Chapter 1
မှိန်ပြပြခန်းမထဲတွင် အတန်းလိုက်စီထားတဲ့ကွန်ပျူတာတစ်ချို့ဆီက အလင်းရောင်ရှိနေခဲ့သည်။အလင်းဖျော့ဖျော့လေးတွေ အရောင်ဟပ်နေတဲ့မျက်နှာလေးတွေက ငယ်ရွယ်မှုနဲ့ တက်ကြွမှုတွေအစား ကိုယ့်အုတ်ဂူထဲကို ကိုယ်တိုင်ခြေလှမ်းပြီးဝင်ခဲ့သူတွေလို မကောင်းတဲ့အငွေ့အသက်တစ်ချို့နဲ့ အသက်အရွယ်နှင့် မလိုက်သည့်တည်ငြိမ်မှုတစ်ချို့ ရှိနေ၏။
စုန့်ဖေးလည်း ထိုအုပ်စုထဲတစ်ယောက်အပါအဝင်ဖြစ်ပေမယ့် သူ့လို ဆိုရှယ်လစ်လက်ခံသူရဲ့အမြင်မှာတော့ ဒီရလဒ်အားလုံးဟာ အင်တာနက်ကဖေးဆိုင်ရဲ့ အမှားဖြစ်သည်။
မှိုတက်နေတဲ့ လည်သာထိုင်ခုံ ၊မူရင်းအရောင်ကိုတောင်ခန့်မှန်းလို့မရတော့သည့် ကွန်ပျူတာစားပွဲနဲ့ ဖုန်တွေကပ်ညှိနေတဲ့ အနက်ရောင်ကီးဘုတ်၊ပြီးတော့ အသုံးမဝင်တော့တဲ့ mouse တို့ရဲ့အရောင်အဝါက ဖန့်အန်းလူဝင်စားပြီး ဒီမှာလာထိုင်နေရင်တောင် သူ့ရဲ့အရှိန်အဝါကို လူသေလိုဖြစ်သွားစေမှာအသေအချာပင်။
(ဖန့်အန်းက တရုတ်ပြည်ရဲ့ရာဇဝင်မှာ အချောဆုံးယောက်ျားလေး လေးယောက်ထဲက တစ်ယောက်ပါ)
စမတ်ဖုန်းခေတ်မှာ ကြံ့ကြံ့ခံနေတဲ့ အင်တာနက်ကဖေးဆိုင်ဟာ အနည်းငယ်သံသယဝင်စရာကောင်းနေပြီး ဒီထဲဝင်လာတိုင်း စုန့်ဖေးရဲ့စိတ်ထဲမှာ သုံးတန်းကျောင်းသားဘဝကို ပြန်ရောက်သွားသလိုပင်။ အဖေနဲ့အမေ မသိအောင်ခိုးထွက်ပြီး ဂိမ်းဆော့ခဲ့တဲ့အချိန်တွေ၊ အရိုက်ခံရတဲ့အချိန်တွေကိုသတိရပေမယ့် သူအဲ့တုန်းက ဆော့ခဲ့တဲ့ အင်တာနက်ကဖေးကတောင် ဒီထက်အများကြီးခေတ်မှီီဦးမည်။
ဒီခေတ်ကြီးမှာ ဘယ်သူမှအင်တာနက်ကဖေးမသွားကြတော့ပေမယ့် လောလောဆယ်ဒီဆိုင်မှာလူစည်နေရတာက သူတို့ကျောင်းကလျှပ်စစ်ဖြတ်တောက်လိုက်ချိန်တွေမှာ မိုဘိုင်းဒေတာအစား ဒီက ဝိုင်ဖိုင်ကိုသာ လာသုံးကြတာကြောင့်ပင်။ သူကြည့်ချင်တဲ့ live အစီအစဥ်တွေ ဘာတွေရှိရင်တော့ ဒီနေရာကိုပဲ လာသုံးရသည်။
“အေးစက်တဲ့ညတွေမှာ ငါမင်းရဲ့ငယ်ရွယ်တဲ့ပုံကို အိပ်မက်မက်တယ်….နှစ်ပေါင်းထောင်ချီကြာသွားရင်တောင်….မင်းကိုဘယ်သူက သီချင်းတွေဆိုဖို့ အနောက်အရပ်ကိုသွားတဲ့လမ်းတစ်လျှောက်အဖော်ပြုပေးမှာလဲ”
အမျိုးသားရော့ခ်အဆိုတော်ရဲ့ခြောက်ကပ်ကပ်နဲ့ ကြမ်းရှတဲ့သီချင်းဆိုသံက ရုတ်တရက်ပျံ့လွင့်လာကာ ခန်းမထဲကလူတွေကို တပ်လှန့်လိုက်၏။ဒါဟာ သူ့ရဲ့ ringtone သံမှန်းသိတဲ့ စုန့်ဖေးကိုယ်တိုင်တောင် အနည်းငယ် ကြောင်သွားပြီးမှ ခေါ်ဆိုသူအမည်ကို ကြည့်လိုက်တော့ ဝမ်ချင်းယွမ်ပင်။
“ဘာကိစ္စတုန်း”
အခန်းဖော်ရော သူငယ်ချင်းပါဖြစ်တာကြောင့် စုန့်ဖေးက ဒီကောင်ဟာ အကြောင်းမဲ့ဖုန်းခေါ်တတ်တဲ့ကောင်မဟုတ်ကြောင်း သိနေ၏။
“မြန်မြန်ပြန်လာခဲ့ အခန်းတွေစစ်မလို့တဲ့” ဝမ်ချင်းယွမ်က ဆိုသည် ။
စုန့်ဖေးသူ့ရဲ့နာရီကိုကြည့်လိုက်ပြီးနောက် “သောက် … ဆယ်နာရီတောင်ရှိနေပြီကို”
“ဒီအချိန် ဝင်စစ်တာကွက်တိပဲလေ။အပြင်ထွက်သွားတဲ့ကောင်တွေက ပြန်လာနိုင်မှာမဟုတ်ဘူး”
“သောက်ဂွပဲ”
သူတို့က ဘယ်ခုနှစ်မှာနေနေတာမို့ အခန်းတွေစစ်နေရတာလဲ။ ပြီးတော့ ဒီတစ်နှစ်လုံး ပထမဆုံးအကြိမ် သူအပြင်ထွက်တော့မှပဲ စစ်ရလား။စနိုက်ပါနဲ့ချိန်ပစ်ရင်တောင် လွဲဦးမယ်။
စုန့်ဖေးလည်း အချိန်မဆွဲပဲ မြန်မြန်ထွက်လာခဲ့သည်။ ဒီအချိန်မှာ အကြံပေးတွေဆီက မှတ်ချက်အရေးခံလိုက်ရရင် နောက်နှစ်တွေမှာ သူ ငိုစရာနေရာတောင်မရှိ ဖြစ်သွားလိမ့်မည်။
စုန့်ဖေးရဲ့တက္ကသိုလ်က မြို့ပြင်မှာရှိတာကြောင့် မြို့ထဲနဲ့ ကီလိုနှစ်ဆယ်သုံးဆယ်လောက်ဝေး၏။ အရင်တုန်းက တောသာသာအရပ်ပေမယ့် မြို့တွေချဲ့ထွင်ရာမှ တက္ကသိုလ်ကျောင်းဝန်းတွေပေါ်ပေါက်လာတာပင်။ လူစည်ကားတဲ့တက္ကသိုလ်ဝန်းတွေလို့ပြောလို့ရပေမယ့် တစ်ကယ်တမ်းတော့ ဝေးလံခေါင်ဖျားနေတုန်းပင်ဖြစ်သည်။
အထူးသဖြင့် စုန့်ဖေးတို့ကျောင်းဝန်းက အစွန်ဖက်အကျဆုံးဖြစ်ပြီး တစ်ခြားကျောင်းဝန်းတွေနဲ့တောင် လေးမှတ်တိုင်လောက်ဝေး၏။ အပြင်ဖက်ဝန်းကျင်မှာ စျေးဆိုင်နည်းနည်းသာရှိပြီး တစ်ကယ်ကို ပျော်စရာမကောင်းပေ။
စုန့်ဖေးသွားခဲ့တဲ့ အင်တာနက်ဆိုင်က အနီးအနားမှာဖြစ်တာကြောင့် လမ်းမကြီးကိုဖြတ်လာပြီးနောက် ကျောင်းဝန်းတံခါးကို ကျော်ဖြတ်လာခဲ့သည်။
မြို့လယ်ခေါင်မြေကွက်တွေက ရွှေလိုတန်ဖိုးရှိတာမို့ ကပ်ကပ်သပ်သပ်ရှိလှပေမယ့် သူတို့ဖက်မှာတော့ ကျယ်ချင်တိုင်းကျယ်နေခဲ့သည်။တာဝေးပြေးတာမျိုး လေ့ကျင့်ချင်ရင် ကစားကွင်းကိုပတ်ပြေးနေစရာမလိုပဲ ကျောင်းဂိတ်ကနေ အဆောင်တွေဆီ ပြေးလာရုံဖြင့် အိပ်မက်တွေပြည့်ဝလာမှာပင်။
“ဒီ…. ဒါ”
ဝီချက် အသံမည်လာတာမို့ ကြည့်လိုက်တော့ အသံမက်ဆေ့ချ်ဖြစ်နေတာကြောင့် ဟောဟဲလိုက်နေတဲ့ စုန့်ဖေးလည်း ဖွင့်ပြီးနားထောင်လိုက်သည်။ ထပ်ပြီး ဝမ်ချင်းယွမ်ပင်။
“ဘယ်ရောက်ပြီလဲ ၊ကျောင်းသားသမဂ္ဂနဲ့ ဌာနဆိုင်ရာတွေပေါင်းထားတာ ပေါ့သေးသေးမဟုတ်ဘူးနော်”
“ရူပဗေဒ အဆောင်ကျော်နေပြီ။ ဟူး….ငါ့ကိုခနလောက်ကာပြောထားပေးပါဦး ခနပဲ”
သူ့လက်မကိုလွှတ်လိုက်တော့ ဝှစ်ဆိုတဲ့အသံနဲ့အတူ မက်ဆေ့ချ်ရောက်သွားခဲ့သည် ။
၇ မိနစ်ခန့်အကြာမှာတော့ အမျိုးသားဆောင်ရဲ့ ဒုတိယထပ်က အခန်း440 ကို သူရောက်လာခဲ့ပေမယ့် စစ်ဆေးသူတွေက ရောက်နှင့်ကာ သူ့ကိုစောင့်နေကြပြီဖြစ်သည်။
“စုန့်ဖေး ပြန်ရောက်ပြီလား”
အိပ်ခန်းရဲ့အလယ်က သမိုင်းနဲ့ယဥ်ကျေးမှုမေဂျာရဲ့အကြံပေး ဆရာကျားက ပြုံးပြီးစောင့်နေခဲ့သည်။
“ကောင်းသောညနေခင်းပါ ဆရာကျား”
အဆောင်ခန်းရဲ့တံခါးဝမှာရပ်နေတဲ့ စုန့်ထုံရွှယ်ဆိုတဲ့ ခရီးသွားစီမံခန့်ခွဲရေး ပရိုဂရမ်ကိုတာဝန်ယူထားတဲ့ကောင်ကတော့ စိတ်လှုပ်ရှားမှုကိုဖုံးမနိုင်ဖိမရပင်။
အကြံပေးနဲ့ကျောင်းသားတို့အချင်းချင်းအပြန်အလှန်ကြည့်ပြီးနောက် “မင်းဘယ်သွားနေတာလဲ” ဆိုတဲ့မေးခွန်းက သူ့ဆီရောက်လာသည်။
“သန့်စင်ခန်းပါ”
မဆိုင်းမတွအဖြေကြောင့် သူ့အခန်းဖော်တွေက စိတ်ပျက်လက်ပျက်ဖြစ်သွားကြကာ သူ့ရဲ့ရင်ဘတ်ကလည်း တဖြည်းဖြည်းလေးလံလာသလိုပင် ။
ဆရာကျား မခို့တရို့ပြုံးရင်းဆက်ပြောလိုက်တာက “မင်းသူငယ်ချင်းသုံးယောက်က မင်းခေါက်ဆွဲပြုတ်စားချင်နေတုန်း တိုက်တိုက်ဆိုင်ဆိုင် ရေနွေးပြတ်နေလို့ အပေါ်ထပ်က သူငယ်ချင်းဆီက သွားယူတယ်ပြောထားတာ။ ပြီးတော့ သူတို့က မင်းသွားတဲ့အခန်းနံပါတ်ကိုမသိလို့ မင်းကိုလည်းမခေါ်ပေးနိုင်ဘူး။မင်းကရေနွေးပဲသွားယူတာမို့ ဖုန်းလည်းမယူသွားဘူးတဲ့လေ”
စုန့်ဖေးလည်း တံတွေးတစ်ချက်မျိုချလိုက်သည်။
“အကြောင်းတွေက တော်တော်တိုက်ဆိုင်သွားတာ”
ဆရာကျားက သူ့ကိုရှုံ့ချသလိုကြည့်လိုက်ရင်း သူအကြံပေးဖြစ်လာတာ အာပလာမဟုတ်ဘူး၊ဒီလိုပွဲမျိုးတွေနွှဲလာတာမနည်းတော့ဘူးဆိုတဲ့မျက်နှာပေးမျိုးလုပ်နေခဲ့သည်။
စုန့်ဖေးလည်း ဖြစ်သမျှအကြောင်း အကောင်းလို့တွေးကာ ဟဲဟဲ တစ်ချက်သာ ပြန်ရယ်ပြနိုင်တော့သည်။
ဆရာကျားက သူ့ကိုအဖက်မလုပ်တော့ပဲ အခန်းအပြင်ထွက်သွားကာ ကျန်တဲ့စစ်ဆေးသူတွေကို ခေါ်လိုက်သည်။
“ထုံရွှယ်ရေ သမိုင်းဌာန အခန်း 440 က အိမ်သာသွားတဲ့ကောင်ပြန်လာပြီ ”
ကျောင်းသားရေးသမဂ္ဂက ကျန်တဲ့လေးယောက် စာအုပ်တွေဘောပင်တွေနဲ့ရောက်လာတော့ စုန့်ဖေးက ရေတစ်ခွက်ခပ်သောက်နေတာဖြစ်ပြီး သူ့ရဲ့သောက်လက်စရေပင် သီးသွားရသည် ။
ဆရာကျားကိုယ်တိုင်ပင် လန့်သွားပြီးနောက် သူ့ကို ပြင်းထန်စွာ ဆူတော့သည်။
“ရေတောင် ဖြောင့်ဖြောင့်မသောက်နိုင်ဘူးလားကွ”
စုန့်ဖေးလည်း အရှက်ရသွားတာကြောင့် ရေခွက်ကိုပြန်ချလိုက်ပေမယ့် သူ့ကိုစိုက်ကြည့်နေတဲ့ ချီယန်ရဲ့မျက်လုံးတွေကိုခံစားလို့ရနေခဲ့သည်။ သာမန်အချိန်ဆို ပြန်စိုက်ကြည့်လိုက်မှာပေမယ့် လောလောဆယ်အခြေအနေမှာတော့ သူက အပြစ်လုပ်ထားတဲ့သူဖြစ်ပြီး ဟိုကောင်က ကျောင်းသားသမဂ္ဂရဲ့ ကျောထောက်နောက်ခံဆိုတော့ အနီရောင်လက်မောင်းစီးနဲ့ထိုကောင်က အသာစီးရနေတယ်မဟုတ်လား။
ချီးပဲ ဒီကောင် ကျောင်းသားသမဂ္ဂကဆိုတာ ဘယ်လိုတောင်မေ့သွားရတာလဲ။
စုန့်ဖေး ကိုယ့်ဘာသာရေရွတ်နေတုန်း လူစစ်ခြင်းအမှုက ပြီးစီးသွားပြီဖြစ်သည်။ ပုံမှန်ဆို ၃စက္ကန့် – ၅စက္ကန့်လောက်သာကြာတတ်တဲ့ လူစစ်ခြင်းကလည်း သူတို့အလှည့်ကျမှ ကြာနေသလိုပင်။ အခြားစစ်ဆေးသူ သုံးယောက်က မျက်နှာလွှဲလိုက်ပြီဖြစ်ပေမယ့် ချီယန်က မပြီးပြတ်နိုင်သေးပါ။
ဆရာကျားကပါ နားမလည်တဲ့ပုံစံဖြင့် “တစ်ခုခုရှိသေးလို့လား” ဟု မေးလာသည် ။
ချီယန်မှာက ဖြောင့်တန်းတဲ့မျက်ခုံးတွေနဲ့တောက်ပတဲ့မျက်လုံးတွေရှိတာကြောင့် သူပြုံးလိုက်ရင် ကြည့်ကောင်းကာ နွေးထွေးတာမို့ လူတိုင်းက အကောင်းမြင်ကြသည်။ ဥပမာပြောရရင် အခု ဆရာကျားလိုပင်။
“ဆရာကျား ကျွန်တော်တို့ လျှပ်စစ်အသုံးပြုမှုကိုရော မစစ်တော့ဘူးလား”
ချီယန်က အလိမ္မာသုံးပြီး မစစ်တော့ဘူးလားလို့ မေးလိုက်ပေမယ့် စစ်ကြမယ်ဆိုတဲ့သဘောပင်။
ဆရာကျားကလည်း လွယ်လွယ်ကူကူပင် သဘောတူလိုက်ပြီး သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒါပေါ့ ၊ လျှပ်စစ်ကိုလိုတာထက်ပိုမသုံးဖို့စည်းကမ်းတွေထုတ်ထားတာ စစ်ဖို့လိုတယ် စစ်ကြ”
ထို့နောက်တော့ ကိုယ်တိုင်ကိုယ်ကျပင် တက်ကြွစွာ စစ်ဆေးဖို့ပြင်တာကြောင့် ချီယန်က သူ့နောက်က တိတ်ဆိတ်စွာလိုက်ပါလာခဲ့သည်။
440 က လူအားလုံးကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အသံတိတ်ဆက်သွယ်နေကြသည်။ သူတို့ထဲက သုံးယောက်က ခုနကပဲ အကြံကောင်းတွေ ထုတ်ခဲ့တာမဟုတ်လား။
သူတို့ရဲ့အဆောင်ခန်းလေးက နှစ်မိနစ်ထက်ပိုပြီးစစ်ဆေးစရာမရှိပေ။ ဆရာကျားက စစ်ဆေးမှုကို လက်ဗလာနဲ့အဆုံးသတ်လိုက်ပြီး ကျေနပ်သွားပုံရသည်။ သို့သော် ချီယန်ကတော့ စုန့်ဖေးရဲ့စားပွဲနားမှာရပ်လိုက်ရင်း တစ်ခုခုကိုတွေးနေပုံပင်။
“ထူးဆန်းလိုက်တာ လက်ပ်တော့က ဒီမှာရှိပြီးသားကို လက်ပ်တော့ case ကို ဘာလို့ သပ်သပ်ထားထားတာလဲ”
ဆရာကျားလည်း ဘာပြောရမှန်းမသိတာကြော င့် နှုတ်ဆိတ်နေနေသည် ။
ချီယန်က ငုတ်တုတ်ထိုင်ချလိုက်ပြီး လက်ပ်တော့ case ကိုဆွဲထုတ်လိုက်ကာ စုန့်ဖေးရဲ့ မျက်နှာအမူအရာကို သတိမထားမိသလိုပင် အထဲက ပစ္စည်းတွေကို ဆွဲထုတ်လိုက်သည်။
ဆရာကျားရဲ့မျက်လုံးတွေပြူးကျယ်သွားပုံမှာ ချီယန်ဖွင့်လိုက်တာက သာမန်သေတ္တာတစ်ခုမဟုတ်ပဲ ဂြိုဟ်သားတစ်ကောင်လိုပင်။
အကယ်၍သာ ဒီထဲမှာ mother board ၊ လျှပ်စစ်ပန်ကာ နဲ့ RAM stick လိုသာမန်ပစ္စည်းတွေရှိခဲ့ပါက သူတို့သက်သာရာရနိုင်သေးသည်။ သို့သော် ထွက်လာတာက အပူပေးစက် ၂ လုံး ၊ ထမင်းပေါင်းအိုး ၂လုံးနဲ့ ဆံပင်အခြောက်ခံစက်တို့ဖြစ်နေတာကြောင့် စုန့်ဖေးတစ်ယောက် မတ်တပ်တောင်မရပ်နိုင်တော့ပေ။
“စုန့်ဖေး!!!!”
“ဆရာကျား!!!!!”
အင်မတန်ပြောင်မြောက်တဲ့အမူအရာနဲ့ ပေါင်ကြီးကိုပြေးဖက်လိုက်ပေမယ့် ဆရာကျားက သူ့ကို ဘေးဖက်ကို ကန်လိုက်ပြီဖြစ်သည်။ ထို့နောက်တော့ ချီယန်ရဲ့စာအုပ်ထဲမှာ “440 တားမြစ်ပစ္စည်း ၆ ခုလက်ဝယ်ရှိ”ဆိုပြီး နာမည်ပါသွားတော့သည်။
စုန့်ဖေးလည်း ထိုစာမျက်နှာကို ပေါက်ထွက်မတတ်စိုက်ကြည့်ရင်း သူ့လက်မှတ်ကိုထိုးပေးလိုက်သည်။
တက္ကသိုလ်မှာ လျှပ်စစ်ပစ္စည်းတွေခိုးသုံးတာက ရည်းစားထားတာလိုပင် ပုံမှန်အမှုသာဖြစ်တာကြောင့် ပစ္စည်းသိမ်းခံရတာကလွဲရင် ဘာမှမဖြစ်နိုင်ပေ။
သို့သော် 440 အဖွဲ့သားတွေမှာ စစ်ဆေးရေးတွေက သူတို့ရဲ့ပလန်ကို ဘယ်လိုသိသွားကြလဲဆိုတာစဥ်းစားမရနိုင်ခဲ့ပအ။
ဒီကိစ္စက စုန့်ဖေးရဲ့စားပွဲစီမှာ မိတာဆိုပေမယ့် စုန့်ဖေးပိုင်ပစ္စည်းက အပူပေးစက်သာပါဝင်ပြီး ကျန်တာက သူတို့ဟာတွေပင်။ အထူးသဖြင့် နိုင်ငံခြားဖြစ် ဆံပင်အခြောက်ခံစက်ပိုင်ရှင် ရွမ်ကျဲ ၊ သူ့နှလုံးက သွေးထွက်နေပြီ။
“ဘယ်လိုတောင် သူကသိသွားရတာလဲ တစ်ချက်ကြည့်ရုံနဲ့တင် … အား”
“အတော်ထူးဆန်းတယ်”
ရှန်းယန်ကလည်း ဝင်ထောက်ခံသည်။ ဝမ်ချင်းယွမ်ကတော့ စုန့်ဖေးကိုသာလှမ်းကြည့်နေပြီး တစ်ခွန်းမှတော့မဟပေ။
စုန့်ဖေးလည်း အံကိုကြိတ်ရင်း သွားတွေကျိုးတော့မတတ်ပင်။ ဆယ့်တစ်နာရီမီးပိတ်ချိန်အထိသည်းခံပြီးနောက် သူ့ရဲ့အိပ်ရာပေါ်တက်လာပြီး wechat ကိုဖွင့်လိုက်ကာ ဒေါသတကြီး စာစရိုက်တော့သည် ။
[မင်းမှာ လုပ်စရာ သောက်လုပ်မရှိလို့လား!!!!!!!!]
အသုံးပြုထားတဲ့ !!!! ပမာဏက အခုပဲ ချီယန်ရဲ့ဘိုးဘေးတွေကို ပြေးတွေ့ချင်နေတဲ့ စုန့်ဖေးရဲ့ဒေါသကိုဖော်ပြဖို့ မလုံလောက်သေးပေ။
ဟိုဖက်ကလည်း မြန်မြန်ပဲ တုံ့ပြန်လာခဲ့သည်။
[သမဂ္ဂအဖွဲ့ဝင်တွေက ကိုယ့်ခန္ဓာကို ကိုယ်မပိုင်ဘူး]
[သွားသေလိုက် ၊ မင်းက အငြိုးသေးသေးလေးအတွက်နဲ့ အာဏာကို အလွဲသုံးစားလုပ်နေတာ]
[ငါတို့ကြားမှာ အငြိုးရှိတာလား]
ထိုစာကြောင်းကိုကြည့်ပြီး စုန့်ဖေးမှာ အားအင်ကုန်ခမ်းသွားတော့သည်။
သူတို့ကြားမှာ အငြိုးရှိတာလား ?? သူကိုယ်တိုင်ပင် မသေချာပါ။ သူတို့ရဲ့ရည်းစားသက်တမ်းက ဘယ်လောက်မှမကြာပေမယ့် အရမ်းလည်းမကောင်းခဲ့ပေ။ များသောအားဖြင့် စိတ်ခံစားချက်ပြင်းပြင်းထန်ထန်နဲ့ ပူနွေးတဲ့အချိန်တွေကတော့ အမှတ်ရစရာပင်။တခါတရံတော့ အိပ်ယာပေါ်မှာလှဲရင်း တီတီတာတာပြောတဲ့ အချိန်မျိုးရှိခဲ့ပြီး အဲ့အချိန်တွေမှာ သူ့ရဲ့တားမြစ်လျှပ်စစ်ပစ္စည်းတွေဖွက်ထားတဲ့နေရာကို ပြောမိခဲ့ပုံပင်။ နောက်ပိုင်း wechat ကနေသာ လမ်းခွဲစကားပြောခဲ့ကြပေမယ့် ကန်တင်းမှာတွေ့ရင်တောင် ခေါင်းငြိမ့်နှုတ်ဆက်တဲ့ ဆက်ဆံရေးရှိနေတုန်းမို့ သဟဇာတဖြစ်ခဲ့တယ်လို့ ပြောရမှာပင်။
ဒီနေ့မှာတော့ ဒါတွေအားလုံးက ပြောင်းလဲသွားပြီး ဒီအပူပေးစက်ရဲ့သွေးကြွေးကို သူသေချာပေါက်ပြန်ဆပ်မှာ ဖြစ်သည်။
စုန့်ဖေးရဲ့ဖုန်းက ရုတ်တရက်ထပ်မြည်လာတာကြောင့် ချီယန် သူ့ကိုရန်ထပ်စတာလို့ ထင်လိုက်ပေမယ့် သူ့အခန်းဖော် ဝမ်ချင်းယွမ်ဖြစ်နေ၏။
[အဲ့တာ သူလား]
ဝမ်ချင်းယွမ်က သူအဖြောင့်မဟုတ်တာကိုသိထားတဲ့ တစ်ဦးထဲသော အခန်းဖော်ဖြစ်တာကြောင့် သူလက်တလော ကျောင်းက ကောင်တစ်ကောင်နဲ့ ဒိတ်ခဲ့ဖူးတာကို သိနေသည်။
သို့သော် အသေးစိတ်ကို သူကလည်းမပြောဖူးသလို ဝမ်ချင်းယွမ်ကလည်း မမေးပေ။ဝမ်ချင်းယွမ်သိတာဆိုလို့ သူတို့က ခနလေးတွဲလိုက်ပြီးနောက် ပြတ်သွားတယ်ဆိုတာပင်။ တခြားသူတွေအတွက် ဆက်စပ်မိဖို့မလွယ်ပေမယ့် ဝမ်ချင်းယွမ်ကတော့ သဘောပေါက်သွားပြီမို့ သူ့ရဲ့အရည်အချင်းကို စုန့်ဖေးပင် မနာလိုအားကျသွားရသည်။
[ချောတယ်နော် ဒီကောင်]
[ချောတာ ဘာသောက်သုံးကျမှာလဲ စားလို့မှမရတာ]
[အဲ့တာဆို မင်းအရင်က အဲ့ကောင်ကို ဘာကြည့်ကြိုက်ခဲ့တာတုန်း]
[နှလုံးသား ကြီးလို့]
[…]
ရောက်လာတဲ့ … ကိုကြည့်ပြီး စုန့်ဖေး နားမလည်နိုင်ဖြစ်သွားရသည်။သူဆိုလိုတာပဲ မရှင်းလို့လား။ သူပြောချင်တဲ့ နှလုံးသားကြီးတယ်ဆိုတာက ရက်ရောတာမျိုးမဟုတ်ပဲ သူ့ထက်ရင့်ကျက်ပြီး နားလည်နိုင်စွမ်းကြီးတာကိုဆိုလိုချင်တာပါ။ (နောက်ပိုင်းမှ ဒါတွေက အပေါ်ယံပဲဆိုတာသိလိုက်ပေမယ့်ပေါ့)
သက်ပြင်းတစ်ချက်ချရင်း စုန့်ဖေး သူ့ရဲ့ဖုန်းကို ထပ်ကြည့်လိုက်ကာ ဖြေရှင်းချက်ပေးဖို့ပြင်လိုက်ပေမယ့် နောက်ထပ်မက်ဆေ့ချ်တစ်ခုကဝင်လာ၏။
[ငါပင်ပန်းလို့ အိပ်တော့မယ်]
ဒါက စကားကိုလက်စသတ်လိုက်တဲ့သဘောပဲ ။ စုန့်ဖေး သူ့ရဲ့နှုတ်ခမ်းတွေကိုစေ့ရင်း အရေးမပါဘူးလို့သာ သဘောထားလိုက်သည်။ ပြီးပြီးသားတွေပဲမို့ သူ့မှာ ချီယန်နဲ့ပက်သက်ပြီး ပြောစရာမရှိတော့မို့ ဝမ်ချင်းယွမ်ကိုလည်း ဘာမှမပြောချင်….. ခနနေပါဦး ။
စုန့်ဖေး သူ့ရဲ့ဖုန်းကို သေချာအနီးကပ်ကြည့်လိုက်တော့ သူ့ရဲ့စာရိုက်မှုအလွဲကြောင့် ဝမ်ချင်းယွမ်ကိုပို့ထားတဲ့ [နှလုံးသားကြီးလို့] ဆိုတဲ့နေရာမှာ [နှလုံးသား] က ပါမသွားခဲ့ပေ။
[အဲ့တာဆို မင်းအရင်က အဲ့ကောင်ကို ဘာကြည့်ကြိုက်ခဲ့တာတုန်း]
[ကြီးလို့]
[…]
[ငါပင်ပန်းလို့ အိပ်တော့မယ်] ဟူ၍ဖြစ်နေသည်။
ခနနေပါဦး မအိပ်ပါနဲ့ဦး……
ဖြေရှင်းတာကို နားထောင်သွားပါဦး အား !!!!
[ စာရေးသူရဲ့အကျဥ်းချုပ်
အခန်းလုံခြုံရေးက အရေးကြီးတာမို့ လျှပ်စစ်ပစ္စည်းတွေ ခိုးသုံးရင် ညှာတာမှုမရှိစေရ]