Chapter 70
Chapter 70
မကြာခင်မှာပင် အောက်ဖက်ကနေ အရိုးစုတစ်ခုလုံးကို သူတို့နှစ်ယောက်တူးထုတ်နိုင်လိုက်သည်။
နှစ်ပေါင်းထောင်ချီမြှုပ်နှံထားပြီးနောက် ထိုအရိုးစုဟာ ရွှေရောင်သို့ပြောင်းလဲနေသည်။ ထိုရွှေရောင်တောကောင်၏ အသွေးအသားတွေဟာ နူးညံတဲ့ရေညှိတွေစုပ်ယူလိုက်တာကြောင့် မရှိတော့ပေမယ့် ထိုရေညှိတွေနဲ့ အရိုးတွေဟာပေါင်းစပ်နေဆဲဖြစ်သည်။
ထိုစွမ်းအင်ဟာ မြေပြင်တစ်ခုလုံးကနူးညံ့တဲ့ရေညိတွေကို အထောက်အကူဖြစ်စေပြီး နံရံတွေအထိလည်း ဆက်လက်ပြီးအထောက်အကူဖြစ်စေသည်။
ထိုအရိုးစုဆီကကြီးမားလှသည့်စွမ်းအင်တွေဟာ အတော်လေးအထောက်အကူဖြစ်သည့် ထူးကဲသည့်စွမ်းအင်မျိုးဖြစ်သည်။ ပြီးနောက် ထိုကြီးမားသည့်စွမ်းအင်တွေဟာ တိုက်ခိုက်ရေးမှာလည်းအလွန်မြင့်သည်။ အကယ်၍ ဒီနေရာမှာသာမန်လူသာရှိနေပါက ထိုအရိုးစုကြီးကိုကြည့်ပြီး ကြောက်လန့်ကာ သေသွားနိုင်သည်။
“ကောင်းလိုက်တဲ့ပစ္စည်းပဲ” ရွှီဇီရုန် ထိုအရိုးစုကို အလွန်စိတ်ဝင်စားသွားပြီး ထိကြည့်လိုက်သည်။ ထိုရွှေရောင်တောကောင်ဟာ မသေခင်က သတ်ဖြတ်ရတာကို အလွန်နှစ်သက်လောက်ပြီး သေပြီးသွားရင်တောင် ထိုတောကောင်ဆီမှာ အရှိန်အဟုန်တွေ ကျန်ရှိနေအုန်းမည်။
ထိုအရိုးစုဟာ သန်မာတဲ့အရှိန်အဟုန်တွေ ကျန်ရှိနေသေးသည်။ ထိုအရာကိုသာ လက်နက်အဖြစ်ပြောင်းလိုက်ပါက ထိုအရာကဟာ သေချာပေါက်အလွန်အစွမ်းထက်လိမ့်မည်။
ထိုအရိုးစုအပြင် သူတို့နှစ်ယောက် ကျောက်စိမ်းလိုဖြူစွတ်နေသည့်မျက်နှာပြင်ဖြင့် အစွယ်နှစ်ခုကို ရှာတွေ့လိုက်သည်။ ထိုအရာကနေ ရွှီဇီရုန်သွေးနံ့ကိုခံစားမိလိုက်သည်။
သူထိုအစွယ်ကိုညင်သာစွာကိုင်လိုက်ပြီး ထိုဆီကနေသွေးဆာနေမှုကို ခံစားလိုက်ရသည်။ သေချာမစိစစ်ပဲနဲ့တောင် ထိုအစွယ်တွေ၏မျက်နှာပြင်မှာ အရာထင်နေတာကို သူသိရသည်။
ထိုအရာ၏အကျိုးသက်ရောက်မှုက ဒဏ်ရာကိုကုသနေစဉ် တားဆီခံခြင်းကြောင့်ဖြစ်လိမ့်မည်။ ထိုရွှေရောင်တောကောင်အသက်ရှင်စဉ်က တစုံတရာဟာ သွေးထွက်လွန်ပြီးသေအောင်ကိုက်ခဲ့ခြင်း ဖြစ်လိမ့်မည်လို့ပြောလို့ရသည်။ ပေါ့ဆခြင်းကြောင့် သူ့ကိုယ်သူငရဲသို့ပို့ခံလိုက်ရသည်။
ထို့အပြင် သူတို့တွေအတွက် အကြီးမားဆုံးအကျိုးသက်ရောက်မှုကတော့ ထိုရွှေရောင်တောကောင်၏အတွင်းကပြောင်းလဲသွားတဲ့ အရိုးစုပင်ဖြစ်သည်။ အချိန်အတော်ကြာနေပြီမို့ အရောင်ကမှိန်နေပြီဆိုပေမယ့် တန်ဖိုးကတော့ကျဆင်းသွားခြင်းမရှိပေ။
“စိတ်မကောင်းစရာပဲ” ရွှီဇီရုန်အနည်းငယ် သက်ပြင်းချလိုက်သည်။ ထိုအတွင်းကပြောင်းလဲမှုဟာ စွမ်းအင်ကိုလေးပုံတစ်ပုံလောက် ဆုံးရှုံးသွားပြီးဖြစ်သည်။ သို့ပေမယ့် ကျန်ရှိနေသေးသည့် စွမ်းအင်လေးပုံသုံးပုံကလည်း ဒုက္ခပေးနိုင်သည်။ ကံမကောင်းစွာ ရွှီဇီရုန် ရုပ်သေးရုပ်ရွှေရောင်တောကောင်ပြောင်းဖို့အတွက် အတွင်းကပြောင်းလဲမှုတစ်ခုလုံးကို လိုအပ်ပေသည်။
ထိုစွမ်းအင်တစ်ခုလုံးကို သူပြန်လည်မရယူနိုင်ရင်တောင် ကျင့်ကြံသူတွေ၏အမြုတေဖြင့် ထိုအတွင်းကပြောင်းလဲမှုကို ပြည့်စုံအောင်သူလုပ်လို့ရသေးသည်။
လက်ရှိမှာ ထိုအတွင်းကပြောင်းလဲမှုဟာ ပြည့်စုံအောင်မရှိသေးတာကြောင့် ရုပ်သေးရုပ်ဖန်တီးနိုင်သည့် သူ၏လျှို့ဝှက်မန္တန်ကိုအသုံးပြုနိုင်ပြီး ထိုအရာကိုသူအကြိမ်အနည်းငယ်သာ အသုံးပြုနိုင်သည်။ ထိုအတွင်းကပြောင်းလဲမှု၏စွမ်းအင်တစ်ခုလုံးကို တစ်ခါတည်းဝါးမျိုပြီးပါက ထိုရုပ်သေးရုပ်ကို ဆက်ပြီးအသုံးပြုလို့မရပေ။
“ဘာဖြစ်တာလဲ? ဘာကိုစိတ်မကောင်းတာလဲ?” ထိုအရိုးတွေဟာရွှေရောင်ဖြစ်နေတာကြောင့် ရွှီဇီယန်ထိတ်လန့်နေသည်။ ထိုအရိုးတွေ၏အရည်အသွေးကို ချင့်ချိန်ဆုံးဖြတ်ရာတွင် အရောင်ကအရေးပါမှန်း သူအစတည်းကသိထားသည်။
ယနေ့မှာ ရွှီဇီယန်၏မျက်လုံးထဲ၌ ထိုအရာတွေကိုအရိုးတွေလို့မမြင်တော့ပေ။ အဖြူရောင်စိတ်ဝိညာဉ်ကျောက်တုံးတွေလို့သာ သူမြင်နေတော့သည်။ ထိုအချိန်မှာ ဒီအရာတွေဖြင့် အသက်ကယ်နိုင်သည့် ရတနာတွေကိုဖန်တီးမယ်လို့ သူအတွေးထဲ၌လုံးဝရှိမနေပဲ သူတွေးတောနေသည့်အရာတစ်ခုကတော့ ထိုအရိုးတွေကိုရောင်းလိုက်ရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ ဘယ်လောက်ရမလဲဆိုတာပင်ဖြစ်သည်။
ရွှီဇီယန်ဘာတွေးနေလဲဆိုတာကို သိလိုက်တာကြောင့် ရွှီဇီရုန်ရယ်လိုက်မိသည်။ တစ်ခါတစ်ရံကြရင် သူ့ကိုကိုက မကြာခဏဒွိဟဖြစ်တယ်ဆိုတာ သူအစကတည်းသိသည်။ သူအရာများစွာအတွက် ရှင်းလင်းသောသဘောတရားတွေကို သိပေမယ့်လည်း ထိုအရာတွေကို အသုံးပြုဖို့ သူဘယ်တုန်းကမှအခွင့်အရေးမရခဲ့ပေ။
ဥပမာပြောရရင် အခုလေးတင် သူ့ကိုကိုတုံ့ပြန်လိုက်သည့်ပုံစံကိုကြည့်တာနဲ့ သူကထိုရွှေရောင်တောကောင်ဟာ ဘယ်လိုအရာလည်းဆိုတာသိပေမယ့် ထိုရွှေရောင်အရိုးစုကို ဘယ်လိုအသုံးပြုလို့ရတယ်ဆိုတာ မထောက်ပြခင်အထိ သူသဘောပေါက်မည်မဟုတ်ဘူးဆိုတာ ရွှီဇီရုန်မြင်နေရသည်။
“ကိုကို ဒီအရိုးစုကို ဘာလုပ်ဖို့စီစဉ်ထားလဲ?” ရွှီဇီရုန်ခေါင်းစဉ်တပ်ကာ မေးလိုက်သည်။
“ဘာကိုဆိုလိုတာလဲ? အဲ့ဒါကိုရောင်းတာကလွဲရင် ငါဘာလုပ်ရဦးမှာလဲ?” ရွှီဇီယန်စိတ်ရှုပ်စွာပြန်မေးလိုက်သည်။ မိစ္ဆာကျင့်ကြံသူအများစုဟာ အလောင်းတွေ အရိုးစုတွေကိုအသုံးပြုကာ မန္တန်တွေပြုလုပ်တယ်ဆိုတာကို သူသိပေမယ့် ထိုလှည့်ကွက်တွေ ဘယ်လိုအသုံးပြုရမယ်ဆိုတာ သူမှမသိတာ။
ဒါကသူ၏ကိုယ်ပိုင်ခန္ဓာကိုယ်ပဲဖြစ်ဖြစ် ဝတ္ထုထဲကနေဖြစ်ဖြစ် မိစ္ဆာကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး သူဘာမှမသိပေ။ ထိုအရိုးစုကိုရောင်းဖို့ကလွဲရင် ဘာလုပ်ရမလဲဆိုတာ သူလုံးဝမသိပေ။
ရွှီဇီရုန်အနည်းငယ်တွန့်ဆုတ်နေပြီးနောက် သူ့ကိုကို,ကို စမ်းသပ်ရန်ဆုံးဖြတ်လိုက်တော့သည်။
သူဘယ်လောက်ပဲဟန်ဆောင်နေပါစေ သူ့ကိုကို၏မျက်လုံးထဲမှာတော့ လိမ်မာသည့်သူ့ရဲ့ညီလေးလို့သာ ထင်ယောင်ထင်မှားဖြစ်နေဆဲဖြစ်သည်။ သူ၏ဘယ်လိုအားနည်းချက်ကိုမှ မဖော်ပြပဲနေနိုင်လိမ့်မယ်လို့ အာမ,မခံနိုင်ဘူး။ သူ့ကိုကိုသာ ရွှီဇီရုန်ကမိစ္ဆာကျင့်ကြံသူလို့သာ သိရှိသွားပါက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို သူသိချင်ရုံသာဖြစ်သည်။
အဲ့ဒါကတဲ့တိုးကြီးပြောလိုက်ဖို့လည်း မသင့်လျော်ပါ။ ဒါပေမယ့် လက်ရှိမှာ နည်းလမ်းကောင်းတစ်ခုနဲ့ စတင်ရမည်။
“ကိုကို တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လျှို့ဝှက်မန္တန်တစ်ခုကို ရှာတွေ့ထားတယ် ပြီးတော့ကျွန်တော်လုပ်…” ရွှီဇီရုန်စကားထစ်သွားသည်။
“အိုး? မင်းဘာလုပ်နိုင်တာလဲ? ငါ့ကိုပြောပြစမ်း” ရွှီဇီယန် သူ့ကိုနားမလည်စွာကြည့်လိုက်သည်။
“ကျွန်တော် ဒီအရိုးစုကို ရုပ်သေးရုပ်အဖြစ် ပြောင်းပေးနိုင်တယ်”
ထိုစကားကိုပြောပြီးနောက် ရွှီဇီယန်အား ရွှီဇီရုန်စိုးရိမ်စွာကြည့်လိုက်မိသည်။ သူစိတ်ထဲမှာအစကတည်းကပြင်ဆင်ထားသည်—အကယ်၍ သူ့ကိုကိုသာ ငြင်းဆန်သည့်လက္ခဏာမျိုးအနည်းငယ်ပြလာပါက ထိုလှည့်ကွက်ကို မတော်တဆစာအုပ်ထဲကနေ တွေ့ရှိခဲ့ရပြီး သိပ်ပြီးစိတ်မချရဘူးလို့ သူပြောလိုက်မည်။ ပြီးရင် သူကတမင်တကာ ထိုမန္တန်ကိုကျရှုံးအောင်လုပ်လိုက်ပြီး ပိုပြီးလက်ခံယုံကြည်လာအောင်လုပ်လိုက်မည်။
သူ့ကိုကိုက သူ့ကိုခဏလေးတောင် သဘောမကျတာမျိုးဖြစ်သွားဖို့ သူလုံးဝခွင့်မပြုနိုင်ဘူး။
“!!!!!”
ရွှီဇီယန်အလွန်အံ့ဩသွားသည်။ သူကရွှီဇီရုန်ကိုမှင်တက်စွာ ကြည့်နေမိသည်။ ရွှီဇီရုန်အလွန်စိုးရိမ်လာပြီး ခဏကပြောခဲ့သည်စကားကို သူပြန်ပြောင်းပြောဖို့ပြင်လိုက်သည်။ ရုတ်တရက် ရွှီဇီယန် သူ့ပခုံးကိုပုတ်လိုက်ကာ
“ဒီလောက်ကောင်းလိုက်တဲ့နည်းလမ်းကို မင်းဘာလို့စောစောကတည်းက မပြောရတာလဲ?!”
အဲ့လိုပြောပြီးနောက် သူ၏မေးစေ့ကိုထိလိုက်ကာ
“အဲ့ဒါကရွှေရောင်တောကောင်ဆိုတော့ အဲ့ဒါကအရမ်းကိုစွမ်းအားကြီးတဲ့ရုပ်သေးရုပ်ဖြစ်လာမှာပေါ့ အဲ့ဒါနဲ့အသက်တွေကယ်ပေးလို့ရပြီ! ငါကအရမ်းကံကောင်းတာပဲ!”
ရွှီဇီရုန်ကတော့ဘာမှပြန်မပြောပေ။ သူထိုအရာကိုသဘောပေါက်လိုက်ပြီးနောက် သူ့နဖူးပေါ်ချွေးတွေကိုသုတ်လိုက်ကာ ရွှီဇီယန်ကိုထူးဆန်းစွာ ကြည့်လိုက်သည်။
ဒီနည်းလမ်းဟာ မိစ္ဆာကျင့်ကြံသူတွေ အသုံးပြုသည့်နည်းလမ်းဆိုတာ သူ့ကိုကိုမသိတာဖြစ်နိုင်လို့လား?
သူအကူအညီမဲ့စွာ ဂရုတစိုက်ပြန်စစ်ဆေးကြည့်လိုက်သည်။
“ကိုကို, ကိုကိုတွေးမိလား…”
“ငါဘာကိုတွေးရမှာလဲ?”
“အဲ့ဒါကမိစ္ဆာနည်းလမ်းလို့ ကိုကိုမတွေးမိဘူးလား?”
“မိစ္ဆာနည်းလမ်း?” ရွှီဇီယန်မျက်လုံးတွေ ဝိုင်းစက်သွားသည်။ ဒါကြောင့် သူကရွှီဇီရုန်၏ပခုံးနှစ်ဖက်ကို သူ့လက်တွေဖြင့်ဆုပ်ကိုင်လိုက်ပြီး အလေးအနက်ကြည့်လိုက်သည်။
“ဇီရုန် ငါမင်းကိုသင်ပေးထားတာ မလုံလောက်သေးဘူးထင်တယ် မင်းသိထားရမှာက မိစ္ဆာလမ်းစဉ်နဲ့ မှန်ကန်တဲ့လမ်းစဉ်တွေကြားမှာ ဘယ်တော့မှကွဲပြားတာမရှိဘူး လူပုဂ္ဂိုလ်တစ်ယောက်ရဲ့အသုံးပြုတဲ့အပေါ်မှာမူတည်ပြီးတော့ပဲ ကွာခြားသွားတာ ငါတို့တွေက အရိုးတွေကို ရုပ်သေးရုပ်အဖြစ်ပြောင်းလဲမယ်ဆိုတော့ရော ဘာဖြစ်လဲ? သူတို့တွေကသေဆုံးသွားတာ နှစ်ပေါင်းများစွာရှိသွားပြီ သူတို့တွေကပြန်လာပြီး မင်းဆီကိုလာရှာမယ့်ပုံနဲ့တူမှမတူတာ”
ရွှီဇီရုန်မှင်တက်သွားသည်။
“ပြီးတော့…” ရွှီဇီယန်ဆက်လက်ပြီး “ငါတို့တွေကမှန်ကန်တဲ့အရာတွေလုပ်နေသေးသ၍ ငါတို့ဘယ်လိုလုပ်လဲဆိုတာကပြဿနာမဟုတ်ဘူး ငါတို့တွေကအမြဲတမ်း မှန်ကန်တဲ့အရာတွေလုပ်နေတာကြောင့် ရွှေရောင်ရုပ်သေးရုပ်တွေနဲ့လည်း ငါတို့တွေကမှန်ကန်တဲ့အရာတွေပဲလုပ်မှာဖြစ်လို့ ငါတို့တွေကိုဘယ်သူကမှ လူဆိုးတွေဆိုပြီးဝေဖန်ရဲမှာလဲ? ငါတို့တွေက အလောင်းကိုယ်တွေကို အသုံးပြုတာလေ မဟုတ်ဘူးလား?”
ရွှီဇီယန်ရှင်းပြနေရင်း ရွှီဇီရုန်မျက်လုံးတွေဟာ အနည်းငယ်တောက်ပလို့နေသည်။ သူပြောလို့လည်းပြီးတာနဲ့ သူ့မျက်လုံးတွေက ကြယ်လေးတွေလိုတောက်ပနေတော့သည်။
သူ့ပါးတွေကလည်းပူလာပြီး သူ့နှလုံးသားကလည်း ပြေးလွှားသလို ခံစားလာရကာ ဘာလို့ဒီလိုခံစားချက်မျိုးဖြစ်နေလဲဆိုတာ သူနားမလည်ပေ။ ထိုအချိန်မှာ သူ့ကိုကိုက အရမ်းဆွဲဆောင်မှုရှိမှန်း သူသိရှိသွားသည်။
တွန့်ဆုတ်ခြင်းမရှိပဲ သူဟာချက်ချင်း ရွှီဇီယန်၏လက်မောင်းထဲသို့ ပြေးဝင်လိုက်ကာ သူ၏မျက်နှာဖြင့် ရွှီဇီယန်၏ရင်ဘတ်ကိုပွတ်လို့နေသည်။
ရွှီဇီရုန်၏ချစ်ခင်မှုကို ပြသသည့်အပြုအမူကြောင့် ရွှီဇီယန်ရုတ်တရက် သတိလက်လွတ်ဖြစ်သွားသည်။ သာမန်ကိစ္စလေးက ရွှီဇီရုန်၏ခံစားချက်ကို အလွန်အကျိုးသက်ရောက်လိမ့်မယ်လို့ သူမထင်ထားခဲ့ဘူး။ ဒါပေမယ့် သူကလည်း ရွှီဇီရုန်ကို ကြင်နာစွာထွေးပွေ့လိုက်သည်။
“ဘာဖြစ်တာလဲ?” ရွှီဇီယန်နူးညံ့စွာမေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး ကိုကိုက အရမ်းကောင်းလို့ပါ” သူ့မျက်နှာကို ရွှီဇီယန်၏လက်မောင်းတွေကြားထဲ မြှုပ်ထားလိုက်ရင်း ရွှီဇီရုန်ပွင့်လင်းစွာပြောလိုက်သည်။
“ကဲပါ ဘယ်လိုအရာတွေကြောင့် မင်းအတွက်ငါကောင်းသွားတာလဲ?” ရွှီဇီယန် သူ့ကိုတမင်တကာ စလိုက်သည်။
“ကိုကိုနဲ့ပတ်သက်တာမှန်သမျှ အားလုံးကောင်းတယ် ကျွန်တော့်ကိုကိုက အကောင်းဆုံးပဲ” ရွှီဇီရုန်သူ၏နှုတ်ခမ်းကို ကိုက်လိုက်ရင်းပြောလိုက်သည်။
ရွှီဇီယန်ရယ်မောလိုက်မိ၏။ ရွှီဇီရုန်ဟာအမြဲတမ်း ရင့်ကျက်သည့်ပုံစံဖမ်းလေ့ရှိပေမယ့် သူ့အရှေ့မှာဆိုရင်တော့ ရွှီဇီရုန်ဟာကလေးလေးပါပဲ။
ရွှီဇီရုန်ကအရမ်းချစ်စရာကောင်းတာပဲ!
ရွှီဇီယန်ဟာ ရွှီဇီရုန်၏နောက်ကျောကို ပွတ်ပေးလိုက်ရင်း သူ့ကိုနှစ်သိမ့်လိုက်သည်။ ရွှီဇီရုန်ဟာအရမ်းကိုချစ်စရာကောင်းပြီး “ယုံကြည်အားထားရသည့်ညီတစ်ယောက်”အဖြစ် သူ့စိတ်ထဲ၌စွဲမြဲလျက်ရှိသည်။ ရွှီဇီရုန်၏မျက်နှာအမူအရာဟာ စွဲလမ်းပြီးတက်မက်သည့်ပုံစံဖြစ်နေတာကို သူမသိပါ။
သူ့ကိုကိုကအရမ်းကို ပြီးပြည့်စုံတာပဲ သူ့ကိုကို,ကို သူတကယ် အရသာမြည်းကြည့်နေပြီ…
ရွှီဇီရုန်သူ့နှုတ်ခမ်းကိုသပ်လိုက်ရင်း အသက်ပြင်းပြင်းရှူသွင်းလိုက်ကာ သူ့ကိုကို၏အနံ့ဖြင့် ပျော်ရွှင်နေသည်။
သူ့ကိုကိုနဲ့နီးကပ်နေပြီဆိုရင် သူ၏စိတ်ကိုမရပ်မနား ဖိနှိပ်ထားရသည်။
သူ့ကိုကိုဟာ သူ့အတွက်ဘယ်လောက်အရေးပါလည်းဆိုတာကို သိရှိပြီးနောက် သူ့ကိုကို၏ချစ်သူဖြစ်လာရန် ဆုံးဖြတ်ချက်လိုက်ပြီး ရွှီဇီယန်အပေါ်ထားသည့် သူ၏ခံစားချက်တွေကလည်း တဖြည်းဖြည်းပြောင်းလဲသွားတော့သည်။
အရင်တုန်းကတော့ ရွှီဇီယန်ကို သူ့အကိုအဖြစ် ဆက်ဆံပေမယ့် ထိုခံစားချက်တွေကို သူသဘောပေါက်လာပြီးနောက် ရွှီဇီရုန်ဟာ သူ့ကိုချစ်သူတစ်ယောက်လိုသာ ဆက်ဆံတော့သည်။
သူ၏အသိဉာဏ်တွေကလည်း လုံးဝပြောင်းလဲသွားတော့သည်။ တခါတလေဆိုရင် ရွှီဇီယန်အနားသူမကပ်နေရရင် စိတ်ရှုပ်သလိုခံစားလာရသည်။
ရွှီဇီယန်နဲ့ ရုပ်ပိုင်းဆိုင်ရာအရ သူအမြဲတမ်းနီးကပ်ချင်နေမိသည်။ သူ့ကိုဖက်ထားပေးရုံနဲ့တင် လုံလောက်တာကြောင့် အခြားဘယ်အရာကိုမှ သူမတောင်းဆိုဘူး။
အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်လိုက်ရင်း ရွှီဇီရုန်ဟာ သူ့ရင်ထဲကစိတ်ကို မရပ်မနားဖိနှိပ်နေရသည်။
မဖြစ်ဘူး! အခုချိန်မှာတော့မထွက်ပေါ်လာပါနဲ့။
ရွှီဇီယန်ကသူ့ကို ညီလေးတစ်ယောက်လိုသာ ဆက်ဆံသည်။ သူကတစုံတရာကိုလုပ်ဆောင်ချင်ရင်တောင်မှ သူ့ဆီမှာလိုအပ်သည့်လက်နက်ပစ္စည်းတွေမရှိသေးဘူး။
သူ၏အရင်ဘဝကမှတ်ဉာဏ်အတိုင်းဆိုရင် သူ၏စိတ်ကိုသာ ဖိနှိပ်လို့မရတော့ဘူးဆိုရင် ထိုအရာကိုဖြေရှင်းဖို့လိုအပ်မှန်း သူသေချာသိသည်။ ဒါပေမယ့် သူ၏ခန္ဓာကိုယ်က မထိန်းသိမ်းနိုင်တော့တာကြောင့် အကူအညီမဲ့စွာ ထိုအရာကိုကျော်လွှားရမည်ဖြစ်သည်။
ရွှီဇီရုန်စိတ်ပျက်သလိုခံစားမိလိုက်ပြီး သူစိတ်ရှည်ရမယ်လို့ သူ့ကိုယ်သူပြောနေမိ၏။ အရင်ဘဝတုန်းက ရွှီမိသားစုကို သူရှင်းပစ်ခဲ့ပြီး ထိုသို့သောခက်ခဲသည့်အချိန်တွေကို ကျော်လွှားနိုင်ခဲ့သည်။ ဒီလိုဖိနှိပ်မှုလေးကို သူမကျော်လွှားနိုင်ဘူးဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
“အင်းပါ အင်းပါ တော်လောက်ပါပြီ မင်းရဲ့မန္တန်အလုပ်,လုပ်မလုပ်ဆိုတာ ကြည့်ရအောင် အကယ်၍အလုပ်မဖြစ်ရင် ဒီပစ္စည်းကိုဘယ်နည်းနဲ့ဖြစ်ဖြစ် ငါတို့တွေသွားရောင်းကြမယ်” ရွှီဇီရုန်အား ရွှီဇီယန်ညင်သာစွာတွန်းလိုက်ပြီး ရွှီဇီရုန်၏မျက်လုံးထဲမှာ ဝမ်းနည်းမှုတွေရှိနေတာကို သူသတိမထားမိလိုက်ပေ။
အချိန်တွေအများကြီးကျန်ပါသေးသည်! ရွှီဇီရုန်ဟာ သူ့ကိုယ်သူ လက်ခံယုံကြည်လာအောင် နှစ်သိမ့်လိုက်သည်။
သူ့ကိုယ်သူနှစ်သိမ့်ပြောဆိုပြီးနောက် လျှို့ဝှက်မန္တန်ကို သူစတင်ပြင်ဆင်လေတော့သည်။ ထိုလျှို့ဝှက်မန္တန်ဟာ သွေးပင်လယ်နှလုံးကျင့်စဉ်၏အခြေခံဖြင့် ဖန်တီးထားပြီး မိစ္ဆာကျင့်ကြံခြင်းဂိုဏ်းရဲ့လျှို့ဝှက်မန္တန်ဖြင့် ပေါင်းစပ်ထားသည်။
ထိုရုပ်သေးရုပ်ဟာ အရိုးစုပဲဖြစ်နေလျှင်တောင် သူဖန်တီးလိုက်သည့်ရုပ်သေးရုပ်ပုံစံက တကယ့်အစစ်ရွှေရောင်တောကောင်နဲ့တူလုနီးပါးဖြစ်နေလိမ့်မည်။
ခဏလောက်တွန့်ဆုတ်နေပြီးနောက် ရွှီဇီယန်ကိုသူပြောလိုက်၏။
“ကိုကို, ကိုကိုရဲ့သွေးတစ်စက်လောက် ကျွန်တော့်ကိုပေးပါလား”
ရွှီဇီယန်ကလည်း တွန့်ဆုတ်ခြင်းမရှိပဲ သူ၏လက်ချောင်းထိပ်ကိုကိုက်က သွေးတစ်စက်ကို ရွှီဇီရုန်အားပေးလိုက်သည်။
ထိုသွေးတစ်စက်ဟာ ချိုသည့်အနံ့ထွက်လာတာကြောင့် ရွှီဇီရုန်တံတွေးမျိုချမိလိုက်ပြီး သွေးဆာနေမှုကို သူနောက်ထပ်တစ်ကြိမ် ဖိနှိပ်ဖို့ထပ်ကြိုးစားရပြန်သည်။
ထိုအရာကိုသူတကယ်သောက်ပစ်ချင်သည်…သူ့ကိုကို၏ချိုလှသည့်သွေးဟာ သူ၏ဝိညာဉ်ကို တုန်ယင်သွားအောင် ဖြစ်သွားစေသည်။ အကယ်၍ သူ့ကိုယ်သူမထိန်းချုပ်နိုင်ဘူးဆိုရင် အမြန်ပြေးသွားကာ ထိုသွေးကိုသူမျိုချမိလိမ့်မည်။