Chapter 8
ရီ?
စုန့်ဖေးသည် သူ့မျက်လုံးများကို အားတက်သရော ပေကလက် ပေကလက် လုပ်လိုက်သည်။ သူ့မျက်လုံးများသည် သူ့အပေါ်တွင် လှည့်ကွက်ကစားနေသည်ဟု သံသယရှိနေ၏။သူသည် တကယ့်ကို ပြတင်းပေါက်ဘေးကနေ အတန်းဖော်တစ်ယောက်ဖြတ်သွားမှန်း တွေ့လိုက်ရသည်။လက်တွေ့အရ စာမေးပွဲဖြေဆိုသူမဟုတ်သူများသည် အဆောက်အဦးထဲသို့ပင် လုံးဝမဝင်ရောက်နိုင်ပေ။ထို့အပြင် ဖြေဆိုသူများသည်လည်း သူတို့အဖြေလွှာများကို စောစောအပ်ပြီး ဖြေဆိုသည့် တည်နေရာမှ ထွက်ခွာလို့မရကြပါ။
သူသည် ဖြစ်ရပ်များအားလုံးကို မှန်းဆနေစဉ်တွင် ပြတင်းပေါက်ပြင်ပက ဖြတ်သွားသောကျောင်းသားသည် အခန်းတံခါးဝကို ရောက်နှင့်နေပြီ ဖြစ်သည်။စုန့်ဖေးသည် အခန်းတံခါးဝနှင့် ဆန့်ကျင်ဘက် ထောင့်ဖြတ်မျဉ်းအတိုင်း ဒုတိယတန်းတွင် ထိုင်နေ၏။ သူ မော့ကြည့်လိုက်သည်နှင့် တံခါးအပြင်ဘက်ကို အလွန်ရှင်းလင်းစွာမြင်လိုက်ရသည်။သည်တစ်ခါ သူ့မျက်လုံးဘာမှမမှားမှန်း သေချာပြီဖြစ်သည်။ တကယ့်ကို ကျောင်းသားတစ်ယောက်ဖြစ်၏။ ထို့ပြင် ကျောင်းသားသည် သွေးများ ထင်ရှားစွာဖုံးနေ၏။
စာမေးပွဲကြီးကြပ်သူသည် ပထမဦးဆုံးတွေးလိုက်သည်မှာ ပြသနာရှာရန် စာမေးပွဲဖြေဆိုရာကို ဇွတ်ဝင်လာသည့် တစ်စုံတစ်ဦးဟုပင်။သို့သော် ရောက်လာသူ၏သွင်ပြင်ကို ရှင်းရှင်းလင်းလင်းမြင်ပြီးနောက် တုန်လှုပ်သွား၏။ ထို့နောက် မြန်မြန်ပြေးသွားပြီး စိုးရိမ်မှုအပြည်နှင့် မေးလိုက်သည်။
“ကျောင်းသား မင်းဘာဖြစ်ခဲ့တာလဲ”
ရောက်လာသူ၏မျက်နှာသည် ပုံပန်းသဏ္ဍာန်ပျက်ယွင်းနေနှင့်ကာ သူ့နှုတ်ခမ်းတို့မှာ နည်းနည်းလှုပ်ရှားနေသော်လည်း ဘာသံမှထွက်မလာပေ။ရုတ်တရက် သူသည် ကြမ်းပြင်ပေါ် ဗိုင်းခနဲ လဲကျသွား၏။
စာမေးပွဲကြီးကြပ်သူသည် နုံအစွာ ထိတ်လန့်ကြောက်ရွံ့နေပြီးသားဖြစ်ပြီး ဖြေဆိုသူတို့ပြည့်နေသော စာမေးပွဲတစ်ခန်းလုံးသည်လည်း ဆွံ့အကုန်ကြသည်။
ရုတ်တရက် အခန်းပြင်ပဘက် မနီးမဝေးမှ စီခနဲအော်သံနှင့် ပါဝင်ရောယှက်နေသော အစီအစဉ်မကျ လှမ်းလာသော ခြေလှမ်းသံများက ဝင်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ထိန်းမရသောကျောင်းသားတို့သည် ကြောက်လန့်သောတိရိစ္ဆာန်အုပ်ကြီးလို ရူးမိုက်စွာ အခန်းတံခါးကိုဖြတ်ပြေးကုန်ကြ၏။
ဘယ်သူမှ ပြန်အကောင်းတိုင်းမဖြစ်ခင် သည်လူအုပ်နောက်လိုက်သူများက “ကျောင်းသားများ” ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့တွင် ထိုင်းမှိုင်းသော ခံစားချက်မျိုးရှိနေပြီး ဖြူဖျော့သောအသားအရေများက ရွံစရာကောင်းစွာ ဖြူဖပ်ဖြူရော်နိုင်သည်ကို မြင်နိုင်ပေသည်။သူတို့၏မျက်နှာပေါင်းများစွာသည် သူတို့၏ သို့မဟုတ် တခြားသူ၏သွေးတို့ စွန်းထင်းနေဆဲပင်။အများစုက သူတို့ရှေ့က ထွက်ပြေးနေသော ကျောင်းသားများနောက်ကို လိုက်ပြေးကုန်ကြသည်။ သို့သော် အနည်းငယ်သည် အခန်းတံခါးကိုဖြတ်သွားချိန်တွင် သွားမည့်လမ်းကိုကြည့်ပြီး ရုတ်တရက် နေရာမှာရပ်တန့်သွားကြ၏။
စုန့်ဖေးသည် အသက်ကိုထိန်းရှူလိုက်ပြီး ထိုကျောင်းသားသုံးယောက် အတန်းထဲဝင်လာသည်ကို ကြည့်နေမိသည်။
စာမေးပွဲကြီးကြပ်သူသည် တံခါးနားက လဲကျသွားသော ဒဏ်ရာရကျောင်းသားနားတွင် ဆောင့်ကြောင့်ထိုင်နေပြီး သည်ကျောင်းသား သုံးယောက်က သူ့ကို တစ်ချက်တည်းငိုက်စိုက်ထိုးချသည့်အခါ အနီးဆုံးဖြစ်သည်။
မဟုတ်ပေ။အောက်စိုက်ထိုးသည်မဟုတ်ပါ။ဧကန်မုချတိုက်ခိုက်တာပင်..ကိုက်ဖဲ့မှာများလား။
ထိန်လန့်စရာရုပ်ရှင်များထဲတွင် သည်မတိုင်ခင်ကမြင်ဖူးသော ပြကွက်များကို မျက်စိရှေ့တွင် ယခုလက်တွေ့ပြန်သရုပ်ပြခံနေရသည်။တကယ့်ဇာတ်ဝင်ခန်းပေါ်ရှုမြင်မှုမှာ ဖန်သားပြင်ပေါ်ကထက် ပို၍သက်ဝင်လှုပ်ရှားနေသေး၏။
စုန့်ဖေးသည် အခန်းထဲက ဘယ်လိုထွက်ပြေးရမည်ဆိုသည်ကို စီစဉ်ရန်မေ့နေပြီး အကုန်လုံးက ပြေးထွက်နေကြပြီဟုသာ သူ သိလိုက်သည်။
ကျစ်ရွှမ်အဆောင်သည် ဓာတ်လှေကားမပါသော ကျောင်းဆောင်အနည်းငယ်ထဲက တစ်ခုဖြစ်သည်။ သူ့တည်ဆောက်မှုသည် အတက်အဆင်းလုပ်ရန် အချိန်ယူရသော စုစုပေါင်းအလွှာ၆လွှာနှင့် လေဝင်ပြီး အဆုံးမဲ့ရှည်လျားသော စင်္ကြံလမ်းသည် အဝိုင်းတစ်ခုလို တည်ဆောက်ထား၏။
စုန့်ဖေး၏ စာမေးပွဲခန်းသည် တတိယလွှာမှာရှိသည်။တစ်ခန်းလုံးထွက်ပြေးသွားကြသောအခါ စေ့ဆော်မှုအရလို့ပြော၍ရသော်လည်း အလိုက်ခံနေရသော အရှေ့ကကျောင်းသားများ၏ ဦးတည်ရာကို မရွေးကြဘဲ ဆန့်ကျင်ဘက်က လှေကားဘက်ကို ပြေးကြသည်။
လှေကားမှပြေးဆင်းမှုဖြစ်ရပ်သည် အတားအစီးမဲ့သောကြောင့် လှေကားသည် ဘေးဘက်နှင့်ယှဉ်လျှင် သိပ်လူများများ မရှိနေပေ။ သို့ဆိုလျှင်တောင် စုန့်ဖေးသည် ကြိမ်ဖန်များစွာ ဖယ်ထုတ်ခံရသေး၏။ သို့နှင့် အချိန်နှင့်အမျှ သူတို့သည် ပထမထပ်ကို ရောက်အောင်လာနိုင်ခဲ့သော်လည်း သူကတော့ အုပ်စုနောက်တွင်ကျန် နေခဲ့သည်။
သို့ရာတွင် နောက်မှာကျန်နေခဲ့သည်က သူ့အတွက် ကံကောင်းသည်ဟု ဆိုရမည်။
စင်္ကြံတစ်ခုလုံးသည် ကြမ်းကြုတ်ရက်စက်သော “ကျောင်းသားများ”နှင့် ပြည့်နေ၏။သူတို့အတန်းထဲမှလူနှစ်ဆယ်လောက်တွင် အရင်အိတ်လွယ်ထွက်ပြေးသွားသော ခုနှစ်ယောက် သို့မဟုတ် ရှစ်ယောက်တို့သည် အရင်ဆုံးတိုက်ခိုက်ခံရနှင့်သည်။တချို့ကျောင်းသားများသည် အမြန်ပြေးဆင်းရန်ကြိုးစားနေဆဲဖြစ်ပြီး သေမင်းထောင်ချောက်ထဲသို့ တန်းတန်းလျှောက်သွားခြင်းဖြင့် အဆုံးသတ်ကုန်၏။ကျောင်းသားများ၏ သဲကြီးမဲကြီး တိုက်ခိုက်ခံထားရသော ကြောက်မက်ဖွယ်မျက်နှာများသည် နေရာတိုင်းမှာရှိနေပြီး သည်မြင်ကွင်းသည် ကမ္ဘာကြီး အဆုံးသတ်သလိုဖြစ်နေခဲ့သည်။
စုန့်ဖေးသည် လှေကားထိပ်တွင်ရပ်နေ၏။ခဏမျှ ဤသည်မှာ အိမ်မက်လား၊ တကယ်လားမပြောနိုင်ဖြစ်နေပြီး နည်းနည်းမိန်းမောနေလေသည်။
” အားးး ”
ရုတ်တရက် လက်တစ်ကမ်းအလိုက ယူကျုံးမရအသံက သူ့နားထဲဖြတ်ဝင်လာ၏။စုန့်ဖေးသည် သူ့တစ်ကိုယ်လုံး တုန်ခါနေလောက်အောင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။သူ ခေါင်းလှည့်လိုက်သည်နှင့် ကျောချမ်းစရာမြင်ကွင်းဖြစ်သော တခြားကျောင်းသားပေါ် က “ကျောင်းသားတစ်ဦး”က နှစ်မီတာထက်မဝေးသော တည်နေရာတွင် တကယ်ကြီး မျက်နှာပေါ်က အသားတစ်တုံးစာကိုက်စားလိုက်သည်ကို တွေ့လိုက်ရသည်။
အစကတည်းက ယခုထိရှုပ်ထွေးနေဆဲဖြစ်သော စုန့်ဖေးသည် ရှင်းရှင်းလင်းလင်းဘာဖြစ်သွားလဲဆိုသည်ကို ရေရေရာရာမြင်နိုင်ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ သူ့လည်ချောင်း နောက်မှ ငံသောအရသာကိုခံစားလိုက်ရပြီး ပြန်ကျရန်အတင်းကြိုးစားနေသော်လည်း ပြုစားခံရသကဲ့သို့ သူ့ငေးစိုက်မှုက ထိုဦးတည်ရာတွင်ရှိနေသေးသည်။ ပြီးနောက် သူသည် ဘယ်လိုနေ နေ အဝေးကိုအကြည့်မရွေ့နိုင်ဖြစ်နေ၏။
အပေါ်က“ကျောင်းသား”သည် ထပ်မလှုပ်တော့သော “တစ်စုံတစ်ခု”အပေါ် စိတ်ဝင်စားမှုလျော့သွားပုံရစဉ် သူ၏ သွေးအပြည့်လွှမ်းနေသော ပြာတာတာမီးခိုးရောင်သမ်းနေသည့်မျက်နှာကို မော့ကာ ပတ်လည်ကြည့်လိုက်ပြီး စုန့်ဖေး၏မြင်ကွင်းကို မကြာခင် ဖမ်းမိသွားသည်။
သူတို့အကြည့်ချင်းဆုံကုန်၏။
စုန့်ဖေးသည် ထပ်မချုပ်တည်းနိုင်တော့ကာ မအန်မိခင် လေအန်လိုက်သည်။သည်မနက်တွင် သူဘာမှမစားထားပေ။ ထို့ကြောင့် သူထုတ်ပစ်နိုင်သောအရာတစ်ခုတည်းမှာ အစာအိမ်အက်စစ်ရည်တချို့ဖြစ်သည်။
သူ့ပျို့အန်သံသည် တစ်ဖက်ဘက်တော်သား၏ စိတ်ဝင်စားမှုကို ကမ်းကုန်အောင်ဖြစ်သွားစေကာ ထို “ကျောင်းသား”သည် ခဏရပ်တန့်ကာ မတ်တပ်ရပ်လိုက်ပြီး စုန့်ဖေးဆီတန်းတန်းမတ်မတ်လျှောက်လာ၏။
စုန့်ဖေးသည် တစ်ဖက်က တဖြည်းဖြည်းနီးလာသည်ကို မြင်သော်လည်း သူ့ခြေဖဝါးက ခဲသတ္တုဖြည့်ခံထားရသလို ခံစားမိပြီး လုံးဝလှုပ်မရပေ။သူ့မသိစိတ်စွမ်းအားက ထွက်ပြေးရန် ပြောသော်လည်း သူ့ဆင်ခြင်နိုင်စွမ်းက အိမ်မက်တစ်ခုဖြစ်ရမည်ဟုပြောနေပြီး သူနိုးလာသည်နှင့် အရာအားလုံးအဆင်ပြေသွားလိမ့်မည်ဟုဆိုသည်။
ရုတ်တရက် စုန့်ဖေးမျက်လုံးများက ကြောက်လန့်မှုကြောင့် ပြူးကျယ်သွား၏။
သူ့ဆီလာနေသော “ကျောင်းသား” နောက်တွင် အကိုက်ခံထားကာစသူတစ်ဦးသည်လည်း မတည်မငြိမ်မတ်တပ်ရပ်နေခဲ့သည်။
သင်သာ သူ့ကို လူတစ်ယောက်ဟုခေါ်နိုင်သေးလျှင် ဆိုးရွာစွာပျက်စီးနေပြီးသော မျက်နှာတစ်ခုရှိပြီး သူ့မျက်နှာညာဘက်ပေါ်က အသားသည် အမျှင်တန်းလေးသာတွဲကျနေ၏။သူ့မျက်လုံးအစုံကသာ လက်ရာခြေရာမပျက်သော်လည်း သူ၏ချောင်ကျနေသောငေးစိုက်မှုတွင် ဘာမှရှိမနေပေ။ ပျော်ရွှင်မှု၊ ဒေါသ ၊ဝမ်းနည်းမှု သို့မဟုတ် ဝမ်းသာမှုတို့မရှိ၊ နာကျင်ထိခိုက်ခြင်း သို့မဟုတ် ဒုက္ခဝေဒနာလည်းကင်းမဲ့နေ၏။
မဟုတ်ဘူး၊ဒါက လူတစ်ယောက်မဟုတ်ဘူး။
ဒါက အိမ်မက်မဟုတ်တာလည်း ဖြစ်နိုင်လောက်လား ?
စုန့်ဖေးသည် လုံးဝစဉ်းစားမရဖြစ်နေပြီး ကြောက်ခမန်းလိလိ ကျောင်းသားသည် သူ့အနားကို ချဉ်းကပ်လာမှန်းသာ သူသိသည်။ ပြီးနောက် သူထွက်ပြေးရန် လိုအပ်နေ၏။ သည်အရာက အိမ်မက်တစ်ခုဖြစ်နေရင်တောင်မှပေါ့။
ဤ “ကျောင်းသား”သည် သူ့ရှေ့ကိုရောက်နေပြီဖြစ်ကာ စုန့်ဖေးကို ထပ်တွေးရန်ခွင့်မပြုတော့ပေ။သူသည် လက်တွေ့ကျစွာ အလိုအလျောက်တုန့်ပြန်မှုတစ်ခုဖြင့် အပေါ်လှေကားသို့ နောက်ကြောင်းပြန်ပြေးတော့၏။
သူသည် အရှေ့တွင်ဘာကြိုရှိနေမလဲ မသိသော်လည်း အပေါ်ထပ်တွင် လေး၊ ငါး ၊ခြောက်ထပ်မြောက် ရှိသည်။စာမေးပွဲအတွက်လာကြသော ပုံမှန်စာနည်းပြများနှင့် ကျောင်းသားများစွာ ထိုနေရာမှာရှိဟန်တူသည်။ထိုနေရာသည် သူသိပ်မကြာခင်တုန်းက ထွက်ပြေးချင်ခဲ့သောနေရာ ဖြစ်သည်။ယခုမှု သူ့ကိုစိတ်လုံခြုံမှုအကြီးမားဆုံးပေးနိုင်သော နေရာတစ်ခုဖြစ်လာခဲ့ပြီ။
သူသည် အသက်တစ်ချက်အောင့်ကာ ခြောက်လွှာကို ပြေးတက်လိုက်သည်။စုန့်ဖေးသည် သူဘယ်လောက်တောင် “ကျောင်းသား”နှင့် ဝေးလာပြီမှန်းမသိသော်လည်း အနည်းဆုံးမြင်ကွင်းကနေ ယာယီပျောက်သွား၏။သူထင်ထားသည့်အတိုင်း ခြောက်လွှာသည် လုံးဝငြိမ်းချမ်းနေကာ ကမ္ဘာကြီးက ပုံမှန်အနေအထားသို့ ပြန်ရောက်သွားဟန်တူသည်။
သို့သော် စုန့်ဖေးသာ ၎င်းကိုယာယီမှန်းသိခဲ့ပါလျှင်…..
လေထုအေးကို ဖြတ်သန်းကာ စိမ့်ဝင်စပြုနှင့်သော သွေးနံ့ဖျော့ဖျော့က စတင်ရှိနေပြီဖြစ်သည်။