Chapter 1
တောသူအချစ် အပုိင်း(၁)
“အမေ့…အဟင့်! အမေရယ်ထပါဦး တမာ့ကို ထကြည့်ပါဦး အမေရယ် တမာ့ကို တစ်ယောက်တည်း ထားခဲ့ပြီလား”
တမာ့အဖေက ငယ်ငယ်လေးကတည်းကဆုံးသွားတော့ တမာ အမေနဲ့အတူတူအမေတစ်ခု သမီးတစ်ခုဘဝနဲ့ နေလာတာအခုတော့မေမေကပါ သူ့ကိုထားခဲ့ပြီဆိုတော့ တမာတစ်ယောက် မယုံနိုင်ဖြစ်ကာ ငိုကြွေးနေမိသည်။
“ကြီးကြီးအမေက တမာ့ကို ထားခဲ့ပြီ ကြီးကြီးရယ် တမာဘယ်သူနဲ့နေရမှာဟင် ကြီးကြီး”
တမာ သူမရဲ့ကြီးကြီးဖြစ်သူကို အားကိုးကြီးစွာ လှည့်ကြည့်ရင်း ပြောလိုက်သည်။
“ကြီးကြီးနဲ့ လိုက်နေပေါ့ သမီးရယ် အခုတော့တိတ်လိုက်တော့နော် အရမ်းငိုရင်မျက်ရိုးတွေကိုက်လိမ့်မယ်သမီးရဲ့”
ကြီးကြီးက သူမကိုစိုးရိမ်စွာ မငိုတော့ဖို့ပြောသည်။ ဒါကို သူမသူငယ်ချင်းကပါ ထပ်မံ၍ သူမကိုစိတ်ပူကာ
“ဟုတ်ပါတယ် တိတ်လိုက်ပါတော့ တမာရယ် နင်ငိုနေလို့ရော နင့်အမေကပြန်ရှင်လာမှာမို့လို့လား”
အမေပြန်ရှင်မလာမှာ တမာသိပေမယ့် ကိုယ်ချစ်ရတဲ့မိဘဆုံးတော့ဘယ်သားသမီးကမငိုပဲရှိမှာလဲ။ သူမ သူငယ်ချင်းက စိုးရိမ်လို့ပြောတယ်ဆိုတာ သူမသိပေမယ့်လည်း အခုချိန်မှာ အဲ့လိုပြောတော့ တမာနည်းနည်းလေး စိတ်ဆိုးသလိုဖြစ်လာသည်။
“ချိုရယ် နင်မို့လို့ပြောရက်တယ်နော် ငါတို့က အမေတစ်ခု သမီးတစ်ခု ဘဝနဲ့နေလာတာ နင်တို့အားလုံးသိပါတယ် နင်ကိုယ်ချင်းမစာမပြောပါနဲ့”
သူမ စိတ်ဆိုးသလိုပြောတာ့ ချိုမာက ဂရုဏာဒေါသနဲ့သူမကိုပြန်ပြောသည်။
“ငါကိုယ်ချင်းမစာ ပြောတာမဟုတ်ဘူး တမာ နင်ခံစားနေတာ မကြည့်ရက်တော့လို့ပြောနေရတာ”
တမာ နားလည်ပါတယ်။ ဒါပေမဲ့ တမာ အခုချိန်မှာ ငိုချင်တာပဲသိတယ်။ တမာခုနကစိတ်ဆိုးသလို ပြောမိတာအတွက် ချိုမာ့ကိုတောင်းပန်လိုက်သည်။
“အေးပါချိုရယ် အခုလိုပြောမိတဲ့အတွက်ငါတောင်းပန်ပါတယ် ငါ.ငါ.ပြောတယ်ဆိုတာကလည်း အမေနဲ့ခွဲရတော့ ငါငိုချင်နေလွန်းလို့ပါဟာ”
ချိုမာလည်း တမာ့ခံစားချက်ကိုနားလည်ပါတယ်။
“ရပါတယ် တမာ မငိုနဲ့တော့နော်တိတ်တော့ အန်တီအတွက် စီစဉ်စရာရှိတာစီစဉ်ရဦးမယ်လေ ပြီးတော့နင့်ကြီးကြီးလည်းရှိနေတာပဲ ”
ချိုမာ့စကားကြောင့်တမာ ကြီးကြီးကိုကြည့့်လိုက်ရာ ကြီးကြီးကသူမကိုခေါင်းညိတ်ပြသည်။ တမာလည်းချို့ဘက်ကိုပြန်လှည့့်ပြီး
“ချိုရယ် ကျေးဇူးပါနော်”
ချိုမာ က တမာ့ ကိုပြုံးကြည့်ပြီး
“ရပါတယ် ငါတို့ကသူငယ်ချင်းတွေပဲမလိုပါဘူး”
တမာလည်း ချိုမာ့ စကားကြောင့်စိတ်ထဲနွေးထွေးသွားတော့၏။
••••••••••••••
အမေ့နာရေးကိစ္စတွေ အားလုံးပြီးစီးသွားတော့ ကြီးကြီးက တမာ့ကို သူနဲ့ရန်ကုန်မှာလိုက်နေဖို့ခေါ်သည်။ တမာလည်း ဒီမှာနေရင်တစ်ယောက်တည်းဖြစ်နေတာကြောင့် ့ကြီးကြီးနဲ့ လိုက်သွားဖို့ဆုံးဖြတ်ပြီး ချိုမာ့ ကိုနှုတ်ဆက်ရန်ထွက်လာခဲ့တယ်။
“ချို ငါ ကြီးကြီးနဲ့ ရန်ကုန်လိုက်သွားတော့မယ်”
ချိုမာ က တမာ့ကို သူ့ကြီးကြီးနဲ့လိုက်သွားမယ်ဆိုပေမယ့် ငယ်ငယ်လေးကတည်းကဒီမှာနေခဲ့တော့ မြို့မှာတစ်ခုခုဖြစ်မှာစိုးရိမ်ပြီး
“ဖြစ်ပါ့မလား တမာရယ် ဒီမှာငါတို့နဲ့နေပါလား အမေကလည်းနင့်ကိုချစ်ပါတယ်”
ချိုမာပြောသလို ချိုမာ့မေမေက တမာ့ကိုချစ်တာမှန်ပါတယ် ။ ချိုမာ နဲ့တမာဟာငယ်ငယ်လေးကတည်းက ဆိုးတူကောင်းဖက်သူငယ်ချင်းဆိုတော့ တမာ့ကို သူစိုးရိမ်နေတာသိတယ်။ ဒါပေမဲ့တမာဒီမှာနေရင်အမေ့ကိုသတိရနေမှာ ဒါကြောင့်ကြီးကြီးနဲ့လိုက်သွားဖို့ အားလုံးကလည်းစီစဉ်ပြီးသားဖြစ်နေပြီ။ ချိုမာနားလည်အောင်သာ တမာ ရှင်းပြလိုက်သည်။
“ကျေးဇူးပါချိုရယ် ငါရန်ကုန်လိုက်ဖို့အားလုံးစီစဉ်ပြီးသွားပြီ..ပြီးတော့ငါဒီမှာဆက်နေရင် အမေ့ကိုသတိရနေမှာဟ ဒါကြောင့်ပါ ကြီးကြီးကလည်းငါ့ကိုယ်လိုက်ဖုိ့ခေါ်နေတယ် အခုငါနင့့်ကိုလာနှုတ်ဆက်တာ ချို”
ချိုမာလည်း တမာကအားလုံးစီစဉ်ပြီးသွားပြီဆိုတော့ မတက်နိုင်တဲ့အဆုံး ခေါင်းညိတ်ကာ မျက်ရည်ဝဲလျက်
“နင်အားလုံးစီစဉ်ပြီးပြီဆိုတော့ ငါမတားတော့ပါဘူး ဒါပေမဲ့ တစ်ခုခုဖြစ်ခဲ့ရင်အချိန်မရွေးငါတို့ဆီပြန်လာခဲ့နော် တမာ”
တမာလည်း ငယ်ငယ်လေးကတည်းကနေခဲ့တဲ့နေရာလေးနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းကို မျက်ရည်အဝိုင်းသားနဲ့နှုတ်ဆက်လိုက်သည်။
“ငါသွားတော့မယ် သူငယ်ချင်း တာ့တာ”
ချိုမာ ဘာစကားမှပြန်မပြောပဲ မျက်ရည်တွေနဲ့တမာ့ကိုကြည့်ရင်း တာ့တာပြလိုက်သည်။ စိတ်ထဲကတော့ နင်ဟိုမှာအဆင်ပြေပါစေတမာ … လို့ဆုတောင်းပေးလျက်
တမာလည်း ချိုမာနဲ့အတူ သူတို့ငယ်ငယ်တုန်းကပြေးလွှားဆော့ကစားခဲ့တဲ့ ရွာထိပ်ကတမာပင်ကြီးကို ဝမ်းနည်းကြေကွဲစွာ လှည့်တကြည့်ကြည့်နဲ့ ထွက်လာခဲ့ရသည်။ ဒီတော ဒီရွာလေးနဲ့ သူငယ်ချင်းဖြစ်သူကို သူ ဘယ်ခွဲခွာချင်မလဲ..။ ဒီတောရွာလေးမှာပဲ တစ်သက်လုံးသူမနေချင်တာပေါ့..။ ဖြစ်မှမဖြစ်နိုင်တော့ဘဲ။ မေမေမှမရှိတော့တာ ဒီတော့ သူ့မှာ အမျိုးဆိုလို့တစ်ယောက်တည်းရှိတော့တဲ့ ကြီးကြီးနဲ့သာသူမလိုက်နေဖို့ဆုံးဖြတ်လိုက်ရတာ။
•••••••••••••••••
“သမီး ရောက်ပြီ ဆင်းတော့ ဒါကြီးကြီးပြောတဲ့အိမ်ပဲ”
ကြီးကြီးကဆင်းတော့ဆိုတာကြောင့် တမာ ကားပေါ်ကဆင်းလာပြီး အိမ်ကြီးကိုကြည့်လိုက်ရာ အံ့ဩမင်သက်သွားသည်။ အိမ်ကြီးကအပြင်ကကြည့်တာတောင် နန်းတော်ကြီးသဖွယ်ကြီးမားနေတာ အထဲသာရောက်သွားခဲ့ရင်တော့ ဒီထပ်မကပိုခမ်းနားမှာ မြင်ယောင်သေးတယ်။
“ကြီးကြီး အလုပ်လုပ်တာဒီအိမ်လား အကြီးကြီးပဲနော် နန်းတော်ကြီးကြနေတာပဲ”
“ဟုတ်တယ်သမီး တောမှာ ကြီးကြီးမှာထားတာတွေကို မမေ့နဲ့နော်”
ကြီးကြီးက သူမကိုစိုးရိမ်စွာ မှာထားတာတွေမေ့မှာစိုး၍သတိပေးနေသည်။
“မမေ့ပါဘူးကြီးကြီးရယ်သမီးအကုန်မှတ်မိပါတယ်”
ကြီးကြီးကိုပြောပြီး တမာတို့ဒီမလာခင်ရွာမှာကြီးကြီးပြောခဲ့တာတွေ ပြန်အမှတ်ရလိုက်သည်။. [သမီးဟိုရောက်ရင် အနေထိုင်ဆင်ခြင်နော် သူဌေးကမာနအရမ်းကြီးတယ်သူ့သားကိုယ်လည်းဘယ်သူနဲ့မှ သဘောမတူဘူး သူ့သားနဲ့လည်းဝေးဝေးနေပါနော်သမီးမပတ်သတ်မိစေနဲ့ကြားလား ကိုယ်ကသူတို့အိမ်ကအလုပ်သမား ] ထိုစကားတွေကြားတုန်းက တမာ စိတ်ထဲထင့်သွားသေးတယ်။ လိုက်မယ်လို့ဆုံးဖြတ်တာ မှားများသွားလားဆိုပြီး။
“သမီး အိမ်ထဲဝင်မယ်လေ..ဟဲ့့ တမာ သမီး”
တမာအတွေးထဲနစ်မြောနေတာ ကြီးကြီးခေါ်တာကိုမကြားနောက်မှ သတိရလာသည်။
“ရှင်..! ကြီးကြီးဘာပြောတာလဲ”
“အထဲဝင်မယ်လို့ ဘာတွေတွေးနေလို့ကြီးကြီးပြောတာမကြားတာလဲ”
“ဟုတ်..ကြီးကြီးဝင်မယ်လေ..ဘာမှမတွေးပါဘူး”
“ဒါဆိုသွားမယ်”
ကြီးကြီး နဲ့ သူမလည်းအိမ်ထဲဝင်လာတော့သည်။
အိမ်ထဲရောက်တော့ ဧည့်ခန်းမှာထိုင်နေတဲ့လူနဲ့သူမတို့ဆုံသည်
“မမကြီး”
“ပြန်လာပြီလား မကြင် သူလေးကဘယ်သူလဲ”
တမာ့ ကြီးကြီးနာမည်က ဒေါ်ရွှေကြင်ပါ။ ကြီးကြီးက သူ့အရှေ့ကလူကို ရိုသေစွာပြန်ပြောနေသည်။ ဒါက ကြီးကြီးပြောတဲ့သူဌေးဆိုတဲ့ အန်တီကြီးနေမှာပေါ့ ။ ပိုက်ဆံရှိတော့အသက်ငယ်ငယ် ကြီးကြီး မရှိတဲ့လူက ဦးညွတ်ရတာသဘာဝပဲလို့ တမာတွေးမိလိုက်သည်။ ကြီးကြီးထက် အသက်၂နှစ် ၃နှစ်လောက်ငယ်မယ့် သူဌေးဆိုတဲ့အန်တီကိုကြီးကြီးကပြန်ဦးညွတ်ရတာတဲ့လား.ခေါ်တော့လည်းမမကြီးတဲ့ တရားပါပေတယ်။
“မကြင် တူမလေးပါမမကြီး သူ့အမေသေလို့ အားကိုးစရာမရှိတော့ခေါ်လာခဲ့တာပါ မမကြီးလည်းခိုင်းချင်တာရှိရင်ခိုင်းလို့ရအောင်လို့ ”
ဒေါ်နီလာခင်ရှေ့ကကောင်မလေးကိုကြည့့်ပြီး
“မင်းနာမည် ဘယ်လိုခေါ်လဲ မိန်းကလေး”
တမာလည်းသူ့ရှေ့ကမိန်းမကြီးကိုနည်းနည်းလေးရှိန်နေရာ သူ့နာမည်မေးလာတော့ ကြောက်ကြောက်နဲ့ ဖြေလိုက်သည်။
“တမာ့ နာမည်က ခါးတမာပါအန်တီ”
ဒေါ်နီလာခင် ကောင်မလေးကိုကြည့်ရင်းစိတ်ထဲက မှတ်ချက်ချနေမိတယ်။
ကောင်မလေးက အချောကြီးမဟုတ်ပေမယ့် ချစ်တော့ချစ်စရာလေးပါ မျက်နှာဝိုင်းဝိုင်းလေးနဲ့ နှုတ်ခမ်းဖူးဖူး မျက်လုံးလေးတွေကလည်းချစ်စရာလေးတွေ သားနဲ့ရှုပ်ရှုပ်ယှက်ယှက် မဖြစ်အောင်သတိထားခိုင်းရဦးမယ်
“အသက်ဘယ်လောက်ရှိပြီလဲ”
“တမာ့အသက္၁၈ပါအန္တီ”
“သားထက်တော့ ၅နှစ်လောက်ငယ်မယ်
မင်းဘယ်နှစ်တန်းထိ ကျောင်းတက်ခဲ့ဖူးလဲ”
“တမာ ၅တန်းထိပဲတက်ခဲ့ရပါတယ် အန်တီ”
ဒေါ်နီလာခင် တမာ့ အဖြေကိုခေါင်းညိတ်လိုက်ပြီး ..
“၅တန်းထိဆိုတော့လည်း သိပ်မဆိုးသေးပါဘူး ရေးတက်ဖတ်တက်တယ်မလား”
“ဟုတ် တမာရေးတက် ဖတ်တက်ပါတယ် အန်တီ”
“မင်းအမေက အခုဆုံးသွားပြီဆိုတော့ မင်းအဖေကရော”
တမာ သူ့ကိုတစ်ခုမကျန်မေးတဲ့အန်တီကြီးကိုကြည့်ပြီး စိတ်ထဲဘဝင်မကျပေမယ့် ကိုယ်ကအခုချိန်ကစပြီး သူခိုင်းတာလုပ် ၊ သူကျွေးတာစားရမယ့် အခြေနေဆိုတော့ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို မဖြေမဖြစ်ပြန်ဖြေပေးနေရသည် ။ စိတ်ထဲကတော့မပါလှ ။ ကိုယ့်ရဲ့အကြောင်းတွေ တစ်ခုမကျန်ပြန်ပြောနေရတာ ဝမ်းနည်းသလို အခုချိန်မှာ ဘဝသစ်ပြန်စမယ်လို့တွေးပြီး ပြန်ပြောနေရတော့ သေသွားတဲ့ မိဘနှစ်ပါးကို သတိရနေမိသည်။
“တမာ့ အဖေက တမာငယ်ငယ်လေးထဲက ဆုံးသွားတာပါအန်တီ တမာ့မေမေကပဲ တမာ ကိုယ်ပြုစုခဲ့တာ တမာ၅တန်းထိတက်ခဲ့ရတာလဲ မေမေထားပေးလို့ပါ တမာ့မိဘတွေက အသက်ကြီးမှ ကလေးရကြတော့အမေကအဖေဆုံးတဲ့စိတ် သမီးကိုပြုစုစောင့်ရှောက်ဖို့အလုပ်ကြိုးစားလုပ် ကျောင်းထားပြီး တမာ၅တန်းနှစ်မှာမေမေအိပ်ရာထဲလဲတော့တာပဲ တမာလည်း မေမေ့ကိုသနားလို့ ကျောင်းဆက်မတက်တော့ပဲ တောမှာသူများခိုင်းတာအကုန်လုပ်ခဲ့ပါတယ် အခုလဲ မေမေပါဆုံးပြီဆိုတော့ ကြီးကြီးနဲ့လိုက်လာခဲ့တာ အန်တီခိုင်းချင်တာရှိရင်ခိုင်းလို့ရပါတယ် သူများအိမ်မှာတမာ အလကားမနေပါဘူး.”
“ကောင်းပါပြီ ငါခုလိုမေးတယ်ဆိုတာကလည်း ငါ့အိမ်မှာ ရှုပ်ရှုပ်ယှက်ယှက်စကားတွေမကြားချင်လို့ ငါပြောတာနားလည်လား”
“ဟုတ် တမာနားလည်ပါတယ် အန်တီ”
ထိုအချိန် အိမ်ထဲကို လူတစ်ယောက်ရောက်လာခဲ့တယ်။
“သားရှိုင်း ပြန်လာပြီလား ”
“ဟုတ် မေမေ ကြီးကြီးရွှေ ပြန်လာပြီလား”
ကြီးကြီးက ထိုလူ့အမေးကို ရိုရိုသေသေပြန်ဖြေလိုက်တယ်။
“ပြန်လာပြီအစ်ကိုလေး အစ်ကိုလေးက ဘယ်ကပြန်လာတာလဲ”
ရှိုင်း သူ့ကို အစ်ကိုလေးလို့ခေါ်တာကို သဘောမကျ။ အမေ့ အရွယ်လောက်ရှိတဲ့လူတစ်ယောက်က ကိုယ့်ကိုယ် အစ်ကိုလေးလို့ခေါ်တာဘယ်သူကသဘောကျမှာလဲ။ တခြားသူတော့မသိပေမယ့့်ရှိုင်းတော့ လုံးဝသဘောမကျပါ။
“ကြီးရွှေကလည်းဗျာ ကျွန်တော့ကို အစ်ကိုလေးလို့ မခေါ်ဖို့ ဘယ်နှစ်ခါပြောရမလဲ ”
“ဟုတ်ပါပြီ အစ်ကိုလေး အဲ မှားလို့ သား”
သူထိုသို့ ပြောင်းခေါ်တော့ မမကြီးကဘဝင်မကျဖြစ်ပြန်သည်။
“အဲ့လိုလုပ်ပါ ..ဪ..ကြီးရွှေ သူလေးကဘယ်သူလဲ”
တမာ့ကိုမေးတာမှန်း သိပေမယ့် တမာကတော့ကြီးကြီးစကားတွေကြောင့် ခေါင်းကိုအောက်သို့သာ ငုံ့ထားလိုက်သည်။
“ကြီးရွှေတူမလေးပါ သူ့အမေဆုံးလို့ကြီးကြီးကတော
ကနေ စောင့်ရှောက်ဖို့ခေါ်လာတာ ”
ရှိုင်းခေါင်းငြိမ့်ပြီး သူ့ရှေ့ကကောင်မလေးကိုခေါ်လိုက်သည်။
“ဪ! ဟေ့ချာတိတ်!”
တမာအတွေးထဲနစ်နေတာကြောင့်ခေါ်သံကြားတော့ ယောင်ယောင်မှားမှားထူးလိုက်မိသည်။
“ရှင်!”
“မင်းနာမည်ဘယ်လိုခေါ်လဲ”
“သား.!!..”
ဒေါ်နီလာခင်ကသဘောမကျစွာ ဝင်ဟန့်လိုက်၏။ ဒါကိုရှိုင်းကဂရုမစိုက်
“မေမေကလည်းဗျာ ဟေ့ ပြောလေမင်းနာမည်ဘယ်လိုခေါ်လဲလို့ နားမပါဘူးလား ငါ့နာမည်က ရှိုင်းမာန်”
သားကိုပြောမရမှန်းသိတော့ ဒေါ်နီလာခင်ကောင်မလေးကို အထဲသွားဖို့ပြောလိုက်သည်။
“ခါးတမာ သွားတော့..မကြင် သူနေရမယ့်အခန်းကိုခေါ်သွားလိုက် ”
“ဟုတ် သွားမယ် သမီး”
ရှိုင်း ထွက်သွားတဲ့သူတွေကိုကြည့်ပြီး မေမေ့ကို အလိုမကျစွာပြောလိုက်သည် ။
“မေမေကတော့လုပ်ပြီ”
“အပိုမပြောနဲ့ မေမေရှုပ်ရှုပ်ယှက်ယှက်လုပ်တာမကြိုက်ဘူး ပြီးတော့ သူ့ကကိုယ့်အိမ်မှာအလုပ်သမားဖြစ်လာမယ့်သူ ဆင်ဆင်ခြင်ခြင်နေရှိုင်းမာန် မေမေဒါပဲပြောမယ် သွားတော့ကိုယ့့်အခန်းကိုယ်”
ရှိုင်းမာန်လည်း ဘာမှမပြောတော့ဘဲ ထွက်လာခဲ့တော့တယ်။စိတ်ထဲမှာတော့ ဟိုကောင်မလေးအကြောင်းက ကြီးစိုးလျက်။
•••