Chapter 10
အသက်ခပ်ပြင်းပြင်းရှူလိုက်ပြီး စုန့်ဖေးသည်တစ်ပတ်လှည့်ပြီး လှေကားကိုကြည့်လိုက်သည်။သူက စတုတ္ထထပ်တွင်နေပြီး အောက်ဘက်ဧရိယာ၏ မြင်ကွင်းကျယ်ရှုခင်းတစ်ခုကို ပေးစွမ်းသော လသာဆောင်ပေါ်မှာ စံစားနေ၏။
ကွင်းပြင်ကျယ်လို ညက်ညက်ကြေနေခြင်း မဖြစ်ပေ။ သူ့လိုပင် များစွာသောကျောင်းသားများသည် သူတို့အဆောင်ခန်းထဲ ဝင်ပုန်းကြမည်ကို သူ သေချာသိသည်။ သည်အချိန်၌ အဆောင်အောက်ခြေတွင် ဇီဝပြောင်းသူများ ဆယ်ယောက်နီးနီးရှိနေ၏။
စုန့်ဖေးက ၎င်းတို့ကို ကျောင်းသားများဟု မခေါ်ချင်ပေ။ ထိုအရာများသည် လုံးဝသေချာပေါက် အတန်းဖော်များမဟုတ်ချေ။ တခြားဇီဝပြောင်းသူများ တစ်နေရာရောက်သွားပြီလား သို့မဟုတ် အဆောင်အဆောက်အဦးထဲမှာ ခိုအောင်းနေကြသလားဆိုသည်ကို သူ မသိပေ။ ယင်းတို့သာလျှင် အခုချိန်၌ သူ မြင်နိုင်သော အရာများဖြစ်နေသည်။
သူတို့သည် သုံးယောက် သို့မဟုတ် ငါးယောက်တစ်ဖွဲ့ရှိပြီး တကယ့် အပေါ်ထပ်ရှုထောင့်ကကြည့်လျှင် “လူအုပ်စုတစ်စု အတူတကွစုဝေးခြင်း” ဟုသာ မြင်နိုင်ပေသည်။
သို့သော် တခြားကောင်များသည် ဖမ်းမိထားသော ကျောင်းသားများအား တိုက်ခိုက်နေစဉ် သူတို့ထဲမှတချို့မှာ သည်ကိုပြေးပြန်လာရာ၌ နောက်ကျကျန်ခဲ့သည့် ကျောင်းသားများကိုကိုက်ထားသူတွေမှန်း စုန့်ဖေးသိသည်။
“ဒီစိတ်ကသိကအောက်ဖြစ်စရာအားလုံးက ဘာတွေလဲ…”
သူနှင့်မျက်စောင်းထိုး လသာဆောင်စတုတ္ထထပ်တွင် နုံးခွေနေသောအကြည့်၊ ဆံပင်ဖရိုဖရဲဖိုသီဖတ်သီ၊ စောင်ကိုပတ်လျက်ထွက်လာသူတစ်ဦးလည်း ရှိသည်။ ကြည့်လိုက်သည်နှင့် အိပ်ရာထခါစလူမှန်း သိသာနေ၏။
စုန့်ဖေးစကားပြောရန် ပြင်လိုက်စဉ်မှာပင်တစ်ဖက်လူသည် အသံများလာရာနောက်ကိုလိုက်ကြည့်နေပြီ ဖြစ်သည်။ ရလဒ်မှာတော့ သူ့စိတ်ဝိညာဉ်သည် ချက်ချင်းမြင့်တက်သွား၏။ သူသည် စောင်ဆက်မပတ်ထားတော့ပေ။ ထို့ပြင် ထပ်ပြီးလည်း သမ်းဝေမနေတော့ပေ။ ထိုနေရာကနေ အတွင်းခံလေးဝတ်ထားပြီး စိတ်လှုပ်ရှားစွာ အာမေဍိတ်သံပြုလိုက်၏။
“အိုင်းရိုး သေစမ်း၊ အုပ်စုဖွဲ့ရန်ဖြစ်နေကြတယ် ဟေး”
စုန့်ဖေးသည် သူ့နဖူးကိုကိုင်လိုက်သည်။ မျက်စောင်းထိုးမှ ပသာဒဖြစ်စရာမြင်ကွင်းကို ဆက်မကြည့်လိုတော့ပေ။
အောက်ထပ်တွင် ဇီဝပြောင်းတစ်ကောင်သည် လောလောဆယ် ထော့နင်းထော့နင်းနှင့် အဆောင်တံခါးကိုဖြတ်သန်းပြီး သူ့လမ်းသူလျှောက်လာသည့်အခါ စုန့်ဖေး ရုတ်တရက် အသိပြန်ဝင်လာ၏။ တဒင်္ဂစိတ်အာရုံကြောင့် သူ ကန်းသွားခြင်းဟုတ်မဟုတ်ကို ဂရုထားမနေတော့ဘဲ ပူပင်သောကကြီးစွာ မျက်စောင်းထိုးမှ အတွင်းခံဝတ် သူငယ်ချင်းကို လှမ်းအော်လိုက်သည်။
“ဘော်ဒါ တံခါးလော့ခ်ချထား”
အမျိုးသားဆောင်များတွင် တစ်ဦးတည်း အခန်းထဲရှိသောအချိန် တံခါးလော့ခ်ချရန် မေ့တတ်ကြသည်။ အများစုက တံခါးကိုပင် ကောင်းကောင်း မပိတ်ကြပေ။ တံခါးအားလုံးကို အချိန်ကုန်သက်သာစေရန် အမြဲလိုလို ဟထားကြလေသည်။ အကယ်၍ ဇီဝပြောင်းကောင်များသာ သူ့ကို စောက်ရမ်းမျက်စိကျသွားလျှင် မကြိုးစားရဘဲ သူ့ပေါ်ကို ခုန်တက်နိုင်ပေလိမ့်သည်။
အောက်ခံဘောင်းဘီဝတ် သူငယ်ချင်းသည် အပြစ်ကင်းစင်စွာ ဇဝေဇဝါဖြစ်နေသောပုံနှင့် ခေါင်းကိုစောင်းကာ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လာခဲ့သည်။
စုန့်ဖေးသည် တစ်စုံတစ်ယောက်က သူ့မျက်စိနှင့် ကိုယ်တိုင်မမြင်ဖူးပါလျှင် အချိန်တိုအတွင်းနားလည်အောင် ရှင်းပြရန် ခက်မှန်းသိနေသည်။ သူသည် စိုးရိမ်မှုကို ခံစားမိရုံဖြစ်နေ၏။ သူ့ပါးစပ်ကို ရုတ်တရက် ကြောက်လန့်တကြား အကျယ်ကြီးဟကာ “နောက်မှာ၊ မင်းနောက်မှာ၊ မင်းနောက်မှာသတိထား”
စုန့်ဖေး၏အော်ဟစ်သံက ပြင်းထန်လွန်းသွားခြင်းကြောင့် ဖြစ်နိုင်သည်။ အောက်ခံဘောင်းဘီဝတ်သူငယ်ချင်း ချက်ချင်းနောက်လှည့်လိုက်ရာ သူထံသို့ ခုန်လွှားလာသော တွဲလောင်းချကာ ယှက်ထားသောလက်မောင်းများရှိသည့် မရင်းနှီးသောကျောင်းသားတစ်ဦးကို တွေ့လိုက်ရသည်။
အောက်ခံဘောင်းဘီ-xiongသည် လက်တစ်ဖက်ကိုမြှောက်ပြီးနောက် တင်းကြပ်စွာ မလွတ်တမ်း စိတ်ပြတ်သားစွာ တစ်ဖက်သူ၏လက်မောင်းများကို ဖမ်းချုပ်လိုက်သည်။ တစ်ဖက်လူ၏အန္တရာယ်ပြုမည့် ထိုးစစ်ကို ဟန့်တားရန်အတွက် အကြွင်းမဲ့ သူ၏အားသန်မှုအပေါ် မှီခိုလိုက်သည်။
“f*ck me မင်းဘယ်သူလဲ။ အာ မင်းငါ့အခန်းထဲ ဘာလာလုပ်တာလဲ။ အဲ့ ငါ့ကိုမနမ်းနဲ့၊ မင်းနှာဘူးကောင် အာ__”
(Xiong – tongxue = အခန်းဖော်၊အဆောင်ဖော်၊အတန်းဖော်၊သူငယ်ချင်း)
ဇီဝပြောင်းကောင်များ၏ လက်မောင်းများကို ချုပ်ထိန်းထားပြီး သူ့ကိုကိုက်ရန် ကြိုးစားနေသောခေါင်းကို ရှေ့ဘက်ဆီ လည်ဆန့်ခိုင်းထားလိုက်သည်။ အောက်ခံဘောင်းဘီ – xiongသည် အပြည့်အဝ နားမလည်သေးသော်လည်း အန္တာရာယ်အငွေ့အသက်ကို အလိုအလျောက်ခုခံလိုက်ပြီး နောက်ဘက်ကို ရှောင်တိမ်းသလိုမျိုး ခါးကိုကော့ထားလိုက်သည်။ မကြာမီ အောက်ခံဘောင်းဘီဝတ်သူငယ်ချင်း၏ ခန္ဓာကိုယ်တစ်ဝက်သည် လသာဆောင်တွင် သာမန်အတိုင်း တွဲလောင်းဖြစ်နေ၏။
စုန့်ဖေး၏နှလုံးသည် လက်တွေ့ဆန်စွာ သူ့ရင်ဘတ်ထဲက ခုန်ထွက်တော့မလိုဖြစ်နေသည်။ သူ့ခေါင်းထဲ၌ အတွေးတစ်ခု ထွက်ပေါ်လာပြီး “ဘော်ဒါ ခေါင်းပေါ်ကို ကန်လိုက်”
အောက်ခံဘောင်းဘီသူငယ်ချင်းသည် တစ်စုံတစ်ဦးကို ထုရိုက်ခေါက်ရန် ဆန္ဒမရှိပေ။
“ငါ သူ့ကိုကန်ချရင် ငါလူသတ်သမားဖြစ်သွားမှာပေါ့”
“သေချာကြည့်လိုက် သူက လူသား လုံးဝမဟုတ်တော့ဘူး”
“…”
အောက်ခံဘောင်းဘီသူငယ်ချင်းသည် ရှည်ရှည်ဝေးဝေး စဉ်းစားရန် လက်လျှော့လိုက်သည်။
F*ck သူ နည်းနည်းပဲ အိပ်ခဲ့တာပါ၊ ရူးနှမ်းသွားတဲ့ ကမ္ဘာတစ်ခုမှာ နိုးထလာရတယ်။ သည်လိုအပြစ်ပေးမှုက ထိုက်တန်လို့လား။
စုန့်ဖေးသည် အလွန်ပူပင်သောကရောက်နေ၏။ သူ့ဆံပင်ကို ဆွဲဆုပ်နေမိသော်လည်း တစ်ဖက်လူ၏အခြေအနေကို ကိုယ်ချင်းစာမိပါသည်။ သူသာ မျက်စောင်းထိုးက သူငယ်ချင်းဖြစ်ခဲ့လျှင် “အိုး လက်စသတ်တော့ သူတို့က လူမဟုတ်ဘူးကိုး အာ” တစ်ခွန်းနှင့် အချိန်တိုအတွင်း အရာအားလုံးကို အလွယ်တကူလက်ခံရန် မဖြစ်နိုင်ပေ။ သူသာ ရူးမနေလျှင်ပေါ့။
အောက်ခံဘောင်းဘီသူငယ်ချင်းသည် ခန့်ညားထည်ဝါသော သို့မဟုတ် တုတ်ခိုင်သန်မာနေလွန်းပုံမရသော်လည်း မည်သည့်အားနည်းချက်မှ မရှိနေပါ။ လိပ်ခဲတည်းလည်းအခြေအနေတစ်ခုက ရှည်ကြာသွားသကဲ့သို့ ဇီဝပြောင်းကောင်သည် လုံးဝ သူ့ကို မကိုင်တွယ်နိုင်တော့ပေ။
စုန့်ဖေး၏မျက်လုံးတို့ လင်းလက်သွားပြီး ချက်ချင်း သူ့အပြောအဆိုကို ပြောင်းလဲလိုက်သည်။
“သူနဲ့ ထပ်ပြီး ရပ်မနေနဲ့တော့လေ၊ တွန်းထုတ်လိုက်၊ သူ့ကိုတွန်းထုတ်လိုက်ပြီး တံခါးကိုလော့ခ်ချထား”
သူပြောလိုက်သည့် အကြံပြုချက်က နောက်ဆုံးတွင် ဖြစ်နိုင်ခြေ တစ်ချို့ဖြစ်ပေါ်လာသည်။ အမှန်တွင် သည်အကြံပေးချက်သည် နည်းပညာ လုံးဝမပါပေ။ သို့ရာတွင် ရုတ်ခြည်း အခြေအနေကြောင့် မှင်တက်နေသော အောက်ခံဘောင်းဘီသူငယ်ချင်း မှတ်မိနိုင်လိုက်သည့် တစ်ခုတည်းသောအရာမှာ အခြေခံဖြစ်သည့် ဥပဒေကိုတော့ မချိုးဖောက်လိုပေ။
သို့သော် စုန့်ဖေး၏အကြံပေးချက်သည် အမှောင်ညထဲက မီးလင်းအိမ်ကဲ့သို့ သူ၏မှုန်မှိုင်းသောခရီးရှည်ကို မီးထိုးပေးလိုက်သလိုပင်။
တခြားစကားလုံးမပါဘဲ အောက်ခံဘောင်းဘီသူငယ်ချင်းသည် ရုတ်တရက် တစ်ဖက်သူ၏ခေါင်းနှင့် သူ့ခေါင်းကို ပြင်းထန်စွာ ဆောင့်ချလိုက်သည်။
ရှစ်ရာဆုံးရှုံးကျခံသော်လည်း တစ်ထောင်တန်အောင် ရန်သူကိုထိခိုက်စေသည့်နည်းလမ်းမှာ တကယ့်ကို သေဖို့အကြောက်တရားနည်းသူ ဘယ်သူလဲဆိုတာ ယှဉ်ပြိုင်ပွဲတစ်ခု ဖြစ်သည်။ အောက်ခံဘောင်းဘီသူငယ်ချင်းက အနိုင်ရလိုက်ကြောင်း မှန်ကန်ချက်များက သက်သေပြလိုက်သည်။
ဇီဝပြောင်းကောင်သည် ဘာနာကျင်မှုမှ မခံစားရသည်မှာ ဖြစ်ကောင်းဖြစ်နိုင်၏။ အဘယ်ကြောင့်ဆိုသော် သူ့ခံစားချက်သည် ဘယ်နည်းနဲ့မှ မပြောင်းလဲပေ။ သို့သော် သူကြုံတွေ့ခဲ့ရသော အားပြင်းမှုသည် အစစ်မှန်ဖြစ်ပြီး တစ်ပြိုင်တည်း နောက်သို့ ဒယိမ်းဒယိုင်ခြေလှမ်းမြောက်များစွာကို သိုင်းကွက်နင်းကာ ရောက်သွားခဲ့၏။
လသာဆောင်နောက်မှ အခန်းထဲသို့ တိုက်ရိုက်ဆုတ်ခွာလိုက်သည်။ အောက်ခံဘောင်းဘီသူငယ်ချင်းသည်လည်း နာကျင်မှုကို ခံစားကောင်း ခံစားရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှုံ့မဲ့မဲ့မျက်နှာကို ကြည့်လိုက်သည်နှင့် သနားကရုဏာသက်စေရန် လှုံ့ဆော်နေ၏။
သို့ရာတွင် သူ့ခန္ဓာကိုယ်သည် ခဏလေးတောင်မျှ တွန့်ဆုတ်မနေဘဲ တစ်ဖက်သူ၏ ရင်ဘတ်ကို အားကုန်ထည့်သုံးလျက် ပခုံးတစ်ဖက်နှင့် တစ်ဟုန်ထိုး ရက်စက်စွာ ဆောင့်နင်းလိုက်သည်။
ဇီဝပြောင်းကောင်သည် တဖြည်းဖြည်းပို၍ မတ်တတ်ပင် မရပ်နိုင်တော့ကာ နောက်သို့အမြန် ယိမ်းထိုးသွား၏။ နောက်ဆုံးတွင် ခုံတစ်လုံးကို တိုက်ချမိကာ မြေကြီးပေါ်ဝုန်းခနဲ မျက်နှာချင်းဆိုင်ကျ၍ လက်နှစ်ဖက်လုံးယက်ကန်ယက်ကန်ဖြစ်နေ၏။
စုန့်ဖေးသည် အောက်ခံဘောင်းဘီသူငယ်ချင်းက ခါးကုန်းထားလိုက်ဟန်ကို ရေးတေးတေးမြင်လိုက်ရပြီး အတွင်းဘက်အခြေအနေကို ထပ်မတွေ့နိုင်တော့ပေ။သူသည် စိုးရိမ်ပူပန်ကြီးစွာ အလောတကြီးအော်ဟစ်လိုက်သည်။
“သူ မင်းကို မကိုက်စေနဲ့။ ပြီးတော့ တခြားဘယ်သူ့မှပေးမဝင်နဲ့”
အဆုံးတွင် အောက်ခံဘောင်းဘီသူငယ်ချင်း၏ အဝတ်များမှာ ကိုင်ဆွဲခံထားရဟန်တူသည်။ သူ့ကိုဆွဲထုတ်စဉ်တွင် ဇီဝပြောင်းကောင်သည် ရုန်းကန်ချင်နေသေးပုံပေါ်သော်လည်း သည်လို ကူကယ်ရာမဲ့ပြီး မလှုပ်နိုင်ဖြစ်သောအနေအထားမျိုးက သူ၏တိုက်ခိုက်မှုအပေါ် အဟန့်အတားဖြစ်စေခဲ့သည်။
အဆုံးတွင် စုန့်ဖေးသည် ပြင်းထန်သောတံခါးပိတ်သံကို ကြားလိုက်ရ၏။
သူ့နှလုံးသားက ယခုချိန်မှာတော့ နေရာတကျပြန်ဖြစ်သွားလေပြီ။
မကြာမီ အောက်ခံဘောင်းဘီသူငယ်ချင်းသည် လသာဆောင်သို့ ပြန်လာခဲ့၏။ နာကျင်မှုထက် ထိတ်လန့်မှုက ပိုသော်လည်း ထိုမြင်ကွင်းကို ယခု ပြန်လှည့်ကြည့်ပါက မကြောက်မည့်သူ မရှိလောက်ပေ။
“ဘာလဲကွာ။ ငါတို့က တက္ကသိုလ်အိပ်ဆောင်မှာ ရှိနေတာလေ။ CET -4 နှင့် CET-6 စာမေးပွဲတွေ ဒီနေ့ရှိတယ်မလား။ စာမေးပွဲကို အများကြီးကျကြလို့ သူတို့တွေ ရူးသွားကြတာလား”
ဘယ်လိုပေါ့တန်သောအရာများ စိတ်ထဲဝင်လာပါစေ သူကပြောထုတ်တတ်ဟန်တူသည်။ သို့သော် တစ်ဖက်လူမှာ ဆိုးဆိုးရွားရွား တုန်လှုပ်သွားပြီး သူ့ကိုယ်သူ စိတ်အေးအောင် ကြိုးစားနေတာဖြစ်လိမ့်မည်။
စုန့်ဖေးလည်း နားလည်ပေသည်။ ထိုကြောင့် ယခုလေးတင် အိပ်မက်ဆိုးကိုကြုံတွေ့လိုက်သော တစ်ဖက်သူကို လွှတ်ထားလိုက်သည်။ သူလည်း ခုထိတိုင် ကျောင်းသားများက ရူးသွပ်ပြီးတခြားသူများကို လိုက်တိုက်ခိုက်သည့် မလျော်ကန်သော သည်လိုဇာတ်ကြောင်းမျိုးကို လက်သင့်မခံနိုင်သေးပါ။
အောက်ထပ်ရှိ ဗီဇပြောင်းကောင်များ ထွက်သွားပြီးနောက် ဆူဆူညံညံ ပျားပန်းခတ်မှုများမှ ငြိမ်းချမ်းမှုပြန်လည် ရရှိလာခဲ့သည်။ ပုံမှန်လူနေထိုင်လေ့ရှိသော ဧရိယာကဲ့သို့ပင် အလွန်ငြိမ်သက် အေးချမ်းပုံရနေသည်။ မည်သို့ဆိုစေ ပုံမှန်အားဖြင့် ပြည်သူပိုင်လူနေရပ်ကွက်မှာ စက္ကူစလေးတစ်ခုရှိလျှင်တောင်မှ သန့်ရှင်းရေးအန်တီက ခေါင်းထောင်လာပြီး နေရာမှာတင် ပေါက်ကွဲမည်ဖြစ်သည်။
ယခုမူ ခြေပြတ်လက်ပြတ်ငုတ်တိုများကို နေရာတိုင်းတွေ့နိုင်သော်လည်း အန်တီက လုံးဝထွက်မလာပေ။ အဆောင်နေဧရိယာရှိ အန်တီများသည် ဈေးရုံက အန်တီများလိုပင်၊ သူတို့ရှိကြပါက လူမှုနယ်ပယ်သည် စည်ပင်ပြီး တည်ငြိမ်၏။ မရှိပါက သင်ကိုယ်တိုင် စဉ်းစားကြည့်ပါတော့။
“မျက်စောင်းထိုးကလူ”
အောက်ခံဘောင်းဘီသူငယ်ချင်းက သူ့ဘာသာ အပြုသဘောနှင့် ကောက်ချက်ချရန် မဖြစ်နိုင်မှန်းသိရှိသွားသဖြင့် သူသည် ပြင်ပအကူကို ရှာလိုက်သည်။
“လာပြီး အလင်းပြပေးဦး”