Chapter 9
လှေကားနှင့်အနီးဆုံး အတန်းထဲသို့ သူပြေးဝင်လိုက်ကာ လုံးဝ အသက်ရှူမဝဖြစ်နေခဲ့သည်။ထိတ်လန့်တကြားဖြစ်ရာကနေ သူ့အသံသည် ပိုမိုမြင့်တက်နေလင့်ကစား သူ့စကားလုံး များသည် မထင်မှတ်လောက်အောင် ကျိုးကြောင်းဆီလျော်နေသေးသည်။
“အောက်လှေကားမှာ တစ်ခုခုဖြစ်နေတယ်။ ဗြောင်းဆန်နေတာပဲ”
စာမေးပွဲကြီးကြပ်သူက ချောက်ချားသွားသော်လည်း မဆိုင်းမတွပင် စုန့်ဖေးကို မောင်းထုတ်ဖို့ မာဆတ်ဆတ်ပြောလိုက်သည်။
” ငါတို့စာစစ်နေတယ်။မင်းက ဘယ်ဌာနကလဲ။ ထွက်သွား”
“တစ်စုံတစ်ခု တကယ်ဖြစ်ခဲ့တယ်။ ကျွန်တော် ခင်ဗျားကို လာရှုပ်နေတာမဟုတ်ဘူး။”
စုန့်ဖေးသည် စိတ်လှုပ်ရှားစွာအော်လိုက်သည်။သူ တစ်ခုခု ထလုပ်မတတ်ဖြစ်ပုံရနေသည်။
စိတ်အနှောင့်အယှက်ဖြစ်ရာမှ အခန်းလယ်ရှိစာမေးပွဲဖြေနေသောကျောင်းသားများသည် ဒေါသထွက်နေကြလေပြီ။ သည်လောက်စိတ်ရှည်နေသေးသော ကြီးကြပ်သူကိုမြင်နေရ သောကြောင့် ထိုင်ခုံတချွတ်ချွတ်မြည်သံများနှင့် သူတို့ထဲမှ ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက် လောက်ထပြီး တပြိုင်နက်တည်း ပေါက်ကွဲကြကုန်သည် _
“F*ck!”
“မင်းဘာစောက်ရမ်းလုပ်နေတာလဲ”
“ဘာလဲကွာ”
စုန့်ဖေးသည် ယခုတွင် လူဝိုင်းခံထားရသော်လည်း စိတ်အားထက်သန်နေခဲ့၏။ ထို့ကြောင့် သူသည် အတန်းထဲသို့ ဒေါင်းတင်မောင်းတင် လှမ်းဝင်သွားလိုက်သည်။
သူတို့အကုန်လုံးသည် ငယ်ရွယ်ကြပြီး အားမာန်အပြည့်ဖြစ်သည်။ ထို့ကြောင့် တရားမျှတမှုရရန်စိတ်ခံစားချက်နှင့် မျှော်လင့်ထားသော်လည်း ဘယ်သူမှ တိုက်ခိုက်ရာတွင် မစွမ်းဆောင်နိုင်ပေ။သို့သော် “ပြစ်မှုကျူးလွန်သူ” ပြေးဝင်လာ သည်ကို မြင်ရခြင်းက လက်တွေ့ဆန်စွာ အထုခံရအောင် တောင်းပန်သလိုဖြစ်ပြီး မတ်တပ်ရပ်သောလူငယ်ကျောင်းဖော် ခုနှစ်ယောက် ရှစ်ယောက်လောက်က သည်စိတ်အားတက်ကြွမှုမျိုးကို မနိုင်နင်းသလောက်ဖြစ်နေ၏။
ထိုအချိန်တွင် ရုတ်တရက် ပထမတန်းက မိန်းကလေးက ရုတ်တရက်ငယ်သံပါအောင် အော်ဟစ်လိုက်သည်။
စုန့်ဖေးကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်သောဆရာမသည် ကြမ်းပြင်တစ်နေရာမှာတွန်းချခံလိုက်ရသည်ကို မြင်လိုက်ကြပြီး လူတိုင်းကအသံလာရာကို ရှာကြည့်လိုက်ကြသည်။ထိုအခိုက် သူ့အပေါ်တွင် လူနှစ်ယောက်ပိုရှိနေပြီး သူတို့မြင်တာမမှားလျှင် ထိုနှစ်ယောက်သည် လက်မောင်းတစ်ဖက်ကိုကိုက်ရန် တိုက်ခိုက်နေကြသည်။ အောက်ကဆရာမသည် မရပ်မနား သိမ့်သိမ့်တုန်နေစဉ် သူ့လက်မောင်းဖြစ်ခဲ့သော ပခုံးနေရာမှ သွေးများပန်းထွက်ကျလာ၏။
ဆရာမဘာကြောင့် အော်ဟစ်လိုက်လဲဆိုတာကို မည်သူမှ သေချာမသိသလို သူ့လက်မောင်းကို လက်ရှိတွင် အသံမြည်အောင်ဝါးနေသောသူသည် ဘာမကောင်းဆိုးဝါးမှန်းလည်း မည်သူမှ သေချာမသိပေ။
ဘယ်ကောင်လေးက ငိုချလိုက်မှန်း မည်သူမှမသိသော်လည်း အခန်းသည် ကြောက်စိတ်မွှန်သော ပင်လယ်နက်တစ်ခုအတွင်းသို့ ချက်ချင်းနစ်ဝင်သွားခဲ့သည်။
ကျောင်းသားများက ပြေးထွက်ရန်ကုတ်ကတ်ကြိုးပမ်းကုန်ကြပြီး စုန့်ဖေးကို တွန်းချလုနီးပါးဖြစ်သွား၏။ သူလိုက်မမှီနိုင်ခင်မှာပဲ ခြေလှမ်းအနည်းငယ်မျှ အတော်လေး ဒယီးဒယိုင်ဖြစ် သွားခဲ့သည်။
ခြောက်လွှာစင်္ကြံတွင် ကြီးလှစွာသောပွက်လောရိုက်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။အရင်ထုံးစံအတိုင်း အားလုံးက လှေကားကို ပြေးဆင်းကြသည်။သည်တစ်ကြိမ်တွင် စုန့်ဖေးသည် ဆန့်ကျင်ဘက်ကိုမပြေးဘဲ လူအများအလွန်ချောင်ချိနေသောအထဲသို့ သူ့ကိုယ်သူညှပ်သွင်းလိုက်သည်။
ဂဏန်းများတွင် ကြံ့ခိုင်မှုရှိသည်ဟူသော ဆိုရိုးစကားအတိုင်း ဖြစ်သကဲ့သို့ပင်။တစ်ဦးချင်း သို့မဟုတ် စစ်သားနှစ်ယောက် ထွက်ပြေးတာထက် စစ်သားအယောက်တစ်ရာထွက်ပြေးတာက အင်အားပိုကြီးမား၏။သူတို့သည် အဟန့်အတားအားလုံးကို တစ်ပါတည်း ချိုးဖောက်ထွက်ပြီး ကျစ်ရွမ်ဆောင်အပြင်ကို ပြေးထွက်ခဲ့ကြသည်။
စုန့်ဖေးသည် သူပြေးသရွေ့ တွန်းခံနေရပြီး အရှေ့တွင် ကျောင်းသားမည်မျှ မကောင်းဆိုးဝါးတွေရဲ့ အစာဖြစ်သွားပြီမှန်း ရေတွက်ဖို့အချိန်မရှိပေ။သူ နေ့အလင်းရောင်ကို မြင်လိုက်ရသည်နှင့် ကပ်ဘေးမှအသက်ရှင်ကျန်သူလို ဖြစ်နေခဲ့သည်။
မည်သို့ဆိုစေ ပညာရေးဆောင်ပြင်ပတွင် အော်မြည်သံတို့က မဟာကောင်းကင်ဘုံကို တုန်ခါနေ၏။ သေလူကဲ့သို့သော အရူးများနှင့် သေသည်ထက်ဆိုးသောလူတို့က ကွင်းပြင်တစ်ခုလုံး ပြည့်နှက်နေခဲ့သည်။
စုန့်ဖေးလိုက်လာသော ကျစ်ရွမ်အဆောင်မှလူစုအပြင် တခြားသင်ကြားရေးဆောင်များက ပြေးထွက်လာသော တခြားကျောင်းသားများလည်း ရှိကြသည်။
အချိန်တစ်ခုရောက်ပြီးနောက် အရပ်အသီးသီးမှ လွတ်မြောက်လာသောကျောင်းသားများသည် မပြောဘဲနားလည်မှုနှင့် လူနေရာဧရိယာဆီသို့ ထွက်ပြေးလွတ်မြောက်လာကြကာ ကြီးမားသောဒီရေလှိုင်းတစ်ခုအသွင် အတူတကွချိတ်ဆက်မိကုန်သည်။မည်သူ့ အကြံဉာဏ်မှန်းမသိသော်လည်း မည်သို့ဆိုစေ အချိန်တန်တော့ စုန့်ဖေးသည်လည်း အပြင်ရောက်လာပြီး လူနေထိုင်ရာအရပ်သို့ လွတ်မြောက်လာသည်။နောက်မှ ကျောင်းသားများလာပူးပေါင်းပြီး မတူသောအရပ်ကို အစတည်းကပြေးဖို့ ရည်ရွယ်ထားလျှင်တောင်မှ လူစုဝေးနောက် အလိုလိုလိုက်ကြရမည်ဖြစ်သည်။
“ဘာတွေစောက်ရမ်းဖြစ်ကုန်တာလဲ အား”
“ဘယ်လိုသိမှာလဲကွာ”
“ဇွန်ဘီတွေပေါ့။သံသယဝင်စရာကိုမလိုဘူး”
“သွားစမ်းပါ။အခုက နောက်ရမယ့်အချိန်လား”
“ငါအိမ်မက်မက်နေတာလား အားးး”
“နာလား မနာလားဆိုတာကို မင်းသူတို့ကိုပေးကိုက်ကြည့်လိုက် fuckပဲ”
ကောင်းကင်ပြာ၊တိမ်ဖြူဖြူများ၊ ရှေ့ကြိုရောက်နေသောမရေမတွက်နိုင်လောက်သည့်ကျောင်းသားများ၊ဇွန်ဘီတပ်ကြီးက ကောက်ကောက်ပါအောင်လိုက်ခံရခြင်း၊အံ့ချီးလောက်သော အားမာန်အပြည့်ရှိသည့် ဆေးခြယ်ပန်းချီကားတစ်ချပ်လိုပင်။
စုန့်ဖေးသည် သူပြေးခဲ့သည်ကို ပြန်ကြည့်လိုက်သည်။သူသည် အုပ်စုထဲနောက်ကျကျန်ခဲ့ဖူးပြီးယခုလောက် သူ၏ otaku ဘဝကို ဘယ်တော့မှနောင်တမရဖူးပါ။ ချီယန်နှင့် လေ့ကျင့်ခန်းလိုက်လုပ်ထားလျှင် သည်လောက်နီးပါးဆိုးရွားမည်မဟုတ်ပေ။
ကျောင်းသားလူအုပ်ကြီးသည် အပြေးမမြန်ကြဘဲ နောက်တွင်ကျန်နှင့်သော်လည်း လူအုပ်ကြီးထက် ပိုမပြေးနိုင်ခဲ့သူတစ်ယောက်ရှိ၏။ နောက်က လူအုပ်ကြီးသည် စုန့်ဖေးနှင့် ငါးမီတာ၊သုံးမီတာ၊နှစ်မီတာ ပို၍ ပို၍နီးလာပြီဖြစ်သည်။
စုန့်ဖေးသည် တတ်နိုင်သလောက်ပြေးသော်လည်း သူတို့နှင့် အလှမ်းအကွာကြီးထိ မတတ်နိုင်ပေ။တစ်ဖက်က ၎င်း၏လက်မောင်းကိုဆန့်ထုတ်လိုက်တာကို မြင်နေရသည်။ သူ့ကျောကို ၎င်းလက်ကထိလုနီးပါးဖြစ်သွားသောအခါ စုန့် ဖေး၏နှလုံးသားသည် လည်ချောင်းကနေ ခုန်တက်လာတော့မလို ဖြစ်သွား၏။
ရုတ်တရက် ဘေးကခြေဖဝါးတစ်ဖက်က ပျံဝဲလာပြီး အကြောက်အလန့်မဲ့စွာ ထို “ကျောင်းသား”အား မြေပြင်သို့ ကန်ထည့်လိုက်သည်။ကန်ထည့်ပြီးသည်နှင့် မရပ်ပဲ ထိုလူသည် ထို” ကျောင်းသား” ပေါ်သို့ ခြေဆောင့်နင်းကာ ဆယ်ခါထက်မနည်း နင်းခြေနေ၏။
“သေ၊ သေ၊ သေ”
တစ်ခါတစ်လေ လူတစ်ဦး၏ကြောက်စိတ်သည် သူ့အကန့်သတ်ကို ရောက်သောအခါ အမျက်ဒေါသက နေရာယူလိုက်သည်။
စုန့်ဖေးသည် သေရမှာကြောက်လုနီးပါးပင်။လူတို့ကို ကိုက်ဖြတ်သော”ကျောင်းသားများ” သည် ကြောက်မက်ဖွယ်ရာကောင်းသော်လည်း လူတွေကိုမကိုက်သော သည်ကျောင်းသားကလည်း ပိုမတော်လှပေ။
မြေပေါ်က ထို “ကျောင်းသား” ထတော့မည်ကို မြင်လိုက်ရပြီး သူတို့နောက်က “ကျောင်းသားများ” ကလည်း မှီလာခါနီးပြီဖြစ်တော့ စုန့် ဖေးသည် ဤတကယ့်ကျောင်းသားအစစ်ကို ခပ်မြန်မြန်ဆွဲလိုက်ကာ ပြောလိုက်၏။
“စောက်အချိန်ထပ်မဖြုန်းနဲ့”
သည်လူက သူ့ကိုကြည့်လာ၏။ သေချာပေါက် မကျေမချမ်းမှုအပြည့်နှင့် ဖြစ်သော်လည်း “ကျောင်းသားများ” ဒီရေလို ရှေ့သို့တရဟောတိုးလာကြသည်ကို မြင်သောအခါ အံကိုကြိတ်ပြီးပြေးတော့သည်။
စုန့်ဖေးသည်လည်း နောက်တစ်ကြိမ် ထပ်အရှိန်မြှင့်ရသည်။
သူတောင် ခြေနှစ်လှမ်းမရောက်သေးပေ။ အနှီ ရင်ထဲက စိတ်မပါမှုအပြည့်နှင့် အကြမ်းဖက်ကျောင်းသားသည် တကယ့်ကိုမခံနိုင်ဖြစ်နေပြီးတော့ မိုးပေါ်သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
” အားးးးး ဒီလောက်တောင် စောက်စာလုပ်ထားရတာကို အနည်းဆုံးတော့ မင်းငါ့ကို အဖြေလွှာလေးအပ်ခွင့်ပြုသင့်ပါတယ်ကွာ”
တစ်ခါတစ်ရံ လူတစ်ဦး၏ဒေါသက သူ့အကန့်သတ်ထိရောက်သောအခါ အကြောက်တရားကို မေ့သွားမည်ဖြစ်သည်။
စုန့်ဖေးသည် သူ့အဆောင်ရှိရာ တောက်လျှောက် အပြေးပြန်လာခဲ့သည်။ ထို့နောက် သူ့နောက်ကျောကတံခါးကို ပိတ်ပစ်လိုက်၏။ တံခါးကိုပင် ကျောမမှီရဲပဲ သူ့ခြေထောက်များမချည့်နဲ့ခင် အခန်းရဲ့အတွင်းဘက်အကျဆုံးနေရာရှိ သူတို့၏ လသာဆောင်တွန်းတံခါးဆီ တန်းပြေးလိုက်စဉ် ပလုတ်ခနဲကြမ်းပြင်ပေါ်တန်းကျသွားခဲ့သည်။
သူ့အောက်ဘက်နှင့် ကြမ်းပြင်ထိသည့်ခဏ ဂွမ်းစပေါ် ခြေလှမ်းသကဲ့သို့ အိပ်မက်ဆန်သည့်ခံစားချက်မျိုးက အနည်းအကျဉ်းတော့ စိတ်သက်သာရာရစေခဲ့သည်။
အိပ်ရာ၊ စားပွဲ၊ ခုံပေါ်ကဖြစ်ကတတ်ဆန်း ချွတ်ပစ်ထားသောအဝတ်များ၊ မသွန်ထားရသော စားပြီးသည့်ခေါက်ဆွဲဘူး… မှန်သည်၊ ဤနေရာမှာ သူတစ်နှစ်ကျော်နေပြီး စာလေ့လာသောနေရာ သူ့အဆောင်ခန်းဖြစ်၏။
သို့သော် အဲ့ဒီအပြင်မှာ ဘာရှိနေလဲ။
စုန့်ဖေးလည်း မသိပေ။
ပုန်ကန်သူတစ်ယောက်ဆီက တိုက်ခိုက်မှုလား။ဇီဝဓာတုအရေးအခင်းလား။ မကောင်းဆိုးဝါးတစ်အုပ် အလျင်အမြန်ပြေးဝင်လာစဉ်က သူတို့သည် ပြီးပြည့်စုံစွာ စာမေးပွဲဖြေနေခဲ့ခြင်း ဖြစ်သည်။
သည်ငမိုက်သားများကြောင့် လူတိုင်းမှာ မြေကြွက်တွေလို တစစီစုတ်ဖြဲခံလိုက်ပြီး ဘယ်သူမှစာမေးပွဲကြောင့် ထပ်ပြီး အနှောင့်အယှက်မဖြစ်ရတော့ပေ… ဟ ဒါက အာရေဗျညတွေ စောက်ရမ်းဆန်နေသည်မလား၊ သူ့ခြေထောက်တွေ စတင်ကြွက်တက်လာ၏။
အရာအားလုံးက အလွန်သဘာဝမကျပေ။ သို့သော် အလွန်စစ်မှန်လွန်းနေ၏။
စုန့်ဖေးသည် သူ့ခြေထောက်မှ နာကျင်မှုများကိုသည်းခံပြီး သူ့အားရှိသမျှနှင့် ကိုယ့်ကိုယ်ကိုယ် ရိုက်ထည့်လိုက်သည်။ဆန်းကြယ်သည်။သူ၏ခြေနှစ်ဖက်လုံးနှင့် မျက်နှာပါ နာသွား၏။
စုန့်ဖေးသည် ကြီးလှစွာသောအခက်အခဲနှင့် ရင်ဆိုင်နေရသည်။ မတ်တတ်ရပ်ဖို့ ရုန်းကန်နေရပြီး ယိမ်းယိုင်သည်ကို လက်မခံနိုင်ဖြစ်နေခဲ့သည်။သူ့ခြေဖဝါးကို နှစ်ကြိမ်မြောက် ဆောင့်နင်းလိုက်သည့်အခါ အနည်းလေးတော့ ကြွက်တက်တာ သက်သာသွား၏။
သူသည် လသာဆောင်တံခါးကို ဘေးသို့တွန်းဖွင့်လိုက်သည်။ အခြေအနေမဟန်သော စိတ်ကိုအနိုင်ယူကာ ဘုံပိုင်ခေါင်းကိုဖွင့်လိုက်ပြီးနောက် သူ့ခေါင်းကို ယင်းအောက်ထိုးစိုက်ထားလိုက်သည်။
ချွေးထွက်အောင်လုပ်ပြီး တစ်ဟုန်ထိုးပြေးခြင်းမှ ကျိုက်ကျိုက်ပူနေသော သူ့ခေါင်းကို အရိုးခိုက်အောင်အေးသောရေအောက်တွင် ဆေးချပြီးနောက် လုံးလုံးလျားလျားကို ရေခဲစိမ်ဖရဲသီးတစ်လုံးကဲ့သို့ ဖြစ်သွားခဲ့သည်။
စုန်းဖေး ပြန်ရပ်လိုက်သောအခါ သူ့တစ်ခေါင်းလုံးထုံကျဉ်လာသည်ကို ခံစားမိ၏။
မှန်ထဲက မျက်နှာသည် မှုန်မှိုင်းပြီး ဖြူဖျော့ကာ အရောင်အဆင်းတစ်ပြင်လုံး ဆုတ်ယုတ်နေသော်လည်း သူတို့ကိုတွေ့သည်နှင့် လိုက်ကိုက်တတ်သော ထိုအရာများထက်တော့ ပိုချစ်စရာကောင်းပေ၏။
စုန့်ဖေးမျက်တောင်ခတ်ပြီးနောက် မှန်ထဲကသနားစဖွယ်မျက်နှာပါ မျက်တောင်ခတ်လာသည်။ စုန့်ဖေးက သူ့သွားများကို ဖြီးလိုက်သောအခါ မှန်ထဲကအရူးကလည်း သွားဖြီးသည်ကို တွေ့လိုက်ရသည်။
စုန့်ဖေးသည် အနည်းငယ်ကြက်သေသေမှုကြောင့် သူ့ခြေထောက်ကို ပွတ်သပ်လိုက်သည်။ ထပ်ပြီးကြွက်မတက်တော့သော်လည်း ကြွက်တက်ထားရာက ကျန်ရှိနေသောခံစားမှုသည် ထင်ရှားပြတ်သားပြီး ကွက်ကွင်းနေလေသည်။
သို့မဟုတ် သူအိပ်မက်ထဲ ရှိနေတုန်းများလား။