Chapter 55
Chapter 55
“ကံမကောင်းလိုက်တာ!” သူတို့တွေ စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် လော့တကျောင်ဟာ သူ၏ငါးမျှားတံကိုလွှင့်ပစ်ကာ ဆဲရေးလိုက်တာကို ညီအကိုနှစ်ယောက်ကြားလိုက်ရသည်။
ရွှီဇီယန်မှင်တက်သွားသည်။ *ဆရာသခင်ရယ် စိတ်ဝိညာဉ်အတတ်ပညာနဲ့လည်း ဒီပြဿနာကို ဖြေရှင်းလို့ရတာကို ဘာလို့များ လက်တွေ့ငါးလာဖမ်းနေရတာလဲ? နောက်ဆုံးတော့လည်း ဆရာသခင်ရဲ့ ငါးဖမ်းအရည်အချင်းက ကောင်းလည်းမကောင်းဘဲနဲ့! ဒီတော့ကျွန်တော့်ကိုပြောပါဦး ဆရာသခင်ရဲ့တပည့်တစ်ယောက်အနေနဲ့ ဘာများလုပ်ပေးရမလဲ?*
“ဇီယန်!!” လော့တကျောင်၏အမူအရာက အရမ်းကိုဆိုးလွန်းနေသည်။
“တပည့်ရှိပါတယ်” ရွှီဇီယန် ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဒီမတိုင်ခင် ဘာပြောလိုက်လဲဆိုတာ မင်းကြားလိုက်လား?” လော့တကျောင်ဟာ မေးခွန်းမေးလိုက်ပြီး သူ၏မျက်လုံးတွေကို လည်လိုက်သည်။
အကူအညီပေးချင်နေသည့်ပုံစံဖြင့် ရွှီဇီယန် နားမလည်သည့် အမူအရာမျိုးပြုလုပ်လိုက်သည်။
“ဆရာသခင်သာ ပြဿနာဖြစ်နေတယ်ဆိုရင် ဒီတပည့်က ပင်ပင်ပန်းပန်းအလုပ်လုပ်ပေးပါ့မယ်!” ထို့သို့ပြောပြီးနောက် လော့တကျောင်ဟာ ရွှီဇီယန်ပခုံးအား ပုတ်လိုက်သည်။ “မင်းဆရာသခင်က ငါးကင်ကို နေ့လည်စာအဖြစ်စားချင်လို့ ငါမင်းကိုတာဝန်ပေးလိုက်ပြီ!”
သူထိုစကားကိုပြောပြီးနောက် ဖုန်ခါလိုက်ကာ လဲလျောင်းရန် သစ်ပင်အကြီးကြီးကို ရှာလိုက်သည်။ ထို့နောက်မှာ လော့တကျောင်ဟာ ခြေတစ်ချောင်းနဲ့တစ်ချောင်းထပ်ကာ သက်သောင့်သက်သာစွာ လဲနေတော့သည်။
ရွှီဇီယန်: =ロ=
*ဆရာသခင်က အရမ်းကိုမသိတတ်တာပဲ! ဒီတပည့်က ငါးဘယ်လိုဖမ်းရလဲမသိဘူး အား!!!*
မြေပြင်ပေါ်က ငါးမျှားတံကို ရှုပ်ထွေးနေသည့်အမူအရာဖြင့် သူစိုက်ကြည့်နေသည်။ ရွှီဇီယန် စိတ်ဓာတ်ကျနေသလို ခံစားနေရသည်။ သူငယ်ရွယ်စဉ်အခါက ရွှီဇီယန်ဟာ အမြဲတမ်း စိတ်မရှည်ဘဲ ဒေါသထွက်လွယ်ပေသည်။ ရွှီဇီယန် စိတ်ရှည်ရှည်နဲ့လုပ်ရမယ့် ဒီလိုအလုပ်မျိုးတွေ တကယ့်ကိုမလုပ်တတ်ဘူး!!!
ဒီတာဝန်ကို သူအံကြိတ်ပြီး ဖြတ်ကျော်ဖို့သာ တတ်နိုင်သည်။ ဒါပေမယ့် ငါးမြှားတယ်ဆိုတာက……ငါးတစ်ကောင်အတွက်နဲ့ ဒီနေရာမှာ နာရီဝက်လောက် ထိုင်နေရသည်……
ဒီအချိန်အတွင်း ရွှီဇီယန် ဈေးကိုအကြိမ်များစွာ သွားပြီးလောက်ပြီးဖြစ်သည်။ ဘယ်လိုငါးမျိုးမို့ ဈေးမှာသွားမဝယ်လို့မရတာလဲ?!
ခဏလောက် စိတ်ပျက်နေပြီးနောက် ရွှီဇီယန် ငါးမျှားတံကို ကောက်ကိုင်လိုက်သည်။ ဆရာသခင်ရဲ့အမိန့်ကို သေချာပေါက် ပြီးဆုံးအောင်လုပ်ဆောင်ရမည်။ ဒါပေမယ့် သူတစ်ဖက်သို့လှည့်လိုက်ချိန် ရွှီဇီရုန်ဟာ ချွန်ထက်သည့်သစ်သားတုတ်ကို ကိုင်ထားပြီး ငါးနှစ်ကောင်ကို ထိုးစိုက်ထားသည်။
“ကိုကို ဒီလောက်ဆို ရပြီလား?”
ရွှီဇီယန်: =ロ=
*ဘုရားရေ ငါ့ညီလေးက ဘယ်အချိန်တုန်းက ငါးဖမ်းအရည်အချင်းရှိသွားရတာလဲ? ငါဘာလို့များ ဒီအကြောင်းကို မတွေးမိရတာလဲ???*
ရွှီဇီယန်၏အံ့ဩသည့် အမူအရာက ရွှီဇီရုန်ကို ပျော်ရွှင်သွားစေပြီး သူ၏နှုတ်ခမ်းထောင့်ဟာ အနည်းငယ် တစ်မူထူးခြားနေသည်။ ထိုနေ့တွေကိုပြန်တွေးရရင် သူရွှီမိသားစုမှာနေတုန်းက ဘယ်တော့မှ အစားအစာဝလင်အောင် မစားရတာကြောင့် တောအုပ်ထဲက သစ်သီးတွေကိုသာ သူခူးစားရသည်။ သူကံကောင်းရင် ငါးဖမ်းပြီး စားလေ့ရှိသည်။ ထိုအချိန်က ငါးဟာအရမ်းကို အရသာရှိတာပဲလို့ သူတွေးခဲ့မိသည်။
“ဟဟ ဇီရုန်ကအရမ်းတော်တာပဲ မင်းကငါးတောင်ဖမ်းတတ်တယ်” ရွှီဇီယန် အသံကျယ်ကျယ်ဖြင့် ချီးမွမ်းလိုက်သည်။ သူ့မှာချီးမွမ်းရုံကလွဲရင် ဘာမှပေးစရာမရှိပေ။ အခုပဲကြည့် ရွှီဇီရုန်က ဘာစိတ်ဝိညာဉ်စွမ်းအင်မှ မသုံးထားဘူး။ သူကသူ၏ကိုယ်ပိုင် အရည်အချင်းနဲ့ ငါးဖမ်းနိုင်သည်။
ရွှီဇီယန်ကလည်း သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ငါးကိုထိုးစိုက်ထားသည့် တုတ်အားယူလိုက်သည်။ “ဇီရုန်က ကိုယ့်အရည်အချင်းကို ပြသွားပြီဆိုတော့ ကိုကိုက ဘာအရည်အချင်းမှ မပြလိုက်ရင် ခွင့်မလွှတ်နိုင်စရာဖြစ်သွားမှာပေါ့”
သူပြောပြီးနောက် စတင်မီးမွှေးပြီး အောက်ခံဘောင်လေးကို ပြုလုပ်လေသည်။ ငါးနှစ်ကောင်ကို ဆေးကြောပြီးနောက် သူကအကိုင်းနှစ်ခုဖြင့် ငါးနှစ်ကောင်ကို ထိုးစိုက်လိုက်ပြီး အောက်ခံဘောင်ပေါ်တင်ကာ ငါးကင်သည်။
သူဟာဘယ်တော့မှ ချန်ခွင်အိတ်ကို မချန်တာက ကျင့်ကြံခြင်းနယ်မြေကနေ တစ်ချို့သောဈေးကြီးသည့် ဟင်းခက်အမွှေးအကြိုင်တွေကို သူစုဆောင်းထားလို့ပဲဖြစ်သည်။
ငါးမိနစ်လောက် ငါးကိုကင်ပြီးနောက် သူကအနည်းငယ်မြည်းကြည့်လိုက်သည်။ ထို့နောက်မှာတော့ ရွှီဇီယန်ဟာ သူ၏ချန်ခွင်အိတ်ထဲကနေ နီစိမ်းရောင်ပန်းကန်လုံး သုံးလုံးကိုထုတ်လိုက်ပြီး ငါးကင်ကို ဟင်းခတ်အမွှေးအကြိုင်နည်းနည်း ဖြူးလိုက်သည်။
အချိန်ဘယ်လောက်မှမကြာခင် ငါးကင်ဟာ သွားရည်ကျစေမည့် အနံ့မျိုးထွက်ပေါ်လာတော့သည်။
အနည်းငယ်ဝေးလှသည့် သစ်ပင်အောက်က လော့တကျောင်ဟာ နှာရှုပ်နေတော့သည်။ ထို့နောက်မှာတော့ သူတင်ထားသည့်ခြေထောက်တွေဟာ ပျော်ရွှင်စွာ လှုပ်ယမ်းနေတော့သည်……
“ရပြီ ဒီမှာ စားကြည့်ကြည့်” ရွှီဇီယန်ဟာ ပြုံးကာ ငါးကင်ကို အောက်ခံဘောင်ကနေ ယူလိုက်သည်။ သူကဂရုတစိုက် လောင်ကျွမ်းနေသည့် အပြင်သားကို ဖယ်လိုက်တာကြောင့် အတွင်းထဲကငါးအသားဟာ ဖြူဝင်းဝင်းပေါ်ထွက်လာတော့သည်။
သူကငါးကင်ကိုကိုင်ထားကာ ရွှီဇီရုန်ထံ အဖိုးတန်သည့်ရတနာပုံစံဖြင့် ကမ်းလိုက်သည်။ သူ၏မျက်နှာမှာ ‘မြန်မြန်လေး အရသာမြည်းကြည့်!’ဆိုသည့် စကားလုံးဟာ ထင်းရှားစွာပေါ်နေတော့သည်။
ရွှီဇီရုန်ဟာ ဝမ်းသာပျော်ရွှင်စွာ ငါးကင်ကိုမြည်းကြည့်လိုက်သည်။ သူကအစားကောင်းတွေကို သိပ်ပြီးလိုချင်တောင့်တမှုမရှိပေမယ့် ရွှီဇီယန်၏လက်ရာဆိုရင်တော့ သူငြင်းပယ်မည်မဟုတ်ပေ။
“ဟွန့်!”
လိုက်ဖက်ပြီးကြင်နာနေကြသည့် မြင်ကွင်းကြောင့် ချက်ချင်း ယူကျုံးမရဖြစ်ကာ အေးစက်စက်သရော်လိုက်သည်။ ရွှီညီအကိုနှစ်ယောက်၏အကြည့်တွေဟာ သိပ်မဝေးလှသည့် သစ်ပင်ဘက်သို့ လှည့်ကြည့်လာသည်။
“မကောင်းတဲ့တပည့်တွေ!” လော့တကျောင်ဟာ ဒေါသထွက်စွာ အော်ငေါက်လေတော့သည်။ ငါးကင်၏အနံ့ဟာ သူကိုနိုးကြားစေကာ မက်မောတောင့်တစေသည်။ ဒါပေမယ့် သူအချိန်အကြာကြီးစောင့်နေတာတောင် သူမထင်ထားမိပဲ အဲ့ဒီစောက်ကောင်စုတ်လေးက သူ့ညီလေးကို အရင်ဆုံးကျွေးလိုက်သည်! ဝတ်တရားမကျေပွန်တဲ့ စောက်တပည့်!
သူ့ဆရာသခင်က အေးစက်စက်သရော်လိုက်တာကို ရွှီဇီယန် ကြားလိုက်ပေမယ့် သူကလော့တကျောင်အတွက် ငါးကင်မပြင်ပေးရုံတင်မကဘူး သူကမျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်သည် ‘ဆရာသခင်ရယ် ပြဿနာမရှာပါနဲ့’။ အဲ့ဒါက ဒေါသထွက်ကောင်းလှသည်။
ရွှီဇီရုန်က လော့တကျောင်ကိုကြည့်ကာ သူ့ပါးစပ်ကို အေးအေးဆေးဆေးဖွင့်လိုက်သည်။ သူ၏ဖြူဖွေးလှသည့် သွားတွေဖြင့် ငါးအသားကိုကိုက်စားလိုက်သည်။ အသားဟာ သူပါးစပ်ထဲသို့ဝင်သွားပြီး အရည်ပျော်သည့်အခိုက်အတန့်တွင် ကျေနပ်ဟန်ဖြင့် သူကသည်းတွားလိုက်သည်။
လော့တကျောင်: ………
ဒီမကောင်းဆိုးဝါးတပည့်နှစ်ကောင်ကတော့!!!
ရွှီဇီရုန်ဟာ သူတို့၏ဆရာသခင်ရှေ့မှာ တမင်တကာ ကြွားလုံးထုတ်နေတာကြောင့် ရွှီဇီယန် ရယ်ရမလား ငိုရမလားမသိတော့ပေ။ ဘာပဲဖြစ်ဖြစ် လော့တကျောင်က သူတို့ဆရာသခင်ဖြစ်နေပြီး ဇီရုန်ကအတော်လေးကို ရိုသေလေးစားမှုမရှိတာပဲ။
သူကရွှီဇီရုန်ခေါင်းအား အသာလေးခေါက်လိုက်ပြီး “ပြဿနာမရှာနဲ့” ထို့နောက်မှာ ရွှီဇီယန်ဟာ အခြားငါးကင်တစ်ခုကို ယူပြီးတော့ လော့တကျောင်ထံ သွားပို့လေသည်။
“ဆရာသခင် သုံးဆောင်ပါ”
“ဟွန့်!” အေးစက်စက်နဲ့ အထက်စီးဆန်သည့် အမူအရာဖြင့် လော့တကျောင်ဟာ တစ်ဖက်သို့လှည့်သွားသည်။ အတော်လေး ကံဆိုးတာပဲ—— ဒီအမူအရာမျိုးကသာ အလှလေးဖြစ်နေမယ်ဆိုရင် မျက်လုံးထဲမှာ အလွန်ကိုနှစ်လိုဖွယ်ကောင်းလှလိမ့်မည်။ ဒါပေမယ့် ဒီလိုအမူအရာမျိုးလာလုပ်နေတာက မသပ်ရပ်သည့်ကျင့်ကြံသူဆိုတော့………ကြည့်နေရတာ စိတ်ပျက်စရာကြီး။
ကံအားလျော်စွာ ရွှီဇီယန် အကြာကြီးတောင် မစောင့်လိုက်ရပေ။ လော့တကျောင်အား ငါးကင်ရနံ့က လျင်မြန်စွာ ဆွဲဆောင်သွားတော့သည်။
သူကအင်တင်တင်ဖြင့် ရွှီဇီယန်ပေးသည့် ငါးကင်အား လက်ခံလိုက်တော့သည်။ နှစ်ကိုက် သုံးကိုက်လောက်ပဲရှိသေးတယ် ငါးကင်ဟာ အရိုးသာကျန်ပေတော့သည်။
လော့တကျောင်၏ပုံစံကိုကြည့်ကာ ရွှီဇီယန် အံ့ဩလွန်း၍ စကားမပြောနိုင်အောင် ဖြစ်သွားရသည်။ ဒါကငါးသေးသေးတစ်ကောင်ဆိုတာထက် အခြားဘာအဓိပ္ပါယ်မှမရှိပေ။ အနည်းဆုံး ထိုအရာက ငါးပေါင် ခြောက်ပေါင်သာ ရှိလိမ့်မည်။ ရွှီဇီယန် ထိုငါးကို မီးပေါ်ကနေချလာတာ အခုမှယူလာတာကြောင့် ပူနေသေးသည်။ သူ့ဆရာသခင်က ခဏလေးနဲ့ စားကုန်သွားမယ်လို သူမထင်ထားခဲ့ပေ……ဘယ်လိုပြောရမလဲ ဒီပုံစံကအလွန်ကိုအရည်အချင်းမြင့်လွန်းသွားပြီမလား?
ရွှီဇီယန်၏’ကျွန်တော်နဲ့ကျွန်တော်ညီဟာ ဆရာသခင်ကို မှင်တက်စွာကြည့်နေကြသည်’ဆိုသည့် အကြည့်တွေက လော့တကျောင်၏မျက်နှာကို ပူသွားစေသည်။ လော့ယွင်တောက်ကျွင်းဟာ နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်သည်။ သူအမှတ်မထင် ချောင်းဟန့်လိုက်တာကြောင့် ငါးအရိုးဟာ ထွက်ကျလာသည်။
ထိုအရာကိုမြင်ပြီး ရွှီဇီယန်မျက်ခုံး တန်းသွားသည်။ သူ့အကြည့်တွေကို အောက်ဘက်သို့ပို့လိုက်ပြီး နက်နဲစွာတွေ့လိုက်သည်။ ပြန်ပြောရရင် သူကလော့ယွင်တောက်ကျွင်းကို သူ့ဆရာသခင်အဖြစ် ဆည်းကပ်ချင်ခဲ့တာက သူ့ဆီမှာတစုံတရာကိုတော့ ပိုင်ဆိုင်ထားလိမ့်မည်လို့ သူတွေးခဲ့မိလို့ပင်ဖြစ်သည်………
“အဟွတ် အဟွတ် လိမ်မာတဲ့တပည့်” လော့တကျောင်ဟာ အားရပါးရလေတက်လိုက်ပြီး ရွှီဇီယန်၏ပုခုံးအား ပုတ်လိုက်သည်။
ရွှီဇီယန်နှုတ်ခမ်းထောင့်ဟာ တန်းသွားရသည်။ အခုလေးတင် သူတို့ကို မကောင်းတဲ့တပည့်တွေကို သူခေါ်လိုက်သည်။ ဒါပေမယ့် လော့တကျောင်က သူဗိုက်လည်းပြည့်သွားရော လိမ်မာတဲ့တပည့်တွေလို့ ချက်ချင်းပြန်ပြောင်းသွားသည်။
“မင်းရဲ့ငါးကင်အရည်အချင်းက အတော်လေးကောင်းတာပဲ မင်းဘယ်ကနေသင်ခဲ့တာလဲ?” လော့တကျောင်ဟာ ကျေနပ်နေသည့်မျက်နှာဖြင့် သူ့ဗိုက်ကိုပွတ်နေသည်။
“ကျွန်တော့်မိသားစုက ချက်ပြုတ်တဲ့နေရာမှာ အတော်လေးကောင်းမွန်ပါတယ် ကျွန်တော်ကလည်း ချက်ပြုတ်တာ ဝါသနာပါတာကြောင့် ကျင့်စဉ်လေ့ကျင့်ပြီးသည့် နေ့ခင်းနားချိန်တိုင်း ကျွန်တော့်ဟာကျွန်တော်လေ့လာတာပါ”
“အင်း မဆိုးဘူး မဆိုးဘူး လိမ်မာတဲ့တပည့် အနာဂတ်မှာ ဆရာသခင်စားဖို့ အသားတွေကိုလည်း အခုကစပြီး မင်းကိုအပ်လိုက်ပြီ မင်းကြိုးကြိုးစားစားနဲ့ ချက်ပြုတ်ရမယ်နော် ပါဝင်ပစ္စည်းတွေ လိုအပ်ရင် မင်းငါ့ကိုသာပြောလိုက် ဒါပေမယ့် နဂါးအရှင်တို့ ဖီးနှစ်ငှက်ရဲ့သည်းခြေအိတ်တို့……” လော့တကျောင်ဟာ ခဏလောက်ရပ်လိုက်ပြီး ဆက်ပြောလေသည်။ “တကယ်တော့ အဲ့လိုအဲ့အကောင်တွေကို ငါလည်းမဖမ်းနိုင်ဘူး နဂါးတွေကိုသတ်တာတွေ ဖီးနှစ်ငှက်တွေကို သတ်ဖြတ်တာတွေက အတော်လေးအလုပ်ရှုပ်တယ် ဒါပေမယ့် မင်းဆရာသခင်က အခြားသောဘယ်ပါဝင်ပစ္စည်းမဆို ယူနိုင်ပါတယ်”
ရွှီဇီယန်မျက်လုံးဟာ လက်သွားပြီး အခြေအနေကို အရယူလိုက်သည်။ “ဆရာသခင်အတွက် ချက်ပြုတ်ရတာက ဒီတပည့်အတွက် ဂုဏ်ယူစရာပါ ဒါပေမယ့် ချက်ပြုတ်တာက အချိန်ပေးရပါတယ် ဒါကြောင့် ကျွန်တော်ရဲ့ကျင့်ကြံခြင်းအဆင့်တွေသာ နှောင့်နှေးသွားရင် ဒီတပည့်က ဆရာသခင်၏အမိန့်ကို ရင်ဆိုင်ဖို့သတ္တိမရှိတော့ပါဘူး”
လော့တကျောင်က သရော်လိုက်ပြီး “ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းဘာလိုချင်လဲ ငါမသိဘူးများထင်နေလား? ဒီမှာယူသွား” ထိုစကားကိုပြောပြီးနောက် သူကဖြူဝင်းသည့် ကြွေထည်ပုလင်းအား ပစ်ပေးလိုက်သည်။ ရွှီဇီယန် ပုလင်းအဖုံးကို ဖွင့်လိုက်သည့်အချိန်၌ အာဟာရဓာတ်ပြည့်ဝစေသည့်ယွမ်ဆေးလုံး အနံ့ထွက်လာတော့သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဆရာသခင်!” မမျှော်လင့်ထားသည့် ကောင်းမွန်သောပစ္စည်းကြောင့် ရွှီဇီယန်ချက်ချင်း ပျော်ရွှင်သွားရသည်။ အာဟာရဓာတ်ပြည့်ဝစေသည့်ယွမ်ဆေးလုံးဟာ ဆေးဖက်ဝင်ဆေးလုံးဖြစ်ပြီး ကျင့်စဉ်တည်ဆောက်ရတွင် အလွန်အသုံးဝင်ပေသည်။ သူ၏ကျင့်စဉ်တည်ဆောက်ရာတွင် ဒါကအလွန်ကိုအသုံးဝင်လိမ့်မည်။
“ဒါဆို……” ရွှီဇီယန်မျက်လုံးက အချက်ပြလိုက်သည်။ သူကရွှီဇီရုန်ကို ကြည့်ကာ လော့တကျောင်အား စိုးရိမ်စွာ ပြန်ကြည့်လိုက်သည်။
လော့တကျောင်ဟာ အေးစက်စက်သရော်ကာ
“ဟွန့် မကောင်းတဲ့တပည့်!” ထိုစကားကိုပြောပြီးနောက် သူဟာဖုန်ခါကာ ထွက်သွားတော့သည်။
ရွှီဇီယန် မှင်တက်သွားသည်။ သူကဇီရုန်အတွက် ချီစွမ်းအင်စုဆောင်းမှုဆေးလုံးတွေ ရချင်သေးတာကို သူတို့ဆရာသခင်က ဘာစကားမှမပြောဘဲ ထွက်သွားမယ်လို့ မထင်ထားဘူး။
“ကိုကို ကိစ္စမရှိပါဘူး ကျွန်တော့်မှာအဲ့ဒါမရှိလည်း အဆင်ပြေပါတယ်” သူ့ကိုကို စိတ်ပျက်နေတာကို ရွှီဇီရုန် ကြည့်မရက်တာကြောင့် သူကလျင်မြန်စွာ နှစ်သိမ့်လိုက်သည်။
ထို့နောက်မှာတော့ သူဘာစကားမှပြန်မပြောတော့ပေ။ သူ့အတွက်လိုအပ်တာက အာဟာရဖြစ်စေမည့် ဆေးဖက်ဝင်ဆေးလုံးတွေမဟုတ်ဘူး ကျင့်ကြံသူတွေရဲ့သွေးနဲ့ မိစ္ဆာတောကောင်တွေပဲ ဖြစ်သည်။ ဆေးဖက်ဝင်ဆေးလုံးက ပစ္စည်းကောင်းဆိုပေမယ့် သူ့မှာရှိသည်ဖြစ်စေ မရှိဖြစ်စေ သိပ်ကိစ္စမရှိဘူး။
ရွှီဇီယန်ဟာ သူ၏အဖိုးတန်ညီလေးက သူ့(ဇီရုန်)ဆီမှာဘာမှမရှိတာတောင် သူ့အားလာနှစ်သိမ့်ပေးနေတာကို မြင်လိုက်ရတော့ သူ၏ဆရာသခင်ဟာ အရမ်းတွန့်တိုတာပဲလို့ သူခံစားလိုက်ရသည်။
*ကြည့်ကြည့်! ကျွန်တော့်ညီလေးက အသက်၁၁သာရှိသေးတာ သူကအရမ်းကိုစဉ်းစားတတ်တယ်! ဆရာသခင်က အသက်ထောင်ချီရှိနေပြီကို အစားအစာအတွက်နဲ့များ ကလေးနဲ့လာပြိုင်နေတယ် ဒီအရာထက် ဆရာသခင်က ပိုပြီးမရှက်သင့်ဘူးလား!*
ခဏလောက်စိတ်ပျက်နေပြီးနောက် ရွှီဇီယန်ထွက်သွားတော့သည်။ ဒါပေမယ့် သူထွက်သွားပြီးနောက် ရုတ်တရက်သဘောပေါက်သွားသည်——ဆရာသခင်ကသူ့ကို ‘မကောင်းတဲ့တပည့်’လို့ ထွက်မသွားခင် ဘာလို့ခေါ်သွားရတာလဲ………
“အားးးးးးးးးးး! ဆရာသခင် အဲ့မှာဘာလုပ်နေရတာလဲ!!!??” ရွှီဇီယန် ကောင်းကင်ပေါ်မော့ကြည့်ကာ သက်ပြင်းချလိုက်သည်။
“အဲ့ဒါမင်းကြောင့်လေ မဟုတ်ဘူးလား?!”
သူအော်သည့်လိုက်သည့်အသံကြောင့် လော့တကျောင်ဟာ သစ်ပင်ကနေ ခုန်ဆင်းလာလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။
ရွှီဇီယန် ကြံရာမရဖြစ်သွားရသည်။ သူစိတ်ထဲမှာတော့ လျှာထုတ်ကာ လှောင်ပြောင်လိုက်ပေမယ့် သူ့အမူအရာကတော့ အလွန်ကိုလေးနက်နေသည်။ “ဆရာသခင် ပြန်ရောက်လာပြီပေါ့”
လော့တကျောင်ဟာ သူ့ကိုတစ်ချက်ကြည့်ကာ သိမ်မွေ့သည့်အပြုံးမျိုးပြုံးကာ ပြောလိုက်သည်။
“ဟုတ်တာပေါ့ ငါသာပြန်ရောက်မလာရင် မင်းငါ့ကိုဒီလိုမျိုး တိတ်တဆိတ်ကျိန်ဆဲနေတာကို ငါဘယ်လိုလုပ်သိတော့မှာလဲ”
“ဆရာသခင်က နောက်နေပြန်ပြီ” ရွှီဇီယန် ရဲဆေးတင်ကာ ပြောလိုက်သည်။
လော့တကျောင်ဟာ ဘာမှဆက်မပြောခဲ့တော့ပေ။ ထိုအစား သူကသူတို့နှစ်ယောက်ကို လက်ယပ်ခေါ်ပြီးတော့ သူတို့တွေ၏လက်ရှိ ကျင့်ကြံခြင်းနည်းလမ်းတွေကို ဂရုတစိုက်မေးမြန်းလေသည်။
လျှိုကွမ်းဂိုဏ်းက တပည့်တွေလက်ခံတိုင်း သူတို့တွေက တပည့်အသစ်တွေကို အမြဲတမ်း ကျင့်စဉ်အတတ်ပညာအသစ်တွေ ပေးလေ့ရှိသည်။ အပြင်တပည့်တွေအားလုံးဟာ ‘ဒြပ်စင်ငါးမျိုး၏ပြောင်းလဲခြင်း’ကို သင်ကြားရသည်။ အဲ့ဒီကျင့်ကြံခြင်းနည်းလမ်းဟာ အတော်အသင့်သာဖြစ်ပြီး နူးညံ့လှသည်။ ထိုနည်းလမ်းဟာ ကျင့်ကြံဖို့ဘာအစွမ်းမှမရှိတာကြောင့် ထိုကျင့်စဉ်အတတ်ပညာဟာ သာမန်သာဖြစ်သည်။
『K ; ဒြပ်စင်ငါးမျိုး- သစ်သား၊မီး၊ကမ္ဘာမြေကြီး၊သတ္တု၊ရေ』
အတွင်းတပည့်တွေအတွက်ကတော့ ဂိုဏ်းထဲသို့ဝင်တာနဲ့ သူတို့တွေက ဆရာသခင်လက်အောက်မှာ တပည့်ခံရတာကြောင့် ဆရာသခင်၏လမ်းညွှန်မှုတွေကို ရရှိကြသည်။ ဒါကြောင့် သူတို့တွေက လျှို့ဝှက်ထားသော ကျင့်စဉ်ကျမ်းအဆောက်အအုံဆီသို့သွားကာ သူတို့နဲ့အလိုက်ဖက်ဆုံးဖြစ်မည့် ကျင့်ကြံခြင်းနည်းလမ်းတွေကို ရွေးချယ်လို့ရပေသည်။
လော့ယွင်တောက်ကျွင်းက အတော်ကိုအားကိုးမရဘူးဆိုပေမယ့် ဆရာသခင်ဆိုသည့် တာဝန်တော့ရှိနေသေးသည်။ ကျင့်စဉ်အတတ်ပညာစာအုပ်ရွေးချယ်တာက အလွန်အရေးကြီးမှန်း သူသိပေသည်။ သူမေးသည့်အချက်အလက်တွေကို သူတို့တွေကလည်း သင်ကြားဖူးပြီးပြီဆိုတော့ သူတို့တွေ၏ချီပင်လယ်ကို သူစမ်းသပ်ဖို့ သဘောတူဖို့သာ လိုပေတော့သည်။
ရွှီဇီရုန်ကတော့ သဘောမတူဘူးလို့ သေချာပေါက်ပြောလိမ့်မည်။ ဒါပေမယ့် ရွှီဇီယန်က သူ၏အစ်ကိုအာဏာကြောင့် ငြင်းပယ်ဖို့အခွင့်အရေး မရလိုက်တော့ပေ။ ရွှီဇီယန်လက်ဝှေ့ယမ်းလိုက်သည့် အမူအရာကြောင့် ရွှီဇီရုန်လက်လျော့လိုက်ရတော့သည်။
သူကသူ့ကိုကို၏ယုံကြည်မှုကို ရရှိဖို့ အချိန်ကြာကြာကြိုးစားထားရတာကြောင့်……သူ့အရှေ့ကလော့တကျောင်ကိုလည်း သွားရိုက်လိုက်လို့မရပေ။
ရွှီဇီရုန်ဟာသုန်မှုန်စွာဖြင့် လော့တကျောင်အား သူ၏ချီပင်လယ်ကို စစ်ဆေးရန်ခွင့်ပြုလိုက်ရတော့သည်။ တစ်ဖက်ကသိသွားမှာကို သူစိတ်ပူတာမဟုတ်ပေမယ့် ချီပင်လယ်ဆိုတာက ကျင့်ကြံသူတစ်ယောက်၏အသက်သွေးကြောပင်ဖြစ်သည်။ တစ်ဖက်လူက အရမ်းယုံကြည်ရတယ်ဆိုရင်တောင်မှ သူတို့တွေက အလွယ်တကူ တစ်ဖက်လူ၏စိတ်ဝိညာဉ်စွမ်းအင်ဖြင့် သူတို့၏ချီပင်လယ်ထဲကို ဝင်ရောက်စစ်ဆေးခွင့်ပြုမည်မဟုတ်ပေ။
ထိုအခြေအနေမျိုးက နှစ်ဖက်စလုံး၏စွမ်းအားတွေဟာ တူညီနေမှရလိမ့်မည်။ ရွှီဇီရုန်၏လက်ရှိစွမ်းအင်က အသေးအဖွဲ့လေးသာရှိသေးတာကြောင့် လော့တကျောင်က သူ၏ချီပင်လယ်ကို ဒုက္ခမပေးရင်တောင် ထိုအကြီးအကဲက သူ့ကိုအလွယ်တကူ သတ်လိုက်လို့ရပေသည်။ သူတို့၏ချီပင်လယ်ကို စစ်ဆေးနေချိန်တွင် လော့တကျောင်၏အမူအရာဟာ အလွန်ကိုတည်ငြိမ်နေလေသည်။
လော့တကျောင်ဟာ သူပြုံးချင်တာကို အောင့်အည်းထားပြီး သစ်သားတုံးမျက်နှာနဲ့ ရွှီဇီရုန်အားကြည့်ကာ သူကအလွန်ကိုပျော်ရွှင်နေသည်။
ရွှီဇီယန်လက်ဝှေ့ယမ်းလိုက်တာနဲ့ ရွှီဇီရုန်ကလည်း ဘာလို့သဘောတူလိုက်မှန်း သူနားမလည်လိုက်ပေ။ ဒါပေမယ့် အမြဲတမ်း ခက်ထန်သည့်မျက်နှာမျိုးနဲ့ အေးစက်ပြီးသုန်မှုန်နေသည့် ကလေးကိုလည်း ဒီလိုမျိုးပုံစံဖြစ်အောင် ပြုလုပ်နိုင်တယ်ဆိုတာ သူသဘောပေါက်သွားသည်။