chapter 0
လေတစ်ဖြူးဖြူးတိုက်ပြီး ငှက်တွေကြူသံတစ်ကျီကျီမြည်နေတဲ့ ညနေခင်းမှာ လမ်းသွယ်လေးတစ်ခုပေါ်မှာ အထက်တန်းကျောင်းဝတ်စုံနဲ့ ပုခုံးတစ်ဖက်မှာ လွယ်အိတ်ချိတ်ဆွဲထားတဲ့ ကောင်းလေးတစ်ယောက်က ဝင်လုဝင်ခင် နေမင်းကြီးနဲ့ နေမင်းကြီးရဲ့ပုံရိပ်ပေါ်နေတဲ့ မြစ်တစ်စင်းကိုဘေးတိုက်ထားပြီး ဆယ်ကျော်သက် ကောင်လေးတစ်ယောက်လျှောက်လာခဲ့တယ်။ဆည်းဆာရောင် လိမ္မော်ရောင်အလင်းက ကောင်လေးရဲ့ ကိုယ်တစ်ခုလုံးအပေါ်ဖြာကျနေသဖြင့် ကောင်လေးရဲ့ ဖြူဖွေးတဲ့အသားရေကိုတောက်ပနေစေတယ်။ လေအဝှေ့မှာ နေရောင်ကြောင့် အညိုဖျော့ရောင်သန်းနေတဲ့ဆံပင်တွေကဝှေ့ယမ်းသွားပြီး ကောင်လေးရဲ့မျက်လုံးကိုဖုံးအုပ်သွားစေခဲ့တယ်။ ဖြူသွယ်လျတဲ့လက်တစ်ဖက်က မျက်လုံးမှာဖုံးနေတဲ့ဆံပင်တွေကိုသပ်တင်လိုက်တဲ့အခါ ညိုဖျော့ရောင်သန်းနေတဲ့လှပတဲ့မျက်လုံးတစ်စုံကထွက်ပေါ်လာခဲ့တယ်။
”ရှင်းလန်! ရှင်းလန်!! ”
နောက်ကအော်ခေါ်တဲ့အသံကြောင့်ကောင်လေးကရပ်လိုက်ပြီးနောက်ကိုလှည့်လိုက်တယ်။
”ငါ့တောင်မစောင့်ဘဲ ဘယ်လိုလုပ်ပြီးသွားလိုက်ရတာလဲ။ ”
”စောင့်ရမှာပျင်းလို့”
”သစ္စာမရှိချက် ခွေးကောင်”
ရှင်းလန်ဘာမှပြန်မပြောဘဲတစ်ဖက်လှည့်ပြီးဆက်သွားလိုက်တယ်။ နောက်ကသာ့ဟောက်ကတော့ပေါက်ပေါက်ဖောက်ပြီးဆက်လိုက်လာခဲ့တယ်။
ပုံမှန်ဆို သူ့ကိုတစ်ချက်လောက်တွယ်ပစ်လိုက်မှာဆိုပေမယ့် ဒီနေ့ရှင်းလန်စိတ်အခြေအနေမကောင်းပါ။ ဒါကြောင့် ဘာမှပြန်ပြောချင်စိတ်မှမရှိဘူးဖြစ်နေ၏။
မနေ့ကတည်းကနေသူ့စိတ်အခြေအနေကမကောင်းတဲ့ဘက်မှာရှိနေခဲ့တာ။ အခုထိပြန်မကောင်းလာနိုင်သေးပါ။ မနက်ကျ ရင်သူဒီမြို့ငယ်လေးကနေထွက်သွားရတော့မှာ။ ရှင်းလန်ကအခုအဘိုးအဘွားတွေနဲ့နေနေတာ။ဟိုးငယ်ငယ်ကနေ အခုသူဒီအရွယ်ရောက်တဲ့အထိဘဲ။ သူသိတတ်စကတည်းက သူ့မှာမိဘမရှိဘဲ အဘိုးအဘွားနဲ့နေလာခဲ့တာ။ အခုကျမှဘယ်ကဘယ်လိုပေါ်လာမှန်းမသိတဲ့အဖေတစ်ယောက်ပေါ်လာပြီး သူ့ကိုလာခေါ်မှာတဲ့။ တကယ်တော့ရှင်းလန်အမေက မြို့ငယ်ကနေ မြို့ကြီးပြကြီးဆီအလုပ်သွားလုပ်တုန်း သူဌေးနဲ့မှားမိပြီး သူ့ကိုရခဲ့တာ။ ရှင်းလန်ကိုဖျက်ချလို့ရပေမယ့် မဖျက်ချဘဲ ကလေးမွေးဖို့ဆိုပြီး အလုပ်ထွက် ခြေရာဖျောက် ပြီးတော့ သူ့ရဲ့ဇာတိမြို့ငယ်လေးပြန်လာခဲ့တာ။ ဒီမှာဘဲ ကလေးမွေးပြီး ခေါင်းချသွားခဲ့တယ်။ သူမကသူလူမှန်းသိတတ်စအရွယ်မတိုင်ခင်ကဆုံးသွားတော့ သူမအကြောင်းသိပ်မသိသလို သူမကိုလည်းမမှတ်မိဘူး။ သူ့အတွက်ဒီမှာကအရာအားလုံးအဆင်ပြေတယ်။ မိဘမေတ္တာငတ်တတ်တဲ့ ကလေးအရွယ်လည်းမဟုတ်တော့ အဖေဆိုတဲ့အပေါ်မမျှော်လင့်ထားဘူး။ ဒါပေမယ့်သူကအဘိုးအဘွားတွေဘက်ကိုစဥ်းစားပေးရအုံးမယ်။ ဒီအရွယ်ထိရောက်အောင်ပျိုးထောင်ပေးဖို့ အဘိုးတို့အတွက်တကယ်ကိုမလွယ်ခဲ့တာမို့ သူအဘိုးတို့အပေါ်ဝန်ပိစေလို့မဖြစ်ဘူးလေ။ ဒီတော့ အဘိုးတို့ လာမေးတဲ့ညကသူလိုက်သွားချင်တယ်လို့ဖြေခဲ့တာ။ သူနည်းနည်းတော့ အဘိုးအဘွားအပေါ် သိတတ်ရအုံးမှာမလား။ တကယ်တော့သူမသွားချင်တာမဟုတ်ပေမယ့် အဲဒီနေရာအကြောင်းသူမသိသလို နှစ်၂၀နီးပါး မတွေ့ဖူးတဲ့ဖခင်အပေါ်ဘယ်လိုဆက်ဆံရမလဲဆိုတာသူနည်းနည်းလေးမှမသိပါ။ သူ့အတွက်ဒါကအနှောင့်အယှက်ဖြစ်နေခဲ့တယ်။ ဒါတွေးပြီး စောက်ကျိုးနည်းသူနည်းနည်းလေးမှမပျော်နိုင်နေဘူးလို့။
”ရှင်းလန် ….ရှင်းလန်”
ဘေးကလာတို့တဲ့ သာ့ဟောက်ကြောင့်သူအတွေးပျောက်ပြီးငေး ငိုင်နေရာကနေပြန်သတိဝင်လာတယ်။ ကြည့်လိုက်တော့ လမ်းခွကိုရောက်နေပြီဘဲ။ သာ့ဟောက်နဲ့သူ ကလမ်းမတူတာမို့လို့ ဒီကနေခွဲသွားရမှာ။
”ရှင်းလန် ဘာဖြစ်နေတာလဲ။ အဆင်ပြေရဲ့လား။ မနက်ကတည်းကငူငူငိုင်ငိုင်နဲ့။”
”အာ ငါသွားတော့မှာ”
”ဘာ မင်းကိုလာခေါ်တဲ့အဖေ နဲ့လိုက်သွားတော့မလို့လား”
”အင်း အဘိုးတို့အပေါ်မှာငါဝန်ပိစေလို့မဖြစ်ဘူးလေ။”
သူ့အဖေသူ့ကိုလာခေါ်တဲ့အကြောင်းကဒီမြို့ငယ်ထဲမှာအကုန်သိကြတယ်။မြို့ ငယ်လေးဆိုတော့ တစ်ခုခုဆိုအားလုံးသိဘဲ။ ပြီးတော့ သာ့ဟောက်ကသူ့ငယ်ငယ်ကတည်းကခင်လာတဲ့သူငယ်ချင်းမို့ သူ့အိမ်အခြေအနေကိုသိနေသူဖြစ်တယ်။
”အင်း ဟုတ်တယ် အဘိုးတို့အတွက်တွေးရမှာပေါ့။ မင်းအဲဒီမှာ အဆင်ပြေဖို့ငါမျှော်လင့်တယ်။ မင်းဒီကိုအဆက်အသွယ်လုပ်ဖို့မမေ့နဲ့အုံး။ ငါတို့ရဲ့ဟိုက်ပါကြီး ဟိုမှာအဆင်ပြေရင်ဒီကသစ္စာရှိလေးကိုမမေ့သွားနဲ့နော်။”
”သွားစမ်းပါ လေရှည်မနေနဲ့”
”သွားပြီရေ ဟိုက်ပါကြီး မင်းအဆင်ပြေဖို့မျှော်လင့်တယ်။”
လက်ပြပြီးထွက်သွားတဲ့ သာ့ဟောက်ကိုကြည့်ပြီး သူ့ဟာသူအဆင်ပြေမှာပါလို့ပြန်ပြောမိတယ်။ သူလှည့်လိုက်တော့ မျက်လုံးထောင့်ကနေ အပင်တစ်ပင်လေးမြင်လိုက်ရလို့ လမ်းထောင့်နားလေးကိုသွားကြည့်လိုက်တော့ သူအမြင်မှားတာမဟုတ်ပါဘူး တကယ် cloverပင်လေး။ ပြီးတော့ရှားရှားပါးပါးအရွက်လေးရွက် အပင်လေး။ ကံကောငျးမှုဆိုတဲ့အဓိပ်ပါယျဘဲ။ ဒီမြို့ငယ်လေးမှာ cloverပင်လေးတွေကမရှိသလောက်ဘဲ။ အလွန်ရှားပါးတာ။ သူတခြားအပင်တွေထက်cloverလေးကိုသိပ်သဘောကျတာ။ ပြီးတော့ သူဒီရက်ပိုင်းသူ့မှာကံကောင်းခြင်းတွေလိုနေတာမလို့ အရွက်လေးရွက်ပါတဲ့ သစ်ရွက်လေးကိုခူးမလို့လုပ်လိုက်တယ်။ အဲဒီအချိန်မှာ နေရောင်ကသူ့ဆီထိုးကျလာပြီး တောက်ပလွန်းလို့သူ့မျက်လုံးတွေကိုပိတ်လိုက်ရတယ်။
သူမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ သူ့ရှေ့ကဟင်းလင်ပြင်ကြီးဖြစ်နေပြီး စအုပ်တစ်အုပ်ကလေထဲမျောနေခဲ့တယ်။ စာအုပ်နာမည်က
”အလိုလိုက်ခံရမှာကိုစောင့်နေတဲ့ ကောင်းချီသားတော်” နာမည်နဲ့တင်တစ်ရာဖိုးသုံးပုဒ်စာအုပ်မှန်းသိသာနေ၏။ မြင်တာနဲ့တင် သူ ဘယ်တော့မှလှည်မကြည့်မည့်စာအုပ် ဖြစ်မှန်းသိသာသည်။ အဲဒါကဘယ်လိုလုပ်ထူထူးခြားခြားဒီမှာလာပေါ်နေရတာလဲ။ ထိုခဏမှာတင်စာအုပ်ကစာရွက်တွေလှန်လျက်သူနားရောက်လာကာသူ့ကိုဝိုင်းပတ်နေ၏။ သူစိတ်ထဲမှာလဲပုံရိပ်များစွာပေါ်လာ၏။
သူ့အတွက်အချိန်ကြာမြင့်စွာကုန်ခဲ့သလိုထင်မှတ်ရပြီးနောက်တွင်သူကြည့်လိုက်တော့သူလက်ရှိနေရာမှာပင်ရှိနေပြီး သူ့ရှေ့ကနေရောင်ပျောက်သွားခဲ့ကာ နေလုံးကြီးကရေမျက်နှာပြင်အောက်တိုးဝင်နေခဲ့ပြီဖြစ်သည်။ သူခဏလောက်စိုက်ကြည့်ပြီးမှအသက်ရှူထုတ်လိုက်ပြီး အခုလေးတင်မြင်ခဲ့ရသောပုံရိပ်များကိုပြန်တွေးလိုက်သည်။
ထိုပုံရိပ်များဟာ စာအုပ်ထဲကဇာတ်ကောင်အကြောင်းများပင်။ သူမှတ်ချက်ပြုခဲ့သည့် အတိုင်းဇာတ်လမ်းက သုံးစားမရတဲ့ အစုတ်အပြတ်များပင်။ နာမည်ထဲကကောင်းချီးသားတော်ဟုယူဆရသော အဓိကဇာတ်လိုက်၏ ချစ်ရေးချစ်ရာအလိုလိုက်ခံရမှုများနှင့်ပြည့်နေ၏။ ကောင်းချီးသားတော်မှာ အချစ်တော်လေးယောက်ရှိပြီးထိုလေးယောက်၏ ကောင်းချီးသားတော်အပေါ် အချစ်ကြီးမှုများ သဝန်တိုမှုများ ရူးကြောင်ကြောင်လုပ်ရပ်များစသည့်တို့ကိုဇာတ်ကြောင်းအပြည့်ရေးထားသည်။ နောက်ဆုံးမှာ လေးယောက်လုံးနှင့် ပေါင်းဖက်သွားကြောင်းရေးထား၏။ ထိုသည်က သူ့အပေါ်ဘာမှမဖြစ်သွားပေ။ သုံးမရသည့်စာအုပ်အနေနှင့် သူဇာတ်လမ်းကိုသိပ်မမျှော်လင့်ထားပေ။
သူ့ကိုစိတ်ရှုပ်စေသည့်အဓိကအကြောင်းရင်းက ဇာတ်လမ်း နောက်ပိုင်းထိပါဝင်သည့် ဗီလိန်ဇာတ်ကောင် သူ့နှင့်နာမည်တူဇာတ်ကောင်ကြောင့်ဖြစ်သည်။ ဇာတ်လမ်းထဲတွင်ကောင်းချီးသားတော်နှင့်အမြဲလိုက်ပြိုင်နေသည့် အဖေတူအမေကွဲညီတစ်ယောက်ဖြစ်ပြီး ကြီးလာမှ မိခင်မြို့ငယ်လေးကနေ ဖခင်ကျန်းမိသားစုထံသို့ရောက်လာခဲ့သည့်သူဖြစ်သည်။ ရောက်လာချိန်မှစပြီး အစ်ကိုကိုမနာလိုဖြစ်ပြီး အကောက်ကြံကာ အခွင့်အရေးရတိုင်းဒုက္ခပေးတော့သည်။ အချစ်တော်များထံမှအကွက်ချကြံစည်တာခံလိုက်ရပြီး လူအများအလယ်တွင် မျက်နှာပျက်အရှက်ရကာ နောက်ဆုံး မုဒိန်းကျင့်ခံလိုက်ရ၍သတ်သေခဲ့သည်။ စာအုပ်ထဲရှိဗီလိန်က သူ့နဲ့နာမည်တူတဲ့အပြင် ဇာတ်ကောင်အခြေအနေကလည်းတူနေသည်။ အခုထိတော့ မြို့ငယ်လေးမှ ဖခင်ကျန်းမိသားစုဆီကိုသွားသည့်အခြေအနေထိတူနေပြီး နောက်ပိုင်း အစ်ကိုဖြစ်သူကို မနာလိုပြီး အကောက်ကြံတာကိုတွေကိုတော့သူ လုပ်မလား မလုပ်ဘူးလား မသိနိုင်ပေ။ သူ့စိတ်ထဲတွင်တော့သူလုပ်နိုင်တယ်လို့ထင်ပြီး စာအုပ်ထဲကဇာတ်ကောင်က သူဖြစ်တယ်လို့ခံစားနေရသည်။ ပြီးတော့ ဒီစာအုပ်ပေါ်လာတာကအထူးအဆန်းဖြစ်ပြီး နောက်ပိုင်းဖြစ်လာတာကမှော်ဆန်နေ၏။ ပြီးတော့ စာအုပ်တွေ ဖတ်သည့် စာဖတ်ပရိသတ်အစစ်အမှန်အနေနှင့်
မှော်ဆန်တာတွေကိုသူယုံကြည်၏။ စာအုပ်ကပင်မှော်အဆန်ဆုံးအရာတစ်ခုမဟုတ်ပါ့လား။ အသက်မရှိဘဲ မင်းကိုအမျိုးမျိုးခံစားနိုင်သိနိုင် အောင်လုပ်ပေးနိုင်တာစာအုပ်ပင်ရှိသည် မဟုတ်ပါလား။
ဘာဘဲဖြစ်ဖြစ်သူနောက်ပိုင်းဘာဘဲကြုံကြုံ ဒီအဖေတူအမေကွဲ ကောင်းချီးသားတော် ဆိုတဲ့အရာကြီးနှင့်တော့မပတ်သက်အောင်နေရမည်ပင်။ သူ့ရဲ့ ဘဝကိုအဲဒီလိုကြီးတော့အဖြစ်မခံနိုင်ပါ။ စာအုပ်ရတာကိုအခွင့်အရေးတစ်ခုအနေနဲ့သတ်မှတ်ပြီး သူ့ဘဝကိုသူ အေးဆေးဖြတ်သန်းနိုင်အောင်လုပ်မည်ပင်။
ဒီစာအုပ်ရတာ ကံကောင်းလိုပင်ဖြစ်မည်။ ဒါကြောင့်ကံကောင်းမှုတွေရနိုင်တဲ့ ဒီ clover ပင်လေးကိုလည်း သူ့နဲ့အနီးအနားကိုယူသွားရမှာမို့မြေကြီးတူးပြီး အမြစ်ပါအောင်တစ်ခါတည်းဆွဲနှုတ်လိုက်ပြီး စိုက်ဖို့ယူလာခဲ့လိုက်တော့သည်။