Chapter 64
Chapter 64
ရွှီဇီယန်သူ့မေးစေ့ကိုပွတ်ကာ မေးလိုက်၏။
“ငါတို့သူ့ကိုအမှားလုပ်မိထားလို့လား?”
ရွှီဇီရုန်ခဏလောက်တွေးတောပြီး ခေါင်းခါလိုက်ကာ
“ကျွန်တော်တော့မထင်ပါဘူး”
ဟုတ်တယ် သူတကယ့်ကို မမှတ်မိတော့ဘူး။ အဲ့ဒီစာမေးပွဲဖြေဆိုသည့်အချိန်တုန်းက ဒီရှစ်ရှုန်းတွေအားလုံးက အမဲရောင်မျက်နှာဖုံးတွေတပ်ထားကြသည်။ တစ်ဖက်လူတွေကအမဲရောင်ဝတ်စုံတွေ ဝတ်ဆင်ထားကြတာမို့ ဘယ်သူ့ကိုသစ်ပင်ပေါ်မှ ပစ်ချခဲ့လည်း ဘယ်သူ့ကို ရိုက်ခဲ့လည်းဆိုတာ သူဘယ်လိုလုပ်သိတော့မှာလဲ?
ထိုသူကိုအမှားပြုလုပ်ထားတာ မဖြစ်နိုင်ဘူးလို့ ရွှီဇီရုန်ကလည်း ပြောမှတော့ သူလည်းဘာမှစဉ်းစားမရတော့ပေ။
ရွှီဇီယန်ကရိုးရှင်းစွာ“အင်း”လို့သာ ပြန်တုံ့ပြန်လိုက်သည်။ ဒီရှစ်ရှုန်းကို သူဘာအမှားလုပ်ထားမိလည်းဆိုတာ သူလုံးဝမမှတ်မိတော့ဘူး။ ဖြစ်နိုင်ချေကတော့ အတွင်းဂိုဏ်းစာမေးပွဲစစ်ဆေးချိန်၌ ထိုသူနဲ့ဆုံခဲ့လိမ့်မည်။ ဒါပေမယ့် သူမှတ်မိတာက သူတိုက်ခိုက်သည့်လူဟာ အမျိုးသမီးလေ…မဟုတ်ဘူးလား?
ထားလိုက်ပါတော့ အရေးမကြီးပါဘူးလေ—ဒီရှစ်ရှုန်းက သူ့ကိုမမြင်ချင်နေမှတော့ သူကလည်းခပ်ဝေးဝေးနေပြီး အမုန်းပိုမပွားအောင်ပြုလုပ်ရမည်။
“ရွှီဇီယန်” ရွှီဇီယန်ကိုမြင်လိုက်ပြီးနောက် လဲ့ဟူက ခြေလှမ်းကြီးကြီးတွေနဲ့ လှမ်းလာသည်။
သူဟာအလွန်တည်ငြိမ်သည့်လူဖြစ်ပြီး လျှိုကွမ်းဂိုဏ်းမှာ သူနဲ့ရင်းနှီးသည့်သူငယ်ချင်း သိပ်မရှိဘူး။ သူ၏အချက်အလက်က အနောက်မြောက်လူရိုင်းမျိုးနွယ်စုဖြစ်နေတာရယ်၊ သူ၏အပြင်ပန်းပုံစံနဲ့ အဝတ်အစားက တစ်မူထူးခြားနေတာကြောင့် လျှိုကွမ်းဂိုဏ်းနဲ့ သိပ်ပြီးအံဝင်ခွင်ကျမဖြစ်ပေ။
“ဟေး လဲ့ဟူ မတွေ့တာတောင်ကြာပြီနော်” ရွှီဇီယန်နဲ့ လဲ့ဟူကတော့ အတော်လေးပနံသင့်သည်။ လဲ့ဟူကစကားသိပ်မပြောမှန်း ရွှီဇီယန်သိတာကြောင့် သူကစကားအစား အမူအရာနဲ့သာပြလိုက်သည်။
ဒီလိုလူတွေနဲ့ သူငယ်ချင်းဖြစ်ရတာ အတော်လေးတော့သာယာဖွယ်ကောင်းလှသည်။
လဲ့ဟူကအသံတိတ်ခေါင်းညိတ်လိုက်သည်။ သူ့ပုံစံက’စကားနည်းတာက ရွှေဆတစ်ထောင်နဲ့ညီမျှတယ်’ဆိုသည့် အဓိပ္ပါယ်မျိုးကို ဖော်ဆောင်နေသည်။ သူဘာလို့စကားနည်းရတာလဲဆိုတော့ အလယ်ပိုင်းလွင်ပြင်ဒေသ၏စကားပြောဆိုပုံကို သူသိပ်မကျွမ်းကျင်လို့ပင်ဖြစ်သည်။
ရွှီဇီရုန်ဟာ ရွှီဇီယန်အနောက်မှာရပ်နေပြီး သူ့မျက်နှာက ဘာအမူအရာမှမပြထားပေ။
အချိန်အများဆုံး၌ လဲ့ဟူဟာ သူ့အရှေ့ကလူတွေထက် သူ့ကိုကို,ကိုသာ အဓိကအရေးပေးဆက်ဆံပြီး လဲ့ဟူကဘယ်သူ့ကိုမှဂရုမစိုက်စွာ ခေါင်းတညိတ်ညိတ်သာလုပ်နေသည်။
ရွှီဇီရုန်တိတ်တဆိတ် သူ့လက်သီးကိုတင်းတင်းဆုပ်လိုက်၏။ လဲ့ဟူရဲ့ဒီလိုအပြုအမူတွေကို သူသဘောမကျဘူး။ သူ့ပုံစံကရိုးသားပြီး တည်ငြိမ်ပေမယ့် သူကငတုံးတော့မဟုတ်ဘူး။ အမည်မသိသည့်အကြောင်းပြချက်က လဲ့ဟူဟာ သူ့ကိုကိုနဲ့အလွန်ကို နီးကပ်နေပြီး သူ၏အခင်ဆုံးသူငယ်ချင်း ပုံစံနဲ့တောင်တူနေသည်။
ရွှီဇီရုန်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး သူချုပ်တည်းထားရသည်။ သူ့ကိုကို၏အရာအားလုံးကို သူတစ်ယောက်တည်း ပိုင်ဆိုင်ထားချင်သာဖြစ်ပြီး အကယ်၍ ဘယ်သူမှသူ့ကိုကို,ကို မမြင်ရအောင် သူဝှက်ထားချင်တယ်ဆိုရင်တောင် ထိုအရာကဘယ်လိုမှမဖြစ်နိုင်ဘူး။
သူအဲ့လိုမျိုးလုပ်လို့မရမှတော့ သည်းခံဖို့သာ တတ်နိုင်တော့သည်။ ကံအားလျော်စွာ သူ့ကိုကိုရင်ထဲ၌ ရွှီဇီရုန်က အရေးပါသည့်နေရာတွင် ရှိနေသေးသည်။ ဒီအကြောင်းပြချက်လေးကြောင့် အခြားလူတွေက သူ့ကိုကိုအနားသို့ ကပ်လာသည့်အချိန်တိုင်း သူသည်းခံနေနိုင်ခြင်းဖြစ်သည်။
“အတူတူသွားကြမလား?” လဲ့ဟူက ရွှီဇီယန်အားမေးလိုက်သည်။
ရွှီဇီယန်တစ်ခဏလောက်တွေးလိုက်ပြီး သူခေါင်းညိတ်ကာ သဘောတူလိုက်၏။
အားလုံးကဂိုဏ်းတစ်ခုတည်းက လာကြသူတွေဖြစ်ပြီး အတူတူရှိနေတော့ ပိုအန္တရာယ်ကင်းလိမ့်မည်။ အဲ့ဒါကအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်းသို့ သွားရာတွင် ပိုအန္တရာယ်ကင်းလိမ့်မယ်ဆိုပေမယ့် ယူဆချက်သက်သက်သာဖြစ်သည်။ လျှိုကွမ်းဂိုဏ်းလိုမျိုးပဲ ထိုနယ်မြေက တစ်ချို့သောနေရာတွေက အန္တရာယ်ကင်းပေသည်။ ဒါပေမယ့် ကျင့်စဉ်အမျိုးမျိုးရှိရာအဆောက်အအုံ၊ အဖိုးတန်ရတနာအဆောက်အအုံနဲ့ ချီလင်မျှော်စင်တွေကတော့ အတော်လေးကိုအန္တရာယ်ရှိပေသည်။
“ဇီယန်” ရွှီဇီယန်နဲ့ပတ်သက်ပြီး အနည်းငယ်မကျေနပ်သည့်ခံစားမျိုးဖြင့် ဝေ့ချင်ကဝင့်ကြွားစွာ လမ်းလျှောက်လာသည်။
ဝေ့ချင်ကသူငယ်ချင်းအဖြစ် အသိအမှတ်ပြုထားပေးတာကို ရွှီဇီယန်က ဘယ်တော့မှ သူ့ဆီမလာခဲ့ဘူး။ ထိုအစား သူကအဲ့ဒီလူရိုင်းမျိုးနွယ်စုကကောင်ဆီ သွားဖို့ရွေးသွားတယ်။ ရှက်ဖို့ကောင်းလိုက်တာ။
ဝေ့ချင်၏ဝင့်ကြွားသည့်ပုံစံကို ရွှီဇီယန်မြင်ရတိုင်း သူခေါင်းကိုက်လာသည်။ ထိုသူကလေးအရွယ်တုန်းက ဘယ်လောက်ထိများ ဒီကောင်စုတ်လေးကို အလိုလိုက်ခဲ့ကြလို့ ဒီလိုပုံစံပေါက်နေရတာလဲ? ဘယ်လိုကြောင့်မို့များ တွေ့သမျှလူတိုင်းကို အထက်စီးဆန်စွာ ကြည့်နေရတာလဲ……
ဝေ့ချင်သာ သူ့ကိုကိုကို သဘောကျသွားပါက အခုချက်ချင်း သူရိုက်နှက်မိလိမ့်မည်။ ဝေ့ချင်၏တင်ပါးကို ရိုက်နှက်လိုက်လို့ ရောင်ကိုင်းသွားပြန်ရင်လည်း သူရိုင်းစိုင်းရာကျသွားပြန်ဦးမည်။
ဒီအချိန်မှာ ရွှီဇီယန်လျစ်လျူရှုဖို့ကိုသာ ရွေးချယ်လိုက်တော့သည်။ သူ၏လက်ရှိခန္ဓာကိုယ်က ဝေ့ချင်ထက်တောင် တစ်နှစ်ငယ်နေသေးသည်……
ဝေ့ချင်ရောက်လာပြီးနောက် သူကဘာစကားမှမပြောပေ။ သူကလဲ့ဟူကို ပုရွက်ဆိတ်တစ်ကောင်လိုသာ ကြည့်လို့နေသည်။
လဲ့ဟူကမျက်မှောင်ကြုတ်သွားသည်။ သူ၏ဆရာသခင်က ဝေ့ရင်းဖြစ်ပြီး ဝေ့မိသားစုဝင်ဖြစ်တာကြောင့် သူ့ဘက်ကတောင် မာနထောင်လွှားရဦးမယ်လို့ သူတွေးလိုက်သည်။ ဒါပေမယ့် ဒီကောင်ဘာဖြစ်နေတာလဲ? ကိုယ့်ကိုယ်ကိုအထင်ကြီးသည့်ပုံစံဖြင့် သူကတိုက်ခိုက်ချင်လို့ လာကြည့်နေတာလား?
“ဟန့်!” ဝေ့ချင်ကအေးစက်စက်နှာမှုတ်လိုက်ပြီး သူ့အကြည့်တွေကို လဲ့ဟူကနေ ရွှီဇီယန်ဆီသို့ပြောင်းလိုက်သည်။
သူလဲ့ဟူကို လုံးဝကြည့်မရဘူး။ ဒီအနောက်မြောက်လူရိုင်းမျိုးနွယ်စုက ဘယ်လိုစွမ်းအင်တွေများရှိနေလို့လဲ? ရွှီဇီယန်ဆီကိုသွားဖို့ သူ့ကိုယ်သူတောင်မဆုံးဖြတ်ရသေးဘူး။
ရွှီဇီယန်က ဒီလိုကောင်မျိုးနဲ့ သူငယ်ချင်းဖြစ်နေတာကို ဝေ့ချင်မကျေမနပ်ဖြစ်လို့နေ၏။
ဝေ့ချင်အတွက်ကတော့ ရွှီဇီယန်ဟာ သူနဲ့လက်ရည်တူတာမို့ သူနဲ့စွမ်းအားကြီးတာချင်းတူသည့် လူကိုသူငယ်ချင်းအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ဒီနေရာမှာအခြားသောသူတွေလည်းရှိနေရင်တောင် ဘာဆုံးဖြတ်ချက်မှမချဘဲနဲ့ သူ့သူငယ်ချင်းအဖြစ် လက်မခံနိုင်ဘူး။ အထူးသဖြင့် အနောက်မြောက်လူရိုင်းမျိုးနွယ်စုက ဘာရှားပါးတဲ့စိတ်ဝိညာဉ်သွေးကြောမှလည်းမရှိပဲနဲ့ အနာဂတ်မှာလည်း ဘာမှတိုးတက်လာမှာမဟုတ်ဘူး!
လဲ့ဟူကိုရွံစရာကောင်းသည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး သူ့ဝတ်စုံကမုန်းစရာကောင်းတာကို ဝေ့ချင်သတိထားမိလိုက်သည်။ လျှိုကွမ်းဂိုဏ်းမှာ ရာသီပတ်လုံးက နွေဦးလိုမျိုးပူပြင်းနေပေမယ့် လိန်ဟူးဟာ သူ့အကျင့်အတိုင်း တိရိစ္ဆာန်သားရေကိုသာ ဝတ်ဆင်လေ့ရှိသည်။
သူကတိရိစ္ဆာန်သားရေကို ဝတ်တယ်ဆိုရင်လည်း အဲ့ဒါကအဆင်ပြေပါသေးတယ် ဒါပေမယ့် သူ့ရဲ့အသားအရေကိုဖော်ထားတာ အလွန်ကိုရှက်စရာကောင်းလွန်းတယ်!
“မင်းကချလို့လား?” ဝေ့ချင်၏အကြည့်တွေက လဲ့ဟူကိုလာစော်ကားနေတာကြောင့် သူကမျက်လုံးပြူးကာမေးလိုက်သည်။ အနောက်မြောက်လူရိုင်းမျိုးနွယ်စုတွေက တိုက်ခိုက်ဖို့မွေးဖွားလာကြတာဖြစ်သည် မဟုတ်ရင် သူတို့တွေက မိစ္ဆာကျင့်ကြံသူတွေကို အဓိကတိုက်ခိုက်ဖို့ ဖြစ်လာမှာမဟုတ်ဘူး။
သူကအသံတိတ်နေဖို့သာ ဆုံးဖြတ်လိုက်ပါက သူ့ကိုယ်သူ လူရိုင်းမျိုးနွယ်စုလို့ ခေါ်ဖို့မသင့်တော့ပေ။
ဝေ့ချင်ကသူ့မျက်ခုံးကိုအနည်းငယ်ကျုံ့ကာ လဲ့ဟူအား အထင်အမြင်သေးသည့်အမူအရာဖြင့် စွေစောင်းကြည့်လိုက်သည်။ အကယ်၍ သူပထမဆုံးစတိုက်ခိုက်လိုက်ပါက သူသိက္ခာကျသွားလိမ့်မည်။
လဲ့ဟူကအနည်းငယ်မျက်မှောင်ကြုတ်ကာ လက်သီးနဲ့စတင်ထိုးလိုက်သည်။
ဝေ့ချင်က သူခပ်မြန်မြန် တိုက်ခိုက်လာလိမ့်မယ်လို့ မထင်ထားခဲ့ပေ။ ဘာခုခံမှုမှမလုပ်နိုင်တော့ပဲ သူအကာအရံခပ်ပါးပါးလေးကို ပြုလုပ်လိုက်နိုင်သည်။
ဗန်းခနဲဆိုသည့်အသံဖြင့် အကာအရံဟာ လဲ့ဟူ၏လက်သီးဖြင့် ကွဲကြေသွားတော့သည်။ ထိုလက်သီးအားဟာ ပြင်းထန်ပြီး ကြီးမားလာတာကို ဝေ့ချင်၏မျက်လုံးထဲ၌မြင်လိုက်ရပြီးနောက် ကြီးမားသည့်အမဲရောင်ပွန်းပဲ့ဒဏ်ရာကြီးဖြစ်သွားတော့သည်။
ကွင်းပြင်ထဲကလူအားလုံးဟာ တိတ်ဆိတ်သွားပြီး အားလုံး၏အကြည့်တွေဟာ ဝေ့ချင်ဆီသို့ကျရောက်လာတော့သည်။
ရောင်ကိုင်းသွားသည့်မျက်လုံးနဲ့အတူ ဝေ့ချင်ဟာ သူ့မျက်နှာပုံပျက်သွားတာကြောင့် ဒေါသအခြောင်းခြောင်းထွက်လာတော့သည်။ လူရိုင်းမျိုးနွယ်စုက တိုက်ခိုက်တာကို သူခံလိုက်ရသည်။ အဲ့ဒါကအရမ်းကိုရှက်စရာကောင်းတာပဲ!
သူ့လက်ကိုထုတ်ကာ မန္တန်တစ်ခုကိုရွတ်လိုက်တာကြောင့် အနီရင့်ရောင်မီးနဂါးဟာ လဲ့ဟူတည့်တည့်သို့ ပြေးထွက်သွားတော့သည်။ လဲ့ဟူ၏အကြည့်တွေကတော့ လုံးဝမပြောင်းလဲသွားပေ။ သူ၏နောက်ကျောဘက်က ဓားရှည်ကိုထုတ်လိုက်ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်ကာ မီးနဂါးကို အကြိမ်အနည်းငယ်လောက် ခုတ်ဖြတ်လိုက်သည်။
နှစ်ယောက်သားတိုက်ခိုက်နေတာကို ကြည့်နေကြရင်း အနားကတစ်ချို့သောတပည့်တွေက အံ့အားသင့်သွားကြသည်။ လျှိုကွမ်းဂိုဏ်း၌ ဂိုဏ်းအတွင်းကတပည့်အချင်းချင်း တိုက်ခိုက်ခြင်းကို တားမြစ်ထားတာတောင် သူတို့တွေက လူအများအရှေ့ကြီး၌ တိုက်ခိုက်နေကြသည်။
ရွှီဇီယန် သူတို့နှစ်ယောက်ကို မှင်တက်စွာကြည့်နေမိသည်။ ဒီနှစ်ယောက်က ဘာအရိပ်အကဲမှမကြည့်ပဲ တိုက်ခိုက်နေကြတာကြောင့် ရွှီဇီယန်စိုးရိမ်လာတော့သည်။
အဖွဲ့ကြီးကြပ်မည့်ဆရာသခင်ရောက်လာပြီး ဒီနှစ်ယောက်တိုက်ခိုက်နေတာကိုသာ တွေ့သွားပါက အပြစ်ပေးခံရလိမ့်မည်။
“ဒီအရူးနှစ်ကောင်ကတော့!” ရွှီဇီယန်ဆဲရေးလိုက်သည်။ သူအလျင်အမြန် သူ၏လေးကိုထုတ်ကာ မိုးကြိုးမြှားကိုပစ်ထည့်လိုက်သည်။ သူပစ်လိုက်သည့်နေရာက သူတို့နှစ်ယောက်၏စွမ်းအင်ဆုံစည်းရာသို့ပင်ဖြစ်သည်။ ဒီမိုးကြိုးသွားက ဝေ့ချင်လွှတ်လိုက်သည့် မီးနဂါးကိုဖျက်ဆီးလိုက်ရုံတင်မက လဲ့ဟူကိုလည်း လေအားဖြင့်လွှင့်ထွက်သွားမလို ဖြစ်သွားစေသည်။
“မင်းတို့နှစ်ယောက်လုံး! ရပ်ကြစမ်း!” ရွှီဇီယန်အံကြိတ်ကာ အရှေ့သို့ပြေးသွားပြီး နှစ်ယောက်လုံး၏ခေါင်းကို ထုထည့်လိုက်တော့သည်။
ဒီကောင်စုတ်လေးနှစ်ကောင်ကတော့ ပတ်ဝန်းကျင်ကိုနည်းနည်းပါးပါးလေးတောင် မကြည့်ကြဘူး!
ရွှီဇီယန်ဒေါသထွက်စွာတွေးလိုက်ပြီး နှစ်ယောက်စလုံးကို အကြည့်စူးစူးဖြင့်ကြည့်လိုက်သည်။
“ဂိုဏ်းမှာ ဂိုဏ်းသားအချင်းချင်းတိုက်ခိုက်တာကို တားမြစ်ထားတယ်ဆိုတာ မင်းတို့တွေကောင်းကောင်းသိကြတာပဲလေ မင်းတို့ရဲ့နေ့ရက်တွေ အရမ်းကိုသာယာနေလို့ အပြစ်ဒဏ်ပေးခဲ့ရတာကို အရမ်းခံစားချင်နေကြတယ်လို့တော့ ငါယူဆမိတယ်!”
ရောင်ကိုင်းနေသည့်မျက်လုံးနဲ့ဝေ့ချင်က လဲ့ဟူအား အကြည့်စူးစူးဖြင့်ကြည့်လိုက်သည်။ ဒီကောင်စုတ်က အရင်မလုပ်ရင် သူကလည်းဘာကိစ္စပြန်တိုက်ခိုက်ရမှာလဲ!
လဲ့ဟူပုံစံကတော့ အတော်လေး စိတ်သောကရောက်နေသည်။ ထို့အပြင် ဝေ့ချင်၏မန္တန်ကို ခုခံတိုက်ခိုက်နိုင်ဖို့ သူ၏လက်နက်ကိုထုတ်သုံးခဲ့ရသည်။ ပြီးတော့ သူ၏ကျင့်စဉ်က ဝေ့ချင်လောက်မတိုးတက်သေးပေ။ အကယ်၍ ရွှီဇီယန်သာ မီးနဂါးကိုမဖြိုခွဲလိုက်ပါက သူ၏ဆံပင်နဲ့မျက်ခုံးကို လောင်သွားထက်ပိုပြီး ထိခိုက်မှုပိုရှိနိုင်သည်။
သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုယ်တစ်ယောက် စူးစူးရဲရဲစိုက်ကြည့်နေကြသည်။ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာ ရွှီဇီယန်သိလိုက်ရသည်။ သူအစတုန်းက လဲ့ဟူကို ရင့်ကျင့်တဲ့ကလေးပဲလို့တွေးထားတာက အခုတော့ အလိုလိုက်ခံထားရတဲ့ကလေးနဲ့ အတူတူပါပဲလား။
ရွှီဇီယန်တဖြည်းဖြည်းနဲ့ သံသယဝင်လာမိသည်။ သူဒီကမ္ဘာကိုရောက်ရှိလာတာ ဒီအလိုလိုက်ခံထားရတဲ့ကလေးတွေကို ထိန်းဖို့များလား?
“ကိုကို ဒေါသမထွက်ပါနဲ့” ရွှီဇီရုန်က ရွှီဇီယန်၏အင်္ကျီလက်ကိုဆွဲကာ နူးညံ့စွာဖျောင်းဖျလေသည်။
လဲ့ဟူနဲ့ဝေ့ချင်တိုက်ခိုက်တာကိုကြည့်ပြီး ရွှီဇီရုန်အလွန်ပျော်ရွှင်နေမိသည်။ ဘာလို့လဲဆိုတော့ သူတို့တွေက သူ့ကိုကို၏အာရုံစိုက်မှုကို အမြဲတမ်းလိုချင်နေလို့ပင်ဖြစ်သည်။ ရွှီဇီရုန်အတွက် သူတို့နှစ်ယောက်လုံးက သူ့ရန်သူတွေပင်ဖြစ်သည်။
သူ့ရန်သူတွေက အချင်းချင်းတိုက်ခိုက်တာကိုမြင်ရတော့ သူကျေနပ်အားရမိသည်။ ထို့အပြင် သူတို့တွေကအချင်းချင်းတိုက်ခိုက်ရင်း သေသွားရင်တောင် ပိုကောင်းသေးသည်။
ကံမကောင်းစွာ သူပျော်ရွှင်မှုတွေက ရွှီဇီယန် သူတို့တွေကိုရပ်လိုက်တာကြောင့် ပျက်စီးသွားတော့သည်။
သူကအေးစက်စွာစိုက်ကြည့်နေသည်။ သူ့ကိုကိုစိတ်ထဲ၌ ဒီနှစ်ယောက်ဟာ ပိုအရေးကြီးလာမှာကို သူတွေးဆနေမိသည်။ အကယ်၍ သူတို့တွေ၏ခြိမ်းခြောက်မှု ပိုပြီးကြီးလာပါက သူတို့တွေကို တိတ်တဆိတ်သတ်လိုက်ဖို့လည်း သူ့အတွက်အပန်းမကြီးပေ။
ကျင့်ကြံခြင်းလောကကြီးမှာ အမှတ်မထင်ထားသည့်ကိစ္စမျိုးတွေ အများကြီးရှိတာကြောင့် အခြေခံတည်ဆောင်ခြင်းပြီးထားသည့် ကျင့်ကြံသူတစ်ယောက်နှစ်ယောက်လောက် သေသွားတာနဲ့ ဘာမှဖြစ်ပျက်သွားမည်မဟုတ်ပေ။
သူ့ကိုကိုက သူတို့နှစ်ယောက်အတွက် ဒေါသထွက်နေတာကိုကြည့်ပြီး ရွှီဇီရုန်ပိုစိတ်တိုလာတော့သည်။ ဒါပေမယ့် လက်ရှိရွှီဇီယန်၏အမူအရာကိုသူသိနေတာကြောင့် အလျင်အမြန် သူစိုးရိမ်သလိုပုံဖမ်းလိုက်သည်။
ရွှီဇီရုန်သူ့ကို နူးညံစွာနှစ်သိမ့်ပြီးနောက် ရွှီဇီယန် ပိုစိတ်သက်သာရာရသလို ခံစားလိုက်ရသည်။ ဝေ့ချင်နဲ့လဲ့ဟူက သူ့လိုမျိုးကောင်းမွန်သည့်အကိုမရှိတာကြောင့် သူတို့တွေက ဆိုးသွမ်းတဲ့ကလေးတွေဖြစ်တာ မဆန်းတော့ပေ!
ရွှီဇီယန်ကကျေနပ်သွားပြီး မျက်လုံးတွေက ပြန်လည်ရွှင်ပျနေတာကို ရွှီဇီရုန်မြင်လိုက်ရသည်။ သူဆက်လက်ပြီး သူ့ကိုကိုကို နှစ်သိမ့်လေသည်။
“ကိုကို သူတို့တွေက အရမ်းကိုတိုက်ခိုက်ချင်နေရင်လည်း လွတ်ထားပေးလိုက်ပါ ဆရာသခင်ဦးလေးက ဒီအဖွဲ့ဆီကို မကြာခင်ရောက်လာတော့မှာ သူတို့တွေအပြင်းအထန်တိုက်ခိုက်နေတာကို သူတွေ့သွားရင် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ သွားခွင့်ကို သူပိတ်ပင်လိမ့်မယ် ပြီးတော့ အဲ့ဒါမှလည်းသူတို့အတွက် သင်ခန်းစာရသွားမှာပေါ့”
လဲ့ဟူရောဝေ့ချင်ပါ ရွှီဇီရုန်၏စကားကို ကြားပြီးနောက် နှစ်ယောက်လုံး မှင်တက်သွားတော့သည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ သွားခွင့်ကို သူတို့တွေလုံးဝလွတ်သွားလို့မဖြစ်ပေ။ ဒီအချိန်မှာ ဆရာသခင်ဦးလေးလာခဲ့ရင် သူတို့တွေဘယ်လိုရှင်းပြရမလဲမသိပေ။ အကယ်၍ စည်းမျဉ်းကိုဖောက်ဖျက်သလိုသာဖြစ်သွားရင် သူကသူတို့တွေကို နယ်မြေအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ပေ။
နှစ်ယောက်စလုံးဟာ ဒေါသထွက်နေသည့်အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။ ဆရာသခင်ဦးလေးမလာခင် သူတို့ကိုယ်သူတို့ ပြန်လည်ပြင်ဆင်နေကြသည်။
ဒီကလေးနှစ်ကောင်က နောက်ဆုံးတော့ တိုက်ခိုက်တာ ရပ်သွားတာကြောင့် ရွှီဇီယန်လည်း သက်ပြင်းရှည်ချနိုင်တော့သည်။ ကံကောင်းစွာ သူတို့တွေက မကောင်းဆိုးဝါးလို့ အတောမသတ်နိုင်တဲ့သူတွေတော့မဟုတ်ကြပေ။
အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခွင့် အခွင့်အရေးရတာကိုကပင် အလွန်ကိုအဖိုးတန်လှပေသည်။ သူ၏ဆရာသခင်ဆီကနေ သူသင်ကြားခဲ့ရခြင်းဖြစ်သည်။ အကယ်၍ သူတို့တွေ၏ဒေါသကြောင့်နဲ့ သူတို့တွေလွဲချော်သွားပါက အလွန်ကိုရှက်စရာကောင်းပေလိမ့်မည်။
ကံကောင်းစွာ ဆရာသခင်ဦးလေးမလာခင် သူတို့ကိုယ်သူတို့ ပြင်ဆင်လို့ပြီးသွားတော့သည်။ ဝေ့ချင်က သူ့မျက်လုံးကို လိမ်းဆေးတစ်မျိုးနဲ့လိမ်းလိုက်တာကြောင့် ရောင်ကိုင်းနေသည့်အရောင်က လျင်မြန်စွာပျောက်သွားတော့သည်။ လဲ့ဟူက သူ၏မီးလောင်ထားသည့်ဆံပင်ကို ဖြတ်လိုက်တာကြောင့် တိုတိုလေးသာကျန်တော့သည်။