Chapter 15
“စုန့်ဖေးးး”
ရုတ်တရက် စိုးရိမ်ပူပန်သော အော်သံက အောက်လှေကားမှထွက်လာခဲ့၏။
စုန့်ဖေး လန့်သွားရသည်။သူ မြန်မြန်ခေါင်းပြူပြီး ကြည့်ရှုလိုက်သောအခါ ထင်သည့်အတိုင်း ဒုတိယထပ် ထောင့်ဖြတ်အစွန်မှ အပေါ်မော့ကြည့်နေသော ပုဂ္ဂိုလ်တစ်ဦးကို အမှတ်မထင်တွေ့လိုက်ရသည်။
“ချီယန်”
စုန့်ဖေးသည် စိတ်အားထက်သန်စွာ လက်ယမ်းပြလိုက်၏။ သူတို့သည် ခပ်လှမ်းလှမ်းမှနေ၍သာ တွေ့ဆုံနေကြသော်လည်း လူတစ်ယောက်ကို ပျော်လုံးဆို့ပြီး ငိုကြွေးဖို့ လုံလောက်ပေသည်။
ချီယန်သည် မည်သို့ဖြစ်စေ မသေချာသေးပုံရသည်။ “မင်းအဆင်ပြေလား”
စုန့်ဖေးက သူ့ရင်ဘက်ကို ချက်ချင်း ပုတ်လိုက်သည်။ “ဘာမှမဖြစ်သွားဘူး၊ ရန်ဖြစ်တာက ဒီညီနောင်ရဲ့ အားသာချက်လေ”
ချီယန်သည် သည်အချိန်မှာ ဟာသပြောနေနိုင်သေးသော အနှီအတန်းဖော်ကို ဆွဲချချင်စိတ် တကယ်ပေါက်မိသွားသည်။ ပြီးလျှင် သူ့မျက်နှာကို ကောင်းကောင်းလေး ညှစ်ပစ်မည်။
“မင်းတံခါးကို သေချာလေးလော့ခ်မချထားဘူးလား။သူတို့ ဘယ်လိုဝင်နိုင်သေးတာလဲ”
သည်ကိစ္စသည် အချိန်တိုအတွင်းတွင် သင့်လျော်အောင် ရှင်းပြလို့မနိုင်ပေ။ ထို့ကြောင့်စုန့်ဖေးသည် အလွယ်တကူ အဓိကအချက်ကို အာရုံစိုက်လိုက်သည်။ “အခုတော့ ဘယ်လိုနေနေ လော့ခ်ချထားပြီးပြီ၊ ဒါကြောင့် မပူနဲ့တော့”
“ဟေး ဒုတိယထပ်ကကောင်”
စုန့်ဖေးကိုယ်စား တစ်ချိန်လုံးလက်ထဲ ချွေးပြန်နေရသူ လော်ကန်းသည် သိချင်စိတ်ကို တားမရတော့ပေ။နောက်ဆုံးတော့ ချီယန်ကို မေးလိုက်သည်။
“ငါက ဆန့်ကျင်ဘက်မှာရှိနေတာကြောင့် အကုန်လုံးကို ရှင်းရှင်းသိလိုက်ရတာ ငါ့အတွက်ပုံမှန်ပါပဲ။ဒါပေမယ့် မင်းက ထောင့်မှန်မှာရှိနေတာလေ။ ပြီးတော့ မင်းအခန်းထဲမှာ ရှိနေတယ်။ ဘီလူးက စုန့်ဖေးအခန်းထဲကနေ ကျလာမှန်း မင်းအတိကျကြီး ဘယ်လိုလုပ်သိတာလဲ”
“ဘီလူးမဟုတ်ဘူးလို့ ငါမင်းကို ပြောပါတယ်။ ဇွန်ဘီပါဆိုနေ” အပေါ်ထပ်က ကျိုးရီလုသည် စိတ်အားထက်သန်စွာ ကြားဖြတ်ပြောလာသောကြောင့် လသာဆောင်တွင်ရှိနေပုံပေါ်သည်။
လော်ကန်းသည် သူ့ကိုလစ်လျူရှုလိုက်ပြီး သူ့သံသယတို့ကို လွင့်ပြယ်ဖို့ကူညီပေးရန် ချီယန်ကိုကြည့်နေတုန်းပင်။
ချီယန်သည် သည်အရာက နက်နက်နဲနဲ ရှုပ်ထွေးပွေလီသော မေးခွန်းဟု ခံစားရသည်။
“ငါ့အခန်းထဲကနေ မမြင်နိုင်ပါဘူး။ ဒါပေမယ့် ငါကြားနိုင်တယ်လေ။ ငါအပြင်ပြေးထွက်ပြီး ငုံ့ကြည့်ရင် ရှာမတွေ့နိုင်ဘူးလား”
လော်ကန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ သိပ္ပံကျောင်းသားအနေနှင့် သူ့အဆင့်များက နည်းနည်းသနားစရာကောင်းသည်ကလွဲလို့ သူ၏ဖြစ်စဉ်ပေါ်အတွေးက အလိုလို ယုတ္တိကျနေဆဲပင်။
“ဒါဖြင့် အဲ့ဒါကပိုတောင် ထူးဆန်းသွားပြီ။ မင်းပြေးထွက်လာတဲ့အချိန် ဘီလူးက ကျပြီးပြီလေ။ မင်းက အဲ့ဒါစုန့်ဖေးအခန်းကမှန်း ဘယ်လိုကောက်ချက်ချနိုင်တာလဲ”
ချီယန့်နှုတ်ခမ်းများက တင်းကြပ်စွာညီညီစေ့သွားပြီး သည်အကြောင်းပြောရင်းဆိုရင်း နောင်တရသလိုဖြစ်လာခဲ့သည်။
စုန့်ဖေး၏ နှလုံးသာက နစ်မြုပ်သွား၏။
ချီယန်အတွက် ထိုအရာသည် မိုင်းကွင်းဖြစ်သည်။ လော်ကန်းသည် တကယ့်ကို တစ်ကြိမ်တည်းနှင့် ချက်ကောင်းကို ထိုးနိုင်လိုက်ပေသည်။သူ ခပ်မြန်မြန် ပြောလိုက်၏။ “မင်းမှာ ဘာကြောင့် မေးခွန်းအများကြီးရှိနေတာလဲ? မြန်မြန်ပြန်ဝင်ပြီး မင်း တံခါးလော့ခ်ချထားလား စစ်လိုက်ဦး၊ ထပ်တိုက်ခိုက်မခံရစေနဲ့”
လော်ကန်းသည် သူ့မျက်လုံးများကို လည်လိုက်သည်။ မင်းဖင်ခေါင်းကို စပ်စုလို့တာ အာ၊ သူ့ခြေမများကို သုံးခြင်းဖြင့်သာ ၎င်းကို ပုံဖော်လိုက်သည်…
“မင်း ဒီတစ်ဆောင်လုံးကို အတည်ပြုကြည့်လိုက်ရင် သူ့ရဲ့မွေ့ရာခင်းတွေလို စုတ်ပဲ့တာမျိုး ဒုတိယတစ်ခုတွေ့မှာမဟုတ်ဘူး”
ချီယန်၏ အဖြေသည် ရုတ်တရက် အောက်က ပေါ်လာခဲ့၏။
သူ့အသံသည် မကျယ်သော်လည်း သဘာဝမကျသော သို့မဟုတ် ဖုံးကွယ်ချင်းလက္ခဏာ ဘာမှလည်း ရှိမနေပေ။
လော်ကန်းသည် ပန်းရောင်ပွင့်ရိုက်များကို တစ်ချက်ကြည့်ပြီး လုံးဝသည်အဖြေကြောင့် လက်ခံယုံကြည်သွားခဲ့သည်။ “တကယ်ပဲကို”
ချီယန် ထပ်မပြောတော့ပေ။
စုန့်ဖေးသည် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကာ နောက်ဆုံးတွင် စိတ်ချသွား၏။ သို့သော် နည်းနည်းလေး စိတ်မသက်မသာကိုလည်း ခံစားမိလိုက်သည်။
သူသည် ကျောင်းတွင် လူသိရှင်ကြား လိင်တူချစ်သူဖြစ်ကြောင်း ထုတ်ဖော်ရန်အစီအစဉ်မရှိပါ။ သို့ရာတွင် ပုန်းပြီး ငုံ့ရှောင်ရန်လည်း ဆန္ဒမရှိပေ။
သူယောကျာ်းများကို ကြိုက်သည်ဖြစ်စေ မိန်းမများကို ကြိုက်သည်ဖြစ်စေ သူ့အလုပ်သာဖြစ်သည်။ပြီးလျှင် ဘယ်သူ့ကိုမှ သက်သေလိုက်ပြန်ရန် မလိုသလို ဖုံးကွယ်ရန် သို့မဟုတ် အယောင်ဆောင်ရန်လိုနေသော တစ်စုံတစ်ခုလည်းမဟုတ်ပေ။
သို့သော် ချီယန်သည် ထိုကဲ့သို့မတွေးပါ။ ချီယန်သည် သူ့ပင်ကိုယ်ကိုက အလွန်အားနည်းသော အခြေနေမှာရှိသည်။ ဂေးအနေနှင့် သတ်မှတ်ခြင်းခံရခြင်းကြောင့် ပေါ်ပေါက်လာသော ဖိအားများကို ခံနိုင်သော ဘာအင်အားစွမ်းပကားမှ မရှိပါ။
ဤမည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုမခံရလျှင်တောင်မှ သံသယများနှင့် သင်္ကာမကင်းခံရမှုများက သေဖို့လုံလောက်ပေလိမ့်မည်။
သည်အချင်းအရာသည် အာလူး သို့မဟုတ် အာလူးချိုချိုစားရန် သူတို့ နှစ်သက်မသက်ကိစ္စမျိုး မဟုတ်ပေ။
သဘောထားကွဲလွဲမှုက ပြေလည်စွာညှိနှိုင်းရန် လေးနက်လွန်းလှသည်။
ချောင်စီချီးသည် လော်ကန်းလို ပေါတောတောနှင့် မချိုမြိန်ပေ။
2D နှင့် 3D ကို ဖြတ်သန်းသူတစ်ယောက်အနေနှင့် သည်ပိုင်းခြားဝေဖန်မှုများအပေါ် သူသည် ချက်ချင်းလက်ငင်း စကားပြန်ထောက်နိုင်
ပေသည်။ သို့ရာတွင် အန္တရာယ်က လွတ်မြောက်မြောက်ချင်းမှာ သူ၏ကယ်တင်ရှင်ကို ” ဟေ့…အချင်းချင်းရဲ့မွေ့ရာခင်းက ဘယ်လိုမျိုးလဲဆိုတာကို မှတ်မိလောက်အောင် မင်းတို့ကြားက ဆက်ဆံရေး ဘာကြောင့် ဒီလောက်ကောင်းနေတာလဲ ” ဟူ၍ မေးရုံမေးလိုက်နိုင်သလိုမျိုးလည်း မဟုတ်နေပေ။
“မင်းတို့ကောင်တွေ ဘယ်ကပြေးလာကြတာလဲ?”
ချောင်စီချီး၏ခေါင်းထဲက ဇာတ်ရုံလေးသည် ဖျက်ချခံလိုက်ရ၏။ “ကန်တင်းက….။ အစကတော့ ငါတို့အားလုံး လော့ခ်ချထားပြီး ငါတို့နိုင်သလောက် ပိတ်ဆို့ထားပြီးပြီ။အခုမတိုင်ခင် တစ်ညလုံး ဘာမှမဖြစ်ခဲ့ဘူး။နောက်တော့ သူတို့တံခါးကို ဘယ်လိုရိုက်ဖွင့်လိုက်နိုင်လဲဆိုတာ မသိဘူး။ ကန်တင်းနဲ့ အနီးဆုံးနေရာက အိပ်ဆောင်တွေလေ၊ ဒါကြောင့် လူတိုင်း ဒီကိုပြေးလာကြတယ်။ ပြီးတော့ ငါလိုက်ပြေးပေမယ့် ငါတို့ အဆောင်ထဲဝင်လိုက်တာနဲ့ အကုန်လုံး လူစုကွဲပြီး အထဲရောက်သွားနိုင်တဲ့ ဘယ်သူမဆို အထဲက စောက်ရမ်းလော့ခ်ချလိုက်ကြတယ်။ ပြီးတော့ ငါ့ဘာသာ အပေါ်ထပ်ကို တဟုန်ထိုးဆက်ပြေးနိုင်တာမျိုး မဟုတ်ဘူး။ အဲ့ဒါနဲ့ ငါ အကူညီပဲ တောင်းနိုင်တော့တယ်။ အာ တကယ် ချီးကံကောင်းမှုတချို့ပေါ့”
ကန်တင်း….
ချီယန်သည် သူတို့အတူတကွ ထမင်းစားနိုင်ရန် သူ့ကို ထိုနေရာတွင် စောင့်နေခဲ့ဝာာဖြစ်မည်။
သို့သော် သူ့ရောက်ရှိမှုကို ကြိုဆိုရမည့်အစား ဇီဝပြောင်းကောင်များ၏ ရောက်လာမှုကိုသာ ကြိုဆိုခြင်းနှင့် အဆုံးသတ်သွားပြီ ဖြစ်သည်။ စုန့်ဖေးသည် ချီယန် မည်မျှ စိတ်ဓာတ်ကျသွားလောက်မည်လဲကိုပင် စိတ်ကူးပုံဖော်နိုင်ပေသည်။ သို့ရာတွင် သူတို့သည် မျက်နှာချင်းဆိုင်နိုင်သော အနေအထားတွင် မရှိနေကြပါ။
မျက်နှာချင်းဆိုင်နိုင်ပါလျှင် ထိုသူငယ်ချင်းသည် သေချာပေါက် နေ့တစ်ဝက်လောက် ထိုအကြောင်းကို လေရှည်နေပေလိမ့်မည်။
“စောက်ငရဲပဲ”
“စောက်ရမ်းကွာ…”
“ရူးသွပ်လိုက်တာ…”
အလွန်အံ့အားသင့်ပြီး ပင့်သက်ရှိုက်သံများက မျက်နှာချင်းဆိုင်အဆောက်အဦးမှ တစ်ယောက်ပြီး တစ်ယောက် ဖြစ်ပေါ်လာ၏။
စုန့်ဖေးသည် ပဟေဠိဖြစ်သွားပြီး လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်တာလဲ?”
လော်ကန်းသည် သူ့အောက်ထပ်ကို ညွှန်ပြ
နေပြီး လုံးဝကြက်သေသေနေပုံရသည်။
“အောက်ကို ကြည့်…”
စုန့်ဖေးသည် သူ့ခေါင်းထုတ်ကာ ကြည့်လိုက်သောအခါ ဒွိဟများအပြည့် ဖြစ်သွားရသည်။ ထို့နောက် သူ့ခေါင်းမှ မျက်လုံးနှစ်လုံးက တန်းကျွတ်ထွက်တော့မလို ဖြစ်သွားခဲ့ရ၏။ ချီယန်သည် စပိုင်ဒါမန်းလို လသာဆောင်တစ်ခုမှ တစ်ခုသို့ ခြေလက်လေးချောင်းလုံးသုံးကာ တွယ်တက်နေခဲ့သည်။
သူပင်ပန်းသောအခါ တကယ့်ကို နည်းနည်းလေးနားလို့ရသည့် အနီးဆုံးလသာဆောင်ပေါ်သို့ ခုန်တက်လိုက်သည်။သူ ပြန်သက်သာလာသည်နှင့် သူ ဆက်တက်မည်ဖြစ်သည်။ ခဏအတွင်းတွင် အလွန့်အလွန် မြဲမြံစွာအားကိုးထိုက်သော မဆုတ်မနစ်ကြိုးပမ်းခြင်းနှင့်၊ အလွန်အမင်းနှေးသော နှုန်းတစ်ခုမှာပင် ၄၄၀ကို သူ တစတစ ချဉ်းကပ်လာနေခဲ့သည်။
မိန်းကလေးများသည် သူတို့အိပ်ဆောင်များ၏ လသာဆောင်များရှိ လက်ရန်းပုံစံများ မလုံခြုံနေခြင်းအကြောင်းနှင့် ညအချိန်တွင် သူတို့ဆီတွယ်တက်လာရန် မည်မျှလူတွေအတွက် လွယ်ကူကြောင်းကို တစ်ကြိမ်ထက်ပို၍ ကျောင်းကို တိုင်တန်းထားကြသည်။
ထိုအခါက စုန့်ဖေးသည် သူတို့နောက်ကွယ်တွင် ဟာသလုပ်လေ့ရှိပြီး ပြောသည်မှာ ထိုမိန်းကလေးများသည် ဘာမှလုပ်လို့ ပိုမကောင်းဘူးဟုဖြစ်သည်။ ယခုတော့ သူသည် ထိုမိန်းကလေးများကို သူ၏ စိတ်ရင်းမှန်တောင်းပန်မှုများ ပေးချင်လှသည်။
ရောင်နီထွက်စနောက်ခံဖြစ်ရပ်ကို မှီတည်လျက် ချွေးတစ်ပုံတစ်ခေါင်း တတောက်တောက်ကျစွာ နံရံများပေါ်တက်နေသော ပေါ့ပါးဖျတ်လတ်သည့် လူပုဂ္ဂိုလ်တစ်ဦး၏ ပုံရိပ်မည်းတစ်ခုရှိနေခဲ့သည်။
သူတို့၏ အဆောင်ခန်းတည်ရှိရာ မည်သည့်ရှုထောင့်ကမဆို သူတို့မျက်စိနှင့် သည်မြင်ကွင်းကို မျက်မြင်တွေ့သူအားလုံးသည် တညီတညွတ်တည်း လုံးဝရင်သပ်ရှုမောနေကုန်ကြ၏။
မတူတာကတော့ ပင့်ကူလူသားကူးလာသော အဆောင်နေခန်းများ၏ လသာဆောင်သည် အနည်းငယ် သနားစဖွယ်ဖြစ်သည်။ ခြောက်လှန့်ခံရနှင့်ပြီးသော သည်အခန်းဆောင်များရှိ ကျောင်းသားတို့သည် ဇီဝပြောင်းကောင်များက ဆင့်ကဲပြောင်းလဲလာပြီး ယခု နံရံများကိုပင် တွယ်တက်နေနိုင်ကြပြီဟု တွေးမိလိုက်ကြသည်။
သူတို့ထဲက အနည်းကျဉ်းလောက်က သူ့ကို တွန်းဖယ်ရန် သူတို့၏ တံမြက်စည်းရိုးများကို သုံးခါနီးဖြစ်နေကြ၏။
နောက်ဆုံးတွင် ကြီးမားသောအခက်အခဲများနှင့် အန္တရာယ်တို့မှတဆင့် မြစ်များနှင့်တောင် ထောင်ချီတို့ကို ကျော်ဖြတ်လာသော ချီယန်အတန်းဖော်သည် ၄၄၀လသာဆောင်သို့ အောင်မြင်စွာ ရောက်လာနိုင်ခဲ့သည်။
နှလုံးသားက တွန့်ကြေမွသော လက်နှီးတစ်စလို တွန့်တက်နှင့်သောကြောင့် စုန့်ဖေးသည် ချောင်းမကြည့်ရဲတော့ပေ။
ယင်းကား ချီယန့်ခြေနှစ်ဖက်လုံး မြေပေါ်ချလိုက်သည့် မတိုင်မချင်းဖြစ်သည်။ထိုစုန့်ဖေးမှာ စိတ်တိုစွာ မာဆတ်ဆတ်ပြောလိုက်သည်။
“မင်းစိတ်လွတ်သွားပြီလား အာ….. ဘာလာတက်လုပ်တာလဲ?”
ချီယန်သည် သူ့မျက်နှာကိုညှစ်ရန်ဆန္ဒများ ပြည့်ဝသွားပြီးနောက် တစ်ဖက်ကလူသား ကြားနိုင်သောအသံနှင့် တီးတိုးပြောလိုက်သည်။
“အချိန်၉၉ရာခိုင်နှုန်းမှာ သက်ဝင်တက်ကြွနေတဲ့မင်းက ပိုစိတ်ရှုပ်စရာကောင်းပေမယ့် ဒီနေ့က ချွင်းချက်ပဲ”
မနေ့က ဖြစ်ရပ်ကနေ ယခုတိုင်အောင် စုန့်ဖေး၏မျက်လုံးများရှိ မျက်ခမ်းများသည် ပထမဦးဆုံးဆန်စွာ အရည်တို့ ရစ်ဝိုင်းလာခဲ့သည်။
ချီယန်ကို သူတင်းတင်းကြပ်ကြပ်ဖက်လိုက်၏။ သူ့ကို သူခန္ဓာကိုယ်ထဲသို့ ရောမွှေပေါင်းစပ်ရန် ကြိုးစားနေသည့်အတိုင်းပင်။
ချီယန်သည် ညင်သာစွာ သူကျောကိုပုတ်ပေးလိုက်သည်။ သည်အခိုက်အတန့်မှာ တစ်ခါလောက် သိက္ခာစောင့်စည်းမှုတို့ကို မေ့ထားလိုက်ပြီး မျက်စောင်းထိုးအဆောင်က ကြည့်နေသောမျက်လုံးများကို မေ့ထားလိုက်ကာ စုန့်ဖေးကို “ငါမင်းကို တစ်ယောက်တည်းဖြစ်ခွင့်မပြုဘူး” ဟု ပြောလိုက်သည်။
ဤကဲ့သို့ နွေးထွေးမှုနှင့် နူးညံ့ညင်သာမှုက ချီယန်နှင့်လုံးဝ တကယ်မတူပေ။ စုန့်ဖေးသည် သည်အခိုက်ကို ထာဝရရှည်ကြာရန် ဆုတောင်းမိသည်။
“မပူပါနဲ့၊ ငါ့တစ်ယောက်တည်းမဟုတ်ပါဘူး”
ချီယန်သည် သူ့မေ့စေ့နှင့် သူ့ခေါင်းကိုပွတ်ဆွဲလိုက်သည်။
“အင်း ငါမင်းနဲ့ရှိနေမယ်”
စုန့်ဖေး သွားပေါ်သည်ထိ ရယ်လိုက်သည်။ “ကောင်းတာပေါ့၊ ငါတို့သုံးယောက်က အဆောင်ပိုင်ရှင်ကိုတောင် ချနိုင်တယ်”
ချီယန် : “…”
ထိုအချိန် အရိပ်များထဲကနေ လက်တစ်ခုဆန့်လာ၏။ “ဟယ်လို၊ ငါကချောင်စီချီးပါ။ မင်းငါ့ကို ဂျွန်လို့ခေါ်နိုင်တယ်။ အာ တကယ်တော့ မင်းငါ့ကို ဂရုမထားလို့လည်းရတယ် ဟ…”
အနည်းဆုံးတော့ စုန့်ဖေးအပေါ် ချီယန်မြင်ကွင်းနယ်ပယ်သည် အကန့်သတ်နှင့်မဟုတ်တော့ပေ။ ထို့ပြင် ၎င်းက တစတစကျယ်ဝန်းလာပြီး ထိုနောက်မှသာ သည်လသာဆောင်တွင် တခြားကျောင်းသားရှိမှန်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
ချောင်စီချီး၏လက်သည် လေထဲတွင် ရပ်တန့်နေကာ နည်းနည်းလေး ကြောင်တောင်တောင်နိုင်လှသည်။ ပင့်ကူလူသားသူငယ်ချင်းက သူ့အပေါ် ကြည့်သော ငေးစိုက်နေမှုသည် အထူးသဖြင့် ဖော်ဖော်ရွေရွေမဖြစ်ကြောင်း ဆက်လက်ခံစားမိလာသည်။
“မင်းလည်း တွယ်တက်လာတာလား?”
“မဟုတ်တာ၊ ငါကတံခါးကနေ ဝင်လာတာပါ”
“…”
အိုး၊ မဟုတ်ဘူး။သူ့မဖော်ရွေမှုက ပကတိအမုန်းတရားသို့ ပြောင်းသွားပြီနှင့်တူသည်။