Chapter 13
သူ့မြင်ကွင်းအာရုံတွင် ဘာမှတကယ်ရှိမနေပေဟု စိတ်မပိုင်းဖြတ်ခင် သူ၏ ၂၄ကာရက် တိုင်တေနီယမ်သတ္တုမျက်လုံးများကို အသုံးပြုပြီး နှစ်မိနစ်လောက် ထိုဧရိယာကို စကန်ဖတ်လိုက်သလို စုန့်ဖေးသည် တခြားလက်တစ်ဖက်က လှေကားလက်ရန်းတွင် သူ့ကိုထောက်ထားပေးထားစဉ် လက်တစ်ဖက်က တံခါးဘောင်ကို ဖမ်းဆုပ်ထားသောပုံစံအတိုင်း ဆက်နေနေခဲ့သည်။
သက်ရှိလူသားများမရှိ၊ ဇီဝပြောင်းကောင်များမရှိ၊ အလောင်းကောင်များမရှိပေ။ ကျိုးပြတ်ထားသောခြေလက်ပြတ်များပင် ပျောက်နေကုန်သည်။
ဗလာချုံများက ဝန်းရံထားသော အစိမ်းရောင်မြေကွက်လပ်သည် အရင်ကလို သပ်ရပ်ညီညာနေဆဲပင်။ ယင်းအတွင်းရှိ ပန်းများနှင့် အပင်များသည် အေးမြသောရာသီကြောင့် ဝါပြီး ညိုးနွမ်းနေကြသော်လည်း အဆောက်အဦးရှေ့ရှိ သတင်းဆိုင်းပုဒ်အမည်းက အစဉ်အမြဲ လူငယ်ဆန်သော တက်ကြွမှုများသလို ပွင့်လင်းမြင်သာစွာ ဖော်ပြထား၏။
ထိုပေါ်က Conan လက်ရေးလှစာလုံးများက “အမှန်တရားက တစ်ခုတည်းရှိတယ်။ သို့သော် တက္ကသိုလ်အိပ်ဆောင်က ငါ့အိမ်လိုပဲ၊ လူတိုင်းဟာ ကိစ္စများအပေါ် ယဉ်ကျေးစွာ ပြုပြင်နေသင့်တယ်” ဟု ထပ်မပြောထားတော့ပေ။
အရာအားလုံးသည် ထုံးစံအတိုင်း ငြိမ်သက်အေးချမ်းနေ၏။ပလက်ဖောင်းပေါ်က မည်းသွားပြီဖြစ်သော သွေးအိုင်တို့ကို သင်လစ်လျူရှုထားသရွေ့ပေါ့။ ကံအကြောင်းမလှစွာ စုန့်ဖေးသည် ထိုအရာကို လစ်လျူမရှုနိုင်ပေ။ ပိုဆိုးသည်က သူ့တွင် ထူးချွန်ထက်မြက်သောအမြင်တောင်ရှိသေးသည့်အတွက် သူသည် တံခါးဘောင်ကို ဆက်မကိုင်ထားနိုင်တော့ဘဲ အိမ်သာသို့ တန်းပြေးကာ မူးမေ့လုနီးပါးအန်မိသွားခဲ့သည်။
စုန့်သူငယ်ချင်းက လမ်းဖြတ်၍ အကြောက်တရားကင်းစွာ ပြင်ပလုံခြုံရေးကို အတည်ပြုပြီးပြီဟု ယုံကြည်လျက် လော်ကန်းသည် အမှုလိုက်တော့မလို သူ့တံခါးကို လမ်းလျှောက်ထွက်ရန် ဖွင့်လိုက်သည်။
စုန့်သူရဲကောင်းက ဖြူဖပ်ဖြူရော်မျက်နှာနှင့် မထင်ထားလောက်အောင် သန့်စင်ခန်းထဲ ပြေးဝင်သွားခြင်းက လော်ကန်း၏နှလုံးကို အခုန်မြန်စေပြီး သူ့ကိုယ်တစ်ဝက်ကို တံခါးအတွင်းဘက်ပြန်ရုတ်စေလိုက်၏။
စုန့်ဖေးက ဖြူဖျောနေသောမျက်နှာနှင့် ပြန်လာသည်ကို မြင်သည့်တိုင်အောင် ပူပန်ခြင်းတချို့ မပါဝင်ဘဲ မေးလိုက်သည်။
“မင်း အိုခေလား။ မင်း ကိုယ်ဝန်ရှိနေတာလား?”
အကွာအဝေးက အလွန်မဝေးပါလျှင် စုန့်ဖေးသည် တကယ့်ကို သူ့မျက်နှာပေါ်အကုန်အန်ထုတ်ရန် ပြင်ဆင်မှုတချို့ လုပ်ချင်မိလိမ့်မည်။
လော်ကန်းသည် ဒုက္ခခံစားနေမှုတွင် ပျော်ရွှင်မှုကို ကြိုးစားရှာဖွေကြည့်ရုံသာ ဖြစ်သည်။ တစ်ညလုံးလုံး နှိပ်စက်ညှင်းပန်းခံရပြီးနောက် မည်သူကမှ ခံစားလို့ကောင်းလွန်းနေမည် မဟုတ်ပါ။
“ဟေ့ ညတုန်းက အသံလွှင့်တာ ကြားလိုက်လား?”
စုန့်ဖေး၏မျက်လုံးတို့ ပြူးကျယ်သွားရကာ မျှော်လင့်ချက်မှိန်မှိန်လေးကို သယ်ဆောင်နေသော စုံစမ်းထောက်လှမ်းမှု၏ သူ့စိတ်မရှည်သံက ဖုံးကွယ်ရန် ခက်ပေသည်။
“ညက အသံလွှင့်တယ်လား?”
လော့ကန်းက ကြက်သေသေနေသည်။
“မသိပါဘူး အာ။ ငါတစ်ခုမှ မကြားခဲ့ဘူး။ အဲ့ဒါကြောင့်ပဲ ငါမင်းကိုမေးနေရတာမလား?”
စုန့်ဖေး ရုတ်တရက် ရှာဖွေသိရှိသွားသည်မှာ သူသည် ချီယန်နှင့်မှားသွားသည်ကိုပင် ဖြစ်သည်။ ပါးစပ်ဟလိုက်သည်နှင့် သင်သည် မျက်နှာကို ပါးရိုက်ချင်သော လူအတော်များများရှိ၏။
နှိုင်းပြရသော် သူ့ခန္ဓာကိုယ်ကိုသုံးပြီး သူ့ကို အနည်းဆုံးပြန်ပေးဆပ်နိုင်သူ ချီယန်ကသာ အစစ်မှန် လူသားကမ္ဘာလောကထဲရှိ သန့်စင်သော စမ်းချောင်းတစ်ခုဖြစ်သည်။
“မင်္ဂလာမနက်ခင်းပါ အာ”
လော့ကန်းက စုန့်ဖေးအပေါ်ဘက် ဧရိယာကို ရုတ်တရက်မေးထိုးညွှန်ပြလိုက်သည်။
“မင်္ဂလာမနက်ခင်းပါ”
ကျိုးရီလု၏အသံသည် လေးတွဲ့နေ၏။ အိပ်ရေးမဝခဲ့သောအသံလိုမျိုးပင်။
“ဘယ်လိုလဲ… သမ်းဝေလျက်… ဘာအသစ်အဆန်းရှိလဲ၊ စာမေးပွဲပြန်ဖြေဖို့ စီစဉ်နေကြတာလား?”
စုန့်ဖေးသည် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
လော်ကန်းသည်လည်း ကျောက်ရုပ်ဖြစ်နေသည်။ စာတစ်ကြောင်းတစ်ခုအဖြစ် ဆုံစည်းရန် သူပြောချင်သော အသင်္ချေအရာများအတွက် အချိန်အကြာကြီးယူလိုက်ရသည်။
“မင်းရဲ့အဓိကအာရုံစိုက်မှုက တကယ့်ကိုပဲ…”
စုန့်ဖေးက သူ့ကို ကူပြောပေးလိုက်သည်။
“ပေကပ်ကပ်နိုင်တာလေ”
ကျိုးရီလုသည် ဆာလောင်မှုလိုအင်ကို နားမလည်သော ဝအီနေသည့်ယောကျ်ားတစ်ယောက်၏ ကိစ္စရပ်ဟု ခံစားမိသည်။
“အောင်သွားပြီးနောက်ပိုင်း မင်း သူများတွေ ဘာလုပ်နေတာလဲဆိုတာကို ဆက်ဂရုစိုက်စရာမလိုတော့ဘူးလား?”
“ငါလည်း စောက်ရမ်းတစ်ဝက်တပျက်မှာ နှောင့်ယှက်ခံလိုက်ရတယ်၊ အိုခေ” ဟုပင် စုန့်ဖေး ပြောလိုက်ချင်ရုံသာ။ သို့သော် လော်ကန်းက လမ်းလယ်ကနေဖြတ်ပြီး သူ့ထက်ခြေတစ်လှမ်း စောပြောလိုက်သည်။
“ငါအောင်သွားတယ်လို့ ဘယ်သူပြောလဲ?”
စုန့်ဖေး အံ့အားသင့်သွား၏။ သူ အိပ်ဆောင်များဆီသို့ မနေ့ကပြေးပြန်သွားတုန်းက တစ်ဖက်က လော့ကန်းမှာ အခုထိ မနိုးသေးသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိလိုက်သည်။
“မင်း မအောင်သွားဘူးဆိုတော့ ဘာကြောင့် စာမေးပွဲသွားမဖြေတာလဲ?”
လော်ကန်းက အနှောင်အဖွဲ့ကင်းသောအမူအကျင့်ဖြင့် ခေါင်းခါလိုက်သည်။
“ငါဖြေဖို့ ငြင်းလိုက်တယ်”
ကျိုးရီလု ဆက်နားမထောင်နိုင်တော့ပေ။
“မင်းမှာ ဂုဏ်သိက္ခာရောရှိလား။ မင်းအဖေ ဒီလောက် အသက်ကြီးနေပြီ၊ မင်းသူ့ကို မင်းရဲ့ သေနတ်သမားလုပ်ခွင့် ပေးဖို့လား?”
လော်ကန်း: “…”
စုန့်ဖေး: “…”
အေးစက်သောလေက အဆောင်နှစ်ဆောင်ကြားကနေရာကို ဖြတ်တိုက်သွားလေသည်။
လော်ကန်း: “အကြီးကြီးတစ်ခုခု ဖြစ်နိုင်ဆုံးက ကျောင်းက ထိန်းချုပ်မှုအောက်မရှိနိုင်တော့တာမျိုးပဲ”
စုန့်ဖေး: “အမ်၊ နောက်တစ်နည်းပြောရရင် ကြေညာချက်တစ်ခုလေးတောင် မရှိဘူးဆိုရင် ဘာလှုပ်ရှားမှုအရိပ်အယောင်မှ မရှိလို့ပဲ”
ကျိုးရီလုသည် စိတ်ရှုပ်ရှုပ်နှင့် ခေါင်းကုတ်လိုက်သည်။ သူတစ်စက္ကန့်လောက် အာရုံမစိုက်လိုက်သည်နှင့် ဘယ်လိုလုပ်ပြီး ခေါင်းစဉ်ပြောင်းသွားကြတာလဲ။ သူတို့တွေ ရှေ့တစ်ခုကို ဆွေးနွေးလို့ပြီးသွားပြီလား။
တခြားအဆောင်ခန်းက လူတချို့လည်း အသံတို့ကိုကြားပြီး သူတို့၏ လသာဆောင်ကို ထွက်လာသောကြောင့် ကြာကြာစကားမပြောလိုက်ရပေ။ တစ်နာရီခွဲအကြာတွင် အဆောင်နှစ်ခုက အသက်ရှူနေကြသေးသော ကျောင်းနေဖက်များအားလုံးသည် သတင်းဖလှယ်ရန် ရောက်လာကြသည်။
“သူတို့သွားပြီလား?”
“မင်းအကန်းလား၊ အာ သူတို့တွေ စင်္ကြံတွေမှာ ဥဒဟိုလျှောက်သွားနေကြတာ မမြင်ဘူးလား?”
“အဲ့ဒီဟာတွေက တကယ်ပဲ ဘာတွေလဲ?”
“ကျောင်းကတောင် မသိတာကို ငါ့ကိုလာမေးနေတာလား?”
“သေစမ်း၊ မနေ့က ကိစ္စတွေမှားယွင်းကုန်တော့ ငါတောင်တွေးမိသေးတယ်။ အဲ့ဒါက လုံခြုံရေးလေ့ကျင့်မှုတစ်ခုပဲလို့၊ ပြီးတော့ ဒီတစ်ခေါက်ဟာတွေက အတော်လေးအစစ်လိုပဲ ဆိုပြီးတွေးနေမိသေး… အားးးး”
ရုတ်တရက် အော်ဟစ်သံသည် နောက်ဆုံးမှ နည်းနည်းလေး သက်သာသွားပြီဖြစ်သော ပတ်ဝန်းကျင်ကို ချက်ချင်း ချွေးပြန်လာစေ၏။ မျက်လုံးအစုံပေါင်း ဒါဇင်များစွာ၏ ငေးမောမှုအောက်ဝယ် ထိုလူကို အသက်ရှင်လျက် အခန်းထဲ ဆွဲသွင်းလိုက်သည်။
လော့ခ်သေချမချထားလျှင်၊ လော့ခ် ဖျက်ခံရလျှင် သို့မဟုတ် သူတို့က အင်တိုက်အားတိုက်ဖျက်ဝင်လာလျှင် သူတို့၏ အခန်းတံခါးက ဘယ်လိုပွင့်သွားမှန်း မည်သူမှသိလိုက်ကြမည်မဟုတ်ပေ။
ရှင်းလင်းသော တစ်ခုတည်းအရာမှာ အော်မြည်တမ်းတနေပြီး ရုန်းကန်နေခြင်းနှင့် အရာအားလုံးပြီးသွားပြီးနောက်ငြိမ်ချက်သားကောင်းနေခဲ့သည်။
“ဘာတွေဖြစ်တာလဲ အာ?”
လော်ကန်းသည် အလွန်စိုးရိမ်ကာ သူ့မျက်လုံးများ နီမြန်းတက်လာသည်။ ဒီမတော်တဆမှုသည် သူ့အောက်ထပ်ထောင့်စောင်းကအခန်းက ဖြစ်ပွားသွားခြင်းပင်။ သူ လသာဆောင်မှာ ဇောက်ထိုးတွဲလွဲခိုနိုင်လျှင်တောင်မှ သူသည် အတွင်းဘက်က အကြောင်းအရာကို ရိပ်ခနဲ ဖမ်းမိနိုင်မည် မဟုတ်သေးပါ။ သို့သော် မျက်နှာချင်းဆိုင်အခန်းက လူတစ်ဦးစီ၏ မျက်နှာတိုင်းသည် အမူအရာပြောင်းနေကြသည်။ အမှန်တကယ်တမ်း လွန်စွာစိုးရိမ်ကြောက်လန့်မှုအသွင်က ဘာဖြစ်သွားလဲဆိုသည်ကို သူ့ကိုလည်း ဒူးထောက်မတတ်ရှာတွေ့ချင်အောင် ဖြစ်စေ၏။
လော်ကန်းကို မည်သူမှ အာရုံမစိုက်ကြပေ။ စုန့်ဖေး အပါအဝင်ဖြစ်သည်။
လော်ကန်းက မမြင်နိုင်သော်လည်းအဆောက်အဦးသည်ဘက်မှ လူများကတော့ ရှင်းလင်းစွာ မြင်နိုင်ကြသည်။ ဒုတိယထပ်ထောင့်စောင်းက ကျောင်းသားကို ဆွဲသွင်းခံရပြီးနောက် မိနစ်အနည်းငယ်တွင် သူ ပြန်ရောက်လာ၏။ သူသည် မတိုင်ခင်က အဝတ်အစားအတိုင်းဝတ်ထားပေသည်။ အပူပေးအနွေးထည်၊ မီးခိုးရောင် အပူပေးဘောင်းဘီ။ ရှင်းလင်းစွာပင် ကြည့်လိုက်သည်နှင့် တိတိမတည်ရှိနေပါ။ အပေါ်အနွေးထည်၏ အနားကွပ်သည် အပြည့်အဝ အောက်ဘက်အနွေးခံဘောင်းဘီကို မထိုးသိပ်ထားပေ။
ယင်းမှာ တခြားသူများကို ခင်မင်ဖော်ရွေသည်ဟု ခံစားမိအောင်ပေးသော အသွင်အပြင်ဟု အလွယ်တကူ ထင်မှတ်ရသည်။ သို့သော် သူသာ မျက်နှာတစ်ခြမ်းတည်းရှိသော အချက်မပါဝင်လျှင်ပင်ဖြစ်သည်။ ဆေးရုံများတွင် တွေ့ရလေ့ရှိသော လူသားခန္ဓာဗေဒမော်ဒယ်များနှင့် ဆင်တူ၏။ တစ်ဝက်က လူမျက်နှာ၊ တစ်ခြမ်းမှာ အပေါ်ယံသားရေမပါသော ကြွက်သားများနှင့် ဖြစ်သည်။
ထိုမော်ဒယ်များ၏ ကြွက်သားစိုင်တို့မှာ ခြေရာလက်ရာ မပျက်သည်က ကွာခြားမှုပင်။ သူတို့ရှေ့ကတစ်ယောက်မှာ အသားပဲ့ကျန်ရှိကာ ပြတ်တောင်းပြတ်တောင်း ကွဲနေ၏။ တဲတဲမျှသာ သူ့မျက်နှာတစ်ဖက်နှင့် ကပ်နေခဲ့သည်။ ရွှံ့အနည်အနှစ်တစ်စုကို သတိရစေသော အရိုးဖြူဖြူများကို အောက်ဘက်တွင် ဖျော့ဖျော့မြင်တွေ့နေရသည်။
စုန့်ဖေး၏ အစာအိမ်တွင် အန်ထုတ်ရန် ဘာမှ မကျန်တော့ပေ။ ထို့ကြောင့် မရပ်မနား အခြောက်တိုက် အော့အန်နေခဲ့သည်။
လူတိုင်းနှင့် စကားစမြည်ပြောနေခဲ့သောနေရာကိုပင် ထိုမျက်နှာတစ်ဝက်နှင့် ကျောင်းသား ပြန်ရောက်လာ၏။ သူ့လက်များသည် လှေကားလက်ရန်းကို ဆက်ကိုင်ထားခြင်း မရှိတော့ပေ။ သို့သော် အတားအဆီးများကို ကျော်ဖြတ်လိုသော စက်ရုပ်တစ်ရုပ်လို ဖြစ်နေသော်လည်း ၎င်းတို့ကို မရှောင်ရှားပေ။ ရှေ့ဆက်သွားရန် ထပ်ကာထပ်ကာ သူ ကြိုးပမ်းနေသောကြောင့် လူးလွန့်နေသော်လည်း လက်ရန်းတိုင်က ထပ်ကာထပ်ကာ ကဖျက်ကယက် လုပ်နေခဲ့သည်။
မနေ့တုန်းက အရေးပေါ်အခြေနေသည် လူတိုင်း၏ အကြောက်တရားစိတ္တဇကိုသာ မြင့်တက်စေခဲ့သည်။
ယခုမူကား သည်အကြောက်တရားသည် လူကိုယ်တိုင်ထင်ရှားလာပြီး ရုပ်လုံးအသွင်ပေါ်လာပြီဖြစ်သည်။
ပုံမှန်နေ့တစ်နေ့တွင် ယောက်ျားရင့်မာတစ်ယောက်ငိုခြင်းသည် လှောင်ပြောင်မှုတစ်ခုဖြစ်သော်လည်း ယခုတော့ စုန့်ဖေး သူ့အစားမနာလိုမိသွားသည်။ ငိုကြွေးခြင်းသည် ထွက်ပေါက်ရှာသောနည်းတစ်ခုဖြစ်ပြီး ငိုချလိုက်ပြီးနောက် သင်ထပ်မံကြောက်ရွံမနေတော့ပေ။ အနည်းဆုံး၌ ဤကဲ့သို့သူသည် ခေါင်းအစခြေအဆုံးတုန်ယင်နေသည့်တိုင်အောင် သူ့ကိုယ်သူချုပ်တည်းထားခြင်းထက် ငိုလိုက်ခြင်းကပို၍သာသည်။
လော်ကန်း ထပ်မမေးတော့ပေ။ မနေ့က သူ့တွင်ကျရောက်ခဲ့သည်ကို ပြန်တွေးမိသည်။ ထို့နောက် ယခုလေးတင်ကြားလိုက်သော လန့်စရာအော်သံနှင့် ပေါင်းစပ်လိုက်သောအခါ တစ်ဖက်က ခံစားချက်အမူအရာများနှင့်စပ်လျဉ်းပြီး ယေဘူယျအခြေအနေကို ပုံဖော်ရန် သူ့အတွက် လုံလောက်သွားပြီဖြစ်သည်။
သည်တစ်ကျောင်းလုံးက ရူးသွပ်နေကြသည်။ သို့မဟုတ် သူတို့ကလည်း ရူးသွပ်နေပြီဖြစ်သည်။
ထိုအချိန်တွင် ပြေးလွှားနေကြသောလူများ၏အသံတို့ကို လေက ရုတ်တရက် သယ်ဆောင်လာ၏။ ထိုမတော်တဆမှုဖြစ်ပွားချိန် မနေ့တုန်းက စုန့်ဖေးကြားဖူးသည့်အတိုင်းပင်။ သူ့မျက်လုံးတို့ကို အကျယ်ကြီးဖွင့်ထားပြီး သူ့အကြောက်တရားကို ခဏမေ့ထားကာ စိတ်ထင့်ခြင်းကြောင့် အောက်ကိုစူးစိုက်စွာ ငုံ့ကြည့်လိုက်သည်။
သေချာပြီ၊ မနေ့က ထွက်ပြေးလွတ်မြောက်သော လူအုပ်ကြီးကို နောက်တစ်ကြိမ် ထုတ်လုပ်လိုက်သော မြင်ကွင်းမျိုးဖြစ်သည်။ ပထမဦးဆုံးအုပ်စုကို လူတစ်ယောက်နှစ်ယောက်က ဦးဆောင်ထားခဲ့သည်။ အသက်ရှင်ရေးအတွက် ပြေးနေကြသောကျောင်းသားအုပ်စုက နောက်ကနေ လိုက်ပါလာ၏။ သနားစဖွယ်အော်မြည်နေသောအသံများကြားတွင် ဒီရေတစ်ခုလို အဆောင်ထဲသို့ အရှိန်အဟုန်ဖြင့် ဝင်လာကြသည်။
စုန့်ဖေးသည် အောက်ကထူထပ်သော လူအုပ်ကြီးကို မျက်တောင်မခတ် စူးစိုက်နေမိသည်။ သို့သော် လူတွေအလွန်တရာများပြားပြီး သူတို့နှုန်းသည် မြန်လွန်းနေ၏။ သေချာမြင်ရန် သူတကယ်အောက်ကို တိုက်ရိုက်ခုန်ဆင်းကျော်ဖြတ်ပြီး တစ်ယောက်ချင်းစီကို ကွဲပြားစွာ ကြည့်ချင်မိသည်။
ထိုသူ၏အမည်ကို သူခေါ်ချင်မိသော်လည်း ထိုသူက ၎င်းတို့အထဲ တကယ်ပါမည်ကိုလည်း သူ ကြောက်မိသည်။ သည်ခေါ်ဆိုမှုသည် သူ့ပြေးနှုန်းကို တားဆီးလိုက်သလိုလည်း ဖြစ်နိုင်လောက်သည်။
ဤသည်မှာ မကောင်းပေ၊ ကောင်းတာလည်းမရှိပေ။ စုန့်ဖေးသည် အလွန်စိုးရိမ်ကာ သူ့ဆံပင်ကို ဆောင့်ဆွဲလိုက်မိသည်။ ဒီကြောက်လန့်စရာအခိုက်မှာပင် ရုပ်ရှင်နှင့် ဝတ္ထုများထဲတွင် သုံးရတာနှစ်သက်သော ဥပစာစကားလုံးလို လျှပ်တစ်ပြတ်ထိုးထွင်းခြင်းအသိတရားတစ်ခုက သူ့နှလုံးအိမ်ထဲကို ဖြတ်သန်းရိုက်ခတ်သွားခဲ့ကာ ထူးဆန်းသောခံစားချက်တစ်ခု ရလာခဲ့သည်။
ချီယန်က ထိုနေရာထဲမှာ ပါနေခဲ့၏။
သူကြိုးစားပြီးတတ်နိုင်သလောက်ပြေးနေစဉ် တစ်စုံတစ်ရာကိုရှာနေသလိုမျိုး ပတ်လည်ကို ရှာနေခဲ့သည်။ သူ့အကြည့်က အဆောင် ၄၄၀ဆီကို ရောက်လာသည့်တိုင်အောင်… တစ်ဦးနှင့်တစ်ဦး တကယ့်ကို ပွတ်ကာသီကာ ကျော်ခွသွားခဲ့၏။
စုန့်ဖေးက ကဲ၊ ယခုတော့ အမုန်းတရားတို့ပြည့်နှက်နေသော လူတစ်ယောက်ဖြစ်လာတော့သည်။
ကောင်းပြီ၊ ၎င်းကို ပြောက်ကျားတပ်စစ်ပွဲတွင် မျဉ်းတစ်ဖြောင့်တည်းမကျသော တချို့အတိုင်းအတာရှိလောက်သည်ဟု နားလည်ပေးနိုင်သည်။ တောင်က သူ့ဆီကိုမလာပါလျှင် သူကပဲ တောင်ဆီကို သွားရမည်။
လော်ကန်းသည် မျက်စောင်းထိုးက စုန့်သူငယ်ချင်းက ခြိမ်းခြောက်သလိုပုံနှင့် ဘာကြောင့် ရုတ်တရက်လက်ဝှေ့ယမ်းနေသလဲဆိုတာကို မသေချာပေ။ လက်မထပ်ရသေးသော မိန်းကလေးက သူမ၏ ဗရုတ်ကျသောပန်းဘောလုံးပစ်ပွဲအလယ်တွင် သူ့ချစ်သည်းညှာကို နောက်ဆုံးရှာတွေ့သွားသူလိုမျိုး မျက်လုံးများက တောက်လောင်နေ၏။ ထိုပြင်းထန်သောလှုပ်ရှားမှုသည် တစ်ဖက်လူကို သတိပေးလိုက်သလိုပင်။ သင် ဤအရာကို စောက်ရမ်းမဖမ်းမိပါက အမေကြီးက သင့်ကို အဆုံးစီရင်ပေးလိမ့်မည်။