အခန်း ၄
(Part 4)
……………
Unicode…
“ကိုဘမြိုင်….” ဟူသော လူသည် နာမည်ကျော် တေးသံရှင်အဆိုတော်တစ်ယောက်ဖြစ်၏။ ဒါ့အပြင် ကတ်ဆက်ဇာတ်လမ်းတွဲများတွင်ပါ ပါဝင်သရုပ်ဆောင်တက်ပြီး မိန်းကလေးစုတွေကြားမှာ ရေကိုဟန် အမည်အဖြစ်နှင့် ကျော်ကြားသည်။။
ပွေလီရှုတ်ထွေးသော ဘမြိုင်ကမူ စောသိုက်ခေတ်နှင့် အဖေတူ အမေကွဲ ညီအကိုတော်သူလည်းဖြစ်သေးသည်။ အဖေဆုံးပြီးကတည်းက ဒီကောင် ဘမြိုင်ကနှင့်သူ့မအေဖြစ်သူတို့က အတော်ကလေး ဂြိုလ်ဇောင်းကြွနေတာ..။ ထိန်းကွတ်မဲ့သူလည်းမရှိ..။ ပြီးတော့ ဘမြိုင်ရဲ့ ကောက်ကျစ်စဉ်းလဲမှု… သူ့အမေ ဒေစီလှမော် သည် တချိန်က ရုပ်ရှင် မင်းသမီးကြီးဖြစ်ပြီး သူမရဲ့ သွေးဆောင်ဖျားယောင်းမှုမှာ အဖေတယောက် ကူရာကယ်ရာမဲ့သည်အထိ သူမကို လက်ထပ်ယူခဲ့ရသည်။ ဒေစီလှမော်ဟာ သရုပ်ပျက်အဝတ်အစားများကိုသာ ဝတ်ဆင်တက်ပြီး အဖေဆုံးသွားသည့်တိုင်အောင် နာရေးမှာတုန်းကပင် အလှမပျက်ခဲ့ပေ။
သူမရဲ့အကြံအစည်သည် အဖေ ပိုင်ဆိုင်သော အမွေတချို့နှင့် လယ်ယာမြေကွက်များကို လက်ဝါးကြီးအုပ်ချင်သောကြောင့် အနားကပ်လာခြင်းဖြစ်သည်။ သို့သော်လည်း သူမထက် လည်ဝယ်သည့် မေမေ ဒေါ်သန်းဆင့်က ဒေစီလှမော်အား ရသင့်ရထိုက်သည့် အမွေတစ်ချို့ခွဲဝေပေးပြီး သူမလက်ထဲ မကျရောက်စေရန် နည်းလမ်းအဖျာဖျာနှင့် ဖေဖေပိုင်ဆိုင်သမျှ အမွေအားလုံးကို ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။ သို့သော် ဒေစီလှမော်တစ်ယောက် ဆေးလိပ်အပြင်းအထန်သောက်ခြင်း၏ ရလာဒ်ကြောင့် အသည်းခြောက်ခါ ဆုံးပါးသွားတော့သည်။ ထိုကတည်းက ဘမြိုင်ဆိုသူဟာ ပိုပို၍သာ ဆိုးသထက် ဆိုးသွမ်းလာခဲ့တော့သည်။
အခုလည်း ကိုယ့်ထက် ၂နှစ်ငယ်သည့် ဘမြိုင်က မြို့အုပ်ကတော်အဖြစ် ရွေးချယ်ရန် အမျိုးသမီး ဓာတ်ပုံတစ်ချို့ကို သူ့အစေခံတစ်ဦးနှင့် ပေးခိုင်းလိုက်ခြင်းဖြစ်သည်။
တမင်ရင်းနှီချင်ယောင်ဆောင်နေသည့် ဘမြိုင်က အများအမြင်မှာ စောသိုက်ခေတ်အပေါ် အနွံနာခံတက်သည့် လူကောင်းလေးဖြစ်ချင်ဖြစ်လိမ့်မည်။ သို့သော် ဇာတိအရ ပင်ကိုယ်စရိုက်မကောင်းလှသူဖြစ်တာကြောင့် စောသိုက်ခေတ်မှာ ဘမြိုင်အကြောင်း အတော်ကလေး နောကျေလှပြီ။
ကောင်းပြီလေ။ ဒီကောင်က ငါ့အိမ်မှာ အတွင်းသူလျှိုထည့်ချင်နေတာပေါ့.. ။ မင်းကနေတဲ့ ဇာတ်ကို ပါဝင်ပြီးကူကပေးရတော့မှာဆိုတော့လည်း စိတ်တော့ လှုပ်ရှားမိသား..။
စောသိုက်ခေတ် ဒီဘက်ပြန်လှည့်လာရင်း သူ့စားပွဲပေါ်တင်ထားသည့် စက္ကူအိတ်ထဲက ဓာတ်ပုံတွေကို ဆွဲယူလိုက်သည် ။အခြားလိုက်ကြည့်နေစရာ အကြောင်းအရင်းတော့မရှိ.. ။ ပထမဦးဆုံးပုံကိုသာ ရွေးချယ်ယူလိုက်သည်။
သူ့အိမ်ရောက်လာမည့် မိန်းမက ဘမြိုင်ရဲ့ သူလျှိုအနေနှင့်သာဖြစ်ပြီး ဇာတ်လမ်းဆုံးလျှင် အပစ်သားဖြစ်ရမည့်သူဘဲ..။ ခွေးဇာတ်ခင်းတဲ့ ဟာတွေ… မင်းတို့က ကျားမြှီးမှ လာဆွဲတာကိုး..။
လွန်ခဲ့သော နာရီပိုင်းက….
ဓာတ်ပုံဆိုင်တွင်ဖြစ်လိမ့်မည်။ကျောင်းကော်မတီရဲ့ စေခိုင်းမှုကြောင့် ဓာတ်ပုံဆိုင်တွင် ဓာတ်ပုံလာရိုက်ထားခဲ့ကြပြီး ပြန်လာရွေးယူကြသော ကျောင်းသားတို့သည် ဆိုင်ခန်း မျက်နှာဝတွင် ရုတ်စိရုတ်စိနှင့်ဖြစ်နေလေ၏။… ထိုအထဲတွင် မြတ်ကြည်လည်း မပါမဖြစ်ပါသည်။ ဓာတ်ပုံအိတ်ကလေးကိုင်ခါ ဆိုင်ခန်းမှထွက်လာသော မြတ်ကြည်သည် ကျောင်းသားများကြားမှတိုးဝှေ့ရင်း သူ့အားစောင့်နေသည့် ကိုမြသိန်းထံ လျှောက်လှမ်းလာခဲ့သည့်လမ်းတလျှောက်တွင် အခြားလူတစ်ဦးနှင့် ဝင်တိုက်မိကြလေသည်။
သူရောကိုယ်ပါ ပုခုံးချင်းယှဉ်တိုက်မိသဖြင့် မလဲကျသွားဘူးဆိုလျှင်တောင် နှစ်ယောက်စလုံးရဲ့ လက်ထဲမှ ဓာတ်ပုံအိတ်ကိုယ်စီကတော့ မြေပြင်ပေါ် သနားစရာအတိအမူအယာဖြင့် ပြုတ်ကျလေပြီ။
“အမလေး…”
“အာ..အာ.. တောင်းပန်ပါတယ် မမလေး…”
နှဖူးနားထိ လက်အုပ်ချီလို့ ကူလီကုလားက ကုလားသံရောရောဖြင့် ခါးကုံးခါ တောင်းပန်လာသည်။ မြတ်ကြည် နှာခေါင်းရှုံ့လို့ နာသွားသည့် ပုခုံးတစ်ဖတ်အား လက်ဖြင့်ဆုတ်ကိုင်ခါ ခေါင်းညှိမ့်ပြသည်။ ထိုအဖြစ်ကိုမြင်သွားသော မြသိန်းကလည်း အနားပြေးလာခါ မြတ်ကြည်နှင့်ကူလီကုလားတို့အား တလှည့်စီကြည့်လာသည်။
“ဘာဖြစ်သလဲ အကြည်..ဘာများဖြစ်သလဲ”
“မြတ်ကြည် ဘာမှမဖြစ်ဘူး..”
မြတ်ကြည် ထိုသို့ ခပ်အေးအေးသာ ပြန်ဖြေဖြစ်သည်။ ကူလီကုလားကတော့ သူ့လက်ထဲက ပြုတ်ကျသွားသည့် ဓာတ်ပုံအိတ်ကလေးအားကောက်သိမ်းခါ ပြန့်ကျဲနေသည့် သခင်မလေးတို့ပုံအား စက္ကူအိတ်ထဲပြန်ထည့်နေလိုက်သည်။ ပြီးလျှင်တော့ ကူလီကုလားဟာ ခပ်မြန်မြန်ဖြင့် ဆိုင်ခန်းရှေ့မှထွက်သွားခဲ့လေတော့သည်..။
ဒါကို လိုက်ကြည့်နေသော အကိုမြသိန်းကလည်း ကူလီကုလား မြတ်ကြည်ဘေးကထွက်သွားမှ သက်ပြင်းဖြေးဖြေးချသည်။
“အကြည် ဒါဖြင့်သွားရအောင် တော်ကြာနောက်ကျနေအုံးမယ်..”
“အင်း…”
မြတ်ကြည်တယောက် မြေပြင်ပေါ်က ဓာတ်ပုံအိတ်အားကောက်တော့ တစ်ဖတ်ပွင့် စက္ကူအိတ်အခွံကလေးက သူ့အား သယော်စွာ ပြုံးပြနေသည်။
“ဟင်.. ဓာတ်ပုံ..”
ဓာတ်ပုံမှာ စောစောနက သိမ်းဆည်းကောက်သိမ်းသွားသော ကူလီကုလားလက်ထဲ ပါသွားပြီဖြစ်တာ မြတ်ကြည် ရိပ်မိလိုက်တော့သည်။
“ဘာဖြစ်လို့လဲ အကြည်..”
“စောစောနက ဟိုအစေခံ လက်ထဲ မြတ်ကြည် ဓာတ်ပုံမှားပါသွားတယ် အကို..”
“အိုး.. အကိုဖြင့် ပြန်လိုက်တောင်းပေးမယ်ရော်..ခဏစောင့်”
“နေပါစေ… တန်ဖိုးကြီးကြီးမားမား ပါသွားတာမှမဟုတ်ဘဲ… ပြန်ရိုက်လိုက်ရင် ရပါတယ်လေ..”
မြတ်ကြည်၏ပုံစံသည် တစ်ခါတစ်ရံ နားလည်ရခက်သည်။သူမသည် အမြဲလိုလို ဆက်ဆက်ထိမခံဖြစ်တက်လွန်းပြီး အသေးအဖွဲ့ကိစ္စကိုတောင် တစ်ဆိတ်အတိ အမှားအယွင်းမခံတက်ပေ… သို့သော်ညား ရံဖန်ဖန်ခါတွေမှာ သူမရဲ့ အတွင်းစိတ်ကလေးတွေသည် ဝါဂွမ်းပန်းကလေးတွေထက်တောင် ပို၍ နူးည့ံနေတက်သေးသည်။
ထိုအခါက မြတ်ကြည်တယောက် သူ့ဘဝအား သူကိုယ်တိုင်ပင် ပင်လယ်ရေထဲ မျှောချခဲ့သည်ဆိုတာ သူမသိလိုက်ပါချေ..။ အင်း.. အဲ့စက္ကူအိတ်ကလေးထဲ တန်ဖိုးကြီးကြီးမားမားက ပါကိုပါသွားတာပေါ့.. အဲ့တာ မြတ်ကြည်ဘဝလေ… ထိုသို့ဆိုလျှင် မြတ်ကြည့် ပါသွားသော ကူလီကုလားလက်ထဲက ဓာတ်ပုံအား မရမက အကိုမြသိန်းအား လိုက်ယူခိုင်းလိမ့်မည်..။
………………………………
……………………..
“ဗျို့အိမ်ရှင်တို့… အိမ်ရှင်တို့….”
ခြံရှေ့မှာရပ်အော်နေသော လူတယောက်ကမူ အိမ်ထဲက လူအရိပ်အရောင်မတွေ့မချင်းကို အော်ခေါ်နေတာ.. အတန်ကြာအောင် အော်ခေါ်ပြီးမှ အိမ်ထဲက အသက်ခပ်လက်လက်အမျိုးသမီးကြီးတစ်ဦးကထွက်လာလေသည်..။
“ဘာများတုန်း မောင်ရင်ရဲ့..”
ထိုသူက အိမ်ထမင်းချက်ကြီးကြီးဒေါ်မိုးဆွေ ဖြစ်သည်။မျက်လုံးမကောင်းသူဖြစ်သဖြင့် ခြံသံပန်းတံခါးရှေ့က စုတ်ချွန်းချွန်းပုံသဏ္ဍာန်ရှိ လူငယ်အား မျက်လုံးမှေးခါ ကြည့်မိပါသည်။
“အိုး ဒါက ဒေါ်ခိုင်သင်ဇာ တို့အိမ်လားခင်ဗျ…”
“ဟုတ်ပါရဲ့ မောင်ရင်ကရော ဘယ်သူတုန်း..”
“ကျွန်တော်ကဖြင့် မြို့အုပ်မင်းဦးစောသိုက်ခေတ်ရဲ့ အတွင်းရေးရာအပါးစေ မောင်မောင်ထူးပါ ခင်မျာ…။”
“အလို.. မြို့အုပ်မင်း အပါးတော်ဆိုပါဘဲလား.. လာလာ အိမ်ထဲဝင်ရော့.. သခင်မ ဒေါ်ခိုင်သင်ဇာကဖြင့် အိမ်ထဲမယ် ရှိပါရဲ့..”
ကြီးကြီးဒေါ်မိုးဆွေမှာ လှုပ်စိ လှုပ်စိနှင့် ထိုလူငယ်အား အိမ်ထဲအခေါ်ပင့်လေသည်။
“ထိုင်ကွဲ့.. သခင်မကြီးကို သွားခေါ်ခိုင်းလိုက်ပါအုံးမယ်….
ဟေ့ မိတူး..လာစမ်းကွယ် ဧည့်သည်အတွက် သံပုရာဖျော်ရည်လေး လုပ်စမ်းအေ…”
“ဟုတ်..ဟုတ်ကဲ့ ကြီးဆွေ…”
သန့်ရှင်းရေးလုပ်နေသည့် မိတူး ဆိုသည့် ကောင်မလေးက မောင်မောင်ထူးအား ရှက်ကိုးရှက်ကမ်းလေးပြုံးပြခါ လက်ထဲကြက်မွှေးလေးကိုင်ရင်းပင် နောက်ဖေးဘက် ခပ်သုတ်သုတ်ပြေးသည်။ကြီးကြီးဆွေကဖြင့် မိတူးပုံစံအား ထောင့်မကျိုးလှသဖြင့် အမြင်မကြည်ပေ..။ ဧည့်သည်ရှိသည်ကြောင့် မျက်စောင်းတချက်သာထိုးရင်း အိမ်အပေါ်ထပ်ရှိ သခင်မကြီးအား သွားခေါ်ရသည်။
“…………”
…………..
“ဆိုပါအုံး…ဘာကိစ္စများရှိလို့ မြို့အုပ်မင်းရဲ့အစေခံက ရောက်လာရပါသလဲ”
ထိုသို့ဆိုခါ အိမ်အပေါ်ထပ်လှေကားများမှဆင်းလာနေသည့် ဒေါ်ခိုင်သင်ဇာမှာ အတော်ကလေး လှပနေသည်။ မိန်းမတန်မဲ့ အမူအရာကင်းရှင်းခါ ကျော့ကျော့ကလေး အဖိုးတန်လွန်းလှပေသည်။ မောင်မောင်ထူးတယောက် ပြောရမည့်စကားတောင် တစ်ခဏပြောက်လျှက် ငေးမောနေမိသည်။
“မောင်ရင်”
“အော် အော်… ဟုတ်ကဲ့.. ဒီက သမီးရှင်ထင်ပါရဲ့.. ဟုတ်ပါသလားခင်မျာ…”
ဒေါ်ခိုင်သင်ဇာ အထာနက်စွာ မျက်မှောင်ကြုတ်လို့ မောင်မောင်ထူးအား တစ်ချက်ကြည့်သည်။
“အင်း ဆိုတော့ကာ…”
“ဟုတ်ကဲ့ ဒီအိမ်က သမီးဖြစ်သူ မြတ်ကြည်ကို မြို့အုပ်မင်းရဲ့ ကတော်အဖြစ် တော်ကောက်ဖို့ မြို့အုပ်မင်းဦးစောသိုက်ခေတ်က ဖိတ်ကြားလိုက်လို့ပါ…. “
ဒေါ်ခိုင်သင်ဇာရဲ့ မျက်ဝန်းတွေမှာ အရောင်တဖျက်ဖျက်လူးရင်း ထခုန်မိမတက် ပျော်ရွှင်သွားသည့် အမူအရာအား မောင်မောင်ထူး ဖမ်းမိလိုက်လေသည်။
“ဒါဖြင့် ကျွန်မ သမီးက မြို့အုပ်ကတော်.. အို.. ကတော်ဖြစ်ပြီပေါ့.. ဒေါ်မိုးဆွေ.. မိတူး အို.. ကြားကြရဲ့လား…”
ပျော်ရွှင်နေသော ဒေါ်ခိုင်သင်ဇာကြောင့် ကြီးကြီးဒေါ်မိုးဆွေနှင့် မိတူးမှာ တစ်ခုခုအား ထိပ်လန့်ဖွယ်ရာအနေအထားဖြင့် ကြည့်နေမိကြသည်။….။
………..
Next Chapter>>>
” အို.. မြို့အုပ်မင်းမကလို့ ဘာဘဲအုပ်အုပ်.. မြတ်ကြည်ဖြင့် ရှင့်ကို လက်မထပ်နိုင်ဘူး…”
“အပိုတွေမပြောစမ်းနဲ့ ကလေးမ.. လာမည့် အပတ်ကစလို့ မင်း ငါ့အိမ်မှာ လာနေရမယ်.. ဒါကို မင်းအရမ်းလိုချင်နတာဘဲမဟုတ်လား….”
“ရှင်နော်….ရှင်..”
.
.
.
.