Chapter 6
CET-4 စာမေးပွဲမတိုင်ခင်ညတွင် အိပ်ဆောင်များ၌ အင်တာနက်ပြတ်တောက်မှုတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။
စုန့်ဖေးသည် တောက်တီးတောက်တဲ့ siteတစ်ခုပေါ်တွင် တည်းဖြတ်ထားမှုများကို အပေါ်အောက်ဆွဲကြည့်ပြီး သဘောခွေ့နေခဲ့၏။ သူ့အခန်းဖော်နှစ်ယောက်ဖြစ်သည့် အလုပ်ပင်ပန်းလာသော ဝမ်နှင့် ရွမ်ကို မနှောင့်ယှက်မိအောင် မိုက်ခွက်ပါနားကြပ်ကို တပ်လိုက်သည်။ ပထမဆုံးတော့ သူ ထိုအရာကို သတိမထားမိပေ။ဗီဒီယိုဆုံးသည်ထိ မပြရသေးခင် အသစ်တစ်ခုကို နှိပ်လိုက်သောအခါ ဗီဒီယိုမပြည့်လာတာကြောင့် တစ်စုံတစ်ရာဖြစ်ပျက်နေကြောင်း ခံစားလိုက်မိ၏။
သူ့လပ်တော့၏ အောက်ဆုံးညာဘက်ထောင့်နားကို ကြည့်လိုက်သောအခါ အင်တာနက်ချိတ်ဆက်သည့်နေရာပေါ်တွင် အာမေဍိတ်တစ်ခုက ပေါ်နေခဲ့သည်။
တက္ကသိုလ်နယ်မြေ၏ အင်တာနက်လိုင်း မမှန်ခြင်းသည် အတန်းလူဦးရေကောက်ယူသော ဘာသာရပ်နည်းပြများနှင့်တူ၏။၎င်းတို့တည်ရှိမှန်းသာသိရသည်။ ဘယ်အချိန် ထလာစစ်မလည်းဆိုတာ မသိရပေ။ အတိတ်ကလိုင်းနှုန်းထားကို ပြောရခက်စဉ် တစ်ဦးနှင့်တစ်ဦးကွဲပြားနေသော ဒဏ်ပေးပျက်စီးစေမှုသည် အရင်က အကြိမ်ရေမြှင့်ခဲ့သည်။သို့သော် ဒဏ်ပေး ပျက်စီးစေမှုသည် လုံးဝအဆိပ်ရှိသော အစေးထွက်သည့်အပင်ကို မခွဲထားသလိုဖြစ်၏။
စုန့်ဖေးသည် သည်အရာကြောင့် ကျောက်ရုပ်လိုဖြစ်သွားကာ နှုတ်ထွက်ပြီး မိုက်ပါနားကြပ်ကိုချွတ်လိုက်သည်။ထင်သည့်အတိုင်း ပြင်ပစင်္ကြံမှ ကျိန်ဆဲသံများက တလိပ်လိပ်တက်လာ၏။
“အင်တာနက်လိုင်းကျပြန်ပြီလား”
လေးမှတ်တိုင်အကွာတွင် ချိန်းတွေ့ပြီးကာစ ရှန်းယန်သည် တံခါးကိုတွန်းဖွင့်ပြီးဝင်လာ၏။
စုန့်ဖေး ပခုံးတွန့်လိုက်သည်။ “သေချာတာပေါ့၊ အဲ့ဒါသာ ရုတ်တရက်မကျခဲ့ရင် တက္ကသိုလ်နယ်မြေရဲ့ အင်တာနက်လိုင်းမဖြစ် တော့ဘူးလေ”
“ပျော်ရွှင်ပါစေကွာ”
ရှန်းယန်သည် သူ့ထပ်ခိုးမွေ့ယာ၏အောက် ဘက်သို့ လျှောက်သွားလိုက်ကာ သူ့ကုတ်ကိုချွတ်လျက်ပြောသည်။
“ငါတို့ရဲ့ ပြတ်တောက်မှုက တစ်နာရီ ဒါမှ မဟုတ် နှစ်နာရီအများဆုံးပဲ။ငါ့ကောင်မလေးက ပြောတယ်။သူတို့ဆီမှာ အင်တာနက်ပြတ်တာ နှစ်ရက်ရှိနေပြီ။အခုထိ ပြန်မကောင်းသေးဘူးတဲ့”
စုန့်ဖေးသည် နိုင်ငံခြားဘာသာစကားတက္ကသိုလ်၏ မိန်းကလေးများအတွက် အဆုံးမဲ့ကိုယ်ချင်းစာမှုကိုဖော်ပြပြီး မျက်နှာမဲ့လိုက်သည်။
“ဟုတ်ပါလိမ့်မယ်။ ငါတော့ ငြိမ်းချမ်းပြန်ပြီ”
အင်တာနက်မရှိလျှင် စုန့်ဖေးသည် သူ့ဖုန်းဒေတာကိုသုံးပြီး ဖုန်းနှင့်အိပ်ယာဝင်ရန်သာရှိသည်။ သူ၏ပူပင်ကြောင့်ကြမဲ့သောစိတ်ကို ထပ်ပြီးဆွဲမတင်နိုင်တော့တာဟာ ကောင်းကင်ဘုံမှ သင်ယူခြင်းနတ်ဘုရားကြောင့်ဖြစ်မှန်း မည်သူသိမည်နည်း။ သို့သော် ည၉နာရီထိုးသည်နှင့် သူ့ဖုန်းတိုင်သည် ရုတ်ချည်းပင် ပျောက်သွားခဲ့သည်။သူ၏၂၃၄ ဒေတာကိုအသာထား၊ သူ့ဖုန်း ဝန်ဆောင်မှုသည်ပင် “X ” သို့ရောက်သွားခဲ့၏။
“ဟေး မင်းဖုန်းတိုင်ပေါ်လား”
စုန့်ဖေးသည် တကယ်ကို တိတ်ဆိတ်မှုနှင့် ကြည်လင်အေးချမ်းသော အဆောင်ထဲက စာ လေ့လာနေသည့်ပတ်ဝန်းကျင်ကို မနှောင့်ယှက်ချင်သော်လည်း နှောင့်ယှက်လိုက်ရသည်။ အလိုလေး သင်ယူခြင်းနတ်ဘုရားက အတော် လွန်သွားပြီ အား။
သိသာစွာပင် စာလုပ်ရန် စိတ်မဝင်စားသေးဘဲ သူ၏လေ့ကျင့်ခန်း မေးခွန်းတို့ကို ထုတ်နေသောရှန်းယန်သည် သူ့ခဲတံကို အရင်ချလိုက်၏။ သူ့ဖုန်းကိုဆွဲထုတ်ပြီး ခပ်မြန်မြန်အဖြေပေးလိုက်သည်။
“မပေါ်ဘူး”
ဝမ်ချင်းယွမ်သည်လည်း ကြည့်ဖို့အချိန်ယူခဲ့သည်။
“ဟင့်အင်း”
ရွမ်ကျဲသည် ဟိတ်ဟန်နှင့်ထပြီး ပြောသည်။
“ဒီလိုအချိန်က Simကဒ်နှစ်ခုသုံးဖုန်းကို လိုအပ်တဲ့ တိတိကျကျ အချိန်မျိုးတွေပေါ့။မင်းရဲ့ဥတွေအားလုံးကို ခြင်းတစ်ခုထဲမထည့်နိုင်….”
သူ့အသံက ရုတ်ခနဲ ရပ်သွားခဲ့သည်။
စုန့်ဖေး တစ်ချက်ကြည့်သည်နှင့် နားလည်လိုက်၏။
“ဥနှစ်လုံးလုံး ကွဲသွားတာလား”
ရွမ်ကျဲသည် သည်ဥဝေဒနာမေးခွန်းကို မဖြေချင်ပေ။
စုန့်ဖေးက အားရကျေနပ်စိတ်မရှိပေ။တရုတ် Unicom နှင့် တရုတ်Mobileနှစ်မျိုးလုံး ဝန်ဆောင်မှုမရှိဖြစ်နေသည်မှာ သူ့ကိုသေတွင်းထဲသို့ တွန်းပို့နေခြင်းဖြစ်သည်။သူ မျက်နှာကျက်ကိုမော့ကြည့်ကာ ကမ္ဘာကြီးက သူ့အရောင်ဆုံးရှုံးသွားသလိုမျိုး ခံစားနေရပြီး စကားလုံးတို့ပျောက်ရှနေ၏။
အလင်းရောက်သည်အထိ သူတို့၏ဖုန်းလိုင်းသည် ဘယ်တော့မှမူလအတိုင်း ပြန်မဖြစ်လာတော့ပါ။
စုန့်ဖေး၏စကားလုံးများသည် ပြတ်သား၏။ ” ဒါ လုံးဝကျောင်းရဲ့ ကြံစည်မှုပဲ၊ ငါတို့ CET-4 နဲ့ CET-6မှာ ခိုးချတာကို စိုးရိမ်လို့ဖြစ်မယ်”
ရွမ်ကျဲက ပြောသည်။ “မဖြစ်နိုင်တာ၊ သူတို့ အဲဒီထဲ ဘယ်လောက်သွေးချွေးတွေ ရင်းနှီးမှာမလို့လဲ။ ညမတိုင်ခင် ကျောင်းတစ်ခွင်လုံးရဲ့ အင်တာနက်လိုင်းကို ဖြတ်တောက်တဲ့အထိလေ”
ရလဒ်မှာ သူတို့မနက်နှိုးလာချိန်တွင် သူ တို့၏ဧရိယာသည် အပြည့်အဝခြောက်ကပ်နေသောဇုန်တစ်ခု ဖြစ်နေဆဲဖြစ်ကာ သူမယုံချင်လျှင်တောင် ယုံရတော့မည်။
“ဒါက အမိမြေရဲ့ပန်းပွင့်တွေကို မဟားတရားနှိပ်စက်တာပဲ”
စုန့်ဖေးသည် ကျောပိုးအိတ်ကိုပြင်ထည့်ပြီး သပ်သပ်ရပ်ရပ် ဝတ်စားထားသော်လည်း မခံမရပ်နိုင်ဖြစ်ဆဲပင်။
“အမိမြေရဲ့ပန်းပွင့်တွေက နေရောင်ခြည်နဲ့မိုးရေကိုလိုအပ်ပြီး တားမြစ်ရုပ်ရှင်နဲ့ဖြတ်ညှပ်ကပ်ဗီဒီယိုတွေကို မလိုအပ်ဘူး”
ဝမ်ချင်းယွမ်သည် သူ့အိတ်ကိုထုတ်ပိုးလိုက်သကဲ့သို့ အကြင်နာမဲ့စွာပြောထည့်ပြီးနောက် “မင်း ID card နဲ့ စာမေးပွဲ ဝင်ခွင့်လက်မှတ်ကိုမမေ့နဲ့ဦး”ဟု နောက်ထပ်စာကြောင်းအဆုံးတွင် အပိုဆောင်းပြောလိုက်သည်။
“ငါသိပါတယ်”
စာမေးပွဲအောင်ဖို့ သူ့မျှော်လင့်ချက်တို့က မ ခိုင်မာသော်လည်း ဘယ်သူသိမလဲ။ ဖြစ်နိုင်ချေအဖြေများထဲမှ အမှန်ရွေးရသော မေးခွန်းများစွာကို ဝိညာဉ်တစ်ကောင်သူ့ကို ပူးကပ်ပြီး အကုန်လုံးမှန်အောင်ခန့်မှန်းနိုင်ကောင်း ခန့်မှန်းနိုင်ပါလျှင်။ သည်မျှော်လင့်ချက်အမျှင်တန်းလေးတစ်ခုကြောင့် သူသည် စာမေးပွဲဖြေဆိုမည့်နေရာကို ဝင်ရောက်ပြီး အချိန်မတိုင်ခင်တွင်လက်နက်ချမည်မဟုတ်ပေ။
သူ စုန့်ဖေးသည် အကောင်းမြင်ဝါဒီ တော်လှန်ရေးစစ်သားတစ်ယောက်ဖြစ်သည်။
ရှန်းယန်နှင့် ရွမ်ကျဲတို့သည် “အောင်မြင်မှုကငါတို့မျက်စိရှေ့မှာ” ဟု စူးရှတောက်ပသောအလင်းရောင်နှင့် ရုတ်တရက်ပွင့်ဖူးလာသော အတန်းဖော်၏မျက်နှာကို မြင်လိုက်ရပြီး သူ့ကိုယ်သူ စတင်အိပ်ငွေ့ချမိတော့မည်ဟု သိသွားခဲ့သည်။
သည်အခန်းဖော်သည် စာလုပ်ခြင်းမှာမတော်၊ လေ့ကျင့်ခန်းလုပ်ခြင်းမှာမတော်၊ မိန်းကလေးရွေးရာတွင်လည်း မတော်သော်လည်း ကောင်းမွန်သောစိတ်ပိုင်းဆိုင်ရာအရည်အသွေးရှိပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပေါများခြင်းမှာ ထိပ်တန်းအဆင့်ပင်။
လူလေးယောက်မှာ အတူတကွစတင်ထွက်ခွာလာကြသည်။
နေမွန်းလွဲမတိုင်ခင် စာမေးပွဲမဖြေရသေးသော သုံးယောက်သားသည် သူတို့၏ လှံထိုးချက်များကို အချောသတ်ပြီးအရာထင်အောင် စာကြည့်တိုက်သို့ တန်းတန်းမတ်မတ်သွားနေကြစဉ် စုန့်ဖေးသည် စာမေးပွဲခန်းတည်ရှိရာသို့သွား လိုက်သည်။ မကြာခင် သည်ရဲဘောရဲဘက်များသည် လမ်းခွဲလိုက်ကြ၏။
လက်ရှိ၌ စာမေးပွဲမစတင်ခင် ၂၅မိနစ်ခန့်လိုသေးပြီး စာမေးပွဲကို ဖြေဆိုကြမည့်ကျောင်းသားအများစုသည် စာမေးပွဲခန်းကို အချိန်ခပ်စောစောရောက်နှင့်နေကြပြီ ဖြစ်သည်။ထပ်ဆိုရလျှင် အခန်းအားလုံးကို CET-4 နှင့် CET-6 စာမေးပွဲများခံနေ၍ ဆိုင်းငံ့ထားခဲ့သည်။
ထို့ကြောင့် စုန့်ဖေး၏ အပူပင်ကင်းမှုနှင့် လုံးဝဆန့်ကျင်မှုဖြစ်ပေါ်နေသော ရံဖန်ရံခါအိပ်ရာထ နောက်ကျပြီး စာမေးပွဲရှိရာနေရာကို အလုအယက်ကုတ်ကတ်လာကြသူအချို့ကို ဖယ်လိုက်လျှင် ကျောင်းသားအများကြီး ရှိမနေပါ။
စုန့်ဖေး၏ စာမေးပွဲဖြေဆိုသည့်နေရာမှာ အမှန်တော့ ပုံမှန်အတန်းများတက်ရောက်ရာ ပညာသင်ကြားရေး အဆောက်အဦးနေရာဖြစ်သော ကျစ်ရွမ်အဆောင်ထဲမှာဖြစ်သည်။
သူတို့တက္ကသိုလ်နယ်မြေဟောင်းတုန်းက သည်အဆောင်များကို ပညာရေးအဆောင်#1, 2#, 3#များဟု နာမည်မှည့်ခေါ်ကြရုံသာဖြစ်သည်။ ကျယ်ပြောသောနေရာနှင့် တက္ကသိုလ်ပရဝုဒ်အသစ်ကို သူတို့ ရောက်သည်နှင့် နောက်ပေါက်ကျောင်းသားခေါင်းဆောင်များက သူတို့ခေါင်းကို ရိုက်ချလိုက်သည်။
မဟုတ်သေးပါ၊ သူတို့တွင် နားထောင်ကောင်းသောနာမည်တချို့လိုအပ်သည်။ ထို့ကြောင့် ကျစ်ရွမ်ဆောင်၊ ကယ့်ဂူဆောင်နှင့် ဝမ့်ဟွာဆောင်တို့သည် တခြားတို့အနက် တစ်ဆောင်နှင့်တစ်ဆောင် ပြူးထွက်နေ၏။
သစ်ပင်များတန်းစီစိုက်ထားသောလမ်းက ပညာရေးအဆောင် ဧရိယာဘက်သို့ ဦးတည်နေခဲ့သည်။ ဒီဇင်ဘာလလယ်တွင် သစ်ရွက်များအားလုံးနီးပါး ဗလာသစ်ကိုင်းတို့နှင့် ခိုင်ခံ့သောပင်စည်ကိုချန်ရစ်ပြီး ကြွေကျနေကြ၏။
လေအေးအေးက ဖြတ်တိုက်သွားသည်နှင့် စုန့်ဖေးသည် သူ့လည်ပတ်ကို နောက်နည်းနည်းပြန်ဆွဲပြီး ဇစ်ကိုပိုမြင့်မြင့်လေးတင်လိုက်သည်။ယနေ့ သူသည် အပြာနှင့်အဖြူရောင်သိုးမွှေး စာပို့သမားဂျာကင်ကို အနက်ရောင်ချွေးခံဘောင်းဘီရှည်နှင့် ဝတ်ထားပြီး sneakerကိုလည်း စီးထားသည်။တစ်ချက်ကြည့်ရုံမျှနှင့် သူသည် အမှန်တကယ်ရွှင်ပျပြီး ကျန်းမာသောလူငယ်လေးနှင့်တူသည်။
သို့သော် သူ့ကိုယ်သူမဟုတ်မှန်းသိ၏။
ဟိုနေရာကသူတွေက တကယ်တော့ အာ…..စုန့်ဖေးသည် ခပ်လှမ်းလှမ်းက အားကစားကွင်းဆီကိုကြည့်လိုက်မိသည်။ သူ ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူ့ကျောင်းက အဖော်များ၏ပျော်ရွှင်ရယ်မောသံနှင့် ဘတ်စကတ်ဘော မြေပြင်ကို ကန်ထွက်သောအသံတို့ကို လေပြည်က သယ်ဆောင်လာ၏။
စုန့်ဖေးသည် မနာလိုအားကျစိတ်အပြည့်ဖြင့် ထို အားကစားသမားတို့ကို တမ်းတလျက်ရှိနေရာ သူ့ရှေ့သို့လျှောက်လာသောသူကို သတိမထားမိလိုက်ပေ။ ထို့ကြောင့် သူတို့ချင်းဝင်တိုက်မိကုန်ကြ၏။
စုန့်ဖေးသည် သူ့ခြေဟန်ချက်ကိုမအုပ်မိခင် နောက်သို့အနည်းငယ်ယိုင်ထိုးသွားပြီး အလန့်တကြားဖြစ်သွားရသည်။ သူ့ကိုတည့်တည့်ဝင်တိုက်မိသူသည် မြေပြင်ပေါ် နောက်ပြန်ကျနေလိမ့်မည်ဟု သူမထင်ထားမိပေ။
“အဆင်ပြေလား”
စုန့်ဖေးသည် သူ့ဆီအမြန်လေးဆွဲထူပေးလိုက် သည်။ပြောရလျှင် လူတွေကိုကူပေးရသော အကယ်ဆယ်ရဆုံးနေရာသည် အားမာန်တက်ကြွမှုတို့စိမ့်ဝင်နေသော အမိမြေ၏အနာဂတ်လေးများနှင့်ပြည့်နေသည့် တက္ကသိုလ်နယ်မြေ ဖြစ်သည်။မည်သူမျှ မြေပြင်ပေါ်ခြေချပြီး သင့်အပေါ် ခြိမ်းခြောက်ငွေညှစ်ဖို့ ငြီးငြူမည်မဟုတ်ပါ။ သင်ဖေးမရန်ပင်မလိုအပ်သော ထူးကဲပြောင်မြောက်သည့် ခန္ဓာကိုယ်အခြေနေနှင့် လူတော်တော်များများရှိကြပြီး တိုက်ရိုက်ပြန်ထနိုင်၏။
သူတိုက်မိသောကျောင်းသားသည် သမားရိုးကျဆွယ်တာနှင့် ဂျင်းတစ်စုံကိုဝတ်ထားသော်လည်း ဖုန်တောထဲလူးလှိမ့်ပြီး ရောက်လာသလိုမျိုး တစ်ကိုယ်လုံးညစ်ပတ်နေပေ၏။စုန့်ဖေး ကူထပေးလိုက်မှ ရင်းနှီးသောမျက်နှာကို သိလိုက်ရ သည်။
“ရှုကျိုးလဲ့?”