Chapter 14
စုန့်ဖေးနှလုံးကို ဆုပ်ကိုင်ထားသော အကြောက်တရားများသည် ချီယန် ကျောင်းအိပ်ဆောင်ထဲသို့ ပြေးဝင်လာမှ ထက်ခြမ်းပျောက်ကွယ်သွားရသည်။
မည်သို့ဆိုစေ မနေ့တည်းက အဆောက်အဦးထဲတွင် ပြေးဝင်လာနှင့်သော ဇီဝပြောင်းကောင်များ ရှိနေပြီဖြစ်၏။ ချီယန်သည် သူ့အခန်းထဲတွင် ဘေးကင်းစွာ ပုန်းနိုင်မနိုင်ဆိုသည်ကို မည်သူမှ သေချာမပြောနိုင်ကြပေ။ ထို့ကြောင့် ကျန်အကြောက်တရားတစ်ခြမ်းမှာ ဘာဖြစ်ဖြစ်လွှတ်ပေးနိုင်မည်မဟုတ်ပါ။
သူတို့၏ အသက်ရှင်ရေးအတွက် ပြေးနေသောသူများသည် အကုန်လုံးအဆောင်ထဲသို့ တဟုန်ထိုးဝင်လာကြ၏။သူတို့နောက်တွင်တော့ တရွတ်ဆွဲကာ အောက်လှေကားတွင် ကျန်ခဲ့သော ဇီဝပြောင်းကောင်တပ်သာ ဖြစ်သည်။ တောဆိတ်အုပ်တစ်အုပ်လိုမျိုး အတူတကွစုဝေးထားသော ကျောင်းသားများ၏ ကမူးရှူးထိုးပြေးသလိုမဖြစ်ဘဲ သည်ဇီဝပြောင်းကောင်များသည် အဖွဲ့အစည်း၏ အမြင်သဘောထားများ မရှိကြပါ။ခရီးတစ်လျှောက် ဒီအတိုင်း ကျော်လွှားနေကြကာ ထုံးပိုင်းထုံးပိုင်းနိုင်စွာ ပြေးကြသကဲ့သို့ အရှိန်အရ နှေးသူများနှင့် မြန်သူများ ရှိနေကြသည်။ သူတို့ကို အရေအတွက်များသည်ဟု ထည့်တွေးနိုင်သော်လည်း အရှိန်အဟုန်များ မစုစည်းထားကြပါ။
ပထမဆုံးအနေနှင့် စုန့်ဖေးသည် “ထိုအရာများ”ကို ပွဲကြည့်ပရိသတ်၏ အမြင်ဘက်မှသာ ကြည့်နေခဲ့သည်။ သူသည် အသက်ရှင်ရေးအတွက် ပြေးရန်မလိုအပ်နေသလို ကမူးရှူးထိုးတဟုန်ထိုးသွားရန်လည်း မလိုပေ။နတ်ဘုရား၏ ရှုထောင့်နေရာလိုမျိုး အပေါ်စီးကနေ ၎င်းတို့ကို စောင့်ကြည့်နေရန်သာ လိုပေသည်။
သည်လူတွေအားလုံးသည် သူ့အတန်းဖော်များဖြစ်ခဲ့၏။ လေးတွဲ့ပြီး ပျင်းရိသောကောင်လေးများ၊ ချစ်စရာကောင်းပြီး ဉာဏ်ထက်သော မိန်းကလေးများ ဖြစ်ခဲ့သည်။ တိုက်ခိုက်ခံရတုန်းက သိပ်များများမထိခိုက်လိုက်ခြင်းဖြစ်နိုင်ချေရှိသော သူတို့ပင်ရှိလောက်သည်။ ဇီဝပြောင်းပြီးနောက် ဘယ်သူ့ကိုမှ တိုက်ခိုက်ရန် မတတ်နိုင်ခြင်းလည်း ရှိလောက်သည်။ ထို့ကြောင့် လက်တွေ့မှာ ခေါင်းအစ ခြေအဆုံး သူတို့ထံတွင် သွေးတစ်စက်မှ မရှိနေကြပေ။ အကယ်၍ သင်သည် သူတို့၏ သဘာဝမကျသောလှုပ်ရှားမှုများနှင့် သူတို့၏ အနည်းငယ်မူမမှန်သော အမူအရာများကိုသာ လစ်လျူရှုလိုက်ပါက သည်လူတို့သည် တက္ကသိုလ်ဝင်းတွင် သင် ဖြတ်ကျော်သွားလောက်သော ကျောင်းသားများပုံပေါ်နေသေး၏။
စုန့်ဖေးသည် သည်ခံစားချက်ကို ဘယ်လိုဖော်ပြရမလဲ မသိပါ။ ကြောက်ရွံ့မိသော၊ အနေရခက်သော၊ အေးဆေးသော၊ ဝမ်းနည်းမိပြီးနောက် အမျက်ဒေါသနှင့် စက်ဆုပ်ရွံရှာခြင်းကနေ သူ့မျက်နှာသူ နှစ်ကြိမ်လောက် ပါးရိုက်ရန် ဆန္ဒပြင်းပြနေမိသည်။ သူသည် ငြီးငွေ့ဖွယ်ရာကောင်းသော တက္ကသိုလ်ဘဝကို အကြိမ်မရေမတွက်နိုင်အောင် ညည်းညူခဲ့ဖူး၏။
ဂြိုဟ်သားများ ကမ္ဘာကို ဘယ်လိုလာရောက်တိုက်ခိုက်ပြီး တက္ကသိုလ်သည် စစ်မြေပြင်သို့ မည်သို့ပြောင်းလဲသွားမည်ကိုပင် စိတ်ကူးယဉ်ဖူးသူ ဖြစ်သည်။ထိုအချိန်မှာ သူသည် သေချာပေါက် ကျောင်းပုံနှိပ်အားလုံးကို ဆုတ်ဖြဲပစ်လိုက်ပြီး သူ့ပတ်လည်က ရစ်ဝဲပျံနေသော စက္ကူများကြား မီးကုန်ယမ်းကုန် ဂြိုဟ်သားများနှင့် နပန်းလုံးရလိမ့်မည်။
သို့သော် ဂြိုဟ်သားများကမလာဘဲ ဇီဝပြောင်းကောင်များက ရောက်လာပြီဖြစ်သည်။
သူတို့၏ကလေးဆန်သောအတ္တများသည် မထင်မှတ်သောဖြစ်ရပ်ကို ရင်ဆိုင်နေသောမျက်နှာထဲတွင် ထိုမျှလောက်အားနွဲ့နေကြသည်။ သူတစ်ခါက မတူမတန်သဘောထားခဲ့သော ရိုးအီစိတ်သည် ယခုမူ သူအဖမ်းဆုပ်ချင်ဆုံး အိမ်မက်ဖြစ်လာသော်လည်း ဘယ်လိုအကြောင်းရှိပါစေ ဖမ်းဆုပ်မှုတစ်ခုတောင် မရနိုင်တော့ပေ။
“ကယ်ကြပါ အားးးး”
ရုတ်တရက် အစီအစဉ်မကျသောခြေသံများနှင့် စိတ်မချမ်းသာစရာငိုကြွေးသံတစ်ခုက စင်္ကြံမှအကူညီတောင်းလာခဲ့၏။
ထိုအသံကိုကြားသော် စုန့်ဖေးသည် အလျင်အမြန် သူ့အခန်းထဲပြန်ပြေးဝင်လာပြီး တံခါးကို ကျောမှီထားလိုက်သည်။ သို့သော် ထိုအသံကိုမကြားအောင် သူ့နားတို့ကိုမဖိထားမှီ သူ့နားစည်ထဲသို့ အကူညီတောင်းသံထဲရှိ ရှိုက်ငိုနေသောအငွေ့အသက်သည် လက်တွေ့ဆန်စွာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားကာ ဝင်လာခဲ့သည်။
“ငါ့အတွက်တစ်စုံတစ်ယောက် စောက်တံခါးဖွင့်ပေးနိုင်မလား အားးး ငါမင်းတို့ကောင်တွေကို တောင်းဆိုနေတာပါ အားးးး__”
စုန့်ဖေးသည် သူ့သွားတို့ကို အတင်းအကြမ်းကြိတ်ထားရာမှ တကယ်တမ်းကြေမွတော့မတတ်ဖြစ်သည်။ သူတံခါးဖွင့်လိုက်လျှင် သူသေမည်မှာ ၈၀ရာခိုင်နှုန်းရှိသော်လည်း သူမဖွင့်ခဲ့လျှင် သူနှင့်ထိုဇီဝပြောင်းကောင်များက ဘာကွာခြားတော့မည်လဲ။
စုန့်ဖေးက အသက်ပြင်းပြင်းရှူလိုက်ပြီး တံခါးလက်ကိုင်ကို တင်းကြပ်စွာညှစ်လိုက်ကာ လော့ခ်ဖွင့်မည်ပြုရုံလေးရှိသေး သူချက်ချင်းရပ်တန့်လိုက်သည်။ ထိုနောက် သူတစ်စုံတရာကိုစဉ်းစားမိသွားသလို သူ့မျက်ဝန်းများက ရုတ်တရက်လင်းလက်သွားရသည်။ ပြီးနောက် သူရဲကောင်းဆန်ဆန်အော်ဟစ်သံသည် သူ့နှုတ်ခမ်းမှ ထွက်လာခဲ့သည်။
“၄၄၀ကိုပြေး၊ ငါမင်းအတွက် တံခါးဖွင့်ပေးမယ်”
သည်အော်သံသည် အပြင်ဘက်ကကျောင်းသားအတွက် အချိန်မီမိုးမဟုတ်ပေ။ ယင်းမှာ အသက်ကယ်တာယာ စောက်ရမ်းဖြစ်သွားသည် အာ….
အားအင်ကုန်ခမ်းပင်ပန်းနေနှင့်ကာ သူထပ်မပြေးနိုင်တော့ဘူးဟုထင်မိသော အပြင်ဘက်က ကျောင်းသားသည် ယူစိန်ဘို့လ်ထ် ဝင်စီးခံရသကဲ့သို့ ချက်ချင်းဖြစ်သွားခဲ့၏။
(ယူစိန်ဘို့လ်ထ် = ကမ္ဘာ့စံချိန်တင် အပြေးသမားနာမည်)
စုန့်ဖေးသည် ထိုသူ၏နဂိုခြေသံလေးလေးက ထပ်ပြီးခြေလှမ်းသွက်လာသည်ကိုကြားရသောအခါ သူစိတ်ကျေနပ်လုနီးပါး ဖြစ်သွားမိသည်။ထိုသူ၏ခြေလှမ်းများ ပိုမြန်လာတာကို သူတွေ့ရှိလိုက်သော်လည်း သူ့အသံသည် ပို၍ပို၍ခပ်ဝေးဝေးကို ရောက်သွားပုံရသည်…
“မင်းဟာ လမ်းမှားကို စောက်ရမ်းပြေးနေတာပဲ”
စုန့်ဖေးနေရာတွင် မေ့လဲချင်စိတ်ပေါက်သွားမိ၏။အကယ်၍ ထိုဇီဝပြောင်းကောင်များသာ တကယ်ဇွန်ဘီများဆိုလျှင် သည်ကောင်ဦးခေါင်းခွံကိုဖွင့်ပြီး အထဲကိုကြည့်ရှုပြီးနောက် သေချာပေါက်စိတ်ပျက်သွားကြလိမ့်မည်။
ကံကောင်းထောက်မစွာ သိပ်မကြာလိုက်ခင် ခြေလှမ်းသံများက ပြန်ရောက်လာပြီး ပို၍ နီးသည်ထက် နီးလာခဲ့သည်။ စုန့်ဖေးသည် စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်ပြီးနောက် တံခါးကိုချက်ချင်းဖွင့်ရန် အခွင့်အရေးကို မလွှတ်တမ်း အသုံးချလိုက်၏။
တက္ကသိုလ်ဘို့လ်ထ်သည် တဟုန်ထိုးပြေးဝင်လာခဲ့သဖြင့် စုန့်ဖေးသည် ငါးပိငါးချဉ်သိပ်ဖြစ်လုနီးပါး တံခါးပေါ်ကို ကပ်သွားခဲ့ရသည်။ သို့သော် သူ့ကပ်လျက်က ဇီဝပြောင်းကောင်သည် ပိုတောင်မြန်သေးမှန်း မည်သူသိမလဲ။စုန့်ဖေး ဆောင့်မိလိုက်သောတံခါးက ဇီဝပြောင်းကောင်ဆီ တည့်တည့်ပိတ်တိုးသွားခဲ့သည်။ တစ်ယောက်က လက်သုံးသည်၊ တခြားတစ်ယောက်က ခန္ဓာကိုယ်သုံးသည်။ အင်အားပမာဏနှင့် အရွယ်အစားမှာ ဘယ်မှာမှထပ်တူနီးပါးကျခြင်းမရှိပေ။
စုန့်ဖေးသည် သူ့ကိုယ်နှင့်တံခါးကို တောင့်ထားချင်သောအခါတွင် နောက်ကျသွားနှင့်ပြီး တံခါးတွန်းဖွင့်လိုက်တည်းက သက်ရောက်အားမှာကွာသွားခဲ့ကာ ဇီဝပြောင်းကောင်က တိုက်ရိုက်အတင်းပြေးဝင်လာခဲ့သည်။
တက္ကသိုလ်ဘို့လ်ထ်သည် သည်အခြေနေဖြစ်လာမည်ကို အစတည်းက မျှော်မှန်းထားပုံရသည်။
သူပြေးဝင်လာပြီးပြီးချင်း ထိုင်ခုံကိုချက်ချင်းကောက်ကိုင်ပြီးနောက် လျှပ်စီးအလျင်နှင့်လှည့်လိုက်ပြီး ဇီဝပြောင်းကောင်ကို ခုံနှင့်တအားပြန်တိုက်ခိုက်လိုက်သည်။
ဇီဝပြောင်းကောင်သည် ဉာဏ်ရည်ထုံထိုင်းပုံပေါ်ပြီး နာကျင်မှုကို ဘယ်တော့မှ မခံစားမိပေ။ သို့သော် တိုက်ခိုက်သူ၏ ကြမ်းတမ်းမှုသည် ယင်းကို ဒယီးဒယိုင်ဖြစ်သွားစေခဲ့ပြီး သူ့ခန္ဓာကိုယ်သည် ယာယီမျှ တစ်ဖက်ကိုစောင်းသွားခဲ့သည်။
စုန့်ဖေးသည် မျက်လုံးပြူးသွားသော်လည်း သူချက်ချင်းသတိဝင်လိုက်ပြီး အဆောင်ကတံခါးကို kada မြည်သံနှင့် လော့ခ်ချပြီးပိတ်လိုက်သည်။
ဇီဝပြောင်းကောင်ကို တံခါးအပြင်သို့မောင်းထုတ်ရန်ပြင်ထားသော တက္ကသိုလ်ဘို့လ်ထ်သည် အမှန်တကယ်ရူးသွားတော့မည်။
“ဘာအတွက် မင်းတံခါးကို စောက်လော့ခ်ချလိုက်တာလဲ အာ”
စုန့်ဖေးတွင် သူ့ကို ရှင်းပြနေချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ပြန်တည့်တည့်ရပ်လာသော ဇီဝပြောင်းကောင်သည် နောက်တစ်ကြိမ် ၎င်း၏သားကောင်အတွက် ခုန်အုပ်လိုက်သောကြောင့်ပင်။
တက္ကသိုလ်ဘို့လ်ထ်သည် တူညီသောတိုက်ကွက်ကို ထပ်ကြော့ပြီး တစ်ဖက်ခေါင်းတည့်တည့်ကို ထိုင်ခုံနှင့်ထပ်ချိန်လိုက်သည်။
သည်ကြီးမားသောသက်ရောက်မှုသည် တစ်ဖက်၏အရေပြားကို ကွဲပြဲသွားစေပြီး ၎င်း၏နဖူးပေါ်မှာ အသားဟောင်းလောင်းပွင့်သွားခဲ့၏။ အရပ်ရပ်ကို သွေးများစဉ်ကုန်သော်လည်း လူများနှင့်ကွာခြားပေသည်။ သွေးအရောင်မှာ ထူးဆန်းနေပြီး အမည်းရောင်ဖြစ်လုနီးပါး အနီရင့်ရောင်ဖြစ်သည်။
သို့သော် သူ့ခေါင်းကွဲအက်နေသော ဇီဝပြောင်းကောင်သည် သေချာပေါက် သတိမမူမိပေ။
ခဏလောက်ရပ်တန့်ပြီးနောက် တက္ကသိုလ်ဘို့လ်ထ်လက်ထဲရှိ ထိုင်ခုံဆီ တိုက်ရိုက်လှမ်းယူပြီး အင်တိုက်အားတိုက် ဆောင့်ဆွဲလိုက်သည်။ သူ့လက်ထဲမှ ထိုင်ခုံကို ဆွဲလုခံရပြီး သူ့ဘေးက အိပ်ရာထပ်ခိုး၏သံမဏိစွန်းကို guangdang မြည်အောင် တည့်တည့်ထုရိုက်မိပြီးနောက် ပြင်းထန်စွာ နောက်ထပ်တစ်ကြိမ်ပြုတ်ကျသွားခဲ့၏။
တက္ကသိုလ်ဘို့လ်ထ်သည် သူ့လက်ခုပ်ထဲက ထွက်သွားသောခုံကြောင့် အာရုံပြောင်းသွားခဲ့၏။ သူ့သတိများပြန်ဝင်လာပြီး လက်ဗလာနှင့် PK ပစ်ချင်သောအချိန်မှ ဇီဝပြောင်းကောင်သည် သူ့ပခုံးကိုဆွဲယူလိုက်နှင့်ပြီဖြစ်ပြီး သူ့ကိုပိုနီးနီးဆွဲကပ်လိုက်သည်။ အကျည်းတန်သော ဟနေသည့်လည်ဇလုပ်မှာ သူ့မျက်နှာပေါ်သို့ ဝါးလုမတတ်ပင်။
၎င်းကိုရှောင်ရှားရန်မဖြစ်နိုင်ပေ။ အကိုက်ခံရဖို့ရာ မြေကြီးလက်ခတ်မလွဲ အဖြေတစ်ခုဖြစ်ပုံရသည်။ သို့သော် သူ သည်အရာကို တွေးမိလိုက်ရုံရှိသေးတဲ့အချိန်မှာ ပန်းနုရောင်မွေ့ရာခင်းက လေထဲမှတဆင့်ပျံလာပြီး ဇီဝပြောင်းကောင်၏ခေါင်းကို တိုက်ရောက်ဖုံးအုပ်လိုက်၏။
အုပ်ပြီးနောက် တင်းတင်းကြပ်ကြပ်ချည်ပြီး ဆွဲလိုက်ကာ ဇီဝပြောင်းကောင်သည် ဇာတ်ကြိုးဆွဲခံရသောမြင်းတစ်ကောင်လို ဖြစ်သွားခဲ့ပြီး ချက်ချင်း ခြေနှစ်လှမ်းအကွာကို ဆောင့်ဆွဲခံလိုက်ရသည်။
အိပ်ရာခင်းနှင့်ဆွဲနေသော သူရဲကောင်းသည် ဇီဝပြောင်းကောင်ကို ကောင်းကောင်းရပ်ရန် မစောင့်ပေ။ ခြေတစ်ဖက်ကိုမြှောက်လျက် အရိပ်မဲ့သောကန်ချက်နှင့် ဇီဝပြောင်းကောင်ကို သေစေလောက်သောခြေထိုးတိုက်လိုက်ပြီး ကြမ်းပြင်ပေါ်ကို နောက်ပြန်ကျသွားစေခဲ့သည်။ တက္ကသိုလ်ဘို့လ်ထ်သည် ပြင်းပြင်းကျရာမှ guangdang ကိုကြားရုံနှင့် နာကျင်မှုခံစားလိုက်ရသည်။
“ဘာကြောင်တောင်တောင်ရပ်နေတာလဲ၊ သူ့ခြေထောက်တွေကိုမြှောက်ထား အာ၊ မထစေနဲ့” မွေ့ရာခင်းသူရဲကောင်းက ဟောက်လာ၏။
တက္ကသိုလ်ဘို့လ်ထ်သည် ရုတ်ချည်းပင် ဇီဝပြောင်းကောင်၏ခြေချင်းဝတ်ကို နာခံစွာဆွဲဖမ်းယူပြီး တရွတ်တိုက် မဆွဲလိုက်သည်။
ဇီဝပြောင်းသည် သူတို့နည်းအတိုင်း သွားခွင့်မပြုဘဲ ချက်ချင်း စတင်ရုန်းကန်နေခဲ့ပြီး ကြိမ်ဖန်များစွာ သူ့ကိုဖမ်းချည်ထားသည်ကို လွတ်လုနီးပါးဖြစ်သွားရသည်။
ကံကောင်းထောက်မစွာ သူ့ခွန်အားအကုန်လုံး မကုန်ခမ်းခင် အိပ်ရာခင်းသူရဲကောင်းသည် ဇီဝပြောင်းကောင်၏ပါးစပ်ကို အိပ်ရာခင်းနှင့်ဆို့စည်းပြီးနောက် ချိုင်းအောက်ကနေပင့်မလိုက်သည်။ ဇီဝပြောင်းကောင်ကို နှစ်ယောက်လုံးအောင်အောင်မြင်မြင် မနိုင်သွားပြီဖြစ်သည်။
“အဲ့ဒါကို အောက်လှေကားဆီ လွှင့်ပစ်လိုက်”
ခန့်ထည်သောစကားသုံးလုံးပင်။
တက္ကသိုလ်ဘို့လ်ထ်သည် ပါးပါးလေးတွန့်ဆုတ်နေပြီးနောက် ချက်ချင်း ပြောင်းပြန်အရှိန်မြှင့်လိုက်သည်။
ထိုနောက် ကျယ်လောင်သော guangdang အသံကြားလိုက်ရပြီး ဇီဝပြောင်းကောင်၏ ကျောက်ပြားပေါ် ရိုက်မိသံပေါ်လာခဲ့သည်။ ပန်းနုရောင်မွေ့ရာခင်းနှင်အတူ ၎င်းသည် ထူးဆန်းသောရုပ်ပုံထွက်နေခဲ့၏။
“မင်း ဘာလို့တံခါးလော့ခ်ချလိုက်လဲ ငါအခုသိပြီ”
တက္ကသိုလ်ဘို့လ်ထ်သည် စွဲကျန်နေသောအကြောက်တရားနှင့် ပြောလာခဲ့သည်။
“သူတို့ထဲက တစ်ကောင်ကို ကိုင်တွယ်ဖို့အာရုံစိုက်လိုက်ရင် ပြန်ချနိုင်ဖို့ အခွင့်အရေးတစ်ခုရှိဦးမှာပဲ။ အဲဒီတစ်ကောင်ပြီးလို့ နောက်တစ်ကောင်ထပ်လာရင်တော့ ငါတို့နှစ်ယောက်လုံးသေမှာ သံသယဝင်ဖို့မလိုဘူး”
ပုံမှန်အားဖြင့် စုန့်ဖေးသည် သေချာပေါက်အကြွားသန်ပြီး ကိုယ်ဟန်ပြလောက်မည်။ သို့သော် ယခုမူကား သူသည် အသက်ရှူမဝဖြစ်နေကာ ပြန်ပြောရန် တကယ့်ကို စိတ်မပါပေ။
“နိုင်ငံခြားဘာသာစကားဌာနက…. ချောင်စီချီးပါ”
“သမိုင်းဌာနက စုန့်ဖေးပါ”
“ငါမင်းကို အသက်ကြွေးတင်သွားပြီ”
“ထားလိုက်ပါ….ငါတို့အတန်းဖော်တွေပဲ၊ စိတ်ထဲမထားနဲ့”
“ငါတို့က အတန်းဖော်တွေပေမယ့်လည်း မင်းတစ်ယောက်ပဲ ငါ့အတွက်တံခါးဖွင့်ပေးတာ”
“…”
စုန့်ဖေး မည်သို့တုန့်ပြန်ရမည် မသိပေ။ သေရေးရှင်ရေးအဆင့်တွင် ဘယ်လိုရွေးချယ်မှုမဆို အားလုံးက အလိုလိုဖြစ်လာသည်သာပင်။