Chapter 66
Chapter 66
ဒီ၇ရက်အတွင်း ဂိုဏ်းအများစုကလည်း အချင်းချင်းမိတ်ဆက်ကြရင်း ရင်းနှီးလာကြသည်။ အခြားသောဂိုဏ်းတွေကတော့ ခပ်တန်းတန်းသာနေကြသည်။ ထိုဂိုဏ်းတွေထဲက အချင်းချင်းမတည့်သည့် ရန်သူလိုဂိုဏ်းတွေကလည်း ဒေါသတွေကိုချုပ်တည်းထားကြသည်။
ဒီလိုအချိန်မျိုးမှာ ဘယ်သူမှပြဿနာမဖြစ်ချင်ကြပေ။ ထို့အပြင် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေကလည်း ဟင်းလင်းပြင်၌လွင့်မြောနေသည်။ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်နဲ့မှ ဝင်ရောက်လို့ရတယ်ဆိုပေမယ့် ရွှမ်းယွိနယ်မြေနဲ့ ထိုဝင်ရောက်ရမည့်ကြားကို ဖြတ်သန်းသွားလာဖို့အတွက် ဖွင့်ရလိမ့်မည်။
အဲ့ဒီဖြတ်သန်းသွားခွင့်အပေါက်က အလွန်ကိုမတည်ငြိမ်ပေ။ သူတို့တွေကတိုက်ခိုက်ရင်းနဲ့ပဲ ထိုဝင်ပေါက်ကိုမဖွင့်လိုက်နိုင်ပါက အားလုံးဟာတစ်ဖက်နဲ့တစ်ဖက် အပြစ်တင်တိုက်ခိုက်ကြလိမ့်မည်။
၇ရက်မြောက်မနက်ခင်း နေလည်းထွက်စပြုလာပြီး ကျွန်းနဲ့သိပ်မဝေးသည့်နေရာကနေ ရေလှိုင်းလုံးတွေက လှုပ်ခတ်လာကြသည်။
ထိုလှိုင်းလုံးတွေက ငြိမ်းချမ်းစွာအိပ်နေတာကို ပျက်စီးသွားစေသည်။ လေထုအလယ်ထိ လှိုင်းလုံးတွေတက်လာပြီးနောက် ပြန်လည်ပျံ့ကျဲသွားသည်။
“သွားကြစို့!” ရှန်းချီရွှမ်က အော်လိုက်သည်။ သူ့ဓားပျံကိုထုတ်ကာ လျှိုကွမ်းဂိုဏ်းကတပည့်တွေအားလုံးက တက်လိုက်ကြပြီး သူ့အနောက်ကနေ လိုက်သွားကြသည်။
“ဒီရှန်းချီရွှမ်က အရမ်းကိုဆန္ဒစောတဲ့လူပဲ” ရှန်းချီကသူမပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်လိုက်ရင်း
“ငါတို့လည်းလိုက်မယ်” ထို့နောက်မှာ သူမကလည်း သူမဓားပျံကိုထုတ်ကာ သူတို့အနောက်သို့ လိုက်သွားသည်။
ရနံ့ကိုးမျိုးအိမ်တော်က တပည့်၆ယောက်ကလည်း သူမအနောက်ကနေ လိုက်လာကြသည်။ ခဏလောက်ပျံသန်းပြီးနောက် သူတို့တည်ရှိသည့်နေရာက လှိုင်းလုံးတွေနဲ့ သိပ်မဝေးတော့ပေ။
အခြားသောဂိုဏ်းတွေကလည်း ဒီနေရာသို့ ပျံသန်းလာကြပြီး ဖြတ်သန်းသွားလာဖို့ ဝင်ပေါက်ကိုဖွင့်ရန် စောင့်နေကြသည်။
ခဏလောက်ကြာတော့ လှိုင်းလုံးဟာ ပိုပိုပြီးပြင်းထန်လာကာ ဝဲဂယှက်လိုပုံစံဖြစ်သွားသည်။
“ဝင်ကြတော့ မင်းတို့တွေမှာ အချိန်တစ်လပဲရတာကို မှတ်ထား တစ်လပြည့်ပြီးတာနဲ့ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေရဲ့ဝင်ပေါက်က ထပ်ပြောင်းသွားလိမ့်မယ် မင်းတွေပြန်ထွက်လာလို့မရရင် မင်းတို့တွေဒုက္ခတွေ့လိမ့်မယ်” ဆရာသခင်ဦးလေးချီရွှမ်က အားလုံးကို ညွှန်းကြားလိုက်သည်။
တပည့်အားလုံးကလည်း ခေါင်းညိတ်လိုက်သည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် သူတို့တွေပြင်ဆင်ထားပြီးပြီ ဖြစ်သည်။ ချီရွှမ်ပြောတာကိုပဲ သူတို့ရဲ့ဆရာသခင်တွေက အကြိမ်များစွာ မှာကြားထားပြီဖြစ်သည်။ သူတို့တွေ၏ဘဝကို သူတို့တွေ ပေါ့ပေါ့တန်တန်မယူဆပေ။
လျှိုကွမ်းဂိုဏ်းကတပည့်တွေ ရေဗွေအရှေ့မှာ ရပ်နေကြတာကို အခြားသောတပည့်တွေကလည်း မကန့်ကွက်ကြပေ။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေရဲ့ဖွင့်မည့်နေရာဟာ အချိန်တိုင်းပြောင်းလဲလေ့ရှိပြီး ထိုအထဲသို့ဝင်သွားပြီးရင်လည်း ဝင်ပေါက်နေရာဟာ ပြန်လည်ပြောင်းလဲပြန်သည်။
ဖြတ်သန်းဝင်ရောက်နိုင်ဖို့ ပုံစံဖော်နိုင်၊မဖော်နိုင်ဆိုတာ ဘယ်သူမှသေချာမသိပေ။ အကယ်၍ တစ်ယောက်နဲ့တစ်ယောက်ဟာ စက္ကန့်လောက်သာကြာပြီး ဝင်ရောက်ရင်တောင် တစ်ယောက်နဲ့တစ်ယောက်ရောက်ရှိသွားသည့် နေရာဟာ အလွန်ကိုကွာဝေးဆဲဖြစ်သည်။
အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲ၌ ပါးစပ်ကရွက်ရမည့်မန္တန်တွေကို အသုံးပြုလို့မရပေမယ့် သူတို့တွေ၏သွေး ဒါမှမဟုတ် ဝိညာဉ်ကနေ ထွက်ပေါ်လာသည့် မန္တန်တွေကိုတော့ အသုံးပြုလို့ရသည်။ နယ်မြေထဲကိုဝင်ရောက်ရာတွင် သူတို့တွေဟာ နေရာအတူတူမကျပါက သူတို့တွေနယ်မြေထဲကနေပြန်မထွက်ခင်အထိ တစ်ယောက်နဲ့တစ်ယောက်တွေ့နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
ရွှီဇီရုန်ဟာ ဒီလိုအရာကိုလုံးဝအဖြစ်မခံချင်တာကြောင့် ရွှီဇီယန်၏လက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ဆုပ်ကိုင်ထားသည်။
ကံအားလျော်စွာ သူက၁၁အရွယ်ကလေးပဲ ဖြစ်နေသေးတာကြောင့် ဒီလိုအပြုအမူမျိုးက ကြည့်ရမဆိုးပေ။ မဟုတ်ရင် အခြားသူတွေက သူအပြုအမူနဲ့ပတ်သက်ပြီး အာရုံစိုက်မှာအမှန်ပင်။
“ခဏနေကျရင် ငါ့အနောက်ပဲလိုက်ခဲ့နော် လမ်းမပျောက်စေနဲ့ ကြားလား?” သူ၏ညီငယ်လေးနဲ့ကွဲသွားမည်စိုး၍ ရွှီဇီယန်စိတ်ပူနေသည်။ ထို့အပြင် သူကအခုမှ၁၁အရွယ်ပဲ ရှိသေးသည်။ ဟင်းလင်းပြင်လျှို့ဝှက်နယ်မြေထဲမှာ တစ်ယောက်ထဲ တစ်လလောက်အချိန်ကုန်ဆုံးနေရပါက သူအရမ်းကိုကြောက်ရွံ့နေလိမ့်မည်။
ရွှီဇီရုန်ခေါင်းညိတ်လိုက်ကာ သူ့ကိုကို၏လက်ကို ပိုတင်းကျပ်အောင်ဆုပ်ကိုင်လိုက်သည်။
ရွှီဇီယန်က သူ့လက်ကိုဆုပ်ထားသည့် လက်ကိုပြန်ညစ်လိုက်ကာ သူ၏ညီငယ်လေးကို အားပေးလိုက်သည်။ ရွှီဇီရုန်ကိုအရမ်းထိတ်လန့်သွားအောင် သူမလုပ်ချင်ပေ။
ရွှီဇီယန်မှာကြီးမားသည့်လက်ဖဝါးတွေရှိသည်။ သူကတစ်ချိန်လုံး လေးကိုကိုင်နေရတာကြောင့် သူ့လက်ဖဝါးမှာ အသားမာတွေတက်နေသည်။ သူ၏လက်ဖဝါးနုနုလေးက သူ့ကိုကို၏လက်ဖဝါးကြမ်းရှရှကြောင့် ရွှီဇီရုန်ဟာ သူ့ရင်ထဲ၌ ကြောင်ကလေးကုတ်ခြစ်နေသလို ခံစားနေရသည်။
ရွှီဇီရုန်ထူးခြားသည့်ခံစားချက်မျိုး ရနေစဉ်မှာပင် သူတို့ဝင်ရောက်ရမည့် အလှည့်သို့ရောက်ရှိလာသည်။
ရွှီဇီရုန်ကိုစကားပြောမနေတော့ပဲ ရွှီဇီယန်ဟာ သူ့ကိုချက်ချင်းကိုဆွဲကာ ဝင်ပေါက်ထဲသို့ နှစ်ယောက်လုံး တစ်ချိန်တည်းဝင်ရောက်သွားတော့သည်။
သူဝင်ပေါက်ထဲသို့ ဝင်ရောက်နေသည့်အချိန်တွင် ရွှီဇီယန်ဟာ သူ့နှလုံး တဒုန်းဒုန်းခုန်နေတာကို ခံစားရသည်။ တစုံတရာဟာ သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နေတယ်လို့ ယူဆရပေမယ့် ခန္ဓာကိုယ်အတွင်းထဲကို ကြည့်ပြန်တော့လည်း သူဘာထူးဆန်းတာကိုမှ မတွေ့ရပေ။
ရွှီဇီယန်ဝင်ရောက်ပြီးနောက် ရေဗွေဟာရုတ်တရက် တုန်လှုပ်လာတာကို သူမြင်လိုက်ရသည်။ လှည်နေသည့်အရှိန်ဟာ ပိုမြန်လာပြီးနောက် ပြန်လှည်နှေးကွေးသွားသည်။
“ဘာဖြစ်သွားတာလဲ?” ချီရွှမ်အလွန်အံ့ဩသွားသည်။ လျှိုကွမ်းဂိုဏ်းက လက်ရွေးစင်တပည့်တွေ အားလုံးဟာဝင်ရောက်ပြီးသွားပြီဖြစ်သည်။ ဝင်ပေါက်ကဘာမှမပြောင်းလဲဘူးဆိုရင်တောင် သူ့တပည့်တွေကဘယ်လိုဖြစ်သွားတာလဲ…?
“ကျင့်ကြံသူချီရွှမ် ဘာမှထိတ်လန့်စရာမလိုပါဘူး နေရာပြောင်းလို့ အနည်းငယ် တုန်လှုပ်သွားရုံပါ” ပိန်ပါးပြီးအသက်ကြီးကြီး ယောင်္ကျားတစ်ယောက်က သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ ပြုံးနေသည်။ သူကထျန်းယွီဂိုဏ်း၏အကြီးအကဲဖြစ်ပြီး နေရာပြောင်းမန္တန်တွေနဲ့ပတ်သက်ရင် အလွန်ကျွမ်းကျင်ပေသည်။ ဒါကြောင့် တည်ငြိမ်မှုမရှိသည့် နေရာပြောင်းလဲခြင်းနှင့် ပတ်သက်သည့်အမျိုးအစားတွေအားလုံးကို သူကအလွန်ကိုခံစားသိရှိနိုင်သည်။
“ကျင့်ကြံသူလီ သေချာလို့လား?” ချီရွှမ်က နေရာပြောင်းလဲခြင်းမန္တန်တွေနဲ့ သိပ်အကျွမ်းတဝင်မရှိပေ။ သူကအနည်းငယ်စိတ်ထင့်ကာ မေးလိုက်သည်။
လူအိုကြီးကလည်း ဒေါသမထွက်ပါ။ အခုလေးတင်မှ သူ၏လက်ရွေးစင်တပည့်တွေအားလုံးက ဝင်သွားကြတာဆိုတော့ ထိုမြင်ကွင်းက ချီရွှမ်ကိုအလွန်ထိတ်လန့်သွားစေသည်။
သူကသူ့မျက်လုံးကိုမှိတ်ကာ အာရုံခံစားကြည့်လိုက်ပြီး ခေါင်းညိတ်ကာ
“အဲ့ဒါကသေးငယ်တဲ့ မတော်တဆပါ ဘာပြဿနာမှမရှိပါဘူး!” ထို့နောက်မှာတော့ သူကကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီး ထျန်းယွီဂိုဏ်းက တပည့်တွေကို ဝင်ပေါက်ထဲသို့ဝင်ရန် ပြောကြားလိုက်သည်။
ထိုအရာကိုမြင်ပြီးနောက် ချီရွှမ်စိတ်အေးသွားသည်။ အကယ်၍ ကျင့်ကြံသူလီသာ သူ့ကိုယ်သူမသေချာပါက ထျန်းယွီဂိုဏ်းကတပည့်တွေကို စွန့်စားခိုင်းမှာမဟုတ်ဘူး။
ဒီအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက အတော်လေးဆိုးဝါးသည့်နေရာဖြစ်ပြီး အခြေခံကျင့်ကြံခြင်းအဆင့်သာ လုံခြုံစွာဖြတ်သန်းနိုင်ကြသည်။ အခြေခံကျင့်ကြံခြင်းအဆင့်ထက်မြင့်သည့် ကျင့်ကြံသူတွေဝင်ရောက်ပါက ဖျက်ဆီးခံရလိမ့်မည်။
ဒီသုံးသပ်ချက်ကို ရွှမ်းယွိနယ်မြေက ဂိုဏ်းတော်တော်များများဟာ သိထားကြသည်။ ဒီတပည့်တွေထဲမှာ အမြင့်ဆုံးကျင့်ကြံသူတွေဟာ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့် ရောက်သူတွေသာရှိကြသည်။
တပည့်တွေအားလုံး ဝင်ပေါက်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြီးနောက် အဲ့ဒီဆရာသခင်တွေဟာ အပြန်အလှန်နားလည်မှုဖြင့် ရေဗွေ၏ပတ်ပတ်လည်၌ ကြီးမားသည့်အလင်းတန်းကိုပုံဖော်လိုက်သည်။ မတော်တဆဝင်ပေါက် ပျက်ဆီးသွားမည်စိုး၍ လူအများဟာ ဝင်ပေါက်ကိုစောင့်ကြပ်နိုင်သည့် အတားအဆီးကို ဖန်တီးလိုက်သည်။
ရွှီဇီယန် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သွားစဉ်မှာပင် ထူထပ်နေသည့်တောအုပ်ထဲ၌ ချောမောလှသည့်ယောင်္ကျားလေးတစ်ယောက်ဟာ ခြောက်သွေ့နေသည့်သစ်ပင်အနောက်မှာပုန်းကာ ကျောက်စိမ်းရောင်လိုတောက်ပနေသည့် အနီရောင်အသီးကိုဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးတွေက ပီတိတွေနဲ့ ပြည့်နက်လို့နေသည်။
“အစိမ်းရောင်စိတ်ဝိညာဉ်……” ထိုကောင်လေးဟာ ခပ်တိုးတိုးပြောလိုက်သည်။ သူ့မျက်လုံးတွေလင်းလက်သွားသည်။ အဲ့ဒီအဖိုးကြီးရဲ့ လက်ခုပ်ထဲကရေတော့ သူအဖြစ်မခံနိုင်ဘူး။ သူကငယ်ငယ်ပဲရှိသေးတာ ဘာလို့များ အဲ့ဒီအရူးအဖိုးကြီးညှင်းပန်းတာကို ကျေကျေနပ်နပ်ကြီး ခံရမှာလဲ?
“ငါသေရင်လည်း ဒီအတွက်နဲ့ပဲသေလိုက်မယ်!” ငယ်ရွယ်သည့်ကောင်လေးဟာ အနီရောင်အသီးကို မျိုချလိုက်သည်။
သူပါးစပ်ထဲသို့ရောက်သွားစဉ်မှာပင် ထိုအရာဟာအရည်ပျော်ဝင်သွားသည်။ သူပါးစပ်ထဲမှာ အရသာရှိမှုတွေနဲ့ ပြည့်နက်လာပြီး သူ၏ဟောင်းလောင်းဗိုက်ဟာ ပူနွေးလာတော့သည်။
ထိုဆရာသခင်၏’ကြင်နာတယ်’ဆိုသည့် မျက်နှာဖုံးအစစ်ကို ရှာတွေ့ပြီးနောက် ထိုအဖိုးကြီးက အခြားသောတပည့်အား ညှင်းပန်းနေစဉ် ငယ်ရွယ်သည့်ကောင်လေးက အခွင့်အရေးယူကာ ထိုအဖိုးကြီး၏အဖိုးတန်ရတနာဖြစ်သည့်——အနီရောင်အသီးကို ခိုးယူခဲ့သည်။
ထိုအနီရောင်အသီးဟာ လျှို့ဝှက်နယ်မြေ၏သော့ဖြစ်တယ်လို့သာ သူဝိုးတိုးဝါးတားကြားဖူးပြီး တိကျသည့်အချက်အလက်ကိုတော့ သူ့ကိုမရှင်းပြထားပေ။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေ ထိုအဖိုးကြီးက ဒီအနီရောင်အသီးကို အလွန်ဂရုစိုက်မှန်း သူသေချာပေါက်သိသည်။ အဖိုးကြီးက ထိုအရာကို ကာကွယ်ဖို့ ဘာမှလုပ်မထားဘူးဆိုတာလည်း သူသိသည်။
ထိုအရာကိုစားပြီးနောက် ငယ်ရွယ်သည့်ကောင်လေး၏ခန္ဓာကိုယ်ဟာ ပူနွေးလာတာကို ခံစားလာရသည်။ သူကအခုမှ တတိယချီစွမ်းအင်စုဆောင်းမှုအဆင့်ပဲ ရှိသေးသည်။ သူ၏ကျင့်ကြံခြင်းအဆင့်သာ ဒီလောက်မနိမ့်ကျနေပါက ထိုမိစ္ဆာအဖိုးကြီးကြောင့် သူခြောက်သွေ့သည့်အလောင်းကောင်ဖြစ်သွားလိမ့်မည်။
ထိုကောင်လေးနာမည်က ပိုင်ဟွဖြစ်ပြီး ဆင်းရဲသည့်မိသားစုက ဆင်းသက်လာခြင်းဖြစ်သည်။ နောက်ပိုင်းမှာ သူ့အဖေဖြစ်သူကို သမားတော်အဖြစ် ခေါ်ယူရန်အမိန့်ကျလာတာကြောင့် ငယ်ရွယ်စဉ်မှာပင် သူ့ကိုဆောင်ကြာမြိုင်သို့ ရောင်းစားခဲ့သည်။ သူကဆောင်ကြာမြိုင်မှာ နှစ်အနည်းငယ်လောက်နေခဲ့ရပြီး ဧည့်သည်တွေကို ဘယ်လိုအလုပ်အကျွေးပြုရမယ်ဆိုတာ သူသင်ကြားခဲ့ရသည်။ အစတုန်းကတော့ သူ့ဘဝကိုဒီလိုဖြတ်သန်းတော့မယ်လို့သာ ရည်ရွယ်ထားခဲ့ပေမယ့် သူ့အသက်၁၂နှစ်အရွယ်၌ သူ့ဆီကနေဝယ်နေကြဖောက်သည်ဖြစ်သည့် သူ၏ရှစ်ရှုန်းဖြစ်လာမည့်သူနဲ့ မမျှော်လင့်ပဲတွေ့ဆုံခဲ့ရသည်။
သူနဲ့တွေ့ဆုံပြီးနောက် သူ၏ရှစ်ရှုန်းက သူ့ဆီမှာ စိတ်ဝိညာဉ်သွေးကြောရှိတယ်ဆိုတာကို ပြောပြခဲ့သည်။ သူသာကျင့်ကြံခြင်းကို စကျင့်မယ်ဆိုရင် မသေမျိုးဖြစ်လာလိမ့်မည်။
၁၂နှစ်အရွယ်ကလေးက ဆောင်ကြာမြိုင်မှာ အချိန်ကြာမြင့်စွာနေထိုင်နေရာကနေ သူ၏ရှစ်ရှုန်းက ဒဏ္ဍာရီပုံပြင်လိုမျိုး သူ့ဘဝကိုလျင်မြန်စွာ ပြောင်းလဲပေးခဲ့သည်။ ထိုနေရာကနေထွက်လာပြီး သူ၏ရှုစ်ရှုန်းအနောက်သို့ တွန့်ဆုတ်ခြင်းမရှိဘဲ သူလိုက်လာခဲ့သည်။ ထို့နောက် သူဂိုဏ်းထဲသို့ဝင်ရောက်လာခဲ့သည်။
စစချင်းမှာတော့ ထိုဆရာသခင်ဟာ ဒီတပည့်ကို ဘာမှမထူးခြားသလို မှတ်ယူခဲ့သည်။ သူ၏ရှုစ်ရှုန်းရဲ့စကားတွေဟာ ဆရာသခင်ကိုပြောင်းလဲသွားစေပြီးနောက် ငယ်ရွယ်သည့်ကောင်လေးဟာ သူ့ဆရာသခင်၏မျက်လုံးထဲက လောဘကြီးမှုတွေကို ရှာတွေ့သွားသည်။
သူ့ဆရာသခင်ဖြစ်သူက သူ့အားဒီလိုအကြည့်ဖြင့်ကြည့်တာကို အရမ်းရွံရှာမိသည်။ ဒါပေမယ့် သူ၏ကံကြမ္မာကိုပြောင်းလဲနိုင်ဖို့အတွက် ထိုဆရာသခင်ဘေး၌နေကာ ရွံစရာကောင်းသည့် ခံစားချက်ကို သူသည်းခံနေဖို့သာ တတ်နိုင်သည်။ ကံကောင်းစွာ သူ့ဆရာသခင်က ရွံစရာကောင်းသည့်အကြည့်ဖြင့် ကြည့်တာကလွဲရင် သူ့အပေါ်ဘာမှမလုပ်ပေ။ ထိုအစား သူ၏အခြားသောရှစ်တိဖြစ်သူက သူ့ကိုစိတ်ဝင်စားနေလေသည်။
ရက်အနည်းငယ်လောက်ကြာတော့ သူ၏ရှစ်ရှုန်းက သူ့ကိုလျှို့ဝှက်ခန်းတစ်ခုစီခေါ်သွားကာ သူ့ဆရာသခင်က ရှစ်တိတစ်ယောက်၏အနှစ်သာရတွေကို စုပ်ယူနေပြီး ထိုရှစ်တိဟာ အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အဲ့ဒီရှစ်တိက သာမန်ရုပ်ရည်သာရှိတာကြောင့် သူ့ဆရာသခင်အနောက်သို့လိုက်ပါရန် ကမ်းလှမ်းခြင်းမခံရတာကို သူမှတ်မိသေးသည်။ ဒီလိုနေ့မျိုးမှ ရုတ်တရက် ထိုသူကဘာကြောင့်များ ကမ်းလှမ်းခံရတာလည်းဆိုတာ သူသေချာမသိပေ။
ထိုမြင်ကွင်းကိုမြင်ပြီးနောက် သူကြောက်လန့်စွာ သူ့ပါးစပ်ကိုလက်ဖြင့် အုပ်ထားမိသည်။ ပိုင်ဟွဟာ သူ၏ရှစ်ရှုန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။ ထိုသူကဘေးနားကနေ တိုးတိုးလေးပြောလာ၏။
“ရှစ်တိလေး ‘ဆင့်ခေါ်’ခံရတဲ့ ရှုစ်ရှုန်းနဲ့ရှစ်တိတွေ ဘယ်ရောက်သွားတယ်ဆိုတာ မင်းအခုသိပြီလား”
ပိုင်ဟွကြောက်လန့်စွာခေါင်းညိတ်လိုက်သည်။ လျှို့ဝှက်ခန်းထဲက သူ့ရှစ်တိရဲ့မျက်လုံးတွေဟာ မပိတ်နိုင်တော့တာကို သူရှင်းလင်းစွာမြင်လိုက်ပြီးနောက် ထွက်လာခဲ့တော့သည်။ ရက်အနည်းငယ်ကြာတော့ သူဟာချီစွမ်းအင်စုဆောင်းမှုအဆင့်ကို အောင်မြင်စွာကျင့်ကြံနိုင်လိုက်ပြီး အခြေခံကျင့်ကြံခြင်းအဆင့်သို့ သူကောင်းမွန်စွာ တက်လှမ်းနိုင်တော့မည်။ မမျှော်လင့်ပဲ သူအလောင်းကောင်ဖြစ်ဖို့ အချိန်သို့ရောက်ရှိလာတော့သည်။
သူ၏ရှစ်ရှုန်းက သူ၏လက်ကိုပွတ်တီးပွတ်သပ်လုပ်ကာ
“ရှစ်တိလေး မင်းမှာအရမ်းကောင်းတဲ့ရုပ်ရည်ရှိတယ်ဆိုတာ မင်းသိရဲ့လား မင်းကိုသူ့အနောက်မလိုက်ခိုင်းသေးတာက မင်းကိုအားဖြစ်အောင် အရင်ကျွေးမွေးပြုစုထားတာ အဲ့ဒါကမင်းကိုသူသနားလို့မဟုတ်နော် မင်းရဲ့ယန်ဓာတ်တွေက အရွယ်ရောက်ရင့်ကျက်လာတာကို သူစောင့်နေတာ အခုဆိုရင်မင်းအသက်က၁၆နှစ်တောင်ရှိလာပြီး ဘာကိုပြောချင်မှန်းမင်းနားလည်ရဲ့လား?”
ပိုင်ဟွဟာမျက်နှာသေဖြင့် ခေါင်းညိတ်လိုက်ကာ အရင်တုန်းကတော့ သူဘာမှနားမလည်သေးခဲ့ပေမယ့် အခုချိန်မှာတော့ သူဟာအကုန်လုံးကိုရှင်းလင်းစွာ သိသွားပြီးဖြစ်သည်။ သူ့ဆရာသခင်က တမင်သက်သက် သူ့ကိုဝဖြိုးအောင်ကျွေးမွေးထားပြီး စားသုံးရန်မွေးမြူထားသည့် ကြက်ငှက်သာသာဖြစ်သည်။
သူ့ရှစ်ရှုန်းက သူ၏နားရွက်ဖျားကိုနမ်းကာ နူးညံ့စွာတိုးတိုးလေးပြောလေသည်။
“ရှစ်တိလေး ငါမင်းကိုဒီလိုမြင်ကွင်းမျိုးနဲ့ ဘာလို့တွေ့ချင်လည်းဆိုတာ မင်းသိရဲ့လား? ဘာလို့လဲဆိုတော့ မင်းလူသေအလောင်းပြောင်းသွားမှာကို ငါမလိုချင်လို့ပဲ ရှစ်တိလေး ငါမင်းကိုသဘောကျတယ်”
ပိုင်ဟွဟာ ရှစ်ရှုန်းဖြစ်သူအား စိတ်ရှုပ်မှုတွေရော စိတ်ဝင်စားမှုတွေနဲ့ပါ ကြည့်လိုက်သည်။ ထိုအချိန်မှာ သူ၏အကြောက်တရားကြောင့် ဘာမှတွေးတောလို့မရတော့ဘူး။ သူ၏ရှစ်ရှုန်းက ဘာကိုပြောချင်နေမှန်း သူလုံးဝနားမလည်ဘူး။
“ရှစ်တိလေး ငါမင်းကိုသေချာပေါက် ကယ်မှာပါ”
နောက်ထပ်ပြုလုပ်သည့်အရာကတော့ သူ၏ရှစ်ရှုန်းဖြစ်သူက သူ့ကိုအလွန်ပျော်ရွှင်စရာ ခံစားချက်မျိုးရအောင် လုပ်ဆောင်ပေးသည်။ ဒီခန္ဓာကိုယ်က သူ့ခန္ဓာကိုယ်ရောဟုတ်ရဲ့လားဆိုတာ သူသေချာမသိတော့ပေမယ့် သူဟာဘာနာကျင်မှုကိုမှ မခံစားရပဲ သာယာမှုကိုသာခံစားရသည်။
နောက်ပိုင်းမှာတော့ သဘာဝကျကျသာ ဆက်ဖြစ်သွားသည်။ သူ၏ရှစ်ရှုန်းက သူ့ကိုမလိမ်ခဲ့ဘူး။ သူကအခြားသောရှစ်တိတစ်ယောက်ကို သူ့ဆရာသခင်အား အကြံပေးလိုက်ပြီး သူ့ဆရာသခင် အခြားသောရှစ်တိဖြင့် ပျော်ရွှင်နေချိန်၌ ပိုင်ဟွခိုးယူခဲ့ခြင်းသည်။
ပိုင်ဟွဒီလောက်ထိ သတ္တိရှိလိမ့်မယ်လို့ သူ့ရှစ်ရှုန်းက မထင်ထားခဲ့ဘူး။ သူဟာသူ၏ဆရာသခင်ရဲ့အဖိုးတန်ရတနာကို ခိုးသွားပြီး အဝေးသို့ထွက်ပြေးသွားသည်။ ဆရာသခင်က ဒီအနီရောင်အသီးကို သူ၏အချစ်ဆုံးတပည့်အတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။ ထိုတပည့်ဖြစ်သူကတော့ သူ၏ရှစ်ရှုန်းသာဖြစ်သည်။
『TK: ကဲ အဓိကဇာတ်လိုက်ကြီးပါလာပြီ၊ အရှေ့ပိုင်းမှာပြောခဲ့တဲ့ မိစ္ဆာမရော၊ ဒီဆရာသခင်ရော အလောင်းကောင်ဖြစ်အောင် အနှစ်သာရစုပ်ယူတဲ့နည်းက papapaပြီးလုပ်တာပါနော်၊ ပိုင်ဟွရဲ့ဂိုဏ်းတူအကိုက လူတွေရှာပြီး ဆရာသခင်ဆီပို့ရတာပါ၊ သူ့ကပိုင်ဟွကို သဘောကျလို့ ဆရာသခင်ဆီမပို့ပဲ သူစားလိုက်တာပါ』