Chapter 3
တောသူအချစ် အပိုင်း(၃)
ဒူ…ဒူ….ဒူ….
“Hello…ကိုကို ပြော”
“တွေ့ပြီးပြီလား ညီမလေး”
“မတွေ့ရသေးပါဘူး ကိုကိုရယ် အခုအဲ့တာဒေါသထွက်နေတာ စောင့်နေတာ နာရီဝက် ကျော်နေပြီ ၁၅မိနစ်နေလို့မှ မလာရင်ပြန်တော့မှာ ကမ်းလည်းကမ်းလှမ်းသေးတယ်
ခုချိန်ထိရောက်မလာသေးဘူး”
“မအားသေးလို့နေမှာပေါ့ ညီမလေးရယ်”
“မအားရင် အစကတည်းက လက်မခံနဲ့ပေါ့ ခုကျတော့ မပြောလိုက်ချင်ဘူး…လာမှပြောဦးမယ်”
အာဏာ သူ့ညီမနဲ့ဖုန်းပြောရင်း ရယ်နေလေသည် ။
“ကိုကို…ဘာရယ်တာလဲ ဒီမှာ ဒေါသထွက်နေတာနော်….
တော်ပြီ မပြောတော့ဘူး….စိတ်ဆိုးတယ်ဒါပဲ..”
“ညီမလေး..နေဦးလေ.ဟိတ် ညီမလေး..မချနဲ့ဦး…”
တီ…..တီ…
“ဟာ..ချသွားပြီ တကယ် ကလေးကျနေတာ ပဲ ငါ့ညီမလေးကတော့”
အာဏာ တစ်ယောက်တည်းပြောရင်း သဘောကျနေသည်။
သူ့ညီမလေးက စိတ်ဆက်သည် စောင့့်ရတဲ့အလုပ်ဆိုလဲ သေအောင်မုန်းတယ် ခုတော့ သူ့ရာဇဝင်ရိုင်းပြီပေါ့..။ဒါကြောင့် ညီမလေးဒေါသထွက်နေတာ သူသိပါတယ်။ နှင်းဆီမေဆိုတဲ့ သူ့ညီမလေးက ချစ်စရာတော့ကာင်းသည်။ အငယ်ဆုံးဆိုတော့ အလိုလိုက်တော့ ဆိုးတာလဲပါမယ်။
သူ့ညီမလေးကို ဖေဖေ မေမေတို့ အခုလိုလုပ်တော့ သူလည်းနှမြောမိသားလ ဘယ်သူနေနေ အချိန်တန်တော့လဲ လက်ထပ်ရတာပဲဆိုတဲ့ အတွေးကြောင့် အာဏာဘာမှမပြောခဲ့ ။လူကြီးတွေ စိတ်ချမ်းသာဖို့လည်းလိုသည်။
•••••••••••••••
“ဒီနေ့တော့ ဒီလောက်ပဲ ….သဘောမတူတဲ့သူများရှိသေးလား”
“မရှိတော့ပါဘူး..မောင်ရှိုင်း……အန်ကယ်တို့က မောင်ရှိုင်း ဘာလုပ်လုပ်သဘောတူပါတယ်”
“ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်..ဒါဆိုအခုဒီ Product ကအတည်ဖြစ်ပြီနော် ပါဝင်မယ့့်ကုန်ပစ္စည်းတွေလည်း ခုနကပြောတဲ့အတိုင်းပဲ ထည့်လိုက်တော့မယ်..အဆင်ပြေလား..”
“ပြေပါတယ်မောင်ရှိုင်းမာန် …”
“ဟုတ်ကဲ့ …”
!!!!!!!!!
ရှိုင်းအစည်းဝေးပြီးတာနဲ့ မေမေပြောတဲ့သူဆီသွားဖို့ ဇင်မင်းကိုမှာစရာရှိတာ မှာနေသည်။
“ဇင်မင်း ငါနေ့လည် အလုပ်မလာတော့ဘူး သွားစရာရှိသေးတယ် အရေးကြီးကိစ္စမရှိရင်မင်းပဲ ကြည့်လုပ်လိုက်တော့”
“ဟုတ်ကဲ့ အစ်ကိုလေး”
“တစ်ခုခု အရေးကြီးရင်ငါ့ကိုဖုန်းဆက်လိုက် ကြားလား
ငါသွားပြီ”
“ဟုတ်..”
ရှိုင်းလည်း ပြောပြီးတာနဲ့ ချက်ချင်းထွက်လာခဲ့သည်။
••••••••••
ရှိုင်းမာန် သူ့အမေပြောတဲ့ သူကိုတွေ့ဖို့•The Golden Land Cafe’• ဆိုင်သို့လာခဲ့လေသည်
ဆိုင်ထဲအရောက် သူ့အမေပြောတဲ့ကောင်မလေးကိုရှာရင်း စားပွဲNo,8မှာ ထိုင်နေတဲ့ကောင်မလေးနား သွားခဲ့တယ်။ မြင်ဖူးလို့တော့မဟုတ်ပေမယ့် စားပွဲအားလုံးမှာလူအသီးသီး သူ့အုပ်စု
သူ့အတွဲသူ ရှိနေတော့ အဲ့စားပွဲမှာထိုင်နေတာတစ်ယောက်တည်း ။ ဒါကြောင့် သွားကြည့့်တာပါ ။ မဟုတ်ခဲ့ရင်လည်းတောင်းပန်ရုံပေါ့..။ အစကတည်းက လာတွေ့ချင်တာ မဟုတ်ဘူး
မေမေ့ကြောင့်သာ
“Sorry! ကျွန်တော်နည်းနည်းနောက်ကျသွားတယ်”
“ဟင်….!´´
“sorry!!´´ဆိုသည့် ကြည်လင်ပြတ်သားသည့် အသံကြောင့် မော့ကြည့်လိုက် ရာနှင်းဆီမေ“ဟင်!!´´ ကနဲ အံ့သြသွားရသည်။
“ကျွန်တော် … အစည်းဝေးကြောင့်နောက်ကျသွားတာ
Sorry! နော်ဒီက မနှင်း”
ရှိုင်းစကားတောင်မဆုံးသေးဘူး နှင်းဆီမေကပြောလိုက်သည်။
“ဟုတ်ကဲ့….ကျွန်မ နာမည် နှင်းဆီမေပါ”
“အဟွန်း.!!..´´
“ရှင် ဘာရယ်တာလဲ”
“ကျွန်တော် ထိုင်မယ်နော် မနှင်းဆီမေ”
“ရင်းရင်းနှီးနှီး နှင်းလို့ခေါ်လဲရပါတယ်ရှင် .နှင်းဆီမေဆိုရှည်နေမှာစိုးလို့”
“ဟုတ်ကဲ့…ဒါဆိုလဲ နှင်းဆီလို့ပဲခေါ်မယ်နော်..”
“ရပါတယ် ဒါနဲ့ ရှင်ကျွန်မမေးတာ မဖြေရသေးဘူးနော်”
“ဘာကိုလဲ…?”
“ရှင် စောနက ဘာရယ်တာလဲလို့ပါ”
“ဪ!..ကျွန်တော်..မှန်းတာမှန်သွားလို့ပါ”
“ရှင့် နာမည်”
“ရှိုင်းမာန်”
ဖြေလိုက်တာက အပိုအလိုမရှိ ပြတ်ပြတ်သားသားရယ်ပါ။ အဲ့လိုပြတ်သားတာကိုမှ နှင်းဆီမေတို့ကလည်း သဘောကျတာ။
ယောကျာ်းလေးဆို ဘယ်သူနဲ့မှမပတ်သတ်ဘူးတဲ့သူမ ကျောင်းမှာတောင် သူ့ကိုကြိုက်တဲ့သူမှန်သမျှကို အရေးမလုပ်ဘဲ ငြင်းခဲ့တယ် အလုပ်မှာလဲ အလုပ်ကိစ္စကလွဲရင် စကားများများမပြောတဲ့သူ. စောင့့်ရတဲ့အလုပ်ကိုမုန်းပြီးလရှိုင်းဘက်ကနောက်ကျနေတာကို ရောက်ရင်ငြင်းပြစ်မယ်လို့ပြောတဲ့သူက အခုတော့ နောက်ကျတာတောင်မပြောတဲ့အပြင် ဟိုကစကားမပြောတာတောင်သူမဘက်ကချည်း ပြောနေလေရဲ့
နင် ဘာဖြစ်နေတာလဲ နှင်းဆီမေ ဘယ်ယောကျာ်းလေးကိုမှ စိတ်မဝင်စားတဲ့ နင်က နင့်ရှေ့ကလူကြောင့် ဘာတွေဖြစ်နေတာလဲ ဣနြေ္ဒလေးဘာလေးထိန်းဦး ငါဘာတွေဖြစ်နေတာလဲ ရင်ခုန်လွန်းလို့ နှလုံးရောဂါတောင်ရတော့မယ် နှင်းဆီမေတစ်ယောက် အတွေးနဲ့ဗျာများနေသည်။
“မနှင်းဆီ…..မနှင်းဆီမေ”
“ဟင်….ရှင်!´´
“ကျွန်တော် ပြောတာကြားလား….”
“ရှင်…ဘာပြောတာလဲ”
“ဪ နေ့လည် လည်းရောက်ပြီ ကျွန်တော်လည်း ကုမ္ပဏီကချက်ချင်း လာခဲ့တာကြောင့် ဘာမှမစားခဲ့ရသေးဘူး အဲ့တာ တစ်ခုခုသွားစားမလို့ ..မနှင်းဆီမေရော လိုက်ဦးမလားးလို့ပါ..”
“ဪ..ဟုတ်ကဲ့ သွားတာပေါ့”
“waiter…ပိုက်ဆံ”
“သွားမယ်လေ မာန်…”
“မာန်လို့ခေါ်မယ် ရတယ်မလား အသက်လဲမတိမ်းမယိမ်းဆိုတော့”
“ဟုတ်ကဲ့…..မနှင်းဆီမေ သဘောပါ”
ရှိုင်းသိပါတယ် နှင်းဆီမေကသူ့ကို ရေလာမြောင်းပေး လုပ်နေတယ်ဆိုတာ။ ဘယ်သူတွေဘယ်လိုပဲ ရေလာမြောင်းပေး လုပ်လုပ် ချာတိတ်ကလွဲပြီး သူ ဘယ်သူမှစိတ်မဝင်စား…။
*****************
Restaurant ထဲတွင်နေရာယူပြီးတာနဲ့ နှင်းဆီမေကစမေးလိုက်သည်
“မာန်…ဘာစားမလဲ..”
“ကျွန်တော်က ဘာနေနေရပါတယ်..မနှင်းဆီမေကြိုက်တာ မှာပါ”
“အဲ့တာဆို ကျွန်မပဲ မှာလိုက်မယ် မြန်မာအစားစာမစားရတာကြာတော့ မြန်မာရိုးရာထမင်းဟင်းပဲမှာလိုက်တော့မယ်”
“ရပါတယ်..”
“အင်း..မောင်လေး မြန်မာထမင်းဟင်း နှစ်ယောက်စာပြင်ပေးနော်”
“ဟုတ်ကဲ့”
အစားအသောက်တွေ ရောက်လာချိန်တွင်တော့
“မာန် ထည့်စားနော် ကျွန်မရှင်းမယ်”
“ရပါတယ် ကျွန်တော်ပဲရှင်းလိုက်မယ် မိန်းကလေးတစ်ယောက်ကျွေးတာ ကျွန်တော်မစားတတ်လို့ပါ”
ရှိုင်းပြောလိုက်တော့ နှင်းဆီမေ မျက်နှာပျက်သွားပါတော့သည်။ အားနာ ပါးနားနဲ့ `အင်း´ လို့ ပြောတော့ဘာဖြစ်မှာမို့လို့လဲ မာန်ရယ်
မြန်မာ ထမင်းဟင်းစားချင်လို့မှာတာဆိုပေမယ့် နှင်းဆီမေသိပ်မစားဖြစ် သူရှေ့က လူကိုသာကြည့်နေမိသည်။ မစားတာလည်းသူ့ရှေ့က လူကြောင့်ရင်ခံသွားတာလို့ ဆိုရမယ်။
“စားလေ မနှင်းဆီမေ”
“ဟုတ်…စားပါတယ်မာန်ရဲ. နှင်း သိပ်ဗိုက်မဆာလို့ပါ”
နှင်းဆီမေဘာလို့မစားလည်းဆိုတာ မာန်သိပါတယ်။ ဒါပေမဲ့ အခုကတည်းကအဲ့လိုနေမှ အဆင်ပြေမယ့်ပုံစံ မဟုတ်ရင်သူက လိုက်ကပ်နေမှာ..။ ဒါကြောင့် မာန့်စိတ်ထဲပြောလိုက်တာ ^ ကိုယ် စိတ်မကောင်းပါဘူး နှင်းဆီမေ မေမေကြောင့်သာ မင်းကို ကိုယ်လာတွေ့တာ ကိုယ့်စိတ်ထဲမှာ ကလေးကလွဲရင်ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး^ ပြောပြီး နှင်းဆီမေကိုကြည့်လိုက်သည်။
“တော်ပြီလားးးမနှင်းဆီမေ”
“ဟုတ်..ကျွန်မဝပြီ…မာန်ရော”
“ကျွန်တော်လည်း မစားတော့ဘူး …ဒါဆို ပိုက်ဆံရှင်းလိုက်တော့မယ်နော်”
“ညီလေး….ရှင်းမယ် ဘယ်လောက်လဲ”
“အားလုံးပေါင်း.၁၅၀၀၀ပါအစ်ကို”
“အင်း…ရော့ညီ.”
“ဟုတ်…ကျေးဇူးပါနော်”
“မနှင်းဆီမေ ကားပါတယ်မလား ကျွန်တော်လိုက်မပို့တော့ဘူးနော်”
“ဟုတ်ကဲ့ ရပါတယ်”
“ဒါဆို ကျွန်တော်သွားတော့မယ်”
မာန် ပြောပြီးတာနဲ့ ကားထားရာနေရာသို့ ထွက်လာခဲ့တော့သည်။ကျန်ခဲ့တဲ့သူ ဘယ်လိုနေမလဲ သူမတွေးဘူး။အဓိက ကသူအဲ့မှာ ကြာကြာမနေချင်တာပဲ ။ မေမေက တွေ့ဖို့ပြောတာ အခုထမင်းတောင် အတူစားပေးပြီးပြီ ဒီလောက်ဆိုသူတာဝန်ကျေပြီထင်တာပဲ ။
မာန့် ကျောပြင်ကိုကြည့်ပြီး နှင်းဆီမေ တစ်ယောက် ဆိုင်ထဲကျန်နေခဲ့ပါသည် ။ ကျွန်မကတော့ ရေလာမြောင်းပေးစကားတွေပြောနေတာ ရှင့်ဘက်ကနေနိုင်လိုက်တာ ရှင်အဲ့လိုနေတာကိုမှ ကျွန်မကသဘောကျတာ တစ်နေ့ ရှင်ဟာ ကျွန်မရဲ့ယောကျာ်း ဖြစ်လာစေရမယ် ။ အဲ့လိုဖြစ်လာအောင်လဲ ကျွန်မကလုပ်မှာ ..။ နှင်းဆီမေ စိတ်ထဲကြုံးဝါးရင်း..စကားဆိုမိသည်။
********************
ဒေါ်နီလာခင်တစ်ယောက် သူမသားကိုစောင့်နေသည် ။ထိုအချိန် ကားသံကြားပြီး မကြာခင် ရှိုင်း အိမ်ထဲဝင်တာကိုတွေ့လိုက်ရတော့ ဝမ်းသာသွားတယ်။
“သား…..ပြန်လာပြီလား”
“ဟုတ် အမေ”
“သမီးလေးနဲ့တွေ့ခဲ့ပြီလား……ဘယ်လိုသဘောရလဲ အခြေနေဘယ်လိုရှိလဲ သား”
ရှိုင်း ဝင်လာလာချင်း မေမေရဲ့စကားတွေကြောင့် စိတ်ရှုပ်မိသည်။မပြောပဲနေရင်လည်းဆက်မေးနေမှာသိတာကြောင့် ဖြေလိုက်သည်။
“တွေ့ခဲ့ပါပြီ…မဆိုးပါဘူး.ဒါပေမဲ့ ကျွန်တော်သဘောမကျဘူးနော်”
ရှိုင်းသဘောမကျဘူးပြောတော့ မေမေကတစ်စခန်းထကာ သူ့ကိုအပြစ်တင်ရင်း..
“အို.အေ သဘောမကျရအောင် သမီးလေးက ဘာဖြစ်နေလို့လဲ….သားသဘောကျကျ မကျကျ မေမေကတော့ သမီးလေးနှင်းဆီနဲ့ပဲ သဘောတူတယ်”
စိတ်ပျက်တာဗျာ သဘောမကျဘူးပြောတာတောင်သူနဲ့ပဲသဘောတူမှာတဲ့လား။အရှေ့ကမိန်းကလေးတွေတောင်သူသဘောမကျဘူးပြောရင်ထပ်မပြောတော့ဘူး အခုကျ
“ကျစ်..! မေမေ အရှေ့ကမိန်းကလေးတွေတုန်းကအဲ့လိုမဟုတ်ပါဘူး အ ခုကျမှဘာဖြစ်သွားတာလဲ”
“အရှေ့ကလူတွေနဲ့ သမီးလေးက တူမှမတူတာ နှင်းဆီလေးက တော်တယ်ထက်တယ် သူ့အဖေလည်းမျက်နှာလွှဲထားရပြီ. ပြင်သစ်ကကုမ္ပဏီမှာရော မြန်မာနိုင်ငံကကုမ္ပဏီမှာပါ သူ့အစ်ကို ကိုကူညီပြီး လုပ်ပေးနေပြီ ဒီလိုမ်ိန်းကလေးမျိုးနဲ့သားကိုသဘောမတူလို့ ဘယ်သူနဲ့မေမေ သဘောတူရမှာလဲ အရှေ့ကမိန်းကလေးတွေက သူ့ဟာနဲ့သူရှိပေမယ့် သမီးလေးလောက်မတော်ဘူး”
“ဒါပေမဲ့ မေမေရယ် သူတို့လဲကိုယ်ပိုင်လုပ်ငန်းနဲ့ပဲလေ သူနဲ့ကျမှ မေမေကတော်တာတဲ့လား”
“ဘာပဲဖြစ်ဖြစ် မေမေဒါဆိုဒါပဲ မနက်ဖြန် မင်းအလုပ်နားတယ်မလားသမီးလေးတို့ဆီသွားမယ် ကိုမိုးသောက်တို့နဲ့လဲပြောပြီးပြီ အထွန့်မတက်နဲ့ ”
မေမေ မင်းလို့ပြောကတည်းက သူ့ကိုဒေါသထွက်နေမှန်းသိပါတယ်။စိတ်လည်းပျက်တယ် ။ ကိုယ်မေမေ့ကို ဘယ်လိုပြောလိုက်ရမလဲကလေးရယ် ရှိုင်း မေမေ့ရဲ့စိတ်ကိုသိသည် ရှိုင်းမေမေ ဒေါ်နီလာခင်က ဒါဆိုဒါပဲ ရူးတော့မယ် ..။
••••••••••••
နှင်းဆီမေအိမ်ပြန်ရောက်တော့ဧည့်ခန်းထဲမှာအသင့်ထိုင်စောင့်နေတဲ့ဒယ်ဒီနဲ့မာမီကိုတွေ့လိုက်ရသည်။
“သမီး…..”
“ရှင်.!….ဒယ်ဒီ”
“လာပါဦး..သမီးရဲ့”
“ဟုတ်….”
“သမီး မောင်ရှိုင်းမာန်နဲ့တွေ့ခဲ့တာအဆင်ပြေလား”
“ဟုတ်….ပြေပါတယ် ဒယ်ဒီ”
“ဘယ်လိုလဲ သဘောကျလား”
“ဟာ……ဒယ်ဒီကလဲ”
နှင်းဆီ အမှန်ပြောရရင်သဘောကျတာထပ်ကိုပိုတယ်ဆိုတာဒယ်ဒီတို့သိရင်ကောင်းမယ်။
“မေကြီးရေ မင်းသမီးတော့ရှက်နေပြီ”
နှင်းဆီမေလည်းပြုံးကာ စိတ်ထဲကတော့ ဒယ်ဒီကိုအပြစ်ဆိုသလိုကျေးဇူးလည်းတင်မိသည်။
ရှက်နေပါတယ်ဆို ဒယ်ဒီက ဘာတွေပြောနေမှန်းလဲမသိဘူး °သူကချေတယ် ဒယ်ဒီရဲ့ အဲ့လိုနေတာကုိမှ နှင်းကသဘောကျတာ ဒယ်ဒီကိုကျေးဇူးတင်ပါတယ်.°
အပြင်မှာတော့
“သမီး သွားတော့မယ် ဒယ်ဒီနဲ့ မာမီ”
“နေပါဦးသမီးရဲ့. ဒယ်ဒီမေးတာဖြေဦးလေ”
“သဘောကျတယ် ဒယ်ဒီရေ ရပြီလား ရှက်ပါတယ်ဆို သွားပြီ”
နှင်းဆီမေရှက်ရှက်နဲ့ထသွားတာသူ့အခန်းမဟုတ်မှန်း ဒယ်ဒီပြောမှသိသည်။
“သမီး ဘယ်သွားမှာလဲ”
“အခန်းထဲလေ”
“မှားနေတယ်လေ သမီး သမီးအခန်းကဟိုဘက်မှာ”
“ဟင်..”
နှင်းဆီမေရဲ့ အဖေနဲ့အမေကသဘောကျနေသည်။ နှင်းဆီမေကရှက်ပြီးရင်းရှက်ကာမျက်နှာကပေါက်ကွဲထွက်တော့မယ့်အတိုင်းနီရဲနေတယ်။စိတ်ထဲကတော့ ပျော်ရွှင်နေလျက်။
************
အခန်းထဲအရောက်တော့နှင်းဆီမေတစ်ယောက်တည်းစကားဆိုနေ၏
“ရှက်လိုက်တာနော် ဒယ်ဒီတို့ကလဲရှက်ပါတယ်ဆို ရယ်နေတာမပြီးတော့ဘူး အဲ့တာရှင့်ကြောင့်ဖြစ်ရတာ ရင်မခုန်ဘူးတဲ့ကျွန်မရှင့်ကြောင့် ရင်ခုန်လွန်းလို့ နှလုံးသားလေးတောင် အပြင်ထွက်ကျတော့မယ် အဲ့တာရှင်သိလားမာန်”
သူတော်တော်ချောပါသည် ဒါကြောင့့်လဲကျွန်မရင်ခုန်သွားတာနေမယ်။ လေးထောင့်ဆန်တဲ့သူရဲ့မျက်နှာပေါ်မှာ ထူထဲတဲ့မျက်ခုံးတစ်စုံ ညို့အားပြင်းတဲ့မျက်ဝန်း လေးကိုင်းသဏ္ဍာန်နှုတ်ခမ်း အမှတ်တမဲ့ ရယ်လိုက်တဲ့အချိန် ပေါ်လာတဲ့သွားတန်းဖွေးဖွေးလေးတွေ သူရဲ့မျက်နှာပေါ်က အမွှေးရေးရေးလေးတွေ ယောကျာ်းတန်မဲ့အသားရည်လေးတွေကကြည်လင်နေပြီး အားလုံခြုံကြည့်ရင် သူဟာတကယ့်ကိုယောကျာ်းဆန်လွန်းလှပါတယ်။ ဒါကြောင့့်ကျွန်မရင်ခုန်တာမှားလား ပြီးတော့ရုပ်ရည်အသွင်ပြင်ထက်သူ့ကိုမြင်မြင်ချင်းချစ်မိသွားတာလို့ပြောလို့ရတယ်။
ကျွန်မနှလုံးသားကို အရည်ပျော်အောင် ကိုင်လှုပ်နိုင်တာရှင်တစ်ယောက်ပဲရှိတယ် ရှင့့်မှာချစ်သူမရှိဖို့မျှော်လင့်ပါတယ် ရှိနေရင်လည်း နှင်းဆီမေဆိုတဲ့ကျွန်မကရအောင်ယူမှာ။
•••••••••••••
ကလင်……..ကလင်…………..ကလင်
“နေနေ မမြင့် ကျွန်မပဲသွားကိုင်လိုက်တော့မယ်”
“hello…..”
“ကလျာလား.တို့ပါခင်လေ”
တစ်ဖက်ကခင်လေဆိုတာကြောင့်ဒေါ်ကလျာ အလိုက်သင့်လေးပြန်ပြောလိုက်သည်။
“ဪ ဟုတ်ကဲ့ မမခင်ပြောလေ”
“သမီးလေးပြန်ရောက်ပြီလား မေးမလို့ကလျာရဲ့”
“ဪ ပြန်ရောက်ပြီ မမခင်ရဲ့ သူ့ဒယ်ဒီပြောလိုက်လို့. ရှက်ပြီးအခန်းထဲဝင်သွားလေရဲ့. ”
ဖုန်းပြောရင်းနဲ့ တစ်ဖက်ကဒေါ်နီလာခင်ကတော့ နှင်းဆီမေအကြောင်းကြားပြီး သဘောကျနေသည်။..
“မမခင် မနက်ဖြန် လာမှာမလား ကလျာဘာချက်ထားရမလဲဟင်”
“ရပါတယ် ကလျာရဲ့ အဆင်ပြေတာသာလုပ် ခင်တို့ကဘာနေနေစားတယ် ”
“ဟုတ်မမခင် သားရောပါမှာလား သူရောဘာကြိုက်တတ်လဲ”
“သားကလည်း ခင့်လိုပဲဘာနေနေစားပါတယ် အပင်ပန်းမခံပါနဲ့ ကလျာ အဆင်ပြေသလိုစီစဉ်ပါ”
“ဟုတ် အဲ့ဆိုဒါပဲလေ မမခင်”
“အင်း..ဒါပဲလေ ကလျာ Bye Bye”
“ဟုတ် Bye မမခင်”
တစ်ဖက်ကဖုန်းကျသွားတော့ဒေါ်ကလျာလှည့်ဖို့အပြင် နောက်နားနီးဆီကအသံကြားလိုက်ရသည်။
“ဘယ်သူ့ဆီကလဲ ကလျာ”
“ဪ မမခင် ဆီကပါကိုရဲ့ ”
“နီလာခင့် ဆီကလား ဘာပြောတာလဲ”
“ဘာရယ်မဟုတ်ပါဘူးကိုရယ် သမီးပြန်ရောက်ပြီလားမေးရင်း ကလျာလဲ သမီးအကြောင်းပြောလိုက်တာ သဘောကျနေတာ. ပြီးတော့မနက်ဖြန်လာမှာ ဆိုတော့ ကလျာလည်း ဘာစီစဉ်ပေးရမလဲမေးနေတာပါ မမခင်က ကလျာအဆင်ပြေသလိုလုပ်ပါတဲ့ ”
“ဪ ဟုတ်ပါပြီ .ကိုလည်း မေ့နေတာသမီးကိုတောင်မပြောလိုက်ရဘူး”
“ထားလိုက်ပါတော့ မနက်ဖြန်မှပဲ သမီးအံ့ဩသွားအောင်လို့”
ထိုအခါကျမှလင်မယားနှစ်ယောက်လုံးဝဘောကျကာရယ်လိုက်ကြသည်။
***************
“မကြင်ရေ လာပါဦး ”
“ဟုတ်လာပြီ မမကြီး”
“ဘာခိုင်းမလို့လဲ မမကြီး”
“ဘာမှမခိုင်းပါဘူး နေ့လည်စာမချက်နဲ့တော့လို့ ကျွန်မတို့သွားစရာရှိလို့. ရော့ပိုက်ဆံ”
ဒေါ်ကြင်သူ့လက်ထဲရောက်လာတဲ့ပိုက်ဆံကိုကြည့်ပြီးအံ့ဩကာ မေးခွန်းပြန်ထုတ်လိုက်သည်။
“ဒီပိုက်ဆံက ဘာလုပ်ဖို့လဲမမကြီး”
“ဪ ကျွန်မတို့လဲ သွားစရာရှိလို့ အဲ့တာမကြင်တို့ကိုဒီနေ့နားခိုင်းပြီး ဟိုကောင်မလေးကိုဝယ်ချင်တာ ဝယ်ပေးလို့ ရအောင် Plazaသွားလေ သူမရောက်ဖူးတဲ့နေရာလေးတွေဒီနေ့လိုက်ပို့လိုက်ပေါ့”
ထိုအခါကျမှဒေါ်ကြင်ကသဘောပေါက်စွာ ခေါင်းငြိမ့်လိုက်ပြီး
“ကျေးဇူးတင်ပါတယ် မမကြီးရယ်”
“ရပါတယ် မလိုပါဘူး”
“ဟုတ်” လို့ပြောပြီးတာနဲ့ မမကြီးအနားမှထွက်လာကာ မီးဖိုချောင်ထဲအလုပ်ရှုပ်နေတဲ့ တမာ့နားသွားလိုက်သည်။
“သမီး …တမာ ”
“ရှင်ကြီးကြီး တမာ့ကိုဘာပြောမလို့ ”
“မနက်စာပြင်ပေးပြီးရင် အဝတ်စားသွားလဲ”
တမာနားမလည်စွာ ကြီးကြီးကိုမေးလိုက်သည်။
“ဘာလို့လဲ ကြီးကြီးရဲ့”
“ဒီနေ့ကြီးကြီးတို့ အပြင်လျှောက်သွားမယ်”
ထိုစကားလည်းကြားရောတမာမျက်နှာညိုးငယ်စွာ ကြီးကြီးကိုပြောလိုက်သည်။
“တော်ပါပြီ ကြီးကြီးရယ်တော်ကြာအန်တီပြောနေဦးမယ် ပြီးတော့ကြီးကြီးမှာလဲ ပိုက်ဆံရှိတာမဟုတ်ပဲနဲ့. သမီးမသွားချင်ပါဘူး…….”
“မပြောပါဘူးသမီးရဲ့ မမကြီးကိုယ်တိုင်သွားခိုင်းတာ ဒီမယ် ပိုက်ဆံလဲပေးလိုက်သေးတယ် လိုတာဝယ်ဖို့တဲ့”
ကြီးကြီးကပြောရင်း တမာ့ကို အန်တီပေးလိုက်တဲ့ပိုက်ဆံပါပြသည်။တမာမယုံသလိုကြည့်ကာ
“တကယ်ကြီးလား ဘာဖြစ်လို့သွားခိုင်းတာလဲဟင် ”
“သူတို့သွားစရာရှိလို့တဲ့”
ထိုအခါမှတမာသဘောပေါက်ကာ တိုးတိတ်စွာစကားဆိုလိုက်သည်။
“ဪ!..ဒါကြောင့်ကိုး”
🌟🌟🌟🌟🌟🌟🌟🌟🌟🌟
✏ Writer✏
★ခွင့်ထူးပန်★
ပထမဆုံးရေးခဲ့တဲ့ဝတ္ထုလေးပြန်တင်ပေးတာမို့ အမှားပါရင်သည်းခံနားလည် ဖတ်ရှုပေးပါနော် တချို့နေရာလေးတွေ ပြင်ဆင်ရေးသားပြီး အမှားပြင်ဖြည့်စွတ်ထားပေမယ့် ပထမဆုံးရေးခဲ့တဲ့ပုံလေးမပျက်စေချင်တာကြောင့် တချို့နေရတာတွေမပြင်ထားတော့ အမှားပါခဲ့သည်ရှိသော စာဖတ်သူများကဖြည့်ဖတ်ပေးပါလို့