chapter 11.2
C11.2
”မင်းက တစ်ဦးတည်းသော ကုသသူလား”
”မဟုတ်ဘူး ဖြစ်နိုင်တာတော့ နှစ်ယောက်ထက်ပိုနိုင်တယ်။ ကုသသူနည်းနည်းပဲရှိရင် ပိုခက်ခဲနိုင်တယ်။”
”ဒါကလုံလောက်နေပါပြီ။ ဂိတ်အတွင်းပိုင်းက ကုသသူတွေအတွက်ဝန်များစေနိုင်တဲ့နေရာဘဲ။”
”ဟုတ်ပြီ ရှင်လည်းဂရုစိုက်ပါ။ အားလုံးထက် မာစတာလိုလူမျိုးကဒီလိုအရာမျိုးကိုဂရုစိုက်တဲ့သူမျိုးလား?”.
”ဒါ…..ဒါက ဟုတ်တယ်”
မင်အာရင်ဟာရွှတ်နောက်နောက်ဖြင့် ပုခုံးတွန့်ပြခဲ့သည်။ မင်အာရင်လိုကောင်းတဲ့လူကိုတောင်ဒီလိုပြောအောင်လုပ်နိုင်တဲ့ ချောင်းဆာယွန်းဟာ နည်းလမ်းအမျိုးမျိုးမှာ တော်တာဘဲ။
”ကောင်းပြီ ကျွန်မသွားရတော့မယ်။ဂိတ်မှာတွေ့ကြတာပေါ့။ ”
”ဟုတ်ပြီ။ goodbye ”
သူ့အလုပ်ပြီးသွားတဲ့မင်အာရင်ဟာ အေးဆေးစွာဖြင့်ထွက်ခွာသွားတော့သည်။ တံခါးကိုစောင့်ကြပ်နေတဲ့ အစောင့်ဟာလည်း မင်အာရင်နောက်ကိုတိတ်ဆိတ်စွာလိုက်သွားသည်။ ငါရေချိုးခန်းကမှန်ထဲမှာ ငါ့ရဲ့ပုံမှန်မျက်နှာထားကိုတွေ့လိုက်ရတဲ့အခါ ငါအံ့ဩသွားခဲ့သည်။ ကုသမှုစွမ်းရည်ကအကောင်းဆုံးစွမ်းရည်ဘဲ။
‘မင်အာရင်….ဒါကမင်အာရင်ဘဲ’
ငါသူ့ကိုအစောကြည့်တွေ့ရမယ်လို့မထင်ထားဘူး။ အရိုက်ခံရတဲ့ဒဏ်ရာမရှိတဲ့ ပါးပြင်ကိုထိကာ ငါဝတ္ထုကိုပြန်စဥ်းစားလိုက်သည်။
မင်အာရင်ဟာ ဟာထယ်ဟွန်း ဆီပစ်ကြွေသွားခဲ့တဲ့ကုသ သူတစ်ယောက်ဖြစ်ပြီး Requiem ကနေ Roheonဆီရွှေ့ပြောင်းသွားတဲ့သူဖြစ်သည်။ သူ့မှာ ရှားပါးကုသမှုစွမ်းရည်ရှိသည်။ ဘာလို့ရှားပါးလဲဆိုတော့ A rankဖြစ်လို့ပါဘဲ။ဒါကြောင့်ဘဲ ချွန်းဆာယောင်းကသူ့ဘက်မှာရှိနေဖို့ကြိုးစားခဲ့တာပါ။ ဒါပေမယ့် သူ့စိတ်ကိုအစကတည်းကဆုံးဖြတ်ပြီးသား မင်အာရင်ဟာ ပေးသမျှ အကျိုးအမြတ်တွေအကုန်ငြင်းခဲ့ပြီး ဟာထယ်ဟွန်း ကိုဘဲ ရှာဖို့သွားခဲ့တယ်။
မင်အာရင်နှင့် ဟာထယ်ဟွန်းတို့တွေ့ပြီး Roheon ဆီပြောင်းသွားတဲ့ အချိန်ဟာ ဝတ္ထု အလယ်လောက်မှာပါ။ သူမကအခု ဟာထယ်ဟွန်းကိုမသိသေးပါ။
A rank ကုသသူ မင်အာရင်။ ငါအတွေးထဲမှာမျောသွားခဲ့ပြီး မှန်ထဲကိုအကြာကြီးကြည့်နေခဲ့မိတယ်။
______________________________________________
T/N ကိုယ်နာမည်လေးကို Eကနေ Myanလိုပြောင်းရေးထားပါတယ်နော်။ နောက်ပိုင်းကျ မြန်မာလိုဘဲဆက်ပြီးရေးသွားတော့မှာပါ။
mc -Han yi gyeol —-ဟန်ရီဂျွန်း
မူရင်းml- Ha tae heon ——ဟာထယ်ဟွန်း
villain Cheon sa yeon —-ချောင်းဆာယွန်း
နောက်ပိုင်း ကျရင်ပြင်ထားတဲ့နာမည်ကိုပါတဲ့အပိုင်းကျမှထပ်ပြောပေးမယ်နော်။ နာမည်ပြန်ထားတာမှားနေခဲ့သည်ရှိသော် လာပြောပေးကြပါ။ ကိုယ်တွေကkစာဆိုလုံးဝ မကျွမ်းပါဘူး။ eကနေပြန်တာပါ။ နာမည်ပြန်မှားရင်ကိုယ့်အပြစ်ပါ။ အမှန်လာပြင်ပေး ပြောပေးကြပါနော်။