Chapter 7
Chapter 7
“ယို့….ဘာတွေဖုံးနေတာလဲ? မင်းရဲ့သေးသေးလေးကို ကိုကိုမြင်မှာကြောက်နေတာလား?” ရွှီဇီယန်သည်ရယ်မောရင်း ရွှီဇီရုန်၏အသေးလေးကို အသာအယာပုတ်ကာ စနောက်လိုက်၏။
ရွှီဇီရုန်၏ခန္ဓာကိုယ် တောင့်သွားပြီး သူခေါင်းထဲမှာ အနှီစကားလုံးတွေသာ ပဲ့တင်ထပ်နေလေ၏။
‘သေးသေးလေးကို……သေးသေးလေးကို……’
သာမန်ရင့်ကျက်ပြီးသားလူတစ်ယောက်က အခြားလူတစ်ယောက်ကို ထိုအပြုအမူမျိုးဝေဖန်မှာမဟုတ်ပေမယ့် အခုသူကအမှန်တကယ်ကို သေးသေးလေးဖြစ်နေသည်။
ပြီးနောက် ပိုဆိုးတဲ့အပြုအမူတစ်ခုထပ်ဖြစ်သွားသေးသည်။ သွေးမိစ္ဆာသခင်၏ အလေးထားရသည့် ဇီရုန်အသေးလေးက သူများပုတ်တာခံလိုက်ရသည်။ သူများ! ပုတ်တာ! သူတကယ်ပဲ! ခံလိုက်ရတယ်!
မိစ္ဆာကျင့်ကြံသူတွေအားလုံးထဲမှာမှ ခန့်ညားကြီးကျယ်တဲ့ သွေးမိစ္ဆာသခင်ကြီးကွ!!!
သူက—————ကိုယ်ထိလက်ရောက် စော်ကားခံလိုက်ရတာပဲ!!!
“အမ်….ဒါကတော်တော်ကြီးလွန်းတယ်…ဒါကရုပ်ဆိုးလွန်းတယ်….အာ….ဒါလေးတော့မဆိုးဘူး” ရွှီဇီယန် ခနကပြုလုပ်ခဲ့သည့် အပြုအမူကြောင့် သွေးမိစ္ဆာသခင်ကြီးက အရမ်းဒေါသထွက်နေပေမယ့် ရွှီဇီယန်ကတော့ ရွှီဇီရုန်ရေချိုးပြီးလျှင် ဝတ်ဖို့အဝတ်တွေရှာနေလေရဲ့။
ရွှီဇီရုန်သည် ရွှီဇီယန်အား စိန်းစိန်းဝါးဝါးကြည့်လိုက်ရင်း သူ့ရင်ထဲက ကလဲ့စားချေချင်စိတ်တွေကို တွန်းလှန်နေမိသည်။ လုပ်လို့မဖြစ်သေးဘူး! အနည်းဆုံးတော့ အခုချိန်လုပ်လို့မရသေးဘူး! အကယ်၍သူ ရွှီဇီယန်ကိုကလဲ့စားချေချင်ပါက သူ့မှာစွမ်းအားအလုံအလောက်ရှိနေမှဖြစ်မည်။ အခုလက်ရှိသူ့စွမ်းအားလေးနဲ့ ရွှီဇီယန်ကိုရန်သွားစပါက သူ့ပေါင်သူလှန်ထောင်းသလိုဖြစ်နေလိမ့်မည်။ သည်းခံရမယ်! သူသည်းခံမှရမယ်!
ရွှီဇီယန်သူ့ကို အရှက်ကွဲအောင်လုပ်ခဲ့သည့် အရာအားလုံးကို သူမှတ်ထားသည်။ တစ်နေ့သူစွမ်းအားရှိလာသည့်အခါကျလျှင် ရွှီဇီယန်သူ့ကိုအရာအားလုံး ပြန်ပေးဆပ်စေရမည်!
“ဒီတစ်စုံဝတ်ရအောင်လေ…အာ…” ရွှီဇီယန်သည် သူကလေးဘဝကဝတ်ခဲ့သည့် ဝတ်စုံလေးကို အောက်ဆုံးသေတ္တာမှာရှာတွေ့လိုက်၏။ ရွှီဇီရုန်ရဲ့ကိုယ်နဲ့ တိုင်းကြည့်မယ်ဆိုရင်…အင်း…အတော်လောက်ပဲ ဖြစ်မှာပါ။
ဒီအပြာရောင်ချန်ပေါင်အထည်က သိပ်တော့ဈေးမကြီးပေမယ့် ဝတ်ရတာသက်သောင့်သက်သာရှိပေသည်။ ရွှီဇီယန်သည် သူတစ်ခါမျှမဝတ်ဖူးသည့် အသားကပ်အတွင်းဝတ်ကိုရှာတွေ့သွားပြီး ကိုင်ကြည့်လိုက်ကာ ကြမ်းနေသောကြောင့် မဝတ်ဖို့ဆုံးဖြတ်လိုက်တော့သည်။
အဲ့လိုဟာတွေက ကွက်တိကျမှ မဟုတ်လျှင် ဝတ်ရတာသက်သောင့်သက်သာမရှိဘူး။ သူအခုဝတ်ထားသည့်အတွင်းဝတ်က အရင်ကဝတ်ဖူးသည့်ဟာတွေနဲ့ မတူပဲ ကွက်တိဖြစ်ပေသည်။
အပြင်က အခြွေအရံတွေကို ရွှီဇီရုန်၏အတွင်းဝတ်တွေ ယူလာဖို့ အော်ပြောလိုက်ရင်း ရွှီဇီယန်သည် တစ်ဖက်သို့လှည့်သွား၏။ ရွှီဇီယန်သည် ရွှီဇီရုန်ကို ပွေ့ကာ ရေထဲသို့ ပစ်ချလိုက်လေတော့သည်။
ရုတ်တရက်အပြုအမူကြောင့် ရွှီဇီရုန်ဘာမှမတုံ့ပြန်နိုင်လိုက်ပဲ ရေစည်းပိုင်းထဲသို့ ပြုတ်ကျသွားလေတော့သည်။ တားဆီးဖို့နောက်ကျသွားပြီး သူ့ပါးစပ်ထဲကို အသက်မရှုနိုင်အောင် ရေများဝင်လာသည်။
ရေစင်သံနှင့်အတူ ရွှီဇီယန်သည်လည်း ရေစည်ပိုင်းထဲသို့ ခုန်ဝင်လာ၏။ ရွှီဇီယန်သည်ခနက သူလုပ်လိုက်သည့်အပြုအမူကြောင့် ရေနစ်ပြီးအသက်မရှုနိုင်အောင်ဖြစ်နေသည့် ရွှီဇီရုန်အားမလိုက်ရင်း “မင်းမြင်ပြီလား…အကယ်၍ငါသာဒီမှာရှိမနေရင် မင်းဒီရေစည်ပိုင်းထဲမှာ ရေနစ်သွားမှာပေါ့”
ရွှီဇီရုန်သည်သူ့ရင်ထဲ၌ အော်ဟစ်နေလေ၏။ ‘အဲ့ဒါမင်းကြောင့်ဖြစ်ရတာလေ မသာကောင်ရဲ့! မင်းသာငါ့ကိုရေစည်ပိုင်းထဲမပစ်ထည့်ရင် ငါဘယ်လိုလုပ်ရေနစ်မှာလဲ!!’
ဘယ်လိုပဲသူ့ရင်ထဲမှာ ပေါက်ကွဲနေပါစေ သူ့မျက်နှာမှာတော့ သူ့အတွေးတွေတစ်စက်မျှ ပေါ်မလာပေ။ ရွှီဇီရုန်ကသူ့မျက်နှာကိုသုတ်လိုက်ရင်း ညင်သာသောအသံလေးဖြင့် “ကိုကိုပြောတာမှန်ပါတယ်”
“အင်း…အရမ်းလိမ္မာတာပဲ!” ရွှီဇီယန်ကအလွန်ပျော်ရွှင်သွားသည်။ ရွှီဇီယန်သည်ဘေးစင်က Chinese Honey Locusts နဲ့ပြုလုပ်ထားသည့် ဆပ်ပြာကိုယူလိုက်ပြီး သူ့တစ်ကိုယ်လုံးကို ဆေးကြောလိုက်၏။ ထို့နောက် ရွှီဇီရုန်၏မထိရောက်သည့်ငြင်းဆန်မှုများကြားမှ ရွှီဇီရုန်၏ခေါင်းအစခြေအဆုံး တစ်နေရာမှမကျန် သူ့ညီလေးကိုဆေးကြောသန့်စင်လေသည်။
『K : Chinese Honey Locusts ကို Gleditsia Sinensis လို့လဲခေါ်ပါတယ်။ အာရှမှာပွင့်တဲ့ အပင်အမျိုးအစားတစ်မျိုးပါ။ မြန်မာလို့နာမည်မရှိပါဘူး။』
ဒီရေချိုးခြင်းကြောင့် ရွှီဇီရုန်၏ခန္ဓာကိုယ်တစ်ခုလုံးကို ရွှီဇီယန်မြင်ပြီးသွားပြီဖြစ်သည်။ ခေါင်းကနေခြေအဆုံး၊အတွင်းအပြင်အားလုံး ရွှီဇီယန်မထိဖူးတဲ့ နေရာမရှိတော့ပေ။ သူ့အသေးဇီရုန်တောင် ရွှီဇီယန်လက်ကနေ မလွှတ်ပါ။
ရေချိုးနေစဉ်အတွင်း ရွှီဇီရုန်သည်ရွှီဇီယန်၏ခွာကြားကို ချောင်းကြည့်လိုက်သည်။ ရွှီဇီရုန်နှုတ်ခမ်းကအနည်းငယ် ကော့တက်သွား၏။ ဒီအတိုင်းဆိုလျှင် အသေးလေးဇီယန်က သူ့ဟာထက်အများကြီး ပိုကြီးတာမှမဟုတ်တာ! နောက်ကျရင် သူကအများကြီး ပိုကြီးလာမှာ!
ရေစည်ပိုင်းထဲကထွက်ထွက်ချင်း ရွှီဇီရုန်သည်သူ့ရဲ့အတွင်းဝတ်တွေကို အမြန်ဝတ်လေသည်။ ရွှီဇီရုန်အခုနားလည်သွားတာက ရွှီဇီယန်ကသူ့ကို မိန်းကလေးတွေသူတို့အရုပ်မကိုဆက်ဆံသလို ဆက်ဆံပေးချင်တာပဲ။ ရွှီဇီယန်ကရွှီဇီရုန်အတွက် အရာအားလုံးလိုက်လုပ်ပေးချင်မိသည်။ ရွှီဇီရုန်သည်သူအင်္ကျီဝတ်နေချိန် သူ့ကိုကြည့်နေသည့် ရွှီဇီယန်၏ဝမ်းနည်းနေသည့်မျက်လုံးတွေက ပိုသေချာသွားစေသည်။
“ကျေးဇူးပါ ကိုကို…ရေချိုးရတာ အရမ်းကောင်းတယ်” ရွှီဇီရုန်ကအသံတိုးတိုးလေးဖြင့် ပြောသည်။ သူ့ရင်ထဲမှာတော့ အော့အန်ရလွန်းလို့ သွေးတွေပါအန်မတတ်ဖြစ်နေပေမယ့် သူ့မျက်နှာကတော့ တည်ငြိမ်လျက်ရှိသည်။
“ကျစ်….ကလေးတွေကရေများများချိုးသင့်တယ်” ရွှီဇီယန်၏ပါးစပ်ကမြည်တွန်လိုက်ပေမယ့် သူ့လက်တွေကတော့ ရွှီဇီရုန်ရဲ့ဆံပင်ကိုသုတ်ပေးဖို့ မျက်နှာသုတ်ပဝါကို ယူပြီးလေသည်။
ရွှီဇီယန်၏လက်ထဲတွင် ရွှီဇီရုန်၏ဆံပင်တွေက နက်မှောင် ထူထဲနေပြီး အရည်အသွေးမြင့်သည့် ပိုးခြည်လိုပဲ နူးညံ့လေသည်။ ရွှီဇီယန်သည်အတွေးနယ်ချဲ့နေရင်းနှင့် ရွှီဇီရုန်၏ဆံပင်ကိုလည်း ခြောက်အောင်သုတ်ပေးသည်။ ရွှီဇီရုန်ကိုကြည့်လိုက်ပြီး သူ့ပုံစံလေးက ရေမျက်နှာပြင်ပေါ်ကနေပွင့်လာသည့်ကြာပန်းလေးနှင့်တူ၏။ လှပပြီးတော့နူးညံ့နေသည့်မျက်ခုံးတွေ၊ လေပူတွေကြောင့် နီမြန်းနေသည့်ပါးမို့မို့တွေ၊ နက်မှောင်နေသည့်ဆံပင်တွေ၊ အကယ်၍ ရွှီဇီယန်သာသူ့ကိုရေကူမချိုးပေးဖူးဘူးဆိုလျှင် တစ်ဖက်လူကိုမိန်းကလေးလို့ သူအထင်မှားမိမှာအမှန်ပင်။
ရွှီဇီရုန်က တစ်ဖက်လူ ဘာတွေးနေမှန်းမသိချေ။ ဒါပေမယ့် ရွှီဇီယန်သည်ရွှီဇီရုန်ကို ပခုံးကိုကိုင်ကာ စိုးရိမ်စွာ စိုက်ကြည့်လာတော့သည်။
ရွှီဇီရုန် နှလုံးခုန်မြန်သွားတော့သည်။ သူမတော်တဆသူ့မျက်နှာအမူအရာကို ဖော်ပြထားမိလို့များ ရွှီဇီယန်သိသွားလေပြီလား။
“ဇီရုန်…မင်းကအရမ်းလှတာပဲ”
ရွှီဇီရုန်မျက်နှာဖုံးမှာ ခဏလောက်အက်ကွဲသွားရပြီး ပုံမှန်အနေအထားအတိုင်း အလျင်အမြန်ပြန်ဖြစ်သွားသည်။ ဒီလိုမျိုးရုပ်တည်ကြီးနဲ့ ရွှီဇီယန်ကို ဒီလိုစကားမျိုး သူ့ပါးစပ်ကနေပြောထွက်လိမ့်မယ်လို့ ရွှီဇီရုန်တစ်ခါမှတွေးကြည့်ဖူးဘူး!!!
ရွှီဇီယန်သည် ရွှီဇီရုန်၏မျက်နှာအမှန်ကိုမသိသောကြောင့် အလေးအနက်ဖြစ်သည့်အမူအရာဖြင့်
“ဇီရုန်အကယ်၍ မင်းအပြင်လောကကို ရောက်သွားခဲ့ရင်လေ မင်းသေချာဂရုစိုက်ရမယ်နော်…အပြင်မှာက မင်းလိုအသက်အရွယ်တွေကို ကြိုက်တဲ့ဦးလေးတွေရှိတယ်…အကယ်၍ ကိုကိုက မင်းဘေးမှာရှိမနေရင် မင်းသေချာပေါက်ဂရုစိုက်ရမယ်နော်”
ထိုအကြောင်းအရာကိုတွေးနေရင်း ရွှီဇီယန်သည်နောက်တစ်ချက်ကို သတိပေးလာ၏။ “အကယ်၍သူတို့တွေက မင်းရဲ့ဒီနား…….” ရွှီဇီရုန်၏အောက်ပိုင်းကိုညွှန်ပြရင်း “ဒါမှမဟုတ်ဒီနား….” သူ့ရဲ့တင်ပါးဘက်ကိုညွှန်ပြရင်း “ထိခဲ့ရင် မင်းအော်ရမယ်နော် ဟုတ်ပြီလား??”
ရွှီဇီရုန်သည်နားမလည်တလည်ပုံစံလေးဖြင့် ခေါင်းညိတ်လိုက်သည်။ ရုတ်တရက်ကြီးသူ့စိတ်ထဲ အေးစက်သွားရ၏။ ရွှီဇီယန်အခုပြောတဲ့အရာတွေက သူတွေ့ကြုံနေဖူးပြီးသားဖြစ်သည်။ ထပ်ပြောရမည်ဆိုလျှင် သူသေသေချာချာမှတ်မိနေပါသေးသည်။ သူရွှီမိသားစုကိုစရောက်တုန်းက ရွှီမျိုးနွယ်စုထဲကကလေးတစ်ယောက်က သူ့ကိုလှည့်စားပြီးအပြင်သို့ထွက်သွားခိုင်းခဲ့သည်။ ကျဉ်းမြောင်းသည့်လမ်းကျဉ်းလေးမှာ ရွံစရာကောင်းသည့်လူကြီးတစ်ယောက်ရဲ့ ထောင်ချောက်မှာသူပိတ်မိသွားခဲ့သည်။
သူနဲ့ထိုလူကြီးနဲ့တွေ့တာက တိုက်ဆိုင်မှုလား၊ လုပ်ကြံဖန်တီးထားတာလား၊ သူမသိပေမယ့် ထိုလူကြီးရဲ့အကြည့်တွေကို သူအခုထက်ထိမှတ်မိနေသေးသည်။
ထိုအချိန်တုန်းကသူအော်ဟစ်ပြီးအကူအညီတောင်းနေသည့်အချိန် လူတစ်ယောက်ယောက်သာ လာမကယ်ပါက သူဘာဖြစ်လို့ဖြစ်မယ်မှန်းတောင်မသိဘူး။
ထိုလူကြီးထွက်ပြေးသွားပြီးနောက် သူသွေးမိစ္ဆာအဖြစ်သို့ရောက်ရှိချိန် ထိုလူကြီးကိုသတ်ဖို့သူလိုက်ရှာခဲ့ပေမယ့် သူရှာမတွေ့ခဲ့ချေ။ ထိုလူကြီးနဲ့ သူ့အရှေ့က ကိုကိုဆိုသည့်သူနဲ့ ဘာပတ်သက်မှုတွေရှိလည်းဆိုတာကိုတော့ သူမသိပေမယ့် အဲ့ဒီအဖြစ်အပျက်တွေအားလုံးရဲ့အပြစ်ကို ရွှီဇီယန်၏ခေါင်းပေါ်သာပုံချဖို့ ရွှီဇီရုန်ဆုံးဖြတ်လိုက်သည်။
“အကယ်၍အဲ့လိုလူမျိုးတွေနဲ့မင်းတွေ့ခဲ့ရင်လေ သနားမနေနဲ့နော် သူတို့ရဲ့အောက်ပိုင်းကိုသာ အသေကန်ပစ်လိုက်…မင်းမှာရှိတဲ့အစွမ်းတွေအကုန်သုံးပြီးသာ ကန်ပစ်လိုက်နော်…တစ်ဖက်လူကသေသွားမှာတွေ လူဖြစ်ရှုံးသွားမှာတွေကိုကြောက်မနေနဲ့နော်…ကျန်တဲ့အကျိုးဆက်တွေဖြစ်ခဲ့ရင် ကိုကိုတာဝန်ယူဖြေရှင်းပေးမယ်!” ရွှီဇီယန်သည်လေးနက်သောအမူအရာဖြင့် ပြော၏။ ဘာကြောင့်လဲဆိုတော့ အဲ့လိုမျိုးအလုပ်ခံရသည့်ကလေးတွေက ဘယ်လောက်ထိစိတ်ရောဂါရသွားလည်းဆိုတာကို သူအသေအချာသိနေလို့ပဲဖြစ်သည်။
ကလေးငယ်တွေကို စော်ကားသည့်အဲ့လိုလူတွေကို ရွှီဇီယန်အရမ်းရွံသည်။ ဘာကြောင့်လဲဆိုတော့ ရွှီဇီယွိကလေးတုန်းကလည်း အရမ်းလှတာကြောင့် အဲ့လိုလူတွေရဲ့ပစ်မှတ်ထားခြင်းကို ခံရဖူးသည်။ နောက်တော့ရွှီဇီယန်သည်ထိုလူကို အသေထိုးကာ ရဲစခန်းကိုသွားပို့ပြီး စစ်ဆေးကြည့်လိုက်တော့ အဲ့မတိုင်ခင်ကတည်းက ထိုလူသည်ကလေးတွေအများကြီးကို စော်ကားခဲ့ပြီးပြီဖြစ်သည်။ ထိုအကြောင်းကိုရွှီဇီယန်သိတော့ သူအနည်းငယ်နောင်တရမိ၏။ အကယ်၍သူသာထိုအကြောင်းကို ခပ်စောစောသိခဲ့လျှင် ထိုလူကို သူပိုပြီးထိုးခဲ့မှာ အဲ့ဒါမှနောက်ဆိုထိုလူက အခြားကလေးကို စော်ကားလို့မရတော့မှာ မဟုတ်ဘူးလား။
သူ့ရဲ့မှတ်ဉာဏ်ထဲကအတိုင်းဆိုလျှင် ရွှီဇီရုန်ကိုထောင်ချောင်ဆင်သည့် ထိုလူက အရင်ရွှီဇီယန်ရဲ့အစီအစဉ်ပင်ဖြစ်သည်။ အခုရွှီဇီယန်ကတော့ အဲ့လိုမျိုးလုပ်မှာမဟုတ်ဘူး။ ဒါပေမယ့်ဒီကျင့်ကြံခြင်းလောကထဲမှာ ထိုလူလိုမျိုး မကောင်းတဲ့လူတွေအများကြီးရှိသေးသည်။ သူ့ရဲ့ဇီရုန်လေးကဒီလောက်ချစ်စရာကောင်းတာ မကောင်းတဲ့လူတွေရဲ့ပစ်မှတ်ထားခြင်းခံရနိုင်သည်။
အင်း….အနာဂတ်မှာသူ့ညီလေးကိုကာကွယ်ဖို့အတွက် ဒီကိုကိုရဲ့စွမ်းရည်တွေပိုသန်မာဖို့လိုအပ်သည်။ မဟုတ်လျှင် သူ့ညီလေးကိုကာကွယ်မယ်ဆိုတဲ့ သူ့ရဲ့ဆန္ဒကပြည့်ဝမှာမဟုတ်ဘူး!
ရွှီဇီယန်ရဲ့စိတ်ကူးယဉ်မှုတွေက လှုံ့ဆော်မှုကိုပေးလိမ့်မယ်လို့ ရွှီဇီရုန်လုံးဝထင်မထားပေ။ ဒါပေမယ့်သူတို့နှစ်ယောက်နီးကပ်နေတာကြောင့် ရွှီဇီယန်၏အရှိန်အဝါတွေက ပြောင်းလာမှန်း ရွှီဇီရုန်ခံစားမိလိုက်သည်။ ကြည့်ရတာ————သူနောက်တစ်ဆင့်ကို တက်သွားပြီထင်တယ်။
ရွှီဇီရုန်ရဲ့စိတ်နှလုံးအေးစက်သွားရ၏။ အရင်ဘဝတုန်းက ရွှီဇီယန်၏စွမ်းရည်ကကောင်းမွန်တာကို သူသိပေမယ့် အရမ်းကြီးတော့စွမ်းအားမကြီးပေ။
ရုတ်တရက်ကြီးသူ့ကိုယ်ထဲ စွမ်းအားတွေတိုးလာသလိုခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်အမူအရာကိုပါ ပြောင်းလဲသွားစေသည်။ ရွှီဇီရုန်၏ကျင့်ကြံခြင်းစွမ်းရည်က သိပ်မမြင့်ပေမယ့် သူ့အမြင်အာရုံကတော့အလွန်ကောင်းသည်။ ရွှီဇီယန်၏အမူအရာကိုကြည့်တာနဲ့ ကျင့်ကြံခြင်းနောက်တစ်ဆင့်ကိုတက်လမ်းတော့မယ်ဆိုတာသိလိုက်ပြီး ရွှီဇီရုန်သည်ဟန့်တားဖို့အတွက် သူ့ပါးစပ်ကိုဟလိုက်သည်။
“ကိုကို…..”
ရွှီဇီရုန်စကားတောင်မဆုံးသေးခင် ကြားဖြတ်ခံလိုက်ရသည်။
ရွှီဇီယန်သည်သူ့လက်ကိုတင်းတင်းဆုပ်ကာ အမူအရာတွေက အလွန်လေးနက်နေသည်။ “စိတ်မပူပါနဲ့ ဇီရုန်….ကိုကိုကမင်းကိုသေချာပေါက် ကာကွယ်ပေးမှာပါ….ဘယ်လိုကိစ္စတွေပဲရှိရှိ…ကိုကိုရှိနေသရွေ့ ဘယ်သူမှမင်းကိုဒုက္ခမပေးစေရဘူး!”
ရွှီဇီယန်၏စကားလုံးတွေအဆုံးတွင် သူ၏အရှိန်အဝါသည်အထွတ်အထိပ်သို့ရောက်သွားပြီး အဆောင်တစ်ခုလုံးအတွင်းက စိတ်ဝိညာဉ်ချီတွေအားလုံး သူ့ကိုယ်ထဲသို့ရောက်သွားတော့သည်။
အသံတစ်ခု၏မြည်သံနှင့်အတူ ရွှီဇီယန်အရှိန်အဝါသည် ရပ်တန့်သွားပြီး ထိုနောက်သူ့ကိုယ်ထဲကစိတ်ဝိညာဉ်ချီတွေအားလုံး ရုတ်တရက်လွှင့်ထွက်သွားသည်————သူက ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ကိုရောက်သွားပြီ!
ရွှီဇီရုန်သည်သူ့စိတ်ထဲကတုန်လှုပ်နေမှုကို ဖုံးကွယ်ထားရင်း တောက်ပနေသောမျက်လုံးလေးတစ်စုံဖြင့် စိုက်ကြည့်နေသည်။
အရင်ဘဝက သူတွေ့ကြုံခဲ့သည့်အတွေ့အကြုံတွေကြောင့် သူဟာသာမန်လူတွေထက်အတွေ့အကြုံပိုရှိနေပြီး သူပြောနိုင်တာကတော့ တစ်စုံတစ်ယောက်ဟာသူတို့ခန္ဓာကိုယ်အပြုအမူနဲ့ သူတို့ပြောတဲ့စကားနဲ့ တကယ်ကွက်တိကျမကျဆိုတာကိုပင်။
အဲ့ဒါက———ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ??!!
ရွှီဇီရုန်ဦးနှောက်ထဲမှာ မရေရာမှုဖြစ်ပေါ်လာသည်။ သူ့စိတ်ထဲကရွှီဇီယန်နဲ့ သူ့အရှေ့ကရွှီဇီယန်နဲ့ တစ်ခြားစီဖြစ်နေတာက သူ့ကိုစဉ်းစားမရဖြစ်စေသည်။
ရွှီဇီရုန်သည်နဂိုပုံစံအတိုင်း ခေါင်းကိုဖြေးဖြေးချင်းညိတ်လိုက်သည်။ ဒါပေမယ့် ရွှီဇီယန်၏မျက်လုံးထဲမှာတော့ သူ့ညီဖြစ်သူကသူ့ကိုလက်ခံပြီလို့ ထင်လိုက်၏။
ရွှီဇီယန်ကရွှီဇီရုန်၏ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး ပြုံးကာ “ဇီရုန်က ငါ့အတွက်ကံကောင်းစေတဲ့ကြယ်ကလေးပဲ…ဇီရုန်ရောက်လာတာနဲ့ ကိုကိုကနောက်တစ်ဆင့်တက်သွားတယ်”
ရွှီဇီရုန် သူ့ပါးစပ်ကို တွန်းအားပေးလိုက်ရင်း အကျည်းတန်သည့် အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်သည်။ အရင်ဘဝတုန်းကသူ့ကို မကောင်းဆိုးဝါးလို့ခေါ်ကြသည့်အပြင် နတ်ဆိုးကြယ်လို့လဲခေါ်ကြသည်။ ကံကောင်းစေသည့်ကြယ်လို့ သူဘဝမှာပထမဆုံးအခေါ်ခံရဖူးတာဖြစ်တာကြောင့် သူအတွက်ဘဝင်မကျသလို ခံစားရသည်။ ထိုနောက် ရုတ်တရက် ရွှီဇီယန်၏စိတ်လှုံ့ဆော်မှုကို ပြတ်သွားအောင် သူအခွင့်အရေးကိုအသုံးချပြီး တားဆီခဲ့ပေမယ့် တစ်ဖက်လူကမရရအောင် နောက်တစ်ဆင့်ကိုတက်သွားသည်! ထိုအရာကသူ့ကို ပိုပြီးတော့ခါးသီးသည့်ခံစားချက်ကိုဖြစ်စေသည်!
“ဟုတ်ပါပြီ…မင်းအနည်းငယ်လောက်တော့ အနားယူသင့်တယ်…ထမင်းစားချိန်ရောက်မှ ကိုကို မင်းကိုလာနိုးမယ်နော်” ရွှီဇီယန်သည် ရွှီဇီရုန်၏ခေါင်းကိုပွတ်ပေးလိုက်ပြီး တစ်ဖက်လူကို သူ့အိပ်ရာသို့တွန်းပို့လိုက်သည်။