Chapter 62
Chapter 62
သူနေခဲ့တဲ့အိမ်ဟာ ပျက်စီးယိုယွင်းနေတာကို တွေ့လိုက်ရပြီး သူငိုရမလား ရယ်ရမလားတောင် မသိတော့ပါ။
ကဲပါ ကဲပါ အဲ့ဒါတွေက သူ့အမှားဆိုတာ သူဝန်ခံပါတယ်လေ။ ပထမဆုံးအနေနဲ့ ထိုအချိန်က သူဒဏ်ရာရနေပြီး လှုပ်ရှားလို့လည်းမရတာကြောင့် အိမ်ကိုမပြင်ခဲ့ရဘူး။ နောက်ပိုင်းကျတော့လည်း သူကမိုးကြိုးသွားကို နေ့တိုင်းကျင့်နေရပြီး ရွှီဇီရုန်ကတောင် သူသိပ်အားမစိုက်ဖို့အတွက် ဘေးကနေကူညီပေးရသေးသည်။ မိုးကြိုးသွားကို ခိုးဖို့ကလည်း လွယ်ကူခဲ့တာမဟုတ်ဘူး။ သူတို့တွေကလည်း ချီလင်မျှော်စင်ကို ချက်ချင်းထွက်သွားတာကြောင့် ဒီစုတ်ပြတ်နေသည့်အိမ်လေးကလည်း ကြာကြာမခံနိုင်တော့ပေ။
(စုတ်ပြတ်နေသည့်အိမ်: “ငါငိုချင်တယ် တစုံတယောက်က နောက်ဆုံးတော့ ငါ့ရဲ့ကြိုးစားမှုကို နားလည်သွားပြီ”)
မိုးကြိုးသွားနဲ့လည်း ဒီတစ်ခါတော့ ကူညီပေးလို့မရပါ။ ရွှီဇီရုန်ကိုလည်း ပြုပြင်ပေးဖို့ ရွှီဇီယန်မခိုင်းချင်ပေ။ သူ၏သစ်သားအတတ်ပညာက အတော်လေးအကူအညီဖြစ်တယ်ဆိုပေမယ့် ဇီရုန်က နှစ်ဝက်လောက်တောင် အလုပ်တွေပင်ပင်ပန်းပန်းလုပ်ထားတာကြောင့် သူ့အစ်ကိုတစ်ယောက်အနေနဲ့ အခုချိန်ကို တာဝန်ယူရမည်။
အိမ်ထဲကနေ အသုံးဝင်မည့်ပစ္စည်းတွေအားလုံးကို ယူထုတ်ပြီး ဘေးနား၌ထပ်တင်ထားလိုက်သည်။ သူကစတင်ပြီး မြေပြင်ပေါ်၌ အိမ်ဆောက်မည့်ပုံစံကို ပုံကြမ်းဆွဲလေသည်။
အနာဂတ်မှာ သူနဲ့ဇီရုန်က ဒီနေရာမှာ အချိန်အကြာကြီးနေရမှာဖြစ်သည်။ ဒီနေရာက သူတို့နေထိုင်ရာဖြစ်တာကြောင့် ပိုသက်သောင့်သက်သာရှိလေ ပိုအဆင်ပြေလေဖြစ်သည်။
သူကမြေပြင်ပေါ်မှာ အချိန်ကြာမြင့်စွာ ဖြစ်ကတတ်ဆန်းဆွဲနေပြီးနောက် သူကကျေနပ်ဖွယ်ကောင်းသည့် အစီအစဉ်မျိုးကို ပုံဖော်လိုက်သည်။
ဒီအစီအစဉ်နဲ့အတူ နောက်ထပ်တစ်ဆင့်ကတော့ အလုပ်လုပ်ရမည်။
ကံကောင်းစွာ ကျင့်ကြံသူတွေ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားဟာ သာမန်လူတွေထက် ပိုသန်မာပြီး အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုပြီးသွားသည့် ကျင့်ကြံသူတွေ၏ခွန်အားဟာ ပိုပြီးတော့တောင် အံ့ဩစရာကောင်းသည်။
နေ့လည်ခင်းအထိလောက်သာ အချိန်ယူလိုက်ရပြီး ညီအကိုနှစ်ယောက်ဟာ အလုပ်လုပ်အတူတူ လုပ်ကြတာကြောင့် မြန်မြန်ပြီးစီးသွားတော့သည်။ အစကတော့ ရွှီဇီယန်ဟာ ရွှီဇီရုန်ကို ဒီအလုပ်တွေမလုပ်ခိုင်းစေချင်ဘူး။ ဒါပေမယ့် ရွှီဇီရုန်ကကို ကူညီချင်နေသည်။ ရွှီဇီရုန်က: ‘ကျွန်တော်လည်း ကိုကို့,ကို ကူညီချင်တယ်’လို့ ပြောခဲ့တော့ ရွှီဇီယန်လည်း မငြင်းသာတော့ပေ။
နောက်ကျတော့ အလုပ်လုပ်အတူတူ လုပ်ရသည့်ခံစားချက်က အလွန်ကောင်းမွန်တာပဲလို့ ရွှီဇီယန်တွေးတောနေသည်။ ဘာလို့များ သူ့ကိုယ်သူအပင်ပန်းခံပြီး သူ့ညီဖြစ်သူကို နားခိုင်းမိရတာလဲ။╮(^▽^)╭
သစ်သားအိမ်လေး ဆောက်လို့ပြီးစီးပြီးနောက် ရွှီဇီရုန်က အခန်းသန့်ရှင်းရေးလုပ်ဖို့ တာဝန်ယူပြီး ရွှီဇီယန်ကတော့ ချက်ပြုတ်ဖို့ မီးမွေးလေသည်။ သူလတ်ဆတ်သည့်အစားအစာတွေ မစားရတာ တစ်လတောင်ရှိပြီ။ တံခါးပိတ်ကျင့်ကြံပြီးနောက် သူအမြဲတမ်း ဟာတာတာဖြစ်နေသလို ခံစားနေရသည်။
နေ့လည်က အတော်လေးအလုပ်လုပ်ထားရတာကြောင့် ရွှီဇီယန် ဘာခက်ခဲတာတွေမှ ချက်ပြုတ်မနေတော့ပေ။ သူကဂျုံတစ်ချို့ကိုနယ်ကာ ခေါက်ဆွဲပုံစံလှီးဖြတ်လိုက်ပြီး ဒယ်အိုးထဲသို့ထည့်ကာ ဆားရည်လေးနဲ့ ကြော်လေသည်။
ထို့နောက် ညီအကိုနှစ်ယောက်ဟာ မီးဖိုချောင်အသစ်ထဲမှာ ခေါက်ဆွဲစားနေကြတော့သည်။
အစတုန်းကတော့ ရွှီဇီရုန်ဟာ အစားအစာတွေကို သိပ်စားချင်စိတ်မရှိပါ။ ဒါပေမယ့် ရွှီဇီယန်နဲ့နေလာတာ အတော်ကြာလာတော့ အခုသူ၏အစားစားချင်စိတ်တွေ ဖြစ်ပေါ်လာတော့သည်။(သူ့ကိုကိုချက်ပြုတ်ထားသည့် အစားအစာတွေကိုသာ)
“အင်း……အနံ့လေးကမွှေးနေတာပဲ! မကောင်းတဲ့နှစ်ကောင်! မင်းတို့က ငါ့ကိုများစားဖို့လေးတောင် မခေါ်ကြဘူး!” ညီအကိုနှစ်ယောက်ဟာ ဇလုံကြီးထဲက ခေါက်ဆွဲတွေကို တစ်ဝက်လောက်ကျိုးအောင် စားပြီးနေသည့်အချိန်၌ လော့တကျောင်၏ဒေါသစွာ အော်သံဟာ သစ်သားအိမ်အပြင်ဘက်ကနေ ထွက်ပေါ်လာတော့သည်။
အစားအစာနေကြသည့် လူနှစ်ယောက်ဟာ ထိုအသံကြောင့် ပုံစံအမျိုးမျိုးဖြစ်သွားတော့သည်။
ရွှီဇီယန်က မတ်တပ်ရပ်ကာ ပန်းကန်အလွတ်တစ်လုံးကို ရှာနေချိန်၌ ရွှီဇီရုန်ဟာ သူ့ပန်းကန်လုံးထဲသို့ ဇလုံထဲကခေါက်ဆွဲတွေကို ကော်ထည့်လေတော့သည်။
“ရွှီဇီရုန် မင်းအထဲမှာ ခေါက်ဆွဲတွေ အများကြီးကျန်သေးတယ်လေ” ရွှီဇီယန် ရယ်ရမလား ငိုရမလား မသိတော့ပေ။ ဆရာသခင်နဲ့ ရွှီဇီရုန်ကြားမှာ ဘာတွေများဖြစ်ထားလို့လဲ? သူတို့နှစ်ယောက်က ပုံမှန်အတိုင်း ရန်ဖြစ်ထားကြလို့များလား? သတိပြုမိသလောက်ကတော့ ဆရာသခင်နဲ့ မျက်နှာချင်းဆိုင်ပြီဆိုရင် ဇီရုန်ကအလွန်ကို ကလေးဆန်လာသည်။
“မကောင်းတဲ့ကောင်!” လော့တကျောင်ဟာ တံခါးကိုကန်ကာ အထဲဝင်လာတော့သည်။ သူကရွှီဇီရုန်၏ကြွားဝါနေသည့် အပြုအမူကို မြင်လိုက်တာကြောင့် သူ့မျက်ခုံးကို ကျုံ့လိုက်သည်။
ရွှီဇီရုန်က လော့တကျောင်အား အနိုင်ရသည့်မျက်လုံးတွေနဲ့ ဂုဏ်ယူစွာ ကြည့်လို့နေသည်။ သူနဲ့လော့တကျောင်ကြားမှာ တစ်ခုခုဖြစ်တာနဲ့ သူ့ကိုကိုကသူ့ကိုချွင်းချက်မရှိ ကာကွယ်ပေးမယ်ဆိုတာ သေချာပေါက်သိနေသည်။
လော့တကျောင်ဟာ ရွှီဇီရုန်၏မျက်လုံးအဓိပ္ပါယ်ကို သိနေတာကြောင့် သူချက်ချင်းစိတ်ညစ်သွားတော့သည်။ သူဒီကောင်လေးကို ရိုက်ချင်တယ်! ဒါပေမယ့် အဲ့လိုလုပ်လိုက်ပြန်ရင်လည်း ကျင့်ကြံသူတစ်ယောက်က ကလေးကို အနိုင်ကျင့်တယ်ဆိုပြီး အရှက်မကွဲပြန်ဘူးလား?
“ဆရာသခင် သုံးဆောင်ပါ” လော့တကျောင်၏စိတ်ဆိုးနေသည့် အကြည့်တွေကို သူသတိပြုမိ၏။ ငြိမ်းချမ်းရေးတမန်တော် ရွှီဇီယန်ကတော့ ချက်ချင်း ပန်းကန်လုံးဖြင့် ခေါက်ဆွဲတွေကို ကော်ထည့်ပေးကာ လော့တကျောင်အရှေ့သို့ ရိုရိုသေသေချပေးလိုက်သည်။
လော့တကျောင်ဟာ ရွှီဇီယန်ကို ‘မင်းအတွက်ကြောင့်မို့ ဆရာတစ်ယောက်အနေနဲ့ ဒီကလေးကို ဒီတစ်ခါတော့ ငါခွင့်လွတ်ပေးလိုက်မယ်’ဆိုသည့် အကြည့်ဖြင့် အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။
ရွှီဇီယန်ဟာ တောင်းပန်သည့် အပြုံးမျိုးပြုံးလိုက်ပြီး သူ့ညီနဲ့ဆရာသခင်ကြားမှာ အသားညပ်ပေါင်မုန့်ဖြစ်နေတော့သည်။ အဲ့ဒါက အလွန်ကို ရှက်စရာကောင်းလှသည်။
လော့တကျောင်၏အစာစားနှုန်းဟာ စက္ကန့်ပိုင်းလောက်ပဲ ကြာတာကြောင့် ဘယ်သူမှ အဲ့ဒါကို ပထမဆုံးလို့ မခေါ်ဝံ့ကြပေ။ ပန်းကန်တစ်လုံးကြီးနဲ့ ခေါက်ဆွဲတွေဟာ မျက်စိတစ်မှိတ်အတွင်း ပြောင်သွားတော့သည်။
သူ့အရှေ့ကဘာမှမရှိတော့သည့် ပန်းကန်လုံးအား ကြည့်လိုက်ရင်း ရွှီဇီယန် နောက်ထပ်ပန်းကန်လုံးနဲ့ ထပ်ထည့်ပေးလိုက်သည်။ ဇလုံတစ်လုံးလုံးဟာ ကုန်ခါနီးနီးဖြစ်လာတာကြောင့် ရွှီဇီယန် ဂျုံထပ်နယ်ပြန်သည်။
သုံးပန်းကန်အပြည့်မောက်မောက် စားလို့ပြီးမှ လော့တကျောင်ဟာ သူဗိုက်ကိုကျေနပ်စွာပွတ်သပ်ကာ ထွက်သွားတော့သည်။
သူ့နောက်ကျောကိုကြည့်ကာ ရွှီဇီယန် နားမလည်အောင် ဖြစ်သွားရသည်။ ဆရာသခင်က ဘာလုပ်ချင်လို့လာခဲ့တာလဲ?
လော့တကျောင်၏ပုံရိပ်ကို ရွှီဇီယန် စိုက်ကြည့်နေသည်။ ဒီလူက သူချက်ထားပြုတ်ထားတာတွေကို စားဖို့သက်သက်လာခဲ့တာပေါ့။
မကြာခင်မှာ ရွှီဇီယန်ဟာ သူ့အလုပ်နဲ့သူ အလုပ်ရှုပ်နေပြန်တော့သည်။
သူဟာ လျှို့ဝှက်ထားသောမိုးကြိုးသွားနဲ့ ခရမ်းရောင်မိုးကြိုသွား၏ပြောင်းလဲမှုကိုးခုအား လေ့ကျင့်နေသည်။ သူအားသည့်အချိန်တွေဆိုရင် တောင်ထွတ်တွေဆီသို့ အလည်အပတ်သွားလေ့ရှိသည်။ ဝေ့ချင်နဲ့ပထမတစ်ခါတွေ့ပြီးနောက် သူထပ်မဆုံတာတောင် အတော်လေး ကြာသွားပြီဖြစ်သည်။
ဝေ့ချင်ဟာ ဝေ့ရင်းလက်အောက်သို့ မဆည်းကပ်တာကြောင့် အားလုံးကအံ့ဩသွားခဲ့ကြသည်။ ထို့အစား ရှူယွင့်တောင်ထွတ်ရဲ့ဆရာသခင်လက်အောက်သို့ ကျိုးရွယ်ထင်ခေါ်ဆောင်သွားတာကို ခံလိုက်ရတော့သည်။ ပြီးတော့ ဝေ့ရင်းကလည်း လက်ဗလာနဲ့မဖြစ်သွားပေ။ သူကအနည်းငယ်တွေးတောလိုက်ပြီး အနောက်ဘက်နယ်မြေက လဲ့ဟူကို ခေါ်သွားသည်။ အခြားသောလူတွေကလည်း အမျိုးမျိုးသော အကြီးအကဲလက်အောက်သို့ ရောက်ရှိကုန်ကြသည်။ ယွီဟော်၏ဆရာသခင်က ရွှေအမြုတွေအဆင့်ကျင့်ကြံသူဖြစ်ပြီး နာမည်ဂုဏ်သတင်းနိမ့်ကာ ရပ်တည်မှုကလည်းနိမ့်ကျသည်။
ပြိုင်ပွဲဝင်တုန်းကတော့ သူတို့အားလုံးဟာ ပြိုင်ဘက်တွေဖြစ်ထားကြပေမယ့် လက်ရှိမှာတော့ သူတို့တွေကအားလုံးက တစ်ဂိုဏ်းတည်းသားညီအကိုတွေဖြစ်နေကြပြီ ဖြစ်တာကြောင့် သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံပြောဆိုကြရမည်ဖြစ်သည်။
ရွှီဇီယန်၏အပြုအမူတွေက ပွင့်လင်းတယ်ဆိုပေမယ့် သူကဆိုးသွမ်းသည့်လူတော့မဟုတ်ပေ။ သေခြင်းနဲ့ရှင်းခြင်းအကြား ဖြတ်သန်းနေရသည့်အချိန်တွင် ဘာဖြစ်လာမလဲဆိုတာ မသိနိုင်တာကြောင့် လူတိုင်းနဲ့ သင့်မြတ်အောင်နေထိုင်ရမည်။
ရွှီဇီယန်က အရမ်းကိုကောင်းသည့်တရားသူကြီးလည်းမဟုတ်ပါ။ လူအားလုံး၏အကူအညီကို ရယူဖို့ဆိုတာ ဘယ်လိုမှမဖြစ်တာကြောင့် တစ်ချို့လူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုအမြင်ကြည်ကြမည်မဟုတ်ပေ။
“ဖီး! ဒါကဘာတွေလဲ!” အရပ်ရှည်ပြီး ပိန်းပါးသည့် ကောင်လေးက ရွှီဇီယန်အနောက်ဘက်ကနေ ဗျစ်တောက်ဗျစ်တောက်ပြောလာသည်။
သူခေါင်းလှည့်လိုက်တော့ ထိုသူက ဟူယွိထျန်အား နားဝင်ချို့သည့်အသံဖြင့် ပြောလိုက်သည်။
“ဟူရှစ်ရှုန်း အဲ့ကောင်က သူ့ကိုယ်သူဘာများထင်နေလဲ မသိဘူးနော်? သူ့ရဲ့နောက်ခံအဆင့်အတန်းနဲ့သာဆိုရင် ဟူရှစ်ရှုန်းရဲ့ဖိနပ်တောင် မပေးဖို့တောင်မတန်ဘူး! ကျွန်တော်တွေးမိတာတော့ အဲ့ဒီကောင်လေးက ဟူရှစ်ရှုန်းရဲ့ခြေထောက်ကို ဆွဲချင်လို့ဖြစ်မယ်”
ဟူယွိထျန်ဟာ ဘာစကားမှမပြောပေ။ သူ၏နောက်ခံအသိုင်းအဝိုင်းနဲ့ သူ၏ကောင်းမွန်သည့် စွမ်းရည်တွေကြောင့် မာနကြီးနေပေမယ့် သူပုံစံကမာနကြီးပုံထက် ငတုံးနဲ့တောင်တူသေးသည်။ ဒီလိုအဆင့်နိမ့်နိမ့် ရန်စပေးနေတာကိုများ ဘာလို့အမြင်ထဲထည့်နေသေးတာလဲ?
ဒီယောင်္ကျားလေးဟာ ဟူမိသားစု၏သားနဲ့တစ်ဝမ်းကွဲတော်သည်။ တြိဝိညာဉ်သွေးကြောနဲ့ အရည်အချင်းပြည့်မှီပေမယ့်လည်း သာမန်အဆင့်သာရှိသည်။ လျှိုကွမ်းဂိုဏ်း၏အတွင်းတပည့်အဖြစ် အကြီးအကဲတစ်ယောက်ဆီ၌ မှတ်တမ်းတင်တပည့်အဆင့်နဲ့သာ သူလက်ခံရသည်။ မှတ်တမ်းတင်တပည့်နဲ့ တကယ့်တပည့်အစစ်နဲ့ အလွန်ကိုကွာခြားလှသည်။
ပြောရရင်တော့ မှတ်တမ်းတင်တပည့်အတွက် အကြီးအကဲဟာ မျှော်လင့်ချက်သိပ်မထားပေမယ့် အကျိုးအမြတ်တွေရလာရင်တော့ ထိုသူ၏နာမည်နဲ့ အကြံပေးချက်တစ်ချို့ကိုတော့ ပေးလိမ့်မည်။ အနာဂတ်မှာတိုးတက်လာပါက တပည့်အစစ်အဖြစ် တိုးမြင့်ခံရမည်ဖြစ်ပြီး မတိုးတက်လာရင်တော့ တစ်သက်လုံး မှတ်တမ်းတင်တပည့်အဖြစ်နှင့်သာ ကုန်ဆုံးသွားလိမ့်မည်။
ဟူယွိထျန်လိုမျိုးလူတွေဟာ လျှိုကွမ်းဂိုဏ်း၏အကာအကွယ်အောက်မှာ ဘဝကိုတော့ကောင်းမွန်စွာနေနိုင်ကြလိမ့်မည်။ အကယ်၍ ရွှီဇီယန်သာ သူ့ကိုယ်သူအားကိုးဖို့ ရည်ရွယ်ခဲ့ပါက သူ့စွမ်းအားတွေဟာ တစ်နေရာရာမှာ အကျပ်အတည်းဖြစ်နေလိမ့်မည်။
ဒီလိုကျင့်ကြံခြင်းလောကမှာ အကယ်၍ မင်းသာလူယုံတော်ဖြစ်ချင်ပါက မင်းဆီမှာစွမ်းအင်တစ်ချို့တော့ ရှိနေရမည်!
ဟူယွိထျန်ဟာဘာစကားမှမပြောပေ။ အရပ်ရှည်ရှည် ပိန်းပါးနေသည့်ကောင်လေး ပြောတာကိုသာ သူနားထောင်နေသည်။ တစ်ချိန်တည်းမှာ သူဆက်လက်မှန်းဆလိုက်ပြီး ပေါ့ပါးစွာလမ်းလျှောက်သွားသည့် ရွှီဇီယန်အား မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ကြည့်လိုက်သည်။(ဟူယွိထျန်ဘေးက တစ်ယောက်ကို ပြောတာပါ)
ဥပမာဆိုရရင် သူကခင်မင်အောင်ပေါင်းပြီးတော့ ဟူမိသားစု၏လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ချင်နေသည်။ သူ့ပါးစပ်က အဓိပ္ပါယ်မရှိတာတွေကို အမြှုပ်ထွက်အောင် ပြောနေတာကို ကြည့်ရင်း ဟူယွိထျန်ခေါင်းကိုက်လာသည်။
သူလျှိုကွမ်းဂိုဏ်းကိုလာရတာက သူ၏စွမ်းရည်ကိုသွေးဖို့ဖြစ်သည်ဟု သူ့အမေကထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး တစ်နည်းအားဖြင့် သူကခေါင်းဆောင်၏သားဖြစ်နေတာကြောင့် အခြားသောအကြီးအကဲတွေက သူ့ကိုအသိအမှတ်မပြုကြပေ။
သူ့အဖေဖြစ်သူက မိသားစု၏ခေါင်းဆောင်နေရာကို အမွေဆက်ခံရရှိသည့်အချိန်မှစ၍ သူဟာသွေးသံရဲရဲ လေ့ကျင့်ခဲ့ရသည်။ သူသာစွမ်းရည်လုံလောက်အောင် မရှိလာပါက မိသားစု၏ခေါင်းဆောင်နေရာကို တာဝန်ယူချိန်၌ သူ့အတွက်လွယ်ကူလိမ့်မည်မဟုတ်ပေ။
သူ့စိတ်ထဲ၌ သက်ပြင်းချကာ ဟူယွိထျန်တစ်ဖက်သို့လှည့်ကာ ထွက်သွားတော့သည်။ စိတ်ပူစရာတွေအများကြီးရှိနေတာကြောင့် သူလေ့ကျင့်ရေးကို ပိုကောင်းမွန်အောင်လုပ်ရမည်။
“ရွှီရှစ်ရှုန်း!” ထျန်လော်တောင်ထွတ်သို့ ပြန်လာသည့်လမ်းတွင် ရွှီဇီယန် ရုတ်တရက် မိန်းကလေးတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။
ရွှီဇီယန်သူ့မျက်နှာကိုပြင်လိုက်ကာ သူ့ခေါင်းကိုလှည့်လိုက်ပြီးနောက် ပြုံးပြလိုက်ပြီး
“ရှဟုန်ရှစ်မေ့”
“ဟားဟား အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို အောင်မြင်သွားလို့ ဂုဏ်ယူပါတယ် ရွှီရှစ်ရှုန်း” ရှဟုန်လျန်က အပြုံးလေးဖြင့် ပြောလိုက်သည်။
ရွှီဇီယန်အမြန်ကျေးဇူးတင်လိုက်ပြီး ယဉ်ကျေးသည့်စကားလုံးအချို့ ပြောလိုက်၏။ ရှဟုန်ရှစ်မေ့ အရှေ့မှာဆိုရင် ရှင်းပြလို့မရနိုင်သည့် အကြောက်တရားတွေ သူမှာရှိသည်။ အဲ့ဒီအကြောက်တရားက သူမဟာ သူ့ဘဝကိုအန္တရာယ်ရှိစေနိုင်ဆိုသည့် အကြောက်တရားမျိုးမဟုတ်ဘူးဆိုတာ အလိုလိုသိနေသည်။ အကယ်၍ သူမကသူ့အား စိတ်အနှောင့်အယှက်ပေးရင်တောင် ထိုအကြောင်းပြချက်လေးနဲ့ လူတွေကို လျစ်လျူရှုလိုက်လို့မရပေ—အဲ့ဒါကမယဉ်ကျေးရာကျလိမ့်မည်။
နှစ်ယောက်သား စကားအနည်းငယ်ပြောပြီးနောက် ရွှီဇီယန်အမြန်ပြန်ခဲ့တော့သည်။ သူဘာလို့ဒီလိုအလိုလိုသိနေတာလည်းဆိုတာ သူ့ကိုယ်သူလည်းမသိတော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီရှစ်မေ့နဲ့ အချိန်ကြာကြာရှိနေရင် အလိုလိုသိနေသည့်စိတ်က ပိုဆိုးလာတယ်လို့သာ သူတွေးလိုက်တော့သည်။
“ကိုကိုပြန်လာပြီလား?” ရွှီဇီရုန် ပြေးထွက်လာပြီး သူ့လက်မောင်းထဲသို့ ဝင်ရောက်လာသည်။
“ဒီနေ့မင်းအရမ်းပင်ပန်းသွားပြီလား?” ရွှီဇီယန် သူ့ခေါင်းအားထိလိုက်သည်။
ရွှီဇီရုန်၏ဆံပင်ဟာ ပိုးသားလိုပိုမိုချော့မွတ်လာတာကို သူသိလိုက်ပြီး ရွှီဇီရုန်၏ခေါင်းကို ထိလေ့ရှိသည့် သူ၏အကျင့်ကို ဘယ်လိုမှဖျောက်မရတော့ပေ။
သူပျင်းရိပြီး အချိန်ဖြုန်းချင်တိုင်း သူရွှီဇီရုန်၏ဆံပင်ကို ထိလိုက်လေ့ရှိသည်။ စကားအဖြစ်ပြောရရင် ရွှီဇီရုန်၏ဆံပင်အရည်အသွေးသာ မကောင်းနေပါက သူထိတာနဲ့ ထိပ်ပြောင်ဖြစ်နေလောက်ပြီ။
“ကျွန်တော်မပင်ပန်းပါဘူး” ရွှီဇီရုန်ပြုံးကာ သူ၏မျက်နှာကို သူ့ကိုကို၏ရင်ဘတ်၌ မြှုပ်ထားတာက လေကိုခပ်ပြင်းပြင်းရှူလိုက်သည်!!!
ကိုကို့ဆီမှာ ဘာလို့များ သစ်ခွပန်းရနံ့ရနေရတာလဲ??!!
သူ့မျက်လုံးကအနီရောင်ပြောင်းပြီး သို့ပေမယ့် သူခေါင်းပြန်မော့လိုက်သည့်အချိန်၌ ပုံမှန်ပြန်ဖြစ်သွားသည်။ သူကအမှတ်တမဲ့မေးလိုက်သည်။
“ကိုကို, ကိုကို့ဆီကနေ ဘာလို့ပန်းနံ့တွေရနေတာလဲ? ကိုကိုက အမွှေးနံ့သာကို သုံးရတာကြိုက်လို့လား?”
“ရနံ့လား?” ရွှီဇီယန်က ရွှီဇီရုန်အား သံသယဖြစ်စွာကြည့်လိုက်ရင်း သူ့အင်္ကျီလက်ကို ရှူကြည့်လိုက်သည်။ ထူးဆန်းတယ် ဒီမှာဘာအနံ့မှလည်းမရပါဘူး။
သူကဘာအနံ့မှာမရပေမယ့် ရွှီဇီရုန်ကအနံ့ရတယ်ပြောတာကြောင့် သူပြန်တွေးကြည့်လိုက်ပေမယ့် ပန်းတွေရှိသည့်နေရာမျိုးကို သူမသွားခဲ့ပေ။ သူ့ဆီမှာဒီလိုအနံ့မျိုးရနေရတာက ရှဟုန်လျန်နဲ့ သူမတော်တဆဆုံခဲ့လို့သာ ဖြစ်လိမ့်မည်။