Chapter 69
Chapter 69
“ဟုတ်ကဲ့ပါ” ရွှီဇီရုန်နာခံလိုက်ကာ သူ့လက်ထဲကရေညှိကို လွှင့်ပစ်လိုက်သည်။ ထို့နောက် လက်ကိုင်ပါဝါဖြင့် သူ၏လက်ကိုသုတ်လိုက်သည်။ ဒီလိုကျယ်ပြန့်လှသည့် ဘယ်နေရာမှာမဆို နူးညံ့တဲ့ရေညှိတွေဟာ ကြီးထွားနေပြီး သုဿန်နဲ့တောင်တူသည်။ ဒါပေမယ့် သူအရင်ဘဝတုန်းက မြင်ခဲ့သည့် ရေညှိနဲ့ အခုမြင်လိုက်သည့်အရာနဲ့က အနည်းငယ်ကွဲပြားမှုရှိသည်။ ဒီရေညှိတွေက ပိုနူးညံ့နေတယ်လို့ ယူဆမိသည်။
“ပြန်သွားကြရအောင်” ရွှီဇီယန်အနည်းငယ် တွန့်ဆုတ်နေပြီးနောက် ပြန်လှည့်ရန်ဆုံးဖြတ်လိုက်တော့သည်။ အကယ်၍ ထိုအရာက ပုံမှန်ရတနာအခန်းသာဆိုရင် သူရှာဖွေဖို့ လက်လျော့မှာမဟုတ်ပေမယ့် အဲ့ဒါကသုဿန်လို့သူသိလိုက်ပြီးနောက် သူအတော်လေးစိတ်မသက်မသာဖြစ်လာကာ သူလက်လျော့ဖို့ဆုံးဖြတ်လိုက်သည်။
ရွှီဇီရုန်အနည်းငယ်မှင်တက်နေသည်။ သူပြန်လှည့်လာကာ ရွှီဇီယန်ဘယ်လောက်တောင် ထိတ်လန့်နေလဲဆိုတာ သူမြင်လိုက်ပြီးနောက် ရယ်လိုက်မိသည်။
“ကိုကို စိတ်မပူပါနဲ့ အကယ်၍ ဒီနေရာကသုဿန်ဖြစ်နေရင်တောင် မြေမြှုပ်ထားတဲ့အရာတွေက ကျင့်ကြံသူတွေမဟုတ်ပါဘူး”
“သူတို့တွေက ကျင့်ကြံသူတွေမဟုတ်ဘူးပေါ့?” ရွှီဇီယန်အံ့ဩစွာမေးလိုက်သည်။
“ဟုတ်တယ် ကျင့်ကြံသူတွေမဟုတ်ဘူး သူတို့ခန္ဓာကိုယ်တွေနဲ့ ကြီးထွားတဲ့ရေညှိတွေက ဒီလောက်မနူးညံ့ဘူး ကျွန်တော်ခန့်မှန်းတာ မမှားဘူးဆိုရင် ဒီအောက်မှာမြှုပ်ထားတဲ့အရာတွေက တောကောင်တွေဖြစ်လိမ့်မယ် တောကောင်တွေအများကြီး”
ရွှီဇီယန်နားမလည်နိုင်အောင် ဖြစ်နေသည့်ပုံစံကို ကြည့်လိုက်ရင်း သူအမှတ်မထင်ဖတ်မိထားသည့် စာအုပ်ထဲကအကြောင်းကို သူပြောပြလိုက်သည် ပြီးတော့ ထိုစာအုပ်ထဲမှာဖော်ပြထားတာက နူးညံ့တဲ့ရေညှိတွေဟာ အလောင်းတွေ၏အာဟာရဓာတ်ကို စုပ်ယူကာအဆင့်ဆင့်ပြောင်းလဲနိုင်သည်။ လူသားကျင့်ကြံသူတွေ၏အလောင်းဟာ အားနည်းတာကြောင့် ဒီလိုနူးညံ့တဲ့ရေညှိဖြစ်လာဖို့ မဖြစ်နိုင်ပေ။ တောကောင်တွေမှာသာ သာမန်သည့်ခန္ဓာကိုယ်တွေရှိကြသည်။ ဒီရေညှိတွေ၏အောက်ဖက်မှာ မြှုပ်ထားသည့်အရာတွေကတော့ များပြားလှသည့်တောကောင်တွေလို့ ဆိုလိုခြင်းဖြစ်သည်။
အတွေ့အကြုံနုသေးသည့် ရွှီဇီယန်နဲ့ယှဉ်လျှင် ရွှီဇီရုန်က ဒီကျင့်ကြံခြင်းလောကအကြောင်းကို ပိုပြီးနှံ့နှံ့စပ်စပ်သိပေသည်။
အကယ်၍ ဒီနေရာကသာ တစုံတယောက်၏သုဿန်ဖြစ်နေပါက သူတို့တွေက အောက်ဖက်ကို ငြိမ်းချမ်းစွာဆင်းမှာတောင်မဟုတ်ပေ။ သူတို့တွေ၏ကျင့်ကြံခြင်းအဆင့်တွေပေါ်မူတည်နေပြီး သူတို့တွေဟာ ဒီအောက်အနက်ထိမရောက်ခင်မှာပင် လမ်းတစ်ဝက်မှာသေသွားကြခြင်းဖြစ်လိမ့်မည်။
“အိုး ငါသိပြီ” ရွှီဇီယန်ခေါင်းကိုအလွယ်တကူ ညိတ်လိုက်သည်။ ညီတစ်ယောက်ရှိတာက စာအုပ်တစ်အုပ်လိုပဲ အသုံးဝင်တယ်ဆိုတာ သူသိရှိလိုက်သည်။ သူဘယ်နေရာကိုသွားသွား စွယ်စုံကျမ်းလေးရှိနေသလို ဖြစ်နေသည်။ သူကစာအုပ်မှာပါရှိသည့် အကြောင်းအရာတွေကို လွယ်ကူစွာမှတ်မိနိုင်တယ်ဆိုပေမယ့် ရွှီဇီရုန်ကသူဖတ်ရှုခဲ့တာတွေကို ဘယ်လိုအသုံးပြုရမယ်ဆိုတာ သူ့ထက်ပိုတော်သည်။
အမလေး ငါအကိုဖြစ်ရတာကို နောက်ထပ်တစ်ကြိမ် ဂုဏ်ယူမိသွားပြန်ပြီ…
“ကိုကို ပြန်ကြစို့လေ” ရွှီဇီရုန် ရွှီဇီယန်အား လှည့်ကြည့်ကာ အကြံပေးလိုက်သည်။
“ပြန်ကြမယ်?” ရွှီဇီယန်မှင်တက်သွားသည်။ သူကရတနာတွေအများကြီးတူးဖော်ချင်တာကို ဇီရုန်ကဘာလို့များ ပြန်ချင်သွားရတာလဲ?
“ငါတို့ကဘာလို့ပြန်သွားရမှာလဲ? အောက်ဖက်မှာ တောကောင်တွေအများကြီးရှိတာကို သူတို့တွေရဲ့သွေးသားတွေကိုတော့ နူးညံ့တဲ့ရေညှိတွေက စုပ်ယူပြီးပြီဆိုတာ ငါသိပေမယ့် သူတို့တွေရဲ့အရိုးတွေကို စုပ်ယူလို့ရမယ်လို့ ငါမထင်ဘူးလေ ဟုတ်တယ်မလား? ဒီနေရာမှာ များပြားတဲ့အလောင်းတွေရှိမှတော့ ငါတို့တွေသာ ဒီအရိုးတွေကိုရောင်းလိုက်ရင် ငွေအများကြီးရလိမ့်မယ်လို့ ငါထင်တယ် ကဲပါ မင်းကမိသားစုကို ဘယ်တော့မှ ထောက်ပံ့ဖူးတာမဟုတ်တော့ မင်းမှာဘာအတွေးမှမရှိတာ ပုံမှန်ပါပဲလေ” ရွှီဇီယန်က ရွှီဇီရုန်သတိပေးလိုက်သည်။ ဒီကလေးက အရာအားလုံးပြည့်စုံနေတာဆိုတော့ သူပိုက်ဆံကိုဘယ်လိုရှာမလဲဆိုတဲ့အတွေးကို မေ့နေတာဖြစ်လိမ့်မည်။ သူကအမြဲတမ်း အရင်းအမြစ်တွေကို မသိပဲဖြုန်းပစ်နေသည်။ အဲ့ဒါကကောင်းမွန်သည့် အလေ့အကျင့်တော့မဟုတ်ပေ။ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတွေဆိုရင်တောင် ပစ္စည်းကောင်းပဲဖြစ်ကြသည်!
ရွှီဇီရုန်ဟာနာကျင်မှုတွေဖြင့် ရွှီဇီယန်ကို မျက်ရည်တွေဖြင့် ကြည့်လာသည်။ ထိုအငိုမျက်လုံးတွေကို မြင်လိုက်ပြီးနောက် ရွှီဇီယန်အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူဟာအကူအညီမဲ့သလို ခံစားလိုက်ရပြီး ချက်ချင်းရွှီဇီရုန်ဖက်လိုက်ကာ နှစ်သိမ့်ပေးလေသည်။
ဘုရားရေ ဇီရုန်ကို သူနည်းနည်းပဲ ဆူလိုက်မိတာပါ! နောက်တော့ သူကဒီလိုပုံစံမျိုးဖြစ်သွားတယ်!
သိပ်မကြာခင် ရွှီဇီရုန် ရွှီဇီယန်၏လက်မောင်းတွေကို တွန်းထုတ်ပြီးနောက် သူ့မျက်ရည်တွေလည်း ပျောက်သွားတော့သည်။ သူ၏မျက်ရည်တွေက ရွှီဇီယန်အပေါ်အကြီးမားဆုံး အကျိုးသက်ရောက်မှုဆိုတာ သိလိုက်ပြီးနောက် ဒီငိုချသည့်အရည်အချင်းကို လွန်ခဲ့တဲ့နှစ်တွေကတည်းက သူအသက်သွင်းခဲ့ခြင်းဖြစ်သည်။
ယောင်္ကျားတစ်ယောက်က ငိုတယ်ဆိုတာ ရှက်စရာကောင်းသည်ဟု သူမှတ်ယူထားခဲ့ပေမယ့် လက်ရှိမှာတော့ သူ၏ပန်းတိုင်ကိုသာရောက်ချင်ရင် ကျယ်လောင်စွာ ငိုချဖို့လိုတယ်ဆိုတာ သူသေချာသိသွားပြီဖြစ်သည်!
သူ၏ပန်းတိုင်ကိုရောက်နိုင်ဖို့ ဘာအကျိုးသက်ရောက်မှုမှမရှိသည့်အဓိပ္ပါယ်ဟာလည်း ကောင်းမွန်သည့်အဓိပ္ပါယ်ဖြစ်သွားနိုင်သည်! ဒီအရာကအလွန်အရေးကြီးဆုံးအရာဆိုတာကို အရင်ဘဝတုန်းကနေ သင်ယူခဲ့ရခြင်းဖြစ်သည်။
ညီအကိုနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ခဏလောက်ဖက်နေကြသည်။ ထို့နောက် ရွှီဇီယန်ဟာ သူ၏ချန်ခွင်အိတ်ထဲကနေ ဂေါ်ပြားအသေးလေးကိုထုတ်ကာ သူစတင်ပြီးတူးလေတော့သည်။
ရွှီဇီရုန်ကလည်းအရမ်းကိုအကူအညီပေးသည်။ သူပထမဆုံးသစ်သားမန္တန်ကိုအသုံးပြုကာ နူးညံ့တဲ့ရေညှိတွေကိုဖယ်လိုက်ပြီးနောက် ကမ္ဘာမြေကြီးမန္တန်ကိုအသုံးပြုကာ မြေဆီလွှာကိုပိုပျော့သွားအောင်လုပ်လိုက်သည်။
သူကအလင်းရောင်ကျောက်တုံးကို ခပ်မြင့်မြင့်ပေါ်၌တင်ထားသည်။ ထိုအလင်းရောင်နဲ့အတူ ရွှီဇီယန်စတင်တူးတော့သည်။ ဝိညာဉ်ကူးပြောင်းလာပြီးနောက် သူပထမဆုံးအနေနဲ့ ရတနာကိုတူးဖော်ရခြင်းဖြစ်သည်။ အရင်တုန်းကတော့ ဇာတ်ကောင်တွေဟာ မထင်မှတ်ထားတဲ့ အခွင့်အရေးတွေရကာ ရတနာတွေကိုတူးဖော်သွားနိုင်တယ်လို့ သူဖတ်ဖူးခဲ့ရပေမယ့် လက်ရှိမှာတော့ သူ့ကိုယ်တိုင်တူးဖော်နေသည့်အတွက် အလွန်ကိုပျော်ရွှင်လှသည်။
“ငါတူးဖော်ချင်တယ်! ငါတူးဖော်ချင်တယ် ငါတူးဖော်ချင်တယ် တူးဖော်မယ် တူးဖော်မယ်!” ရွှီဇီယန်ဟာ ထူးဆန်းသည့်သံစဉ်ကိုညည်းဆိုနေရင်း ပျော်ရွှင်စွာ မြေကြီးကိုတူးနေတော့သည်။ ထိုမြေကြီးဟာအလွန်ပျော့တာကြောင့် သူတူးဖော်ရတာ အလွန်လွယ်ကူလှသည်။
ဒါပေမယ့် တစ်နာရီလောက်ကြာတာတောင် သူဘာအရိုးမှရှာမတွေ့တာကြောင့် သူ့မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတော့သည်။ ဒီအရာတွေကနူးညံ့တဲ့ရေညှိတွေဖြစ်တာကြောင့် ဒီအောက်ထဲမှာ များပြားလှသည့်အရိုးတွေရှိတယ်ဆိုတာ သေချာပေသည်။
သူ၏တူးဖော်ခြင်းကိုလုပ်ဆောင်နေရင်း ရွှီဇီရုန်ကလည်းပိုပိုပြီးရွှင်ပျလာတာကြောင့် ကူညီပေးဖို့ ရွှီဇီရုန်ကိုသူမမေးလိုက်တော့ဘူး။ ထိုအစား နူးညံ့တဲ့ရေညှိတွေက ဘယ်ကနေရွေ့ပြီးရောက်လာတာလဲဆိုသည့် ဦးတည်ချက်ကိုသူဂရုတစိုက် စူးစမ်းလေ့လာလိုက်သည်။
“အမလေး ငါအရမ်းကိုပင်ပန်းနေပြီ ဒီနေရာမှာ ဘာလို့များဘာမှမရှိရတာလဲ?” ရွှီဇီယန်မြေပြင်ပေါ်၌ထိုင်လိုက်ကာ သူနဖူးပေါ်ကချွေးတွေကိုသုတ်လိုက်သည်။
သူကိုင်းညွတ်ပြီးတူးဖော်နေတာ တစ်နာရီတောင်ကျော်နေပြီဖြစ်တာကြောင့် သူအလွန်ကိုပင်ပန်းလာသည်။ ထပ်ပေါင်းပြောရရင် ဒီနေရာမှာ မြေကြီးတွေအများကြီးရှိသည်။ ရွှီဇီယန်အနည်းငယ် ညည်းညူလိုက်ပြီးနောက် စိတ်အနှောင့်အယှက်ဖြစ်မှုကို သူမခံစားရတော့ပေ။ သို့ပေမယ့် ဝတ္ထုတွေထဲမှာဆိုရင် ဇာတ်လိုက်တွေက သူတို့လိုချင်တာမှန်သမျှကိုရရှိနိုင်ဖို့ အခက်အခဲတွေအများကြီးကို ကျော်ဖြတ်ကြရသည်။ နာကျင်ခံစားမှုမရှိပဲ ရတနာတွေရှာဖွေဖို့ဆိုတာ သူ့အတွက်ဘယ်လိုမှမဖြစ်နိုင်ဘူး။
ထိုအရိုးတွေက သာမန်တောကောင်အရိုးတွေသာဖြစ်ပြီး တန်ဖိုးဖြတ်လို့မရသည့် ရတနာတွေနဲ့နှိုင်းယှဉ်လို့မရပေမယ့် ထိုအရိုးတွေကလည်း ဈေးကြီးသည့်အရာတွေဖြစ်တာကြောင့် အားမစိုက်ထုတ်ပဲ သူ့ဆီကိုရောက်လာမှာမဟုတ်ဘူး
ထိုအကြောင်းအရာကြောင့် ရွှီဇီယန်ညည်းညူနေတော့သည်။ သူလှည့်ကြည့်လိုက်သည့်အချိန်မှာတော့ ရွှီဇီရုန်မရှိတော့တာကို သူမြင်လိုက်ရသည်။
“ဇီရုန်!” ရွှီဇီယန်ချက်ချင်းထိတ်လန့်သွားသည်။ သူဘယ်အချိန်ကပျောက်သွားတာလဲ? ဇီရုန်ဘယ်လိုလုပ်ပျောက်သွားတာလဲ? ဇီရုန်၏စွမ်းအင်ကိုပေးလိုက်ရရင်တောင် သူကဒီလိုမျိုး အသံတိတ်နဲ့ထွက်သွားမှာမဟုတ်ပေ! ကျင့်ကြံသူက ရွှေအမြုတေအဆင့်ဖြစ်နေလို့များလား?
“ကျွန်တော်ဒီမှာပါ ကိုကို!” ကံကောင်းစွာ ရွှီဇီရုန်၏အသံဟာ အမှောင်ထဲကနေထွက်လာတာကြောင့် ရွှီဇီယန်စိတ်ပေါ့သွားသည်။
“မင်းဘာလုပ်နေတာလဲ?” ရွှီဇီယန်ချက်ချင်းခုန်တက်ကာ အသံလာရာအရပ်သို့ ပြေးသွားသည်။ အနည်းငယ်ဝေးနေစဉ် အမဲရောင်အရိပ်ဟာ ကျောက်နံရံဘေးမှာရပ်နေပြီး တစုံတရာအားကြည့်နေတာကို သူမြင်လိုက်ရသည်။
“ဇီရုန်?” နောက်ဆုံးတစ်ခေါက်က သူတိုက်ခိုက်ခံလိုက်ရသည့် ရေသူမကြောင့် ရွှီဇီယန်ပိုပြီးသတိရှိနေသည်။ ဒီလောကကြီးဟာ သူအရင်ကနေထိုင်ခဲ့သည့် ကမ္ဘာလိုမျိုး နွေးထွေးသက်တောင့်သက်သာဖြစ်တွေ့မရှိပေ။ သူဘယ်လိုထူးဆန်းသည့် အရာမျိုးကိုပဲတွေ့တွေ့ သူအလွန်ကိုသတိထားလျက်ရှိသည်။ ဒီနေရာမျိုးမှာ သာမန်ထက်ပိုသတ်ဖြတ်နိုင်သည့်အရာတွေရှိပေသည်။
သူမြင်လိုက်သည့်အရာက လူမဟုတ်သည့်သတ္တဝါမျိုးဖြစ်မည်စိုး၍ သူအလွန်ကိုဂရုစိုက်နေသည်။ လူသားစားသည့် ဘယ်လိုသတ္တဝါမျိုးမဆို လူသားနဲ့အလွန်တူလှပေသည်။ ထိုအရာတွေ ၁၀၀%လောက်တော့မတူပေမယ့် အနည်းဆုံး ၉၀%လောက်တော့ ဖြစ်နိုင်ချေရှိကြသည်။
သူ့အရှေ့ကအရိပ်ဟာ ခွဲခြားရန်မှုန်ဝါးလှသည်။ ပုံစံကတော့ရွှီဇီရုန်နဲ့အလွန်ဆင်လှပေမယ့် ရွှီဇီယန်ချက်ချင်း မပြေးသွားရဲပေ။ ထိုအစား သူ၏အလင်းရောင်ကျောက်တုံးဖြင့် ဂရုတစိုက်အနားသို့ချဉ်းကပ်သွားသည်။
သူအရမ်းကိုအတွေးလွန်တာပဲလို့ဖြစ်မိသွားသည်…ထိုနေရာမှာရပ်နေတာတကယ့်ကို ရွှီဇီရုန်ပဲဖြစ်သည်။ အနည်းငယ်ထပ်တိုးလိုက်ပြီးနောက် ရွှီဇီရုန်၏ရုပ်ကို သူမြင်လိုက်ရသည်။
“မင်းဘာရှာနေတာလဲ?” ရွှီဇီရုန်တစ်ခုခုကိုရှာနေမှန်း သူသေချာပေါက်သိသည်။
“အင်း ဒီကနူးညံ့တဲ့ရေညှိတွေက တစ်ခုခုမှားနေလို့” ရွှီဇီရုန်ကပေါ့ပါးစွာဖြေလိုက်သည်။
ရွှီဇီယန်ဘာရတနာကိုမှ ရှာမတွေ့သေးပေမယ့် သူတို့တွေရှာဖွေနေတာ အစပိုင်းဖြစ်နေသေးလို့သာဆိုပြီး ရွှီဇီရုန်တွေးခဲ့မိသည်။ ထိုရေညှိတွေကအလွန်နူးညံ့နေတာကြောင့် ထိုအရာတွေကို ကြီးထွားအောင်အထောက်ပံ့ပေးသည့် တစုံတခုရှိနိုင်ပြီး ထိုအောက်ဖက်၌ ကြီးမားသည့်စွမ်းအားတစ်ခုခု ရှိနေလိမ့်မည်။
အကယ်၍ ရွှီဇီယန်သာ သက်သာစွာဖြင့် တောကောင်အလောင်းတွေကို တူးဖော်နိုင်ပါက ရွှီဇီရုန်စိတ်လှုပ်ရှားလာမှာမဟုတ်ပေ။ ထိုအချက်တွေကြောင့် ဒီနေရာမှာဘာမှမရှိနေတာက အခြားသောတောရိုင်းကောင်ကြောင့်ဆိုတာကို ရွှီဇီရုန်ခန့်မှန်းမိလိုက်သည်။
“ဒီနေရာမှာဘာဖြစ်လို့လဲ?” ရွှီဇီယန်ကအပင်အကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတကအကန့်အသတ်ပဲရှိသည်။ ပြီးတော့ သူကအပင်တွေနဲ့ရင်းနှီးသည့် ရွှီဇီရုန်နဲ့ရှိနေတာကြောင့် ထိုအကြောင်းတွေကို ကြိုးကြိုးစားစား သူလေ့လာစရာမလိုပေ။
သူ့ကိုကိုကဒီလိုအမူအရာပြလာသောကြောင့် ရွှီဇီရုန်ကလည်းဘာမှပြန်မပြောတော့ပေ။ သူကခပ်ရေးရေးပြုံးကာ
“ကိုကို နူးညံ့တဲ့ရေညှိတွေက အလောင်းတွေနဲ့ပဲကြီးထွားကြတာလေ ဒီလောက်ဧရိယာကြီး နူးညံ့တဲ့ရေညှိတွေ ကျွန်တော်တို့တွေ့နေကြတာဆိုတော့ ဒီအလောင်းကောင်တွေရဲ့အောက်မှာ ကြီးမားတဲ့စွမ်းအားတစ်ခုခုရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ် အကယ်၍ သူတို့တွေသာ သာမန်တောကောင်တွေသာဆိုရင် အကောင်ရေသန်းပေါင်း ဆယ်ဂဏန်းလောက်ရှိလိမ့်မယ် ဒါပေမယ့် ဒီလောက်စွမ်းအားကြီးတဲ့အရာတွေရှိနေပေမယ့် ဘာအလောင်းကောင်အရိပ်အယောင်မှမတွေ့ရဘူးဆိုတော့ အကိုတော်ရော ဘယ်လိုတွေးမိလဲ?”
ရွှီဇီယန်မျက်လုံးလင်းလက်သွားကာ
“ဒါဆိုဒီအောက်ဖက်မှာ အဆင့်မြင့်တောကောင်တွေရှိမှာပေါ့ ငါတို့တွေလုပ်ဖို့က အရည်အသွေးပိုကောင်းတာကိုယူဖို့ပဲ!”
“ဟုတ်တယ်!” ရွှီဇီရုန်ပြုံးလိုက်သည်။ သူကသာမန်တောကောင်တွေကိုတော့ ဂရုမစိုက်ပေမယ့် အဆင့်မြင့်တောကောင်တွေကတော့ ကွဲပြားနိုင်သည်။ ကျင့်ကြံသူတွေအတွက် အဆင့်မြင့်တောကောင်တွေက ရတနာတစ်ပါးပင်ဖြစ်သည်။ သူတို့တွေရဲ့အမြုတေကိုဘေးဖယ်ထားရင်တောင် သူတို့တွေ၏အလောင်းတွေနဲ့ ကျင့်ကြံခြင်းအတွက် ကောင်းမွန်သည့်ပစ္စည်းတွေပြုလုပ်လို့ရသည်။
ကျင့်ကြံသူတွေအချင်းချင်းတိုက်ခိုက်ရာတွင် ကျင့်ကြံခြင်းအဆင့်က အလွန်အရေးကြီးတယ်ဆိုပေမယ့် သူတို့လက်ထဲမှာ ဘယ်လိုသော့ချက်မျိုးကိုင်ထားတယ်ဆိုတာလည်း အရေးပါလှသည်။ လိုအပ်ချက်နဲ့အံဝင်ခွင်ကျစီမံထားသည့် လက်နက်ဟာ အလိုက်ဖက်ဆုံးဖြစ်သည်။ ရွှီဇီရုန်ဟာ အရင်ဘဝတုန်းကအတွေ့အကြုံရှိဖူးထားတာကြောင့် သူဘယ်လိုလက်နက်မျိုးလိုအပ်တယ်ဆိုတာ သူသေချာသိတာကြောင့် အခုချိန်က မှန်ကန်သည့်ပစ္စည်းတွေကို ယူရမည့် အကောင်းဆုံးအချိန်ပင်ဖြစ်သည်။
တောကောင်တွေ၏အလောင်းတွေကို ရယူရန်ညွှန်ကြားပြီးနောက် ညီအကိုနှစ်ယောက်ဟာ ဆက်လက်ပြီးတူးဖော်ကြသည်။ ထိုနူးညံ့တဲ့ရေညှိတွေကြီးထွားနေသည့် အခြေအနေအရ အလောင်းတွေကို ဘယ်နေရာ၌မြှုပ်ထားလည်းဆိုတာ ရွှီဇီရုန်စိစစ်လိုက်သည်။ တစ်နာရီလောက်တူးဖော်ပြီးနောက် သူတို့တွေ သွားဖြူဖြူတစ်ချောင်းကို တွေ့လိုက်ရသည်။
ထိုသွားဟာတစ်မီတာလောက်ရှိပြီး သူ့အရပ်ထပ်တောင်မြင့်နေတာကို ကြည့်လိုက်ရင်း ရွှီဇီယန် သူ၏အံ့ဩမှုကို ဘယ်လိုဖော်ပြရမလဲမသိတော့ပေ။
ဒီအဆင့်မြင့်တောကောင်က အရွယ်အစားအလွန်ကြီးမားတယ်ဆိုတာ ပြောစရာတောင်မလိုဘူး!
“ရွှေရောင်တောကောင်…” ထိုသွားကိုကြည့်လိုက်ရင်း ရွှီဇီရုန်ရေရွတ်မိလိုက်သည်။ “အဲ့ဒါကဒဏ္ဍာရီထဲမှာပဲရှိတာလို့ ကျွန်တော်တွေးခဲ့မိတာ”
“ရွှေရောင်တောကောင်?” ရွှီဇီယန် သူရေရွတ်လိုက်တာကို ကြားလိုက်ပြီးနောက် သူ့မှတ်ဉာဏ်ထဲက ရွှေရောင်တောကောင်နဲ့ပတ်သက်သည့်အကြောင်းကို သူချက်ချင်းရှာတွေ့သွားသည်။
ထိုရွှေရောင်တောကောင်က အနောက်ဘက်လူရိုင်းမျိုးနွယ်စုတွေရဲ့ လေးစားရဆုံးအရာဖြစ်သည်။ ထိုတောကောင်ဟာ အလွန်ကြီးမားပြီးရက်စက်ကြမ်းကြုတ်သည်။ဒါပေမယ့် သူတို့တွေဟာ ဒဏ္ဍာရီထဲမှာသာ တည်ရှိကြပြီး ဘယ်သူမှမမြင်ဖူးကြပေ။
ဒီလိုသတ္တဝါကြီးဟာ လက်တွေ့မှာတကယ်တည်ရှိနေမယ်လို့ သူတို့တွေလုံးဝမမျှော်လင့်ထားခဲ့ပေ။
“တူးကြရအောင်” ရွှီဇီယန်ဆုံးဖြတ်ချကာ ပြောလိုက်သည်။