ့သို့ ပြင်းထန်လှသည့် အမူအရာဖြင့် သူ့ကိုယ်ဟာ ခုန်ပျံသွားသည်။ သူအရှိန်မြင့်တာ ဘယ်လောက်မှ မကြာသေးခင် ချုံပုတ်ထဲကနေ ဖားတွေအော်ငိုနေသည့် အသံဟာ ပဲ့တင်ထပ်လာတော့သည်။
“ဘယ်လိုတောင်ကံမကောင်းရတာလဲ! ဘာလို့ဖားအရိုးမြှားဖြစ်နေရတာလဲ?” ရွှီဇီယန် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် အပြစ်တင်လိုက်သည်။ ဖားအရိုးမြှားတွေက မိစ္ဆာတောကောင်အမျိုးအစားဖြစ်ပြီး မြှားငယ်လေးပုံစံနှင့် ဆင်ပေသည်——သူတို့တွေအရိုးတွေက အဲ့လိုတွေပုံစံတွေကြောင့် ရွှီဇီယန် သူ့ဓားမြှောင်ဖြင့် တိုက်ခိုက်လိုက်နိုင်ခြင်းဖြစ်သည်။
ဒီဖားအရိုးမြှားတွေက ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်သာ ရှိသည်။ ရွှီဇီယန်၏စွမ်းအားနဲ့သာဆိုရင် သူတို့တွေကို ရှင်းပစ်ဖို့ မိနစ်အနည်းငယ်သာ ကြာလိမ့်မည်။ ကံဆိုးစွာဖြင့် ဒီမိစ္ဆာတောကောင်တွေက အမြဲလိုလို အုပ်စုလိုက်သာ နေကြသည်။ သူ့ကိုချုံခိုတိုက်ခိုက်လာသည့် ဖားအရိုးမြှားနှစ်ကောင်က ဒီအုပ်စုထဲက ကင်းထောက်တွေသာဖြစ်ရမည်။
သူတို့ကိုရှာတွေ့လိုက်တဲ့ ပုံစံတွေအရ ဖားအရိုးမြှားအုပ်စုဟာ ရွှီဇီယန်ပတ်လည်မှာ တည်ရှိနေလောက်ပြီဖြစ်သည်။
သူတို့က ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်သာ ရှိတယ်ဆိုပေမယ့် သူတို့တွေအားလုံးက အကောင်၁၀၀လောက်သာ ရှိနေပါက ရွှီဇီယန်အတွက် ကြီးမားသည့်အနှောင့်အယှက်ဖြစ်ပေလိမ့်မည်။ ဒါကြောင့် အခြားသောမိစ္ဆာတောကောင်တွေ ချုံပုတ်တွေကြားမှာ ရှိတာမရှိတာကို ရွှီဇီယန်အနေနဲ့ အာရုံစိုက်ဖို့ အချိန်မရှိတော့ပေ။ သူ့မှဘာရွေးချယ်စရာမှ မရှိတော့ပဲ ကျောက်တုံးရုပ်တုဆီပြေးဖို့ကာ သူ့အသက်မသေဖို့ ထိုအရာသာ အားကိုးစရာကျန်တော့သည်။
မိစ္ဆာတောကောင်တွေဟာ ဒီလိုအုပ်စုလိုက်နေတာက တစ်ကောင်ထဲနေတာထက် ပိုသန်မာပေသည်။ ဖားအရိုးမြှားအုပ်စုတွေက ဒီနေရာမှာအစကတည်းရှိနေကြပြီး အခြားမိစ္ဆာတောကောင်နဲ့ မမျှော်လင့်ပဲကြုံတွေ့ရမည့် အခြေအနေကို လျော့နည်းစေချင်လို့ထင်သည်။
“အွတ် အွတ် အွတ်……”(ဖားအော်သံ)
ဖားအော်သံတွေဟာ ရွှီဇီယန်၏အရှေ့ရော အနောက်ရောက နှစ်ဖက်စလုံးက မြည်လာတော့သည်။ ထိုဖားအော်သံကို သူအဆက်မပြတ် ကြားနေရတာကြောင့် ရွှီဇီယန် သူ့ဦးခေါင်းထုံလာသလိုတောင် ခံစားလိုက်ရသည်။
ကံအားလျော်စွာ သူထိုအကောင်တွေကို ခပ်စောစော ရှာဖွေတွေ့ရှိလိုက်သည့်အချိန် သူတို့တွေဟာ ဝန်းရံပုံစံဖော်တာကို မပြီးမြောက်သေးပေ။ တစ်နည်းဆိုရရင် ထိုအကောင်တွေအားလုံးကို သူသတ်မှ သူအရှေ့သို့ဆက်သွားနိုင်လိမ့်မည်။
ဝှီး ဝှီး ဝှီး !
ဖားအရိုးမြှားတွေဟာ သူ့ကိုစောစောရှာတွေ့သွားပြီး သူတို့၏နောက်ကျော သံဆူးတွေနဲ့ စတင်ပစ်ခတ်ကြလေသည်။ ရွှီဇီယန် အကောင်းဆုံး ရှောင်တိမ်းပေမယ့်လည်း အကြိမ်အနည်းငယ်တော့ ထိမှန်လေသည်။
ထိုချွန်ထက်လှသည့် သံဆူးတွေဟာ သူတို့ဟာသူတို့ သူ့ကိုယ်ထဲကို အလွန်နာကျင်လောက်အောင် စိုက်ဝင်နေတာကြောင့် ရွှီဇီယန် သည်းခံနိုင်ဖို့သာတတ်နိုင်ပြီး အရှေ့ကိုသာ ဆက်လက်ပြေးလေတော့သည်။
“အွတ် အွတ်! အွတ် အွတ်!” ဖားအရိုးမြှားတွေ၏ အသံဟာ ထူးခြားစွာ ဟိန်းသံထွက်လာပြီး ချုံပုတ်ထဲက ရွှီဇီယန်အရှေ့သို့ ခုန်ထွက်လာသည်။ အခြားဖားအရိုးမြှားတွေနဲ့မတူပဲ ထိုအကောင်၏ကိုယ်က အလွန်ကြီးမားပြီး ဘောလုံးလောက်ရှိသည်။ ထိုအကောင်၏နောက်ကျောက သံဆူးဟာ အေးစက်သည့်အလင်းရောင် မှိန်မှိန်လေးထွက်ပေါ်နေသည်။
“ခင်ဗျားကြီး ဒီလောက်ထိလုပ်တာကတော့ မများလွန်းဘူးလား?! ဖားဘုရင်ကိုပါ ခေါ်လာရလား!” ရွှီဇီယန် သူ၏ကံဆိုးမှုအတွက် ကြံရာမရအောင် ဖြစ်နေတော့သည်။ ဖားအရိုးမြှားဟာ အုပ်စုလိုက် တစ်နေ့လုံးနီးပါး အမဲလိုက်ကြပေမယ့် ဖားဘုရင်ကတော့ ၁ကောင်၂ကောင်ကနေ ၁၀ကောင်အထိသာ အုပ်စုဖွဲ့ အမဲလိုက်ကြသည်။ ဖားဘုရင်နဲ့တွေ့ရသည်အထိ သူ့ကံကအဲ့လောက်ထိ ဆိုးမယ်မှန်း ရွှီဇီယန်တစ်ခါမှမမျှော်လင့်မိခဲ့ဘူး။
ဖားအရိုးမြှားဘုရင်က အဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့် ရှိသည်။ သူထိုအကောင်ကို တိုက်ဖို့ကြောက်နေတာမဟုတ်ပေ ဒါပေမယ့် သူဖားဘုရင်နဲ့ တိုက်ခိုက်ရင်းအချိန်ကုန်ဆုံးနေရင် အုပ်စုလိုက်ဖားအရိုးမြှားတွေ ပေါ်လာပြီး သူ့ကိုဖမ်းမိသွားရင် ပိုဆိုးသွားလိမ့်မည်။
“လောင်းကြေးထပ်ကြတာပေါ့!” ရွှီဇီယန် အံကြိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကနေ စိတ်ဝိညာဉ်စွမ်းအင်ကျန်ရှိနေသမျှကို ထုတ်လိုက်သည်။ လျှပ်စစ်အလင်းတန်းလေးဟာ သူ့လက်ချောင်းထိပ်မှာ စုရုံးနေပြီး သိပ်သည်းကျစ်လျစ်သည့် လျှပ်စစ်လုံးအဖြစ်ပြောင်းလဲသွားသည်။ လျှပ်စစ်မီးပွားတွေဟာ လျှပ်စစ်လုံးကနေ ပဲ့တင်ထပ်နေပြီး ထိုအရာကို ပြုလုပ်နိုင်တာကပင် အလွန်ကိုအန္တရာယ်များနေပြီဖြစ်သည်။
ဖားဘုရင်ဟာ လျှပ်စစ်လုံးက သာမန်မဟုတ်မှန်း ခန့်မှန်းမိတာကြောင့် ထိုအရာနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မရည်ရွယ်ပေ။ ထို့အစား အခြားဖားအရိုးမြှားတွေကို လျှပ်စစ်လုံးအား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက်မှာတော့ ဖားဘုရင်က ဘေးဘက်သို့ ပုန်းခိုလိုက်သည်။
ထိုအခွင့်အရေးကိုအရယူကာ ရွှီဇီယန် လျှပ်စစ်လုံးကို နောက်ဘက်သို့ ပစ်လိုက်တော့သည်။ ဖားဘုရင်ပုန်းခိုနေတာကို အသုံးချကာ သူလည်းအဝေးကို ထွက်ပြေးလေတော့သည်။
ခရမ်းရောင်လျှပ်စစ်လုံးဟာ ဖားအရိုးမြှားသုံးကောင်ကို ထိသွားတော့သည်။ မြေပြင်ဟာ အတော်များများ မီးလောင်သွားပြီး ထိုဖားအရိုးမြှားသုံးကောင်ကတော့ ဒဏ်ရာကြီးကြီးမားမား မရသွားပေ။ သူတို့တွေက အသေးအဖွဲ့ ဒဏ်ရာလောက်သာ ရရှိသွားတာကြောင့် သူတို့တွေဟာ ရွှီဇီယန်အနောက်ကို ထိပ်လိုက်ကြပြန်သည်။
ထိုလျှပ်စစ်လုံး၏ ပုံပန်းသဏ္ဍာန်ဟာ အလွန်ကို ရက်စက်ကြမ်းကြုတ်လှသည့်ပုံပေါက်သည်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ထိုအရာက ဖျက်စီးနိုင်သည့် စွမ်းအားသာ ရှိပေသည်……
ထိုအရာဖြင့် လှည့်စားသွားမှန်း ဖားဘုရင်ဟာ သဘောပေါက်သွားသည်။ ဖားဘုရင်ဟာ ချက်ချင်း ဒေါသလာပြီး ကျယ်လောင်စွာအော်လေတော့သည်။ ဖားဘုရင်အနားမှာ ဝန်းရံနေသည့် ဖားအရိုးမြှားတွေကို အမိန့်ပေးကာ တစ်ဖွဲ့ကို ရွှီဇီယန်အနောက်လိုက်သွားခိုင်းစေပြီး ကျန်တဲ့အကောင်တွေကို သူ့အနားမှာနေခိုင်းထားသည်။
ပြေးနေရင်း ရွှီဇီယန် ခါးသက်သက်ပြုံးလိုက်သည်။ သူ၏စိတ်ဝိညာဉ်စွမ်းအင်ဟာ သူစိတ်ဝိညာဉ်စွမ်းအင်အကာအရံကို အသုံးပြုခဲ့ရတာကြောင့် ကုန်ခန်းလုနီးနီးဖြစ်သွားပြီးဖြစ်သည်။ လျှပ်စစ်လုံးကလည်း အပြင်ပန်းသာ ကြောက်စရာကောင်းသည့် ပုံစံမျိုးအဖြစ် သူဖန်တီးလိုက်သာဖြစ်သည်။ ထိုအရာက လူတွေကို ခြောက်လန့်သည့်အခါကျရင် အလွန်အသုံးဝင်ပေသည်။
ဒီဖားဘုရင်က ဒီလောက်ထိတုံးမယ်လို့ သူမထင်ထားခဲ့ဘူး။ အဲ့ဒါကြောင့်ပဲ သူပြေးထွက်လာလို့ရခဲ့သည်။
ဒေါသထွက်နေသည့် ဖားအရိုးမြှားတွေက သူ့အနောက်လိုက်နေတာကြောင့် ရွှီဇီယန် ပြေးဖို့သာတတ်နိုင်တော့သည်။ ကံကောင်းစွာဖြင့် ဖားအရိုးမြှားတွေက လျင်မြန်မသွက်လက်ပေ။ အခုလက်ရှိမှာတော့ သူ့နောက်ကျောက သံဆူးချောင်းသုံးခုဟာလည်း မရှိတော့ပေ။ ထိုအစား သူကဒဏ်ရာတွေကို အကာအကွယ်ပြုလုပ်လိုက်သည်။
၃၃၀မီတာလောက် ပြေးလာပြီးနောက် မြက်ခင်းပြင်ဒေသ၏အဆုံးသတ်ကို မြင်နေရပြီးဖြစ်သည်။ ကြီးမားလှသည့် ကျောက်တုံးရုပ်တုကြီးဟာ မြက်ခင်းပြင်ဒေသ၏အစွန်းဆုံးဘက်မှာ တည်ရှိနေသည်။ ရွှီဇီယန်ဟာ အတော်လေး အားရကျေနပ်သွားပြီး အလွန်ကိုပင်ပန်းနေသည့် သူ၏ခန္ဓာကိုယ်ဟာ အနည်းငယ် တက်ကြွသွားသည်။ မြက်ခင်းပြင်ဒေသ၏အစွန်းဆုံးဘက်ကို သူပြေးနေသည့် အချိန်တွင် ကျောက်တုံးရုပ်တု၏အနီးနားမှာ ကောင်းကင်တံခါးဝင်ပေါက် ပွင့်လာသည်။
“အွတ် အွတ်!”
ဒေါသထွက်နေသည့် ဖားအရိုးမြားတွေဟာ သူ့အနောက်ကို လိုက်လာကြပြီး ဖားဘုရင်ကလည်း သူ့ကိုမှီလာတော့သည်။ ဒါပေမယ့် ရွှီဇီယန် ကောင်းကင်တံခါးဝင်ပေါက်ထဲကို ခြေလှမ်းလိုက်သည့်အချိန်တွင် ဖားအုပ်စုတွေဟာ ပွတ်လောညံအောင် အော်ဟစ်နေကြပေမယ့် သူတို့တွေက အရှေ့ကိုဆက်မတိုးရဲကြပေ။
ဖားဘုရင်ဟာ ဒေါသတကြီးဖြင့် အော်ဟစ်နေပေမယ့် ကောင်းကင်တံခါးဝင်ပေါက်ထဲကိုတော့ ဝင်ဖို့သတ္တိမရှိကြပေ။ ဖားအုပ်စုတွေဟာ ဒေါသထွက်နေကြရင်း အဝေးကိုသာထွက်သွားတော့သည်။
ရွှံ့ဗွက်အိုင်ထဲသို့ ရွှီဇီယန်ပြုတ်ကျသွားပြီး သူဟာဒေါသထွက်အော်ဟစ်လိုက်ပြီး ကျယ်လောင်စွာ ပင့်သက်ရှူလိုက်သည်။
ခဏလောက်အနားယူပြီးနောက် သူ၏စွမ်းအားတွေ အနည်းငယ်ပြန်ရလာသလို ခံစားလိုက်ရပြီး မြေပြင်ပေါ်ကထလာပြီး ကျောက်တုံးရုပ်တုဆီသို့ သူချဉ်းကပ်လာသည်။
အဝေးမှာတုန်းက ထိုရုပ်တု၏ပုံစံက သာမန်လို့သာ သူတွေးထင်ထားသည်။ အခုသူနီးကပ်လာသည့် အခါကျတော့ ကျောက်တုံးရုပ်တုဟာ အရောင်အဝါတွေထုတ်လွှတ်နေမှန်း သူမြင်လိုက်ရသည်။
ရွှီဇီယန်ခပ်ဖြည်းဖြည်း လျှောက်သွားသည်။ သူလျှောက်နေရင်း သူ၏အသက်ရှူနှုန်းကို ငြိမ်အောင်ထိန်းထားသည်။ အခုချိန်မှာ သူ၏ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကလည်း အလွန်မောပန်းနေပြီး သူ၏ခန္ဓာကိုယ်က စိတ်ဝိညာဉ်စွမ်းအင်ကလည်း တစ်စက်မျှမကျန်ရှိတော့ပေ။ ထိုအကြောင်းပြောရရင် အဲ့ဒါကအတော်လေး ထူးဆန်းလှသည်။ ဒီစိတ်ဝိညာအခင်းအကျင်းအတွင်းမှာပင် စိတ်ဝိညာဉ်စွမ်းအင် တစ်ဝက်လောက်တောင် မရှိတော့ပေ။ တရားထိုင်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်တိုးလာအောင်လုပ်ပြန်တော့လည်း ဘာမှထူးခြားမလာပေ။
ကျောက်တုံးရုပ်တုနားကို သူပိုနီးကပ်လာလေ ကြက်သီးမွှေးညင်းထလောက်အောင် ကြောက်စရာကောင်းသည့် ခံစားချက်က ပိုပိုဖြစ်လာလေဖြစ်သည်။ ရွှီဇီယန်ဟာ သူမျက်လုံးထဲကနေ ပုံရိပ်တွေ တစ်ခုပြီးတစ်ခုမြင်လာရပြီး ထိုပုံရိပ်တွေထဲမှာ ကျင့်ကြံသူတစ်ယောက်ဟာ သူ့နောက်ကျောကနေ ကြီးမားသည့်ပုဆိန်ကိုသယ်ကာ ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေကို သူဘယ်လိုတိုက်ခိုက်လည်းဆိုတာ ပြသထားခြင်းဖြစ်သည်။
ပင်လယ်နဂါးကို တိုက်ခိုက်ခြင်း၊ မီးလျှံငှက်ကို အမြစ်ပြတ်သုတ်သင်ခြင်း၊ နက်မှောင်သည့်မြေခွေးကို နှိမ်နင်းခြင်း ထို့အပြင် ထိုကျင့်ကြံသူ၏ကောင်းကင်တုန်လှုပ်နိုင်သည့် စိတ်ဝိညာဉ်စွမ်းအင်တွေဟာ မရေမတွက်နိုင်အောင် အဆင့်မြင့်မားလှသည့် ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေကို သုတ်သင်ပစ်လေသည်။
ထိုပုံရိပ်တွေကို ကြည့်လိုက်ပြီးနောက် ရွှီဇီယန် သူ့သွေးတွေ ဆူပွက်လာတော့သည်။ အနောက်ဘက်နယ်မြေမှာ ဒီလိုပုံစံထဲကလိုမျိုး တိုက်ခိုက်လာပြီး ထိုရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေနဲ့ တိုက်ပွဲဆင်နွဲချင်ပေသည်။
စစ်ပွဲတွေဖြစ်နေရသည့် အကြောင်းအရင်းကတော့ ပထမဆုံးစစ်ပွဲ၏လှုံ့ဆော်မှုကြောင့် လူသားတွေနဲ့ ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေ ကြားမှာ အတော်လေးကို ပြောင်းလဲသွားကြခြင်းဖြစ်သည်။
အဲ့ဒီလိုနဲ့ တစုံတယောက်သာ ယနေ့ခေတ်၏အမြင်နဲ့ စိစစ်လိုက်မယ်ဆိုရင် လူသားကျင့်ကြံသူတွေဟာ ဆေးဖက်ဝင်ဆေးလုံးတွေ စိတ်ဝိညာဉ်အသုံးအဆောင်တွေ ပြုလုပ်ဖို့ ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေ၏ အတွင်းအမြုတေတွေကို လိုအပ်ပေသည်။ တစ်ချိန်တည်းမှာပင် ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေအတွက် အကြီးမားဆုံး လိုအပ်ချက်ကတော့ လူသားတွေ၏အသွေးအသားသာဖြစ်သည်။
နှစ်ဖက်စလုံးကသူတွေဟာ သူတို့၏သားကောင် ဖြစ်မည့်သူတွေကို စောင့်ကြည့်လေ့ရှိကြသည်။ ဒါကြောင့် သူတို့တွေ၏စစ်ပွဲကလည်း ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
ရွှီဇီယန်မြင်နေရသည့် ပုံရိပ်ထဲက ထိုကျင့်ကြံသူဟာ ကြီးမားသည့်ပုဆိန်ကို သူ့ကျောနောက်ကနေ သယ်ထားရင်း ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူလေးယောက်ကို တစ်စစီဖြစ်အောင် တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်သည်။ ထိုမြင်ကွင်းဟာ ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်လှသည်။ မိစ္ဆာတောကောင်တွေဟာ ကြီးမားသည့် ဒဏ်ရာတွေကို ခံစားနေရပေမယ့် လူသားကျင့်ကြံသူတွေဟာလည်း ကြီးမားသည့် မတော်တဆထိခိုက်မှု ဒဏ်ရာတွေကို ခံစားနေရသည်။
သူတို့တွေဟာ ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေကို တိုက်ခိုက်ကြတာကြောင့် ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေဟာ ဆုတ်ခွာသွားကြရသည်။ ထို့နောက်မှာတော့ သူတို့တွေဟာ ရွှမ်းယွိနယ်မြေကို အောင်မြင်စွာ ပြန်လည်ရရှိသွားသည်။
ထိုအချိန်မှာ တရားမျှတသည့်ကျင့်ကြံသူဂိုဏ်းအားလုံးဟာ မိစ္ဆာဂိုဏ်းနဲ့အတူ ပူးပေါင်းလိုက်ကြပြီး အနောက်ဘက်နယ်မြေကို ခုခံသည့်နယ်မြေအဖြစ် တည်ထောင်လိုက်ကာ ထိုနယ်မြေဟာ ကျင့်ကြံသူငါးယောက်၏ လက်အောက်၌ တည်ရှိလေသည်။ ခုခံသည့်နယ်မြေမှာ တရားမျှတသည့်ကျင့်ကြံသူဖြစ်စေ မိစ္ဆာကျင့်ကြံသူဖြစ်စေ ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် သူတို့တွေဟာ အချင်းချင်းမတိုက်ခိုက်ရပေ။ ထိုနေရာမှာ သူတို့တွေ၏ရန်သူဟာ ရက်စက်ကြမ်းကြုတ်သည့် ကျင့်ကြံသူတွေနဲ့ မိစ္ဆာတောကောင်တွေသာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုစည်းမျဉ်းကိုဖောက်ဖျက်ပါက တရားမျှတသည့်ကျင့်ကြံသူတွေပဲဖြစ်ဖြစ် မိစ္ဆာကျင့်ကြံသူတွေပဲဖြစ်ဖြစ် သူတို့တွေက သတ်ပစ်မှာဖြစ်သည်။