ဇွန်ဘီတက္ကသိုလ်
ဇွန်ဘီတက္ကသိုလ်
Genres _ Horror, Survival, Apocalypse, Modern, Action, School, Comedy, Romance, Friendship
အကျဉ်းချုပ်
စုန့်ဖေးရဲ့ တက္ကသိုလ်ဘဝဟာ ဘာမှထူးထူးခြားခြားမရှိခဲ့ပေ။မသင်မနေရအတန်းတွေကို တက်ပြီး စိတ်ကြိုက်ရွေးချယ်လို့ရတဲ့အတန်းတွေကိုတော့ မတက်ပဲ ကျော်သွားကာ CET-4 နှင့် CET-6 ကို တက်ရောက်ခဲ့သည်။
သူ့ကို အနှောက်အယှက်ဖြစ်စေတဲ့အရာကို ပြရမယ်ဆိုရင် သူ့ရဲ့ ဆိုးသွမ်းပြီး အလိုက်ကန်းဆိုးမသိတဲ့ ရည်းစားဟောင်း ချီယန်ပဲ ဖြစ်လိမ့်မည်။ဆိုရိုးစကားအတိုင်းပဲ ဗီလိန်လိုရည်းစာဟောင်းတွေက နီးစပ်ဖို့ခက်ခဲပြီး သူတို့ရဲ့ သိက္ခာမဲ့မှုတွေက ဝေးကွာစေသည်။
ရောဂါပိုး ကူးစက်ခံထားရတဲ့ အတန်းဖော်တစ်ယောက် စာမေးပွဲခန်းထဲကို ပြေးမဝင်လာခင်နေ့အထိ သူ့တက္ကသိုလ်ကျောင်းသားဘဝက ထူးမခြားနားပဲ ဖြတ်သန်းရလိမ့်မယ်လို့ ထင်ခဲ့သည်။
ဖုတ်ကောင်ဗိုင်းရပ်စ်က တောမီးလောင်သလို ပျံ့နှံ့သွားပြီး ဆက်သွယ်ရေး စနစ်အားလုံး ပြတ်တောက်သွားခဲ့သည်။ကျောင်းဝင်းက ငရဲအဖြစ်ကိုပြောင်းလဲသွားပြီး ပြင်ပကမ္ဘာက ဘယ်လို အခြေအနေကို ရောက်နေပြီမှန်း ဘယ်သူမှ မသိကြပေ။ဒါ့အပြင် “ကယ်တင်ခံရမဲ့အချိန်ကို စောင့်ခြင်း” နဲ့ “ဝိုင်းပတ်နေတဲ့ ဖုတ်ကောင်တွေကို ကျော်ဖြတ်ခြင်း” ဆိုတဲ့ ၂ခုမှာ ဘာကိုရွေးချယ်ရမည်မှန်းလည်း ဘယ်သူမှ မသိခဲ့ကြပေ။
စုန့်ဖေးကတော့ နောက်ဆုံးနည်းကို ရွေးချယ်လိုက်ပြီး ချီယန်ကလည်း သူ့ရဲဘော်ရဲဘက်တစ်ယောက် ဖြစ်လာခဲ့သည်။
တစ်ချိန်က အကျွမ်းတဝင်ရှိခဲ့သော ကျောင်းဝင်းထဲတွင် အမြစ်ဖြတ် သုတ်သင်နိုင်သော စွမ်းအားနှင့် ကိုယ်ခံပညာကျွမ်းကျင်သူတွေရဲ့ ကာကွယ်ပေးမှုမရှိဘဲ အသက်ရှင်ရပ်တည်နိုင်ရန် ကိုယ်ပိုင်အရည်အချင်း ၊ ဇွဲလုံ့လတို့ကိုသာ အားကိုးနိုင်တော့သည်။
အနှစ်ချုပ်ရလျှင် ထိုသည်မှာ နိုင်ငံ၏ ကြယ်ပွင့်များဖြစ်သည့် တက္ကသိုလ်အတွင်း ပညာသင်ကြားနေသော ကျောင်းသားများရဲ့ ရှင်သန်မှု မှတ်တမ်းပဲ ဖြစ်သည်။ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်ခဲ့ကြသည့် သာမာန်ကျောင်းသားတွေရဲ့ အထူးခြားဆုံးတိုက်ပွဲများ၊ စွမ်းအားမရှိပဲ များပြားတဲ့ မှားယွင်းမှုတွေနဲ့ စစ်မှန်တဲ့ မျှော်လင့်ချက်များနှင့် တိုက်ခိုက်ခဲ့သည့် မှတ်တမ်းလေးတစ်ခုပင်။