Chapter 61
Chapter 61
လက်နက်တစ်ခုဟာ ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ အားနည်းသည့်လူကတော့ ထိုလက်နက်ကို စွမ်းရည်ရှိအောင်အသုံးပြုနိုင်မှာမဟုတ်ဘူး။
“ဒီကရှစ်တိအတွက် ဂုဏ်ယူပါတယ်” သန်မာလှသည့်လူက သူ၏ဒိုင်းကာကို သိမ်းလိုက်ကာ ရွှီဇီယန်အား ပြုံးပြလိုက်သည်။
ဒီရှစ်တိက စွမ်းအင်တွေလည်းကုန်ခမ်းနေပြီး မောပန်းနေသည့်အခြေအနေမှာတောင် အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို အောင်မြင်အောင်လုပ်ဆောင်နိုင်သွားတာကြောင့် ဒီရှစ်တိ၏စိတ်ကဘယ်လောက်မာကျောလည်းဆိုတာ သူတို့သဘောပေါက်နိုင်သည်။
စိတ်နှလုံးသားမာကျောခြင်းဆိုသည့် အကောင်းဆုံးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ကံကလည်းမဆိုးရှာတာမို့ သူ့အနာဂတ်ကတော့ အဆုံးမရှိဖြစ်ထွန်းလိမ့်မည်။
သန်မာလှသည့်လူက အုပ်စုတွေဖွဲ့ရတာကိုတော့ စိတ်မဝင်စားပေမယ့် ဒီလိုအလားအလာရှိသည့်လူနဲ့ ပေါင်းသင်းခွင့်ရတော့ ကောင်းမွန်လှသည်။
“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” ရွှီဇီယန်က သူ့လက်တွေကို ခုံးခုံးလေးလုပ်လိုက်ပြီး သန်မာလှသည့်လူအား အရိုအသေပေးလိုက်ကာ၊ ထိုသန်မာလှသည့်လူနာမည်ဟာ ထျန်ချင်းလုံဖြစ်ပြီး လျှိုကွမ်းဂိုဏ်း၏တပည့်ဖြစ်သည်။ သူတို့မျိုးဆက် တပည့်တွေထဲမှာ ထျန်ချင်းလုံး၏ပုံစံဟာ ကြိုးစားပြီး ပွင့်လင်းကာ အမှန်တရားကိုမြတ်နိုးသူဖြစ်ပြီး အများစုဟာ သူ့အားအကိုကြီးတစ်ယောက်လို ဆက်ဆံကြသည်။
သန်မာလှသည့်လူဟာ ပြုံးပြလိုက်ပြီး ဘာစကားမှတော့ထပ်မပြောတော့ပေ။ ဒီလိုအချိန် ဒီလိုနေရာမျိုးမှာ စကားစမြည်ပြောဖို့ မသင့်တော်ဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေအားလုံးဟာ လျှိုကွမ်းဂိုဏ်း၏တပည့်တွေဖြစ်တာကြောင့် တစ်ချိန်ချိန်တော့ သူတို့တွေပြန်ဆုံကြဦးမှာပါ။
သူတို့သုံးယောက်ထွက်သွားပြီးနောက် ရွှီဇီယန်ဟာ သူ၏နယ်ပယ်ကို စုစည်းရန် အချိန်ကို အကျိုးရှိစွာအသုံးချလေသည်။ ဘာလို့လဲဆိုတော့ သူကောင်းကင်မိုးကြိုးသွားကို မတော်တဆထုတ်မိပြီး မမျှော်လင့်ပဲ သူအချိန်၇လောက်တောင် ကြာသွားစေပြီး လက်ရှိမှာတော့ ချီလင်မျှော်စင်ထဲ ဝင်ရောက်ရသည့် ကန့်သတ်ရက်ကုန်ဆုံးရန် နီးကပ်လာပြီဖြစ်သည်။ ထွက်မသွားခင် သူ၏နယ်ပယ်ကိုသာ စုစည်းလို့မပြီးသွားပါက ဒီနေရာလိုမျိုး သန့်စင်မှုတွေမရှိဘူးဆိုရင် ဒီတာဝန်ကိုပြီးဖို့ အနည်းဆုံး အချိန်များစွာ အကြိမ်ရေများစွာ သူလုပ်ဆောင်ရလိမ့်မည်။
နေ့နေ့ညညလေ့ကျင့်ပြီးနောက် ရွှီဇီယန် တည်ဆောက်ခြင်းအား စုစည်းတာကို ကန့်သတ်ရက်၏နောက်ဆုံးနေ့၌ ပြီးဆုံးသွားတော့သည်။
ထိုအချိန်၌ သူချုပ်တည်းထားပြီး သူမျက်လုံးတွေကလင်းလက်နေသည်။ အကယ်၍ သူ့အားအနီးကပ်လိုက်ပါက သူ့မျက်လုံးထဲမှာ အပြာရောင်မိုးကြိုးသွား အလင်းတန်းကို မြင်ရလိမ့်မည်။
ရွှီဇီယန် အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို အောင်မြင်သည့်အချိန်၌ ကောင်းကင်မိုးကြိုးသွားဟာ ချီပင်လယ်၏အရှိန်အဝါကို ရိုက်ခတ်ကာ စိတ်ဝိညာစွမ်းအင်အများအပြားကို စုပ်ပြီးသူ့ဟာသူအားကောင်းလာကာ ရွှီဇီယန်၏ချီပင်လယ်ကို ပြောင်းလဲသွားစေလိမ့်မယ်လို့ လော့တကျောင်မထင်ထားခဲ့ပေ။
ယခုအချိန်မှာ ရွှီဇီယန်၏ချီပင်လယ်ကို တစုံတယောက်သာ မြင်လိုက်ပါက အလွန်ကိုထိတ်လန့်သွားလိမ့်မည် ဘာလို့လဲဆိုတော့ အခြားလူတွေ၏ချီပင်လယ်ဟာ ငြိမ်နေပေမယ့် ရွှီဇီယန်၏ချီပင်လယ်ကတော့ ပြင်းထန်လှသည့် မိုးကြိုးသွားတွေနဲ့ ပြည့်နက်လို့နေသည်။
အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုပြုလုပ်စဉ်က အစိမ်းရောင်မိုးကြိုးသွားထဲသို့ အရှိန်အဝါအများကြီးကို သွတ်သွင်းခံထားရတာကြောင့် မိုးကြိုးသွားဟာ လက်မလောက်ကိုထူလာသည်။ အရှိန်အဝါဟာ ရွှီဇီယန်၏ချီပင်လယ်ထဲမှာ အမှတ်မထင်လှည့်ပတ်နေခဲ့ပေမယ့် အရှိန်အဝါဟာ သူ၏ခန္ဓာကိုယ်ထဲက ချီပင်လယ်ထဲသို့ ပေါင်းစည်းသွားသည်။ ထိုပုံစံဟာ ဘာငြင်းပယ်ခြင်းမှမရှိပဲ လူအားလုံးဟာ အစိမ်းရောင်မိုးကြိုးသွားဟာ ရွှီဇီယန်၏ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်သွားပြီလို့ တွေးထင်နိုင်သည်။
ဒီကောင်းကင်မိုးကြိုးသွားဟာ ဘာလို့ပြောင်းလဲသွားလည်းဆိုတာ သူသေချာမသိပေမယ့် သူခန္ဓာကိုယ်ပြောင်းလဲသွားတယ်ဆိုတာကိုတော့ ရွှီဇီယန်ခံစားမိသည်။
ဒီပြောင်းလဲမှုဟာ ရွှီဇီယန်အတွက် ခန့်မှန်းနိုင်ဖို့မလွယ်ကူလှပေမယ့် ကောင်းကျိုးကတော့ မိုးကြိုးသွားမန္တန်ကို သူပုံသွင်းလိုက်တာနဲ့ မိုးကြိုးသွားတိမ်တိုက်တွေဟာ ဖြစ်ထွန်းလာပြီး နှစ်ကြိမ်လောက်နဲ့တင် စွမ်းအင်ကတိုးလာသည်။ ဆိုးကျိုးကတော့ မိုးကြိုးသွားမန္တန်ကလွဲရင် အညစ်အကြေးသန့်စင်သည့်အတတ်ပညာအပါအဝင် အခြားသောမန္တန်တွေကို သူပုံသွင်းလို့မရတော့ဘူး။
ပြင်းထန်လှသည့်မိုးကြိုးသွားမန္တန်ကို ပိုင်ဆိုင်နေတာကလည်း သူ့အတွက်ထိုက်တန်ပါလို့သာ ရွှီဇီယန်မှတ်ယူလိုက်တော့သည်။
အပြာရောင်ကျောက်တုံးပေါ်ကနေ ထွက်သွားပြီးနောက် သူတို့ခါးပေါ်မှာ ချိတ်ဆွဲထားသည့် အထောက်အထားတွေဟာ အမှုန့်အဖြစ်သို့ပြောင်းသွားသည်။
မြင့်မားလှသည့်မျှော်စင်ကို လှည့်ကြည့်လိုက်ရင်း ဒီအထောက်အထားသာမပါပဲ ချီလင်မျှော်စင်ထဲကို ဝင်ဖို့ကြိုးစားပါက အပြာရောင်ကျောက်တုံး၏တိုက်ခိုက်တာကို ခံရလိမ့်မည်ဆိုတာ ရွှီဇီယန်သိသည်။
“လာခဲ့တော့ ဒီနေရာကို မင်းနောက်တစ်ခါမလာရဘူးလို့ မပြောထားပါဘူး ဒီနေရာကို မည်သူမဆိုလာနိုင်တယ်” ရွှီဇီရုန်က အနောက်ဘက်ကို အင်တင်တင်ဖြင့် လှည့်ကြည့်နေတာကြောင့် ရွှီဇီယန်က နူးညံ့စွာဆိုလိုက်သည်။
ရွှီဇီရုန်ကအသံတိတ်ခေါင်းညိတ်လိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ သံသယဖြစ်နေကာ သူအမြင်များမှားသွားတာလား? အထောက်အထားပျက်စီးသွားသည့်အချိန်၌ ချီလင်မျှော်စင်ကနေ တစုံတယောက်ဟာ သူ့အားကြည့်နေတယ်လို့ ခံစားလိုက်ရသည်။
ချီလင်မျှော်စင်အား နက်ရှိုင်းစွာစိုက်ကြည့်ပြီးနောက် ရွှီဇီရုန်လှည့်ထွက်သွားတော့သည်။ လက်ရှိသူ၏စွမ်းအားနဲ့သာဆိုရင် တစုံတယောက်က သူ့အားကြည့်နေသည်ဖြစ်စေ မကြည့်သည်ဖြစ်စေ သူခုခံနိုင်မှာမဟုတ်ဘူးဆိုတာ သေချာသိသည်။
လျှိုကွမ်းဂိုဏ်းက တစ်စုံတစ်ယောက်ဟာ သူ့ကိုစောင့်ကြည့်နေတာက သူ့အတွက်ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာကတော့ သူမသိပေ။
သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ချီလင်မျှော်စင်၏၇ထပ်မြောက် တိတ်ဆိတ်နေသည့်အခန်းထဲ၌ လျှိုကွမ်းဂိုဏ်း၏ဂိုဏ်းချုပ်ရယ် လော့ယွင်ရယ် ပြီးတော့ နောက်ထပ်တစ်ယောက်ကတော့ ရွှီဇီရုန်အား လီချိန်တံတားပေါ်မှာ သတိပေးခဲ့သည့် သူဖြစ်ပြီး သူတို့သုံးယောက်ဟာ အတူတူထိုင်နေကြပြီး လက်ဖက်ရည်သောက်နေကြသည်။
“ဟားဟား ရှစ်တိ မင်းရဲ့ဒီတပည့်အသစ်လေးက စူးရှတဲ့အာရုံခံစားချက်မျိုးရှိတာပဲ” ဝူချိန်ဟာအပြုံးလေးဖြင့် ပြောလိုက်သည်။
ဒီအချိန်မှာတော့ လော့ယွင်ဟာ သူ၏လော့တကျောင်ဆိုသည့် ပုံရိပ်ကြီးပျက်စီးသွားမလိုဖြစ်နေသည်။ သူ၏ဆံပင်ကလည်း ရှုပ်ပွမနေတော့ပဲ သူ၏ဝတ်ရုံကလည်း အလွန်သန့်ရှင်းနေသည်။
“အဲ့ဒီမကောင်းတဲ့ကောင်အကြောင်း ပြောမနေပါနဲ့” လော့ယွင်ကာ ဝတ်ကောင်းစားကောင်းတွေကို ဝတ်ဆင်ထားပေးမယ့် သူ့အသံကတော့ ခါတိုင်းလိုပျင်းရိနေတုန်းဖြစ်သည်။ “ဒီကောင်လေးက ကျွန်တော့်ကိုနေ့တိုင်း စိတ်အနှောင့်အယှက်ပေးတာ”
ဝူချိန်ကဘာမှတော့မပြောလိုက်ပေမယ့် ပြုံးလိုက်ကာ သူ့ရဲ့ရှစ်တိက အလွန်ပျော်တတ်ပြီး အကယ်၍ တပည့်တွေသာ ရိုးသားပြီးအမိန့်နာခံသူသာဖြစ်နေပါက သူ့သေချာပေါက်ပျင်းရိမှာဖြစ်သည်။
“ဒီကောင်လေးရဲ့ လူသတ်ချင်တဲ့စိတ်ဟာ အစွန်းရောက်လွန်းတယ်” ချင်းရီးက ဘာအမူအရာမှမပြဘဲ ပြောလေသည်။
လော့ယွင်တောက်ကျွင်းက ရယ်လိုက်ကာ
“ဒါဆိုရင်လည်းရတယ်လေ အနောက်ဘက်နယ်မြေက လာတဲ့လူတွေကရော သတ်ဖြတ်ချင်စိတ်မပြင်းထန်ကြလို့လား အဲ့ဒါတွေကိုကြတော့ သင့်လျော်တယ်လို့ပြောရမှာလား?”
ချင်းရင်းကခဏရပ်ကာ ဆက်ပြောသည်။
“သူက၁၁နှစ်ပဲရှိသေးတာ”
“အဲ့ဒီတော့ဘာဖြစ်လဲ?” လော့ယွင်ဟာစိတ်မရှည်စွာပြောလိုက်ပြီး “သူကအသက်၁၁နှစ်ပဲရှိသေးတယ် သူကသတ်ဖြတ်ချင်တဲ့စိတ်ပြင်းထန်တယ် အဲ့ဒီတော့ဘာဖြစ်လဲ?”
သူကချင်းရီးအား အေးစက်စက်ကြည့်လိုက်သည်။
“ဒီအချက်နှစ်ချက်ကြောင့်နဲ့ မင်းကသူ့ကို ဒီဂိုဏ်းကနေထုတ်ချင်တာလား? ဒါမှမဟုတ် သူ့ကိုဖမ်းချုပ်ထားချင်တာလား?”
ချင်းရီးဟာ တိတ်ဆိတ်စွာ ဖြစ်နိုင်ချေကို စဉ်းစားနေတော့သည်။
လေထုအခြေအနေကပြောင်းလဲလာတာကြောင့် ဝူချိန်အကူအညီမဲ့သလို ခံစားလိုက်ရသည်။
“ကဲပါလေ ရှစ်တိကလည်း ချင်းရီးက သူ့အတွက်စိတ်ပူလို့ပါ”
“ဟွန့်” လော့ယွင်တောက်ကျွင်းဟာ ဘာမှမပြောလိုက်တော့ပေမယ့် ဘာဆက်ဖြစ်မလဲဆိုတာလည်း သူမသိဘူး။ ဒီချင်းရီးဆိုသည့်လူကို တွေ့လိုက်သည့်အချိန်တိုင်း သူစိတ်အနှောင့်အယှက်ဖြစ်သလို ခံစားရသည်။
သူဘယ်အရာကိုအမုန်းဆုံးလည်းဆိုတော့ ‘သုံးနှစ်အရွယ်မှာတင် ကြီးလာရင်ဘာဖြစ်မလဲဆိုတာ သိနိုင်တယ်’။ အဲ့စကားက စောက်ရေးမပါတာပဲ။ အကယ်၍ ဘာဖြစ်မလဲဆိုတာ သိနေရင် ပညာသင်ဖို့ ဘာကိစ္စလိုနေဦးမှာလဲ? ဘာပဲဖြစ်ဖြစ် သုံးနှစ်အရွယ်မှာတင် အဲ့လူကကောင်းလားဆိုးလားဆိုတာ သေချာပေါက်ပြောနေနိုင်ရင်လည်း စောစောစီးစီးသတ်လိုက်ပေါ့။ စိတ်ရှုပ်ခံပြီးတော့များ ဘာလို့အကောင်းဘက်ကို ရောက်အောင် လမ်းပြနေသေးတာလဲ?
ချင်းရီးကလူမဟုတ်ဘူး ဒါကြောင့် လူတွေကြားထဲက ခံစားချက်ကို သူနားမလည်ဘူး။ စကားအရပြောရရင်……
ရွှီဇီရုန်ဟာ လူသတ်သည့်ဓားတစ်လက်ဆိုရင် ရွှီဇီယန်က သူ့အတွက်သန်မာသည့် ဓားအိမ်ဖြစ်တာကြောင့် ရွှီဇီယန်က သူ့ကိုလက်မလွှတ်သေးသ၍ ရွှီဇီရုန်က သူ၏အဖြစ်မှန်တွေကို ဖုံးကွယ်ထားဦးမှာပဲ။
သူ့ရဲ့ရှစ်တိ၏ အကြွင်းမဲ့ကာကွယ်ပေးနေမှုအတွက် ဝူချိန်အကူအညီမဲ့သလို ခံစားနေရပေမယ့် အန္တရာယ်မကျရောက်ခင် သတ်ရမယ်ဆိုသည့် ချင်းရီ၏အစီအစဉ်ကိုလည်း သူသဘောမတူပေ။
လက်ရှိအခြေအနေကစိုးရိမ်ရပေမယ့် သူ့ရဲ့ရှစ်တိ၏ ပြောဆိုပုံတွေကြောင့် သဘောတူထားရပြီး ဒီလိုအသေးအဖွဲကိစ္စကြောင့်နဲ့ ကလေးတစ်ယောက်ကို ခက်ခဲသည့်အခြေအနေရောက်အောင်လည်း မပြုလုပ်ချင်ဘူး။
ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် ရွှီဇီရုန်ဟာ လျှိုကွမ်းဂိုဏ်းကို သစ္စာမဖောက်သ၍ လျှိုကွမ်းဂိုဏ်းဟာလည်း သူ့ကိုသချောပေါက်ကာကွယ်ပေးနေမည်ဖြစ်ပြီး ဒီအရာကသူတို့ဆရာသခင်တွေ၏တာဝန်ဖြစ်ကာ ဘယ်လိုအကြောင်းပြချက်ကြောင့်နဲ့မှ ပြိုလဲသွားမည်မဟုတ်ပေ။
ရွှီဇီရုန်အကြောင်းကို ဆွေးနွေးပြီးနောက် ဝူချိန်၏စကားလုံးတွေဟာ ဒီကိစ္စအတွက် ဆုံးဖြတ်ချက်ချပေးလိုက်တော့သည်။
လော့ယွင်ကအလွန်ကျေနပ်သွားပေမယ့် သူ့မျက်နှာမှာတော့ ဘာအမူအရာမှမပြပေ။ ဒါပေမယ့် သူ့စိတ်ထဲမှာကတော့ အကြံဉာဏ်တွေအများကြီးမရှိပေမယ့် ဝူချိန်ကလက်ခံမလား မလက်ခံဘူးလားဆိုတာကို သူကဒီတိုင်းအကြံဉာဏ်ပေးရုံသာဖြစ်သည်။
“ရွှီဇီယန်ကိုရော မင်းဘယ်လိုထင်လဲ?” ရွှီဇီရုန်ဆိုသည့်ခေါင်းစဉ်ကနေ ဝူချိန်ဟာ မတတ်နိုင်တော့ပဲ ရွှီဇီယန်ဘက်သို့ လှည့်လိုက်တော့သည်။
ရွှီမိသားစုကညီအကိုနှစ်ယောက်ကို သူတကယ်မျှော်လင့်ချက်ထားထား၏။ သူတို့တွေ ချီလင်မျှော်စင်ထဲမှာ အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို လေ့ကျင့်နေတုန်းက သူတို့တွေ၏အပြုအမူဟာ အလွန်ကိုကျယ်လောင်စေပြီး သူရှိနေသည့်ထိပ်ဆုံးအထပ်က ချီလင်မျှော်စင်အထိကို တိုက်ရိုက်တုန်ခါသွားစေသည်။
“ချီး… ကျွန်တော့်အမြင်မှာတော့ အဲ့တပည့်ကလေ ကောင်းကင်ပေါ်ကဝိဇ္ဇာအတတ်ပညာရှင်လားပဲ” လော့ယွင်ဟာယဉ်ကျေးသိမ်မွေ့ရမယ်ဆိုသည့် အဓိပ္ပါယ်ကိုမသိတာကြောင့် တက်ကြွအားရစွာ ပြောလေသည်။
ချင်းရီးဟာအနည်းငယ်တွေးတောကာ
“ရိုးသားတယ် ဒါပေမယ့် ပညာသားမပါဘူး ရန်သူတွေကိုယုံလွယ်ပေမယ့် ကိုယ်ခံပညာလေးကတော့ မဆိုးပါဘူး”
ချင်းရီး၏ဝေဖန်ချက်ကို လော့ယွင်နားထောင်ပြီး သူ၏နှုတ်ခမ်းထောင်ဟာ ကွေးတတ်သွားတော့သည်။ ဒီဦးနှောက်မရှိသည့်တပည့်က သူ့ရှစ်ရှုန်းရဲ့မျက်နှာသာပေးမှုကို ခံထားရပေမယ့် သူ့ရဲ့ဉာဏ်က တစ်လမ်းသွားတာဖြစ်ပြီး အခြားလူတွေမျက်လုံးထဲမှာတော့ တော်တယ်လို့မြင်ကြလိမ့်မည်။
ဝူချိန်ဟာ သူ့မေးစေ့ကိုပွတ်သပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အင်း ငါသူတို့နှစ်ယောက်ကို အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်နှစ်ခု ပေးလိုက်တာ တန်သွားတာပေါ့”
“ချီး… ရှစ်ရှုန်းကလည်း တွန့်တိုလိုက်တာ ဘာလို့နှစ်ခုပဲပေးလိုက်တာလဲ? ဘာလို့လေးခုမပေးလိုက်တာလဲ သူတို့တွေပထမဆုံးအကြိမ် ကျရှုံးသွားရင်ဘယ်လိုလုပ်မလဲ?” လော့ယွင်ဟာ ဘာမှမတတ်နိုင်ပေမယ့် တိုးတိုးသာပြောလိုက်သည်။
ဝူချိန်ဟာ သူ့အားဒေါသထွက်နေသည့်ပုံစံဖြင့် ရယ်မောလိုက်သည်။ သူ့မျက်လုံးတွေက အကြင်နာမဲ့သည့်ပုံစံဖြင့်
“ဒီအစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ကိုများ မုန်လာထုပ်လို့ မင်းထင်နေတာလား? မင်းလိုချင်သလောက် ပေးလို့ရမလား? အကယ်၍ သူတို့တွေရှုံးနိမ့်သွားရင်လည်း အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေနဲ့ သူတို့တွေ ကံမပါဘူးလို့မှတ်ယူရမှာပေါ့”
လော့ယွင်ဟာနှုတ်ခမ်းစူကာ “ကံကြမ္မာအရဆက်နွယ်နေတယ်ဆိုတာက အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်လုံလောက်ခြင်းအပေါ် မမူတည်ဘူးပေါ့ ဒါမှမဟုတ် အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်သာ မလုံလောက်ဘူးဆိုရင် ကံကြမ္မာအရဆက်နွယ်နေတယ်ဆိုတာကလည်း ဖြစ်လာစရာမရှိတော့ဘူးပေါ့”
ဝူချိန်တောက်ကျွင်း ဒီလူကို ဘယ်လိုမှစကားနိုင်မလုနိုင်ဘူး။ လျှိုကွမ်းဂိုဏ်းမှာ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်၁၂ခုသာရှိပြီး သုံးခုကို ထိပ်ဆုံးကတပည့်အသစ်သုံးယောက်ကို ဆုလာဘ်အဖြစ် ပေးလိုက်ပြီးဖြစ်သည်။ ကျန်တဲ့တချို့ကိုပါထပ်ပြီးပေးလိုက်ပါက သူတို့တပည့်တွေပြဿနာတတ်ရင် အကြီးအကဲတွေသွားပြီး ထောက်ခံပြောဆိုပေးဖို့ အတွက်လုံလောက်မည်မဟုတ်ပေ။
ဝူချိန်ဟာ ရွှီဇီယန် အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုပြုလုပ်သွားသည့် မရင်းနှီးသည့်ပြောင်းလဲမှုဘက်သို့ ခေါင်းစဉ်လှည့်လိုက်သည်။
“ဒီရွှီဇီယန်အခြေခံကျင့်ကြံခြင်းတည်ဆောက်မှု အောင်မြင်တော့ ပစ်ခတ်လာတဲ့ဟာတွေက ကောင်းကင်မိုးကြိုးသွားလား?” ထိုစကားကိုပြောပြီးနောက် ဝူချိန်ဟာ လော့ယွင့်အားကြည့်လိုက်သည်။
လော့ယွင်ကတော့ ပေါ့ပါးစွာဖြင့်
“ဟုတ်တယ်လေ အဲ့ဒါကို လေ့ကျင့်ရေးကွင်းက သွားခိုးခဲ့တာ ဘာပဲဖြစ်ဖြစ် အဲ့ဒီမိုးကြိုးသွားက အများကြီးရှိတာကို နည်းနည်းလေးပဲခိုးသွားတာကြောင့် သိပ်ပြီးမစိုးရိမ်ပါနဲ့ နောက်ပြီးတော့ အဲ့ဒီမှာလည်း ရွှီဇီယန်လိုမျိုး အခွင့်အရေးရရင် ရသလိုနည်းနည်းလေး ခိုးနေကြတဲ့ကျင့်ကြံသူတွေရှိတာပဲ”
ဒီရှစ်တိတစ်ယောက်ပဲ ခိုးရင်ခိုးတာကို ဝန်ခံရဲတာကြောင့် ဝူချိန်မရယ်ဘဲမနေနိုင်ပေ။
“ကိစ္စမရှိပါဘူးလေ” သူ့ရှစ်တိအား သူပြောနိုင်မှာမဟုတ်ဘူးဆိုတာ သိနေတာကြောင့် ဒီကိစ္စအတွက်နဲ့ ဝူချိန်ထပ်ပြီး အချိန်မဖြုန်းချင်တော့ပေ။
ရွှီဇီယန်၏မရင်းနှီးသည့်ပြောင်းလဲမှုအကြောင်းကို သုံးယောက်သား အချိန်အတော်ကြာ ဆွေးနွေးနေကြသည်။ ထို့နောက်မှာတော့ လျှိုကွမ်းဂိုဏ်းမှာ အများပြားလှသည့် အရေးကိစ္စတွေရှိတာကြောင့် သူတို့တွေ အလုပ်များနေကြတော့သည်။
ရွှီဇီယန်အတွက်ကတော့ သူကကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုမှာ ထူးခြားသည့်အပြုအမူမျိုး ပေါ်ပေါက်လာတာကြောင့် ဒီအချိန်မှာ သူတို့တွေက သူ့ကိုမထူးခြားသလို ကြည့်လိမ့်မည်မဟုတ်ပေ။
သက်သေပြရမည့်အချိန်ကတော့ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ သွားမည့်အချိန်ကျရင် ရွှီဇီယန်သာ ဘယ်လိုအမွေအနှစ်မျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် လက်နက်ကိရိယာမျိုးကို ယူဆောင်လာနိုင်ခဲ့ပါက သူတို့တွေက သူ့အားအဓိကကျသည့်တပည့်အဖြစ် သင်ကြားပေးလိမ့်မည်။
ကံကောင်းခြင်း၏ အရေးကြီးဆုံးအကြောင်းရင်းကတော့ လေ့ကျင့်ခြင်းရဲ့ဖြစ်စဉ်ဖြစ်သည်။
ရွှီညီအကိုနှစ်ယောက်ဟာ ထျန်လော်တောင်ထွတ်သို့ ရောက်ရှိပြီး ဆရာသခင်ကို သူတို့တွေစကားသွားပြောရမယ်ဆိုတာ မသိတာကြောင့် တစ်ထပ်အိမ်လေးဆီကိုသာ သူတို့တွေပြန်သွားပြီး အနားယူနေကြတော့သည်။
အိမ်လေးကို ရွှီဇီရုန်၏သစ်သားအတတ်ပညာဖြင့် ပြုပြင်လေ့ရှိပေမယ့် အခုမှာတော့ သူပြန်မလာတာ တစ်လတောင်ကြာသွားပြီဖြစ်သည်။ နွယ်ပင်တွေအားလုံးဟာ စိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းသွားတာကြောင့် နွမ်းခြောက်သွားပြီး အိမ်တစ်ခုလုံးဟာ ယိုယွင်းပျက်စီးနေတော့သည်……