Chapter 67
Chapter 67
ပိုင်ဟွဟာ သူ၏ယန်ဓာတ်တွေကို ဆုံးရှုံးသွားပေမယ့် သူအသိတရားတော့ရှိနေသေးသည်။ သူ၏ရှစ်ရှုန်းနဲ့ ဒီလိုအရာမျိုးတွေပြုလုပ်တာက လဲလှယ်မှုတစ်ခုဖြစ်လိမ့်မည်။ သူ၏ယန်ဓာတ်ဟာ သူ၏ဆရာသခင်အပေါ်မှာ အသုံးဝင်မည်ဆိုရင် သူ၏ရှစ်ရှုန်းကလည်း တူညီသည့်အကျိုးသက်ရောက်မှုကို ရရှိလိမ့်မယ်ဆိုတာ သူသေချာပေါက်သိသည်။ သူဟာအနီရောင်အသီးကို ခိုးယူခဲ့တာက သူ၏ရှစ်ရှုန်းအပေါ်က တူညီသည့်အလဲအလှယ်ကို ပြန်ယူလိုက်ခြင်းဖြစ်သည်။
ပိုင်ဟွထိုအနီရောင်အသီးကို စားလိုက်ပြီးနောက် သူ၏တစ်ကိုယ်လုံးပူနွေးလာတော့သည်။ ရက်အနည်းငယ်လောက်ကြာပြီးနောက် လုံခြုံသည့်နေရာတစ်ခုမှာ သူနေလိုက်သည်။
ထိုအနီရောင်အသီးကို စားပြီးနောက် ဘာဆက်ဖြစ်မလဲဆိုတာ သူမသိတာကြောင့် လုံခြုံသည့်နေရာတစ်ခုကိုသာ သူရှာထားလိုက်တော့သည်။
မကြာခင်မှာပင် သူ၏ခန္ဓာကိုယ်ဟာ မီးကင်သလို ပူလာလေတော့သည်။ အနီရောင်အသီးထဲမှာပါဝင်သည့် အလွန်ကြီးမားသောစွမ်းအင်ဟာ သူ့ခန္ဓာကိုယ်ထဲမှာ ပြေးလွှားနေသည်။
ထိုစွမ်းအင်ဟာ အဝေးကိုထွက်သွားချင်သည့်ပုံစံဖြင့် သူ၏သနားစဖွယ် သေးငယ်ကာကျဉ်းမြောင်းလှသည့် အသက်သွေးကြောကို ချဲ့ထွင်နေတော့သည်။
“ဟင်း…” ပိုင်ဟွဟာနာကျင်မှုကို မခံနိုင်ပဲညည်းတွားလိုက်သည်။
ထိုအနီရောင်အသီးဟာ ဒီလောက်စွမ်းအားကြီးမှန်း သူမတွေးခဲ့မိပေ။
ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို တတိယအဆင့်အထိသာကျင့်ကြံပြီးသည့်နောက် ဒီအနီရောင်အသီးကိုစားတာက သေလမ်းကိုရှာတာနဲ့အတူတူပင်ဖြစ်သည်။ အရာအားလုံးဟာမျှော်လင့်ထားသလိုပဲဆိုရင် အနီရောင်အသီး၏စွမ်းအင်တွေဟာ သူ၏ချီပင်လယ်ထဲကို ဖောက်ဝင်ကာ သူ့ကိုပေါက်ကွဲသွားအောင် လုပ်လိမ့်မည်။
ပိုင်ဟွ၏မျက်နှာအမူအရာက အလွန်ကိုရှုံ့မဲ့နေပြီး သူ၏နဖူးကနေ အပြာရောင်အကြောမျှင်တွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာပြီး သူ၏အသားအရေကလည်း နီရဲပြီးပူလာကာ သူ့အသားအရေအောက်က သွေးကြောတွေကလည်း မြွေသေးသေးလေးက ရေထဲမှာရေကူးနေသလို လှုပ်ရှားလာသည်။
“ငါ…သေရတော့မှာလား?” ပိုင်ဟွနဖူး၌ ချွေးတွေဆို့လာသည်။ သူ၏မျက်လုံးတွေက တစ်ဝက်သာပွင့်နေပြီး သစ်ပင်အောက်ကနေ ကောင်းကင်ပေါ်သို့ ကြည့်နေသည်။
ဒါကလုံးဝမတရားဘူး! သူ့မှာစိတ်ဝိညာဉ်သွေးကြောရှိခဲ့တယ် မဟုတ်ဘူးလား? သူကမသေမျိုးဖြစ်လာရမှာလေ မဟုတ်ဘူးလား? သူဘယ်လိုလို့များ ဒီနေရာမှာ သေဖို့ဖြစ်လာတာလဲ?
မိုးနတ်မင်းကြီးက သူ့အပေါ်မတရားဘူး!
သူလုံးဝကိုမသေချင်သေးဘူး!!
အသက်သာဆက်ရှင်ရမည်ဆိုရင် သူအရာအားလုံးကို လိုလိုလားလားပေးရဲတယ်! သူကောင်းမွန်စွာအသက်ရှင်ပြီးတော့ အရာအားလုံးထက် သာလွန်တဲ့သူမျိုး သူဖြစ်ချင်တယ်။ ဒီဆွေးမြေ့နေတဲ့ သစ်ပင်အောက်မှာ သူဘယ်တော့မှမသေချင်ဘူး! သူ၏လူသေခန္ဓာကိုယ်ကို တောကောင်တွေစားသွားလိမ့်မယ်!
ပိုင်ဟွဟာအရူးလိုမျိုး အသက်ရှင်ဖို့လမ်းကို ရှာဖွေနေရင်း ရုတ်တရက် သူ့လည်ပင်း၌ဆွဲထားသည့် နဂါးပုံသဏ္ဍာန်ကျောက်စိမ်းပြားဟာ အလင်းရောင်ပေါ်ထွက်လာသည်။
ထိုအလင်းရောင်ဟာ ချက်ချင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အချိန်တိုတိုအတွင်းမှာ သူ၏ခန္ဓာကိုယ်က ပေါက်ကွဲတော့မည့်ခံစားချက်ကို ဖိနှိပ်လိုက်သည်။
ကျောက်စိမ်းပြား၏အလင်းရောင် အောက်မှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက စိတ်ဝိညာဉ်စွမ်းအင်တွေဟာ သူ၏ချီပင်လယ်ကို ပြန်ချုံ့ပေးလိုက်ကာ ကြီးမားလှသည့် ရွှေရောင်မြူခိုးတွေအဖြစ် ပုံစံပေါ်လာသည်။ ကျောက်စိမ်းပြား၏အလင်းရောက်ဟာ မြူခိုးအရှိန်အဝါတွေကို ပိတ်လှောင်ခြင်းမရှိပေမယ့် ထိုအရာက သေးငယ်သည့်ထွက်ပေါက်ကို ပြုလုပ်ပေးကာ ထိုအရှိန်အဝါတွေကို ဖြည်းဖြည်းချင်း ဝင်ရောက်ခိုင်းလိုက်သည်။
ထိုများပြားလှသည့် အရှိန်အဝါတွေမရှိတော့တာကြောင့် ပိုင်ဟွ၏ချီပင်လယ်ဟာ အနည်းငယ် သက်သာရာရသွားသည်။ ခဏနေကဖြစ်စဉ်ကြောင့် သူ၏ချီပင်လယ်ဟာ အနည်းငယ်ပြီးကြီးသွားသည်။ အရှိန်အဝါတွေနဲ့ ထပ်မံအားဖြည့်ပြီးနောက် စတုတ္ထချီစွမ်းအင်စုဆောင်မှုအဆင့်ကို ချောမွေ့စွာ သူတက်ရောက်သွားတော့သည်။
ကျောက်စိမ်းပြား၏အလင်းရောင် ကာကွယ်ခြင်းအောက်၌ ရွှေရောင်မြူခိုးတွေကို ဖြည်းဖြည်းထုတ်လွှတ်ကာ ပိုင်ဟွ၏ချီပင်လယ်က စုပ်ယူလေသည်။ ထိုအရာတွေက အလွန်ကိုသန့်စင်သည့် စိတ်ဝိညာဉ်စွမ်းအင်တွေသာဖြစ်သည်။ သူ၏ချီပင်လယ်ကို အားဖြစ်စေရုံတင်မကဘူး။ သူ၏ကျင့်ကြံခြင်းအဆင့်ကိုလည်း အောင်မြင်စွာ ကျော်ဖြတ်စေနိုင်သည်။
ပဉ္စမနဲ့ဆဋ္ဌမ ချီစွမ်းအင်စုဆောင်းမှုအဆင့်…
ပိုင်ဟွကခဏလောက်မေ့မြောနေပေမယ့် အနီရောင်အသီး၏အရှိန်အဝါတွေအောက်မှာ သူ၏ကျင့်ကြံခြင်းဟာ အလုပ်လုပ်နေဆဲဖြစ်တာကြောင့် သူဟာချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ပြီးစီးအောင်မြင်သွားတော့သည်။
ထိုအချိန်မှာ ကျောက်စိမ်းပြားဟာ ဘာအကျိုးသက်ရောက်မှုမှမပြတော့တာကြောင့် ကျန်ရှိနေသည့် မြူခိုးတစ်ဝက်ဟာလည်း ပျောက်ကွယ်သွားပြီး ပိုင်ဟွကလည်းမနာကျင်တော့ပေ။ ဒါပေမယ့် သူကလည်းအရှိန်အဝါမြူခိုးကို မစုပ်ယူနိုင်ပါက သူ့ခန္ဓာကိုယ်ကနေ ထိုအရာတွေဟာ ဖြည်းဖြည်းချင်းထွက်သွားစေကာ ဖြုန်းတီရုံသာတတ်နိုင်လိမ့်မည်။
ထိုခဏ၌ ပိုင်ဟွဟာ စက္ကန့်အနည်းငယ်လောက် ညည်းတွားလိုက်ရင်း မေ့မြောနေရာကနေ နိုးလာတော့သည်။
နိုးလာပြီးနောက် သူ၏ချီပင်လယ်ကို ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။ သူသေချာပေါက်သေပြီလို့ တွေးခဲ့ပေမယ့် ထိုကျောက်စိမ်းပြားက ဒီလောက်အံ့ဩစရာကောင်းသည့် အကျိုးသက်ရောက်မှုမျိုး ရှိလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။
ကျောက်စိမ်း၏အလင်းရောင်ကြောင့် သတိပြုမိပြီး အရှိန်အဝါဟာတစ်ဝက်လောက် ကျန်ရှိနေသေးမှန်း သူသိလိုက်သည်။ ပိုင်ဟွဟာ သူလုပ်ခဲ့သည့်အရာကို ဆုံးခန်းတိုင်အောင် လုပ်ဆောင်ချင်သည်။ သူကအခြေခံကျင့်ကြံခြင်းတည်ဆောက်မှုကို စတင်ကျင့်ကြံလေသည်။ အရှိန်အဝါတွေကို ဖြုန်းတီးပစ်မည့်အစား သူဆုံးခန်းတိုင်အောင် တိုက်ခိုက်ချင်ပေသည်။
သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့်ပဲလား ဒါမှမဟုတ် တချို့သောအကျိုးသက်ရောက်မှုတွေကြောင့်ပဲလား။ ပိုင်ဟွ၏အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုဟာ အလွန်ကိုချော့မွတ်လှသည်။
ဖောက်ထွင်းမြင်လောက်သည်အထိ ဖြူရော်နေသည့်သူ၏လက်ကိုကြည့်ကာ သူဘယ်လောက်တောင် ပျော်မြူးနေလဲဆိုတာ ဘယ်လိုမှဖော်ပြလို့မရပေ။
သူမှန်ထုတ်ကာကြည့်လိုက်တော့ မယုံနိုင်စရာကောင်းလှသည့် ချောမောလှသည့်မျက်နှာ ပေါ်လာသည်။
အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုပြီးနောက် ထိုအကျိုးသက်ရောက်မှုတွေဟာ အနီရောင်အသီးကြောင့်လား၊ နဂါးပုံသဏ္ဍာန်ကျောက်စိမ်းပြားကြောင့်လား ဆိုတာကတော့ သူသေချာမသိပေမယ့် သူ၏ရုပ်ရည်ဟာ ရုတ်တရက် ကြီးမားစွာပြောင်းလဲသွားသည်။
သူ့မှာအပြစ်မဲ့သည့်ပုံစံမျိုး မရှိတော့ပေ။ ပထမဆုံးအကြည့်မှာတင် သူကရည်မွန်ပြီး တည်ငြိမ်သည့် လူငယ်တစ်ယောက်ပုံစံဖြစ်နေသည်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိမှာ သူ့မျက်လုံးတွေက ထူးခြားလှသည့်ဆွဲဆောင်မှုမျိုးရှိသည်။ အခုချိန်မှာ သူဟာတစုံတယောက်နဲ့သာ အကြည့်ချင်းသာစုံလိုက်ပါက ထိုလူပုဂ္ဂိုလ်ဟာ စိတ်လှည့်စားခံလိုက်ရမည်ဖြစ်ပြီး သူ့ကိုအရူးအမူးစွဲလမ်းသွားလိမ့်မည်။
ပိုင်ဟွဟာအလွန်ကို ပျော်မြူးနေတော့သည်။ သူဟာသူ့ကိုယ်သူ မှန်ထဲ၌ အချိန်အကြာကြီးကြည့်နေတော့သည်။ သူ၏ရုပ်ရည်ပြောင်းလဲသွားတာထက် အကြီးမားဆုံးအံ့ဩစရာကတော့ သူအလွန်စိတ်လှုပ်ရှားနေတာက အခြေခံကျင့်ကြံခြင်းတည်ဆောက်မှုအဆင့်ကို သူပြီးဆုံးသွားလို့ပဲဖြစ်သည်။
ထိုမိစ္ဆာအဖိုးကြီးက သူ၏ရှစ်တိဖြစ်သူရဲ့ဝိညာဉ်အား စုပ်ယူတာကို မျက်မြင်တွေ့လိုက်တည်းက သူအလွန်ကိုချောက်ချားသွားခဲ့ရသည်။ သူ့အရှေ့ကကြီးမားလှသည့်စွမ်းအားကြောင့် အကူအညီမဲ့စွာ နောက်ပြန်ဆုတ်လိုက်ရသည်။ သူ၏ရှစ်ရှုန်းက သူ့အားကယ်တင်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် အကယ်၍ ရှစ်ရှုန်းသာ ဆရာသခင်ကို သွားတိုက်ခိုက်ပါက သူ့သေလမ်းသူရှာတာဖြစ်သွားလိမ့်မည်။
ထိုခဏမှာ သူကသန်မာလူမဟုတ်တော့ဘူးဆိုတာကို သဘောပေါက်သွားသည်။ ဒီလိုဆွဲဆောင်မှုရှိသည့်မျက်နှာမျိုးနဲ့သာဆိုရင် သာမန်လောကကြီးမှာ သူနေရင်တောင် သူ့ဆီမှာကောင်းမွန်နေ့ရက်တွေ ရှိလာနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူကကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်ပေမယ့် သူ့ခန္ဓာကိုယ်ကို အခြားတစ်ယောက်အတွက် အသုံးချခံဖြစ်နေသေးပါက သူ၏ရွံရှာစရာကံကြမ္မာကနေ လုံးဝလွတ်မြောက်မည်မဟုတ်ပေ။
သူ့ကိုကာကွယ်ဖို့ ကြီးမားသည့်ဘာစွမ်းအင်မှသာမရှိရင် ထိုမိစ္ဆာအဖိုးကြီးဆီကနေ သူလွတ်ခဲ့ပေမယ့် အခြားလူတွေ၏လက်ထဲကနေ လွတ်မြောက်မည်မဟုတ်ပေ။
“ငါမသေချင်ဘူး ငါစွမ်းအားအကြီးဆုံးသူဖြစ်ရမယ်!” ပိုင်ဟွဟာသူ့မျက်နှာကို ထိလိုက်ကာ ထိတ်လန့်ဖွယ်အပြုံးမျိုး ပြုံးလိုက်သည်။
ထိုခဏ၌ သူ့ခန္ဓာကိုယ်ဟာ တစ်နေရာရာသို့ ဆွဲခံနေရသလို ခံစားလိုက်ရသည်။ ရုတ်တရက် သူ့အနောက်၌ ကြည်လင်သည့်ရေဗွေပေါ်လာသည်။ ထိုရေဗွေ၏အရောင်၊ပုံစံတွေဟာ ရွှီဇီယန်ဝင်ရောက်သွားသည့်တစ်ခုနဲ့ တစ်ပုံစံတည်းဖြစ်သည်။ မတူညီတာဆိုလို့ ဒီတစ်ခုကပို၍သေးသည်။
ထိုရေဗွေဟာ ရုတ်တရက်ပေါ်လာတာကြောင့် ပိုင်ဟွထိတ်လန့်သွားသည်။ သူဘာမှမလုပ်ရသေးခင်မှာပင် ချက်ချင်းစုပ်ယူခံလိုက်ရတော့သည်။
အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်နဲ့ အစိမ်းရောင်စိတ်ဝိညာဉ်စွမ်းအင်…ထိုအရာတွေဟာ စကားလုံးတစ်လုံးသာ မတူညီပေမယ့် သူတို့နှစ်ခုဟာ အလွန်ကိုကွဲပြားခြားနားလှသည်။ ပိုင်ဟွရရှိခဲ့သည့် အစိမ်းရောင်စိတ်ဝိညာဉ်စွမ်းအင်ဟာ အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်တံဆိပ်ထက် ပိုအဆင့်မြင့်သည်။ ထိုအရာဟာ ဘာဝင်ပေါက်ကိုမှ ရှာစရာမလိုပဲ သူ့ကိုအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်းသို့ တိုက်ရိုက်ခေါ်ဆောင်သွားနိုင်သည်။
ထျန်းယွီဂိုဏ်းက အသက်ကြီးကြီးဆရာသခင်ဟာ ချီရွှမ်ကို စိတ်အေးအောင်အားပေးကာ သူ၏တပည့်တွေကို ဝင်ပေါက်ထဲသို့ဝင်ရောက်ခိုင်းလိုက်ပေမယ့် ရွှီဇီယန်နဲ့ရွှီဇီရုန်ကတော့ အမဲရောင်ဂူထဲ၌ ပိတ်မိနေကြသည်။
သူတို့တွေ ကံကောင်းတာလား ကံဆိုးတာလားဆိုတာကတော့ သေချာမသိပါ။ တုန်လှုပ်သွားသည့် ဝင်ပေါက်ဟာ သူတို့နှစ်ယောက်၏နေရာကို ပြောင်းလဲသွားစေပြီး သူတို့နှစ်ယောက်ဟာ သူတို့တွေ၏ရှစ်ရှုန်း၊ရှစ်ကျဲတွေကို ထပ်မတွေ့ရတော့ပေ။
သူတို့တွေက လျှိုကွမ်းဂိုဏ်း၏နောက်ဆုံးဝင်ရောက်သည့် တပည့်တွေဖြစ်သည်။ ဝင်ပေါက်တုန်လှုပ်ပြီး ချီရွှမ်ခဏလောက်စဥ်းစားနေပြီးနောက် ထျန်းယွီဂိုဏ်းက တပည့်တွေဟာ အခြားသောနေရာသို့ရောက်သွားသည်။ ပြောရရင် ထိုအမဲရောင်ဂူထဲမှာ ရွှီဇီယန်နဲ့ရွှီဇီရုန်နှစ်ယောက်တည်းသာ ကျန်နေသည်။
“ကိုကို??” ရွှီဇီရုန် သူ့ကိုကိုကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ သူကတစ်ချိန်လုံး ရွှီဇီယန်ကိုပဲ အာရုံစိုက်နေတာကြောင့် ဝင်ပေါက်ထဲဝင်ရောက်ပြီးနောက် ရွှီဇီယန်၏မျက်နှာ အမူအရာပြောင်းလဲနေတာကို သူသတိထားမိလိုက်ခြင်းဖြစ်သည်။
“အခုအဆင်ပြေသွားပါပြီ” ရွှီဇီယန်ခေါင်းခါလိုက်ပြီး သူ့ချန်ခွင်အိတ်ထဲက အလင်းရောင်ကျောက်တုံးလေးကို ထုတ်လိုက်သည်။
အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက အမျိုးမျိုးသော မြေပြင်အနေအထားတွေရှိကြပြီး မြေအောက်လိုဏ်ဂူထဲသို့ဝင်ဖို့ သူ၏မျှော်လင့်ချက် အနည်းငယ်လွဲသွားပေမယ့် သူမထိတ်လန့်ချင်တာကြောင့် လိုအပ်သည့်အရာအားလုံးကို သူယူဆောင်လာခဲ့သည်။
အလင်းရောင်ကျောက်တုံးက လက်သီးလောက်သာရှိပေမယ့် အလင်းရောင်ကအလွန်အားကောင်းတာကြောင့် ဘေးပတ်ဝန်းကျင်တွေကို အလင်းရောင်ပေးသည်။
ဂူထဲမှာအလွန်မှောင်နေတာကြောင့် အလင်းရောင်ကျောက်တုံးမှရသည့် အလင်းရောင်လေးသာ ထွက်ပေါ်နေသည်။ လက်ရှိမှာ သူတို့တွေက ဝင်ပေါက်ကနေဝင်ရောက်လာပြီး သူတို့အရှေ့ဖက်က အရာအားလုံးဟာလည်း မဲမှောင်လို့နေသည်။ ဒီအခြေအနေ၏လေထုက အလွန်ကိုမသက်မသာဖြစ်စေသည်။ ဒီနေရာမှာ ဘာအနံ့ဆိုးမှမရတာပဲ ကံကောင်းလှသည်။ အကယ်၍ တစုံတယောက်သာ ရှိထားပါက လေထဲကနေတောင် သူသတိထားမိလိမ့်မည်။
“ဒီကနေသွားကြစို့” ရွေးချယ်စရာကတော့ ရှေ့သွားမလား၊နောက်ဆုတ်မလား နှစ်မျိုးပဲရှိတာကြောင့် ရွှီဇီယန်ကလည်း လေတိုက်ရာအရပ်ဘက်သို့ လျှောက်သွားလိုက်သည်။
ရွှီဇီရုန်ကလည်း သူ့အနောက်ကနေ နီးကပ်စွာလိုက်ပါလာသည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ပြီးနောက် မလွယ်ကူလောက်ဘူးလို့ သူဘာလို့ခံစားနေရမှန်း သူမသိပေမယ့် ဒီအထဲကိုဝင်ရောက်ပြီးနောက် သူစိတ်မသက်မသာဖြစ်သလိုခံစားနေရသည်။ ဒီလိုထူးဆန်းသည့်ခံစားချက်က ဘယ်ကနေလာနေလဲဆိုတာ သူသေချာမသိပေ။
နှစ်ယောက်သား လမ်းလျှောက်တာ အချိန်တော်တော်လေး ကုန်လွန်သွားသည်။ ဒီအတွင်းထဲမှာ အတော်လေးခြောက်သွေ့နေပြီး တခါတရံ သူတို့တွေဟာ နူးညံ့သည့်ရေညှိတွေကို နင်းမိကြသည်။
ရွှီဇီယန်အရှေ့သို့ လျှောက်နေစဉ်မှာပင် သူ၏ခန္ဓာကိုယ်ကိုလည်း စစ်ဆေးကြည့်သေးသည်။ ထိုထူးဆန်းသည့်ခံစားချက်က သူထင်ယောင်ထင်မှားဖြစ်နေတာ မဟုတ်လို့တော့ သူ့ကိုယ်သူယုံကြည်မှုရှိသည်။ တစုံတရာဟာ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်သွားတာသေချာသည်။
သူ၏ကျင်းလော့နဲ့ သူ၏ချီပင်လယ်ကို သူထပ်ကာထပ်ကာ စစ်ဆေးကြည့်လိုက်သည်။ ဒါပေမယ့် ထူးဆန်းတာဘာတစ်ခုမှ ရှာမတွေ့ပေ။
သူ၏ချီပင်လယ်ထဲက အလင်းတန်းဟာလည်း ငါးတစ်ကောင်လို ချောမွေ့စွာ လည်ပတ်နေသည်။ သူအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လာပြီးနောက် တစုံတခုသာ သူ၏ချီပင်လယ်ထဲကို ဝင်ရောက်ပါက ဘာလက္ခဏာမှမပြတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
သူ၏ချီပင်လယ်ကလည်း အဆင်ပြေတယ် သူ၏ကျင်းလော့ကလည်း အဆင်ပြေတယ် အရာအားလုံးအဆင်ပြေတယ်။ ဒါဆိုဘာကပြဿနာဖြစ်နေတာလဲ?
ရွှီဇီယန်ဂရုတစိုက်ပြန်တွေးလိုက်ပြီး သူ၏မသိစိတ်က နှေးကွေးသွားသည်။
“ကိုကိုတကယ်ပဲ ဘာဖြစ်နေတာလဲ?” ရွှီဇီရုန်မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ဒီလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်ပြီးနောက် ရွှီဇီယန်နဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာ သူခံစားမိနေသည်။ ဒါပေမယ့် သူဖက်ကလည်းဘာမှမပြောလာတာကြောင့် ရွှီဇီရုန်ကလည်း ဘာမှရှာမတွေ့ပေ။ အခြားအချိန်တွေမှာဆိုရင် ရွှီဇီယန်ကပြောဖို့ငြင်းဆန်နေရင် သူပြန်လည်မေးခွန်းထုတ်လို့ရသည်။ ခြုံကြည့်ရရင် သူကဒီ’ချစ်စရာကောင်းသည့်ညီငယ်လေး’ပုံရိပ်ရှိထားတာကြောင့် တိုက်ရိုက်ကြီး မေးခွန်းမေးလိုက်တာ သူ၏ပုံရိပ်ကိုထိခိုက်သွားစေသည်။
ဒါပေမယ့် သူအလွန်စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားလာရပြီး စိတ်မရှည်ဖြစ်လာတာကြောင့် သူ၏လေသံကိုမြင့်လိုက်မိသည်။
ရွှီဇီရုန်ထိုစကားကိုမေးပြီးနောက် သူပြန်ထိတ်လန့်သွားသည်။ မမျှော်လင့်ပဲ သူစိတ်စောနေတာကို ဖော်ထုတ်လိုက်မိသည်။ သူချက်ချင်းပါးစပ်ပိတ်လိုက်ကာ ဘာမှထပ်မပြောတော့ပေ။
ကံကောင်းစွာ ရွှီဇီယန်ကလည်း သူ့ခန္ဓာကိုယ်ကို အာရုံစိုက်နေတာကြောင့် ရွှီဇီရုန်ပြောတာ သိပ်မကြားလိုက်ပေ။
“မင်းဘာပြောလိုက်တာလဲ?”
ရွှီဇီရုန်အနည်းငယ်စိတ်အေးသွားပြီး သူ့ကိုကို,ကို ချက်ချင်း နှစ်သိမ့်ပေးသည်။
“ကိုကို ကျွန်တော်တို့ဝင်ပေါက်ကိုဖြတ်ပြီးကတည်းက ကိုကိုက ထူးဆန်းသည့်ပုံစံကြီးပဲလုပ်နေတာ တစ်ခုခုများဖြစ်နေလို့လား?”
ရွှီဇီယန်ထိုအရာကို ခဏလောက်တွေးလိုက်ပြီး ရွှီဇီရုန်ကိုပြောပြလိုက်လို့လည်း ဘာမှမဖြစ်ဘူးလို့ဆုံးဖြတ်လိုက်ပြီး သူကအခုဆိုအသက်၁၁နှစ် ခဏလေး သူကအခုဆိုအသက်၁၂နှစ်အရွယ်သာ ရှိနေသေးပေမယ့် သူကအတော်လေးရင့်ကျက်နေပါပြီ။ သူ့အရပ်၊သူ၏ချစ်စရာကောင်းသည့်မျက်နှာကြောင့်သာ မဟုတ်ရင် သူ၏စကားပြောပုံတွေက ရင့်ကျက်သည့်လူတစ်ယောက်လိုပဲလို့ ရွှီဇီယန်တွေးထင်မိလိမ့်မည်။
သူ၏ထူးဆန်းသည့်ခံစားချက်ကို သူ၏ညီငယ်လေးကို ပြောပြီးနောက် ရွှီဇီရုန် နက်ရှိုင်းစွာ တွေးတောလိုက်သည်။
ရွှီဇီယန်ခံစားနေရတာက ကျိုးကြောင်းဆီလျော်တယ်ဆိုတာ ရွှီဇီရုန်ယုံကြည်သည်။ ကျင့်ကြံသူတစ်ယောက်၏အာရုံခံစားမှုဟာ တချို့သောမှော်ဆန်သည့် အခင်းအကျင်းကြောင့်သာ မရူးသွားရင် သူတို့တွေ၏ထင်မြင်ချက်တွေ မှားယွင်းတယ်ဆိုတာ ရှားပါးလှသည်။