တော်ကောက်ခြင်းခံရသောမြို့အုပ်ကတော်

5
Your Rating
တော်ကောက်ခြင်းခံရသောမြို့အုပ်ကတော် 5 (1)
68
Comments
2 Users bookmarked This
  • (Part 1)

မိန်းမဆန်ပြီး ပန်းကလေးလိုလှတဲ့ မြတ်ကြည်လား!
ဒါမှမဟုတ်….
ယောက်ျားဆန်တဲ့ မြတ်ကြည်လား!

အဖြေကရော… ဟင့်အင်း ကျွန်တော်မသိဘူး….!!

မေမေသည် ကျွန်တော့်အား မိန်းမတယောက်ကဲ့သို့သော အဝတ်အစားများကို ဝတ်စားဆင်ယင်စေ၏။.. မိန်းမတယောက်ကဲ့သို့သော နာမည် လှလှအားပေးစေ၏။.. ။
ကျွန်တော့အား ငယ်ငယ်ကတည်းက
အခြားကလေးတွေနှင့်ပင်အတူ ပေးဆော့ခြင်းအလျင်းမရှိခဲ့ပါချေ…။
ကျွန်တော့် ဘဝသည်လည်း မေမေ့လက်အောက်တွင်မူ ဤသို့ဖြစ်ချေ၏…။

အိမ်ရှေ့တွင် အခြားကလေးများဆော့နေသည်ကို ခြံဝန်းတစ်ခုထဲက သနခါးပါးကွက်ကြားကလေးလိမ်းခါ ဂါဝန်လှလှလေးနဲ့ ကောင်မလေးက အတန်ကြာအောင်ငေး၍ စိုက်ကြည့်နေခဲ့သည်။

နှစ်ထပ်အိမ် အကောင်းစားကိုမှ ကျွန်းသစ်များဖြင့်တည်ဆောက်ထားပြီး ရေနံချေး အဝသုတ်လိမ်းထားခြင်းခံရသည့် အိမ်ကိုနောက်ခံထားခါ ကြီးမြတ်သော ခြံဝန်းကျယ်ထဲမှနေ၍ မြတ်ကြည် မခို့တရို့ကလေး နောက်တစ်ကြိမ် ထပ်မံကြည့်နေမိပြန်ပါသည်..။

” မြတ်ကြည်..!”

ထို့နောက် ကောင်မလေးအမေရဲ့ ခေါ်သံကြောင့် မြေပြင်ထက် ဆောင့်ကြောင့်ကလေးထိုင်နေသည့် ကောင်မလေးမှာ ဖုန်သဲတွေဖြင့် ကစားနေရင်းမှ ခေါ်ရာအပြေးသာသွားတော့သည်..။

“ဟုတ်ကဲ့ မေမေ….”

ညစ်ပတ်ပေ​တေနေသော သူမ၏ သမီးဖြစ်သူကိုကြည့်ရင်း…

“မိန်းကလေးဆိုတာ ယဉ်ကျေးသိမ်မွေ့နေရမယ်လေ မြတ်ကြည်.. အဲ့လိုမျိုး ညစ်ပတ်နေတဲ့ ဖုန်တွေသဲတွေနဲ့ ဆက်ကစားနေရင် မေမေ မြတ်ကြည်ကိုရိုက်တော့မယ်ကွယ်…”

ကျွန်းစတီပေါ်ထိုင်နေတဲ့ မေမေကမူ ဆံသားကောင်းလွန်းသည်ကြောင့်လားမသိ တစ်ပတ်လျှိုဆံထုံးမှာ အလွန်ပင် ကြီးမားထူပိန်းနေလေသည်။
သန့်ပြန့်နေသော မြန်မာဝတ်စုံရင်စေ့နှင့်ပတ်ထမိန်မှာ အလွန်ပင် လှပကျော့ရှင်းသော မေမေ့ ခန္ဓာကိုယ်နှင့် အံကိုက် ချပ်ချပ်ရပ်ရပ်ပင်…။ မေမေသည် အလွန်တရာ လှပါလျှက်နှင့် မျက်နှာကို အမြဲတင်းမာထားလေသည်။
ထို့အပြင် မြတ်ကြည်ကို စိတ်မလိုမကျသည့်အခါများတွင်မူ ဆူပူအော်ငေါက်တက်သေးသည်..။

ဆူပူနေသော မေမေသည် မြတ်ကြည်ကို ချစ်သလားဟု မြတ်ကြည်မေးခွန်းထုတ်ချင်ပါသော်လည်း မြတ်ကြည်မှာမူ ဇာတိအရ ဩဇာညောင်းလွန်းသည့်မေမေအား မည်သည့်နည်းနှင့်မှ မချည်းကပ်ရဲပေ။ ယောက်ျားတို့ သဘာဝအရ မြတ်ကြည် အခြားကလေးတွေလို ဖုန်အလိမ်းလိမ်းနှင့် ပြေးလွှားဆော့ကစားချင်သေးပါသော်လည်း မြတ်ကြည်ကို မိန်းမတယောက်အဖြစ်သာ မေမေဟာ ပုံသွင်းထားခဲ့ပြီးသားဖြစ်ခဲ့သည်။

မြတ်ကြည်အသက်မှာမူ ၁၀နှစ်ရှိပြီဖြစ်သော်ညား အကောင်ညှက်သည်..။ ဒါကို မေမေက သဘောကျသယောင်ရှိသည်..။ မြတ်ကြည် ရှိသမျှအင်အားကို အရိုးထဲမှဆွဲထုတ်ခါ မေမေ မြတ်ကြည်ကို ချစ်ပါသေးသလား ဟု မေးခွန်းထုတ်ရန် ကြံရွယ်လိုက်သည်..။

“မေမေ သားလေ…..”
သို့သော်လည်း စကားမဆုံးခင်ပင် ကလေးငယ်၏ အခေါ်အဝေါ်မှားယွင်းမှုကြောင့် သူမ၏ ကြောက်မက်ဖွယ်ကောင်းလှသော မျက်စောင်းဟာ ဒိုင်းခနဲ ကလေးငယ်အပေါ် သက်ဆင်းတော့၏..။ထို့နောက်တွင်တော့…….

ဖြောင်း!

ပါးပြင်တစ်ဖတ်သို့ကျရောက်လာသော သူမ၏လက်တစ်ဖတ်က အခုမှ နုနုဖတ်ဖတ်ကလေးငယ်ရဲ့အသားဆိုင်ပေါ်သို့ ခပ်ပြင်းပြင်း ကျရောက်လေသောအခါ ပါးစောင်အတွင်းမှ သွေးများပင် ထွက်ချေရဲ့..

ကလေးငယ်မှာ ကြောက်လန့်တကြား ကြမ်းပြင်ပေါ်သို့ ကိုယ်ကိုဝပ်တွားထားတာများ တကယ့်ကို သနားစရာပင်

“အမှတ်မရှိရသလား.. ဘယ်လိုပြောမှ နားဝင်မှာလဲ မြတ်ကြည်.. နင်က မိန်းကလေး | မဟုတ်ဘူး မိန်းမ ဟဲ့ မိန်းမ.. အဆင့်အတန်းတွေ ခြံရံပြီး မှားရောက်လာခဲ့တာဘဲရှိတာ.. အမှန်က မြတ်ကြည် နင့်ဘဝက သတ်မှတ်ခံရပြီးသား မိန်းမတယောက်ဘဲ…ငါပြောတာ နင် နားရောနားလည်ရဲ့လား..”

“နား..နားလည်ပါပြီ မြတ်ကြည်နားလည်ပါပြီ မေမေရယ်….”

မေမေသည် ပြောချင်ရာပြောပြီးနောက် မျက်နှာတင်းမာမာအနေအထားနှင့်ပင် ဝပ်တွားထားသော မြတ်ကြည်ရဲ့ ဘေးမှ ဖြတ်လျှောက်ထွက်သွားသောအခါမှ မြတ်ကြည် သက်ပြင်း ယဲ့ယဲ့ချရင်း နှုတ်ခမ်းမှ စီးကျလာနေသော သွေးတို့ကို လက်သေးသေးလေးများဖြင့်ဖိသုတ်ပစ်လိုက်သည်။

“မြတ်ကြည် ဘာအမှားလုပ်မိလို့ မြတ်ကြည်ကို ရိုက်ရတာလဲ မေမေရယ်…”

၁၀နှစ်သား ကလေးငယ်ရဲ့ စိတ်ထဲတွင်တော့ ထိုနေ့ကစလို့ မတောက်တခေါက်ဉာဏ်ပညာကလေးနှင့် မေမေသည် သူ့အား တကယ်မချစ်ပါဟု မှတ်ချက်ပေးမိလေတော့သည်။

နောက်နေ့တွေကစလို့ ခြံရှေ့တွင်ဆော့ကစားနေကြသည့် ကလေးတွေကို မြတ်ကြည် ထွက်မကြည့်ဖြစ်တော့ချေ.. မြတ်ကြည် စိတ်နာသည်..။ မြတ်ကြည် ဘဝမှာ မြတ်ကြည် မပိုင်ဆိုင်တာတွေချည်းသာလျှင် ပြည့်နှက်နေတော့သည်..။

သို့ပေမဲ့လည်း မြတ်ကြည်မှာမူ သူ့အခန်းပြူတင်းပေါက်က​လေးဆီမှ ကစားနေသော ကလေးတွေကို နာနာနာကျင်ကျနှင့်ပင် လှမ်း၍ ကြည့်မိပါသေးသည်..။

“မုန်းလိုက်တာများနော်..”

………………………..

မြတ်ကြည်အသက်ဒီနေ့မှာ ၁၉ပြည့်ပါပြီ…။ မြတ်ကြည်မှာ အများသူငှာ အားကျရသည့်ဆံပင်ထူထူထူ  ဖြောင့်ဖြောင့်ဆင်းဆင်းတွေရှိသည်..။ ဒါဟာ မေမေ့ရဲ့အမွေတစ်ခုပင်…။ မြတ်ကြည်မှာ လှပ စိုပြေသည့် ရွှေဝါရောင်အဆင်းရှိ အသားအရည်တို့လည်းရှိပြန်သည်..ဖြူသည်မဟုတ် ဝါညက်သော အသားဆိုင်တို့က ရွှေအိုရောင်ဘက်သန်းလှသည်…။ ထို့အပြင် မြတ်ကြည်မှာ အညိုဖျော့ရောင် မျက်ဝန်းတစ်စုံလည်းရှိပြန်၏.. ယောက်ျားတယောက်ပေမဲ့ မိန်းမ နည်းတူ အပြိုင်လှပပါသော မြတ်ကြည်သည် လူအများအမြင်တွင် ဘဝပေးကောင်း၍ ရောက်လာခဲ့သော မိန်းမလှလေးတစ်ယောက်ဟုသာ ဝိုင်း၍သမုတ်ကျသည်..။ အလွန်လှပသည့် ပန်းကလေးဟုပင် တင်စားခေါ်ဝေါ်တက်ကြသေးသည်။
အမှန်တွင် မြတ်ကြည်က မိန်းမတယောက်မဟုတ်တာ သူတို့မှမသိပါဘဲနဲ့လေ…။ မြတ်ကြည် ဝေဖန်ရေးသမားတွေကိုမုန်း၏..။

အိမ်ရှေ့တွင် ထိုးရပ်လာသော ခပ်ကုံးကုံး ဂျစ်ကားကလေးကြောင့် မြတ်ကြည် တွေးလက်စ အတွေးစတို့မှ ဖျောက်ဖျက်ပစ်လိုက်ရင်း ထိုင်ရာမှ ထလိုက်သည်။ မြတ်ကြည် ဝတ်ထားသော အပြာပုတ်ရောင် မြန်မာရင်ဖုံးခါးတိုနှင့် ဗလာချည်သားစစ်ထမိန်အား ခေါက်တွန့်မနေစေရန် သေသေသပ်သပ်ဖြစ်အောင် လက်ဖြင့်ဖြန့်ဖြူးပေးလိုက်လေသည်..။ ထို့နောက် မေမေသည် အိမ်အပေါ်ထပ်မှ ကြွကြွရွရွဆင်းလာရင်း မြတ်ကြည်ကို အမှာတမ်းချ​တော့သည်။

“မြတ်ကြည် မိန်းကလေးဆိုတာ အမြဲပြုံးနေရမယ်.. ဆူပုတ်ပုတ်မျက်နှာထားနဲ့ဆို ဘယ်သူကြိုက်လိမ့်မတုန်း ကိုမြသိန်းကိုလည်း တူတူတန်တန်ဆက်ဆံပါ… မေမေပြောတာ သိနားလည်ရဲ့လား မြတ်ကြည်..”

မြတ်ကြည် အာရုံတွေနောက်နေသည့်ကြားမှ မေမေစကားအား သဘောထားသေးစွာ ခေါင်းတစ်ချက်ညှိမ့်ပြမိသေးသည်..။ မေမေက မြတ်ကြည်နှင့် ကိုမြသိန်းအား လွှတ်သဘောတူလှသကိုး.. မြတ်ကြည်မှ ယောက်ျားတွေကိုသဘောမကျဘဲနဲ့လေ.. မိန်းကလေးတွေကို သဘောကျသည်လားဆိုတော့လည်းမဟုတ်ပြန်..။ ကိုမြသိန်းသာ မြတ်ကြည်ကို ယောက်ျားတယောက်အဖြစ် သိသွားခဲ့ရင် ဆိုသည့်အတွေးနှင့်ပင် မြတ်ကြည် စိတ်ရှုတ်လှပြီလေ… ထိုအကြောင်းကိုတော့ မေမေ့အား ပြန်၍ မချေပခဲ့ပါ.. မြတ်ကြည် မေမေ့ကို ကြောက်သည်။

“ဒေါ်ဒေါ် နေကောင်းရဲ့လားခင်ဗျ…”

ကိုမြသိန်းက လက်အုပ်ကလေးချီလို့ ဂါရဝပြုလျှင် စောနက မချိတင်ကဲသော မေမေ့မျက်နှာက ပုတ်သင်ညိုတစ်ကောင်လို အရောင်ပြောင်းလှသည်။

“အကြည်ရော… အသင့်ဖြစ်ရဲ့လား..”

ကိုမြသိန်းက အိမ်ထဲဝင်လာခဲ့လျှင်ဘဲ မေမေ့ စကားတို့အား ရပ်တန့်ပစ်လိုက်သည်..။ ပြီးလျှင်တော့ ပြုံးပြုံးကလေးဆိုသည်..။

“မင့် နှမကို သေချာလေး ဂရုစိုက်ပါကွယ် မြသိန်းရယ် မင့်နှမက သိပ်နုံတာ…”

မေမေသည် ချီးကျူးသည်လား ကဲ့ရဲ့သည်လားမသိသော စကားတို့အား သူတပါးအ​ရှေ့မှာ နှိမ်ပြောရမည်ဆိုလျှင် သိပ်ဝါဿနာပါရှာသည်။ မြတ်ကြည်တို့ကလည်း ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မသတ်မှတ်သည့်လူစားမျိုး..။ပြန်မပြော နားမထောင်ပါလေ။

ကိုမြသိန်းဆိုတာကလည်း မေမေနှင့်အတူ အလုပ်သဘောအရ ဆက်ဆံပေါင်းသင်းသည့် မန္တလေးပိုးထည် လုပ်ငန်းကြီးမှ အဖိုးတန် သားရတနာလေးဖြစ်သည်ကြောင့် မေမေဟာ မျက်နှာလိုက်ခါ ထိုသို့လည်းအရေးပေးတက်သေးသည်။

“မြတ်ကြည်က မနုံပါဘူး အန်တီခိုင်ရယ်.. မြတ်ကြည်က ကျောင်းမှာဆို သိပ်လည်တာ.. သူ့ကိုလာပိုးတဲ့ ယောက်ျားတွေဆို ပြန်ချေပပြီး တယောက်ထဲနေတာ.. မြတ်ကြည်က အနေအေးရုံဘဲရှိတာပါဗျာ…”

မြသိန်းက ခပ်အေးအေးဖြင့် စကားအား အရွှန်းဖောက်ခါဆိုတော့ မေမေက မရယ်ချင့်ရယ်ချင်နှင့်သာ ရယ်သည်။ပြီးတော့ မြတ်ကြည်ကို မျက်စောင်းခဲခါ တချက်ငဲ့ကြည့်ပြီးလျှင် ချက်ချင်းဘဲ ကိုမြသိန်းဘက် မျက်နှာပြန်လှည့်သွား၏။

“ကဲကဲ သွားကြတော့လေ တော်တော်ကြာ အပြန်နောက်ကျမှဖြင့်ကွယ်…”

“ဟုတ်ကဲ့ အန်တီခိုင် ကျွန်တော် မြတ်ကြည်ကို နေမဝင်ခင် ပြန်ပို့ပေးပါ့မယ်ခင်ဗျ…”

ထိုစကားဝိုင်းထဲတွင်တော့ မြတ်ကြည်ဝင်မပါဖြစ်ခဲ့ပါ.. မြတ်ကြည်မှာ ခပ်ဆွေးဆွေးအကြည့်တို့နှင့်သာ တစ်နေရာရာကိုအကြည့်ပို့ထားလိုက်၏။

•••••••••••••••••••••••••••••

#VV Kit.
#23.10.21
12:29 Pm.

14.1.22(public)

Genre(s)
Tags(s)