Chapter 12
စုန့်ဖေး အိပ်ဆောင်များဘက်ကို ပြန်ပြေးလာသောအချိန်မှာ နေ့ခင်း ၁၁ နာရီပင် မထိုးသေးချေ။ သို့သော် ညနေ ၆ နာရီမတိုင်ခင် တစ်လျှောက်လုံး တက္ကသိုလ်နယ်မြေရှိ PA စကားပြောစက်များက စကားပြောသံ မထုတ်လွှင့်သေးပါ။ လူနေထိုင်သော ဧရိယာတစ်ခုလုံးသည် သာမန်ထက်လွန်ကဲစွာ တိတ်ဆိတ်နေပြီး ပတ်ပတ်လည်တွင် သက်ရှိများမရှိသလို လုံးဝတိတ်ဆိတ်နေကာ အတွင်းတွင် ကြောက်မက်ဖွယ်ရာသတ္တဝါတစ်ကောင် ပုန်းကွယ်နေသကဲ့သို့ပင်ဖြစ်သည်။ ညလူခြေတိတ်ချိန်ကိုစောင့်ပြီး လှုပ်ရှားရန် အခွင့်ကောင်းကို မျှော်နေသလိုပင်။
ဝမ်ချင်းယွမ်၊ ရွမ်ကျဲ၊ ရှန်းယန် တစ်ယောက်မှ ပြန်မလာသေးပါ။
စုန့်ဖေးသည် အိပ်ရာထဲမှာ လှဲနေသော်လည်း သူ့နှလုံးသားကတော့ ချိုင့်ဝှမ်းတစ်ခု၏ အောက်ခြေကို နစ်မြုပ်နေပြီဖြစ်သည်။ တစ်နေ့ခင်းလုံး လူးလှိမ့်နေပြီး အိပ်မပျော်နိုင်ပါ။ အတိတ်က ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ အိပ်ပျော်သွားခြင်းက သူ့ထူးခြားချက်ဖြစ်သော်လည်း ယနေ့မှာတော့ သူ မျက်လုံးမပိတ်နိုင်တော့ပေ။ နေ့ဘက်အတွင်း ဖြစ်ပျက်သမျှကို ကြုံတွေ့ပြီးနောက်မှာ သူမျက်လုံးပိတ်တိုင်း သူ့ဦးနှောက်က အာရုံစိုက်၍ ဝမ်းနည်းစရာ ပုံရိပ်များကို ပြန်လည်ပြသလာခဲ့သည်။
သူ ထိုအရာတွေကို မောင်းထုတ်ချင်သော်လည်း မထုတ်နိုင်သဖြင့် တခြားအကြောင်းများကို ဖိအားပေးစဉ်းစားရုံသာ ကျန်တော့သည်။ဥပမာအားဖြင့် “မတော်တဆဖြစ်ခဲ့သည်” ဟု ဆိုသောကြေညာချက်ကို တွေးမိသည်။ ဒါပေမဲ့ မတော်တဆမှုက ဘာလဲ။ လူစားခြင်းကလည်း မတော်တဆမှုတစ်ခုလား။ ပထမဦးဆုံးကတော့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်။လူတိုင်း စိတ်ချပါဟု သူတို့ မပြောပေ။ အဲဒီအစား လူတိုင်းကို နီးစပ်ရာအမိုးအကာကွယ်အောက်မှာ နေနိုင်ရန်ပြောခဲ့သည်။ အဲဒီအချိန်မှာ ကျောင်းက အခြေအနေကို ထိန်းချုပ်နိုင်သေးသလားဆိုတာလည်း စိတ်ဝင်စားစရာဖြစ်သည့်စကားပါပဲ။ ဒါဆိုရင် အခုတော့ ဘာဖြစ်နေတုန်းလဲ။ အခြေအနေနားလည်ရသလောက် အကောင်းဆုံးထိန်းချုပ်နိုင်ကြပြီလား။ အကုန်လုံးကို ထိန်းချုပ်မှုအောက်မှာရှိရင်တော့ နောက်ထပ် ကြေညာချက်တွေ မထွက်လာရသေးတာက ဘာကြောင့်လဲ။
သူတွေးရလွန်းပြီး ပင်ပန်းနေပြီဖြစ်ကာ သူ့ကိုယ်သူ နှစ်သိမ့်ရန်လည်း ပင်ပန်းနေလေပြီ။အိပ်ရာကနိုးရင် အရာအားလုံး ပြန်အဆင်ပြေသွားလိမ့်မည်ဟု သူကိုယ်သူထင်သော်လည်း သူ မအိပ်နိုင်ပါ။ သူပိုတွေးလေလေ သူ့ခေါင်းက ပိုနာလေလေဖြစ်ပြီး ပို၍နိုးနေ၏။
ဒုန်း……
ရုတ်တရက် သူ့တံခါးကို လာထုရိုက်သံက သူ့တစ်ကိုယ်လုံးကို လွန်စွာလန့်ဖျပ်သွားစေလေရာ ချောက်ချားသွားစေခဲ့သည်။
သူ့အသက်ရှူခြင်းကိုထိန်းကာ နားများကို ဂရုတစိုက်စွင့်ပြီး နားထောင်လိုက်သည်။ သို့သော် တခြားအသံ ဘာတစ်ခုမှ မကြားရပေ။
ရှည်ကြာသော စိတ်လေးဖွယ်ရာ တိတ်ဆိတ်မှုတစ်ခုပြီးနောက် စုန့်ဖေးသည် သူ့သတ္တိကို စုစည်းလိုက်ကာ တုန်ယင်လျက် မေးလိုက်သည်။
“ဘယ်သူလဲ?”
ဒုန်း….. ဒုန်း……
တံခါးပေါ်ထုရိုက်သံများက ယခုထက် ပိုကြမ်းတမ်းရက်စက်လာ၏။
“မဟုတ်ဘူး၊ ငါ့အခန်းဖော်တွေ မဟုတ်ဘူး။ ကျောင်းသားတွေဆိုရင် တခြားနည်းနဲ့ ဖြစ်စေ တံခါးကို ထုရိုက်မယ့်အစား ပြန်ထူးလိမ့်မယ်။ သူတို့ စကားပြောလိမ့်မယ်”
စုန့်ဖေးသည် ရုတ်တရက် စောင်ကိုဆောင့်ဆွဲပြီး ကွေးလိပ်လိုက်သည်။ ကလေးဘဝက ပထမဆုံးအကြိမ် သူ့ဘာသာအိပ်စဉ်ကလိုပင် သူ့ခြေဖဝါးကို ကုတင်အောက်က လက်တစ်ဖက်က လှမ်းဖမ်းမည်ဟု ခံစားနေရသည်။ သူ့ကိုယ်ကို စောင်နှင့်လုံခြုံစွာပတ်ထားပြီး လေလုံအောင် ထိန်းထား၏။ သူ အသက်မရှူနိုင်လျှင်တောင် အသေးငယ်ဆုံး ကြားအဟလေးတောင် ချန်ထားလိုစိတ်မရှိချေ။
တစတစနှင့် တံခါးပေါ်ထုရိုက်သံများက အားပျော့သွား၏။
တိတ်ဆိတ်မှုတစ်ခါ ပြန်ရောက်လာချိန်မှာ အချိန်ဘယ်လောက် ကြာသွားမှန်း စုန့်ဖေး မသိနိုင်တော့ပေ။ တိတ်ဆိတ်မှုက ဆိုးရွားစွာဖိနှိပ်နေပြီး မွန်းကျပ်နေ၏။ သို့သော် စုန့်ဖေး၏ စိတ်သက်သာရာရခြင်းမှ သက်ပြင်းချနိုင်သည့် မွန်းကျပ်မှုနှင့် ဖိနှိပ်မှုဖြစ်သည်။
သူ စောင်အပြင်ဘက်သို့ ဂရုတစိုက် ခေါင်းပြူကြည့်လိုက်သည်။
စုန့်ဖေးသည် မီးပိတ်ချိန် မဟုတ်သေးခြင်းကို လွန်စွာကျေးဇူးတင်မိ၏။ အနည်းဆုံးတော့ အမှောင်ထုက သူ့အကြောက်တရားကို နောက်ထပ်တစ်လွှာ ထပ်မပေါင်းစပ်စေလေတော့ဘူး။ မည်သို့စေကာမူ ဖြူဖျော့ဖျော့မျက်နှာကျက်ကို ကြည့်နေချိန်မှာပင် စတင်ပြီး ပြန်ကြောက်လာခဲ့သည်။
“လသာဆောင်ထဲ ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ ဇီဝပြောင်းကောင်တွေကလည်း ပိုးဖလံတွေလို အလင်းရှိရာကိုအလိုအလျောက် ရွေ့လျားပြီး အာရုံခံနိုင်သည့် သဘာဝမျိုးရှိနိုင်လား”
“ဒါကြောင့် သူတို့က တံခါးကိုထုရိုက်ဖို့ လာကြတာလား?”
သူသည် မီးပိတ်လိုက်လျှင် သေအောင်အကိုက်မခံရခင် ပထမဦးစွာမှာတော့ သူ သေအောင် ကြောက်နေလိမ့်မည်မှန်း သေချာ၏။
သွားစမ်းပါ။ သူနောက်ထပ် ထိုအကြောင်းကို တွေးမနေတော့ပေ။ မည်သို့ဆိုစေ သူသည် မှောင်သွားသည်ပြီးချင်း မီးထပ်ဖွင့်လိုက်သည်။ တစ်စုံတစ်ခုသာ ဖြစ်သွားတော့မည်ဆိုပါက ဖြစ်ပြီးနှင့်လောက်ပြီ။
“မင်းလုပ်ချင်သလိုသာလုပ်ပါ၊ သေအောင်ကြောက်နေရခြင်းထက် အကိုက်ခံရပြီး သေခြင်းကမှ တော်သေးသည်” ဟု သူစိတ်ထဲတွင် ထပ်စဉ်းစားလိုက်မိသည်။
စုန့်ဖေးသည် ထပ်ပြီးမလှဲနိုင်တော့ပါ။ ဖုံးထားသောအရာများကို ပြန်လှန်ပစ်လိုက်ပြီးနောက် အသာကလေး အိပ်ရာမှထွက်လိုက်သည်။လသာဆောင်မှ တွန်းတံခါးကို သူ ပိတ်ထားသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ယခုချက်ချင်း မှန်မှတဆင့် ဆန့်ကျင်ဘက် အဆောက်အဦးမှ မီးများကို မြင်နိုင်ပေသည်။
၁၊ ၂၊ ၃၊ ၄၊ ၅…
စုန့်ဖေးသည် ယခုလောက် အတည်ပေါက်ဆန်ဆန် အဆောက်အဦးတစ်ခု၏ မီးများနှင့် ပြတင်းပေါက် အရေအတွက်ကို ဘယ်တော့မှ မရေတွက်ဖူးပေ။ အဆုံးတွင် သူကိုယ်တိုင် လက်တွေ့ကျကျ ရေတွက်ရန် လသာဆောင်တံခါးကို မှီလိုက်သည်။ အဘယ်ကြောင့်ဆိုလျှင် ဤနည်းဖြင့် ပိုကျယ်ဝန်းသော မြင်ကွင်းပြင်ကို ရရှိနိုင်သောကြောင့် ဖြစ်သည်။
သုံးပုံတစ်ပုံ။ မီးဖွင့်ထားသောပြတင်းပေါက်များတွင် နှစ်ပေါက်ထည့်ပေါင်းပါက အတိအကျ ပြတင်းစုစုပေါင်းမှာ သုံးပုံတစ်ပုံ ဖြစ်သည်။
ယင်းမှာ သူမြင်နိုင်သော တစ်ဖက်တည်းက အရေအတွက်သာဖြစ်သည်။ တစ်ဖက်ခြမ်းက အနေအထားကိုမူ သိရှိရန်နည်းမရှိပါ။ သို့သော် ဤမီးဖွင့်ထားသည့် သုံးပုံတစ်ပုံသည် စုန့်ဖေးကို စိတ်နည်းနည်းငြိမ်းချမ်းမှုရစေဖို့ လုံလောက်၏။
အနည်းဆုံးတော့ သူ့လိုပင် စိုးရိမ်တကြီးစောင့်စားလျက် ဒုက္ခရောက်နေသောသူများရှိနေ
သေးသည်။ ထိုသို့တွေးခြင်းဖြင့် အရာများက ထပ်ပြီးကြောက်စရာကောင်းပုံ မပေါ်တော့ပေ။
သူ့အစာအိမ်က ဂလုဂလုအော်မြည်လာပြီး စုန့်ဖေးသည် မနက်တည်းက နည်းနည်းမှ မစားရသေးမှန်း နောက်ဆုံးတော့ သတိရသွားခဲ့သည်။ သည်နေ့တွင် အရာအများကြီးဖြစ်ပွားခဲ့ပြီး သူ့အသက်ဘေးအတွက် ကြောက်အားလန့်အားပြေးရင်း အလုပ်ရှုပ်နေခဲ့သည်။ ထို့ကြောင့် သူ့ကလီစာငါးရပ်ဘုရားကျောင်းကို ဘယ်လိုလုပ်တတ်နိုင်ခဲ့မည်နည်း။
ရင်းနှီးကျွမ်းဝင်လွန်းသော အသင့်စားခေါက်ဆွဲဘူးများကို အံဆွဲထဲတွင် ရှာဖွေလိုက်ပြီး စုန့်ဖေးသည် အလျဉ်းသင့်သလို အိတ်ကိုဖွင့်လိုက်သည်။ ထိုအခိုက်တွင် အခန်း၄၄၀ မှ အိတ်ဖောက်ဖြဲသံက နားကျိန်းစရာဖြစ်သွား၏။ စုန့်ဖေးသည် အလန့်တကြားဖြစ်သွားပြီး ချက်ချင်း မလှုပ်ရှားရဲတော့ပေ။ အပြင်က ဘာအသံမှမကြားရသည်ကို မသေချာမချင်း နေ့လယ်စာဘူးထဲသို့ အသင့်စားခေါက်ဆွဲကို ညင်ညင်သာသာလေး ထည့်လိုက်သည်။ သတိထားမိသူများက သူဤသို့အသင့်စားခေါက်ဆွဲစားနေခြင်းကို သိလောက်မည်။ သတိမထားမိသူများမှာ သူ သေချာပေါက် တိုဖူးတစ်တုံးကို ကိုင်တွယ်နေသည်ဟုပင် ထင်လိမ့်ပေမည်။
ဓာတ်ဘူးလေးဘူးစလုံးကို မနေ့က ဖြည့်ထားခဲ့သည်။ သည်အခိုက်တွင် တစ်ဘူးမှမပြည့်သေးဘဲ ၎င်းတို့က တစ်ဝက်တစ်ပျက်လောက် အရည်တစွက်စွက်မြည်လျက် လျမ်းသည့်အနေအထားမှာရှိနေသည်။ စုန့်ဖေးက ၄၈ နာရီ ကြာမြင့်ချိန်တောင်မှ ၈၀ ဒီဂရီအပူချိန်ကို သူ့ဘာသာထိန်းထားပေးသော ရွမ်ကျဲ၏ အဆင့်မြင့်ဓာတ်ဘူးကို ဖွင့်လိုက်သည်။ ပြီးနောက် သူ့နေ့လယ်စာထမင်းဘူးထဲသို့ မျှော်လင့်စောင့်စားချက်အပြည့်နှင့် ခေါက်ဆွဲနှင့် ရေတန်းတူ မရောက်မချင်း လောင်းထည့်လိုက်၏။ ထို့နောက် သူသည် ဓာတ်ဘူးကိုချထားလိုက်ကာ နေ့လည်စာဘူး၏ အဖုံးပေါ်တင်ထားပြီး မတ်မတ်ထားထားလိုက်သည်။
ငါးမိနစ်ကြာပြီးနောက် စုန့်ဖေးသည် စိတ်မရှည်စွာဖြင့် နေ့လယ်စာဘူးကိုဖွင့်ကာ ခေါက်ဆွဲကိုမွှေရန် တူကို သုံးလိုက်သည်။ နည်းနည်းမျိုချပြီးနောက် အလုပ်ကြီးတစ်လုပ်ကို တရိုတသေအမူအကျင့်တစ်ခုလို ပါးစပ်ဟပြီး ထည့်လိုက်သည်။
ဝါးစားလိုက်သောအခါ အလွန်စားကောင်းပြီးခေါက်ဆွဲသားက အထူးတလည် ဝါးလို့ကောင်းနေခဲ့၏။
အနှီမွမွလေးလိပ်ကောက်နေသောခေါက်ဆွဲတို့ကို လျှာဖြင့်ဆွတ်ကာ မောင်းသွင်းရှူရှိုက်လျက် အမြစ်ဖြတ်ပြီးနောက် နေ့လည်စာဘူးထဲက အရည်တစ်ဝက်ကို သောက်လိုက်သည်။ သူ့အစာအိမ်မှာ နောက်ဆုံးတွင် ငြိမ်းချမ်းမှုရသွား၏။
စုန့်ဖေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် သူ့ခွန်အားကို ယခုပင် ပြန်လည်ရရှိလိုက်ပေသည်။ သူ အိပ်ရာပေါ် ထပ်တက်လိုက်သောအခါ သူ့ပင်ပန်းနွမ်းလျမှုက စတင်ကျရောက်လာခဲ့သည်။
သူ့မျက်လုံးများကို မှိတ်ထားကာ စုန့်ဖေးသည်နောက်ဆုံးမှာတော့ အိမ်မက်ကမ္ဘာထဲသို့ ရွက်လွှင့်သွားလေသည်။
ဤသည်မှာ အလွန်ပင် သမားရိုးကျဆန်သော်လည်း အလွန်သက်သောင့်သက်သာဖြစ်သော အိမ်မက်ပင်။
သည်အိမ်မက်ထဲတွင် စုန့်ဖေးသည် နောက်ဆုံးသောအချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံး CET-4 စာမေးပွဲအဖြေလွှာကို ဘေးကင်းစွာတင်နိုင်ခဲ့သည်။ ထို့နောက် သူကန်တင်းကိုသွားပြီး နေ့လယ်စာကို ရောင့်ရဲကျေနပ်စွာ မသုံးဆောင်မီ ချီယန်နှင့် တွေ့ဆုံခဲ့သည်။
နေ့လယ်စာဟင်းမှာ စီချွမ်းသီးစုံနုပ်နုပ်စင်းချိုချဉ်ကြော်ဖြစ်ပြီး တည်ခင်းပေးသော အန်တီသည် သူ့ကို အထူးတလည်အနေဖြင့် ထမင်းဇလုံတစ်ဝက် အပိုပေးသေး၏။
စားနေစဉ်ကာလအတွင်း ချီယန်သည် သူတို့တွဲနေစဉ်တုန်းက သူလုပ်ခဲ့သော အမှားများကို သိရှိသွားသောကြောင့် ဆိုးဆိုးရွားရွားမျက်ရည်ကျလာပြီး မျက်စိပါသော်လည်း ရွှေမှာ ကွပ်ထားသောကျောက်စိမ်းကို မမြင်နိုင်သောကြောင့် သူ့နောင်တများကို ဖော်ပြနေ၏။
ပြီးနောက် ကတိပေးသလိုမျိုး သူ့လက်ကို ကိုင်လိုက်ပြီး “အနာဂတ်မှာ ငါစာကြည့်တိုက်ကို ထပ်မသွားတော့ဘူး။ ငါ မင်းနဲ့စိတ်ပါလက်ပါ ဝေ့ပေါ်မှာ အထက်အောက်လှန်ပြီး အပိုင်းသစ်တွေကို ကြည့်ပေးမယ်”ဟု သူ့ကိုပြန်တွဲရန် အရေးတကြီး တောင်းပန်နေ၏။
သူ့ဘာသာအားရဝမ်းသာဖြစ်ခြင်းက နှိုးဆွပေးလိုက်ကာ စုန့်ဖေးသည် အိမ်မက်ထဲမှာ ခေါင်းညိတ်ကာ နိုးလာခဲ့သည်။
နေအလင်းရောင်သည် ၄၄၀ကို ထိုးနေပြီး အသက်ရှူသံနှင့်ပြည့်နေသော အဆောင်ခန်းသည် အလွန်တိတ်ဆိတ်နေ၏။ တော်တော်လေးပျက်စီးခြောက်ကပ်ဖြစ်နေအောင် အလွန်တိတ်ဆိတ်နေခဲ့သည်။
အိပ်ရာဘေး၌ အားသွင်းထားသောဖုန်းကို သူလှမ်းယူမကြည့်ခင်ထိ မနေ့ကဖြစ်ခဲ့သောအရာအားလုံးက အိမ်မက်ဟု လက်ငင်းယုံကြည်လုမတတ် ရီဝေဝေမျက်လုံးများနှင့် ထိုင်လိုက်သည်။
ဘတ်ထရီအားအပြည့်နှင့် ဖုန်းတိုင်မှာတော့ ခရီးထွက်နေဆဲ ဖြစ်သည်။
စုန့်ဖေးသည် ချက်ချင်း ကောင်းကောင်းကြီး နိုးသွားပြန်သည်။ သူသည် စွဲစွဲမြဲမြဲ မွှေ့ရာမှ လျှောချပြီးနောက် လသာဆောင်က မှန်တွန်းတံခါးဆီ ပြေးသွား၏။
မျှော်လင့်ထားသည့်အတိုင်း မျက်စောင်းထိုးအဆောက်အဦးရှိ မှန်တွန်းတံခါးတစ်ခုတွင် ပိန်းပိတ်အောင်ကပ်နေသော ရှုံ့တွတွနဲ့ဖြစ်နေသည့် မျက်နှာတစ်ခုလည်းရှိနေမှန်း တွေ့ရှိလိုက်သည်။
လော့ကန်းသည် စုန့်ဖေးကိုမြင်သောအခါ ချက်ချင်း ရွှင်ရွှင်မြူးမြူးဖြစ်သွားပြီး တက်ကြွစွာ လက်ဝှေ့ယမ်းပြလာခဲ့သည်။
စုန့်ဖေးလည်း လသာဆောင်တွန်းတံခါးကို သတိကြီးစွာ တပြိုင်နက်တည်းဖွင့်လျက် လက်ယမ်းပြပြီး နှုတ်ဆက်လိုက်သည်။
ပထမဦးဆုံး အက်ရာတစ်ခု၊ သူ့နားများသည် အားစိုက်လွန်း၍ ဒဏ်ဖြစ်ကာ ဘာသံမှကြားရပုံ မပေါ်ပေ။ ထို့ကြောင့် သူ့သတ္တိအကုန်လုံးကို လွယ်လွယ်ဆင့်ခေါ်လိုက်ပြီး လက်တစ်ဖက်က တံခါးဘောင်ကို ဖမ်းဆုပ်ထားလျက် တစ်ပြိုင်နက်တည်း အပြေးအလွှား တိုးထွက်လိုက်သည်။
အောက်ထပ်ကို မြန်မြန်လေးချောင်းရန် စိတ်ကို ပြင်ထားလိုက်ပြီး အခြေနေအတော်လေး မူမမှန်ပါက သူ ချက်ချင်းအခန်းထဲကို ပြန်ပုန်းလိုက်မည် ဖြစ်သည်။
သို့သော်လည်း ၎င်းကား လုံးဝလူသူကင်းမဲ့သော အောက်ထပ်ဖြစ်နေပြန်သည်။