chapter 1
ကျွီ
လှပပြီးခမ်းနားကြီးကျယ်လှသည့် ခြံဝန်းအတွင်းသို့ကားတစ်စီးဆိုက်ရောက်လာပြီး ကားထက်ရှိ ချောမောပြီးထက်မြက်ဟန်ပေါ်သောယောကျာ်းသည် ကားအနောက်ခန်းရှိဆယ်ကျော်သက်လူငယ်လေးထံသိုပြောလိုက်သည်။
”သခင်လေး အိမ်ကိုရောက်ပြီမို့ဆင်းလို့ရပါပြီ”
ရှင်းလန် လက်ထောက်ယွဲ့ဆီခေါင်းငြိမ့်ပြလိုက်ပြီးတံခါးဖွင့်ကာဆင်းလိုက်တယ်။ လက်ထောက်ယွဲ့ဆိုတာ သူအဖေ ကျန်းလုပ်ငန်းစုရဲ့ လက်ရှိခေါင်းဆောင်ကျန်းကျိုးရှင်းရဲ့ အတွင်းရေးမှူးထဲကတစ်ယောက် ဖြစ်ပြီး သူ့ကိုဒီကိုခေါ်လာဖို့စေခိုင်းခံရသူဖြစ်တယ်။
ရှင်းလန်ကျန်းမိသားစုဆီရောက်လာပြီ။ မကြာခင် ကောင်းချီးသားတော်လို့ခေါ်တဲ့ ကျန်းချန်ယွီနဲ့တွေ့ရတော့မယ်။ သူစိတ်လှုပ်ရှားနေတယ်။ယ သူလို့ယူဆရတဲ့စာအုပ်ထဲကသူက ဘာလို့ကျန်းချန်ယွီကိုမနာလိုဖြစ်နေရတာလဲဆိုတာတအားသိချင်တယ်။ ဘာကများသူ့ကိုမနာလိုဖြစ် အောင်လှုံ့ဆော်နိုင်ရတာလဲဆိုတာ။ အကုန်လုံးကသည်းသည်းလှုပ်ရတဲ့ထိဘယ်လောက် ထူးခြားနေလဲဆိုတာ။ သေချာတာပေါ့ သူကတော့ဝင်ပါပြီးစွက်ဖက်မှာမဟုတ်ပါဘူး။ အကုန်လုံးကိုသူဟာသူဖြစ်ခိုင်းထားမှာ။ သူကပွဲကြည့်ရုံလေး ကြည့်ချင်တာပါ။
တွေးရင်းနဲ့ လက်ထောက်ယွဲ့နဲ့အတူ အိမ်ထဲလိုက်ဝင်လာခဲ့တယ်။ အိမ်ကိုရိုးရိုးရှင်းရှင်းနဲ့ဘဲအလှဆင်ထားပေမယ့် ထည်ဝါတယ်လို့ခံစားရစေတယ်။ တိုင်တွေကပြောင်လက်နေပြီး နံရံတွေကို ပန်းချီကားချပ်တွေနဲ့ဖုံးအုပ်ထားတယ်။ ရိုးရှင်းပေမယ့် အဖိုးတန်တယ်။ မကြွားဝါပေမယ့် မနှိမ့်ချဘူး။
”သခင်ကြီး သခင်လေးကိုခေါ်လာခဲ့ပါပြီ”
ဧည့်ခန်းထဲမှာတော့လူများထိုင်ကာစုဝေးနေကြသည်။ စကားသံဆုံးသည်နှင် ဧည့်ခန်းထဲရှိလူတွေသည်တိတ်တဆိတ် အကုန်လုံးလှည့်ကြည့်လာကြသည်။
အသက်၆၀အရွယ်လောက်ရှိသော လူကြီးသည်ရှင်းလန်ကိုစေ့စေ့ကြည့်နေသည်။ ထိုလူကြီးသည် ကျန်းမိသားစု၏ခေါင်းဆောင်ဟောင်း ကျန်းချီလင်း ရှင်းလန်ရဲ့အဖိုးဖြစ်ပုံရသည်။ လူအိုကြီးသည်စူးရှသောမျက်လုံးများဖြင့်ကျန်းရှင်းလန်ကိုအကဲခတ်နေပြီး မျက်နှာအမူအရာမပြပေ။ သူ့နံဘေးတွင် အသက်၂၀ကေျာ်အရွယ်လူငယ်တစ်ယောက်ထိုင်နေပြီး ထိုလူကသူ့ကိုတစ်ချက်အကဲခတ်ပြီး ထပ်မကြည့်တော့ပေ။ ထိုသူသည် ကျန်းလူအိုကြီးငယ်ငယ်ကတည်းက မွေးစားထားသည့် ကျန်းချောင်ဖြစ်သည်။ သူက ကောင်းချီးသားတော်ထဲမှာ ကျန်းချန်ယွီဘက်ကတစ်ယောက်ဖြစ်ပေမယ့် အချစ်တော်တော့မဟုတ်ပေ။ ဝတ္ထုအနေနဲ့ဆိုအရန်ဇာတ်ကောင်လောက်သာဖြစ်သည်။ မျက်ခုံးထူထူ နှာတံစင်းစင်း အမူအရာမရှိတဲ့ဟန်ပန် ချောမောတဲ့လူငယ်တစ်ဦးပင် ဖြောင့်တန်းစွာထိုင်နေတဲ့ကိုယ်ဟန်အနေအထားကပင် ဓားတစ်စင်းလိုထက်မြက်တဲ့ရောင်ဝါကိုခံစားရစေသည်။ ထိုသို့သော သူတောင် အချစ်တော်မဟုတ်ဘူး။ဝတ္ထုကရွေးချယ်ထားတဲ့ အချစ်တော်တွေက ဘယ်လိုပုံစံဖြစ်မလဲတကယ်ကိုမြင်ချင်မိသည်။
ဘေးနားရှိတစ်ယောက်ထိုင်ဆိုဖာပေါ်တွင်လှပသည့်လူငယ်လေးသည် ကျောမှီကိုမှီ၍
လက်တန်းပေါ်လက်ထောက်ကာ စူးစမ်းလိုဟန် အနှောင့်အယှက်ဖြစ်ဟန်ဖြင့် ရှင်းလန်ကိုကြည့်နေခဲ့သည်။ လူကြီးတွေရှေ့တောင် ပျင်းရိစွာဖြင့် ပေါ့ပါး စွာထိုင်နေသည်။ဝတ္ထုရဲ့အဓိကဇာတ်ဆောင် ကျန်းချန်ယွီပင်။
ဝတ္ထုထဲတွင် ကျန်းချန်ယွီကိုထိုသို့သရုပ်ဖော်ထားသည်။
‘သခင်လေးသည် ပုလဲလုံးကဲ့သို့ကြည်လင်နေသောမျက်လုံးရှိပြီး တစ်လောကလုံးရှိအလင်းရောင်တွေသည် မျက်လုံးထဲမှရောင်ပြန်ဟပ်သည်ထင်ရလောက်အောင်တောက်ပနေသည်။ ကြွေထည်လိုအသားအရေနှင့်စတော်ဘယ်ရီသီး လိုဖူးကြွနေသောနှုတ်ခမ်းများ ဖြူဖွေးနုဖက်နေသောအသားအရေ ဖန်ဆင်းရှင်ကမိန်းကလေးနှင့် ယောကျ်ားလေးမှားကာ လှပစွာဖြင့် ပြစ်ချက်ရှာမရအောင်ပင်ထန်ဆင်းလို့ပေးထားခဲ့သည်။’တဲ့
တကယ်ကိုပင် လှပသည်ပင်။ ယောကျာ်းလေးများနှင့်မအပ်စပ်သော လှပသည်ဆိုသောစကားလုံးသည် ထိုမျက်နှာနှင့်အလွန်လိုက်ဖက်လှသည်။
ထို့နောက်တစ်ခြားသူများဘက်ကိုလှည့်ကြည့်လိုက်သည်။ ယောကျာ်းကြီးနှစ်ယောက်နှင့်မိန်းမကြီးနှစ်ယောက် ၅နှစ်၆နှစ်အရွယ်ကလေးမတစ်ယောက်နှင့် သူ့နှင့်ရွယ်တူလောက်ရှိသော ယေကျာ်းလေးနှစ်ယောက်နှင့်မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုသူတွေဟာ လူအိုကြီးရဲ့သားတွေ သူ့အဖေရဲ့ညီတွေနှင့်သူတို့ကလေးများဖြစ်နိုင်သည်။
နောက်ဆုံးသူရောက်ကတည်းကသူ့ကိုကြည့်နေတဲ့လူကြီးဘက်ကိုလှည့်လိုက်သည်။ ဓားသွားလိုမျက်ခုံးဖြင့် ဥပဒိရုပ်ကောင်းသော မျက်နှာပင် သူ့မျက်နှာ၏၇၀ ရာ ခိုင်နှုန်းနီးပါးသည်ထိုလူကြီးဆီမှအမွေရထားတာဖြစ်နိုင်သည်။
သူ့ဖက်ကစူးစမ်းနေသလို တစ်ခြားသူတွေကလည်းသူ့ကိုပြန်လည်ကြည့်ရှူနေသည်။
၁၇နှစ်အရွယ်သည် မြီးကောင်ပေါက်အရွယ်ဖြစ်ပြီး အားမန်အပြည့်နှင့်တက်ကြွနေသောအရွယ်ဖြစ်သည်။ ဝင်လာကတည်းက မျက်လုံးများက စူးစိုက်စွာဖြင့် အရာအားလုံးကိုအကဲခတ်နေသည်။ လှပသောဖီးနစ်မျက်ဝန်းများက တောက်လောက်နေသောမီးလျှံကိုသိုဝှက်ထားသလိုမျိုးအားပြင်းလှသည်။ သူ့ဖအေနဲ့တူသော ဓားသွားလိုမျက်ခုံး ကော့စင်းနေသောနှာတံ သေသပ်စွာပိပိရိရိဖြစ်နေတဲ့နှုတ်ခမ်းသားတွေက မပြုံးမရယ်နှင့် တစ်ကိုယ်လုံးက ထိန်းချုပ်လို့မရတဲ့ လွတ်လပ်သော ထက်မြက်ပြတ်သားသော အငွေ့အသက်နှင့်ပြည့်နေသည်။ ရိုးရိုးရှင်းရှင်း တီရှပ်နှင့် ဂျင်းဘောင်းဘီသာဝတ်ထားခဲ့သော်လည်း အငွေ့အသက်သည် ဖုံးဖိလို့မရစွာ မဖုံးချနိုင်စွာ ပင်။
လူအိုကြီးသည်ကြည့်လိုက်သည်နှင့်ပင် အခုလာသောမြေးဖြစ်သူကို သိလိုက်ပေသည်။ သူ့၏ဤမြေးသည် ထက်မြက်ပြီး သူ့သား ရဲ့စရိုက်အပြည့်ပါဝင်သည်။ သွေးရင်းပီသစွာပင် ငယ်ငယ်ကတည်းကတစ်ခါမှမတွေ့ဖူးပေမယ့် စရိုက်ကမွေးရာပါပါလာသကဲ့သို့ပင်။ အနီးအနားမှာရှိသည့် ချန်ယွီ သည် ပျော့ပျောင်းညင်သာပြီးလွယ်ကူတဲ့စရိုက်ရှိသည်။ သူ့အမေဖက်လိုက်သည်။ အခုလာသောမြေးသည်ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ တဒင်္ဂခန့်သူကျေနပ်သွားသည်။ သူတို့ကျန်းမိသားစုရဲ့မျိးဆက်ကဒီလိုဘဲဖြစ်ရမှာပေါ့။
”ကျန်းမိသားစုကနေကြိုဆိုပါတယ်။ မင်းအခုတွေ့နေရတဲ့သူတွေက ဒီအိမ်မှာနေတဲ့ ငါတို့မိသားစုဝင်တွေဘဲ”
ရှန်းလင် စကားစပြောလာတဲ့လူအိုကြီးကိုကြည့်လိုက်တယ်။ လူအိူကြီး မျက်နှာကဘာမှမပြောင်းလဲသွားပေမယ့် မျက်လုံးထဲမှာကျေနပ်တဲ့အကြည့်တစ်ချက် ဖြစ်သွားတာတော့ တွေ့လိုက်ရတယ်။
”မင်းအတွက် ကျောင်းထွက်လက်မှတ်တွေယူလာခဲ့ပြီလို့ လက်ထောက်ယွီပြောတယ်။ နောက်မင်းတက်မယ့်အတန်းကို ချန်ယွီနဲ့အတူတူတစ်ကျောင်းတည်းတက်ခိုင်းမှာ”
ကျန်းကျိုးရှင်း သူ့အဖေကသူ့ကိုကြည့်ပြီးပြောလာခဲ့တာမို့သူလှည့်ကြည့်လိုက်တယ်။ တဆက်ထဲ မိတ်ဆက်ပေး တာကိုပါကြားလိုက်ရတယ်။
”ကျန်းချန်ယွီ မင်းရဲ့ဖအေတူမအေကွဲအစ်ကို။ မင်းရဲ့စာမေးပွဲရမှတ်တွေဘယ်လိုနေလဲ။”
သူ့အဖေရဲ့မိတ်ဆက်မှုကြောင့်သူမျက်နှာ အမူအရာမပြကဘဲ ကျန်းချန်ယွီကိုတစ်ချက်ကြည့်လိုက်တော့ စူပုတ်နေတယ်။
”မဆိုးပါဘူး”
သူအတော်အသင့်ဘဲပြန် ဖြေလိုက်တော့ နောက်ကလက်ထောက်ယွီကစာရွက်စာတမ်းတွေယူကာသူ့အဖေကိုပြလိုက်တာကိုကြည့်နေလိုက်တယ်။
သူ့အမှတ်တွေက မဆိုးဘူးဆိုတာလောက်မဟုတ်ဘူး တော်တော် ကောင်းတဲ့အထဲပါတယ်
သူနေတဲ့မြို့မှာဆိုနှစ်တိုင်းပထမဘဲ။ထင်တဲ့အတိုင်းဘဲသူ့အဖေက ကြည့်ပြီးပြောလာတယ်။
”တစ်မြို့လုံးပထမ အမှတ်ကောင်းသားဘဲ။”
အဲအချိန်ဘေးမှာထိုင်နေတဲ့ သူ့ဦးလေးတစ်ယောက်ရဲ့မယားကပြောလာခဲ့တယ်။
”မြို့ငယ်လေးဆိုတော့ရဖို့လွယ်မှာပေါ့ ဒီမှာနဲ့ယှဥ်လို့မရပါဘူးအေ”
သူ့ရဲ့စကားထဲမှာမနှစ်မြို့မှုတွေပါနေခဲ့တယ်။ စကားတွေထွက်လာတော့ လေထုကပိုပြီးသိမ်မွေ့သွားတယ်။
သူဘယ်လိုတုန့်ပြန်မလဲစောင့် နေကြတဲ့အတိုင်းဘဲ။ တိတ်ဆိတ်နေတယ်။
သူ့ဘာမှပြန်မပြောဘူး။ ယုတ်စွအဆုံးအကြည့်တစ်ချက်တောင်မပေးဘဲ သူ့အဖေဆိုသူကိုသာဒီအတိုင်းကြည့်နေလိုက်တယ်။
သူ့အဖေကတော့ သူ့စာရွက်စာတမ်းကိုသာမျက်မှောင်ကြုံ့ပြီးကြည့်နေရင်းသူ့ကိုမော့ကြည့်လာခဲ့တယ်။
လေထုကနေရခက်မှုကိုပြောင်းလာခဲ့တယ်။ တစ်ယောက်မှမတုန့်ပြန်တော့ ပြောတဲ့သူကိုအရှက်ရစေခဲ့တယ်။
ဒီအချိန်မှာဘဲသူ့အဖေဆိုသူကစပြောခဲ့တယ်။
”မင်းနာမည်”
သူမျက်မှောင်ကြုံ့တဲ့အကြောင်းကိုသိလိုက်ပြီ။ တကယ်တော့ရှင်းလန်ရဲ့ အထက်တန်းကျောင်းအပ်တုန်းက သူ့အိမ်မှာလူမရှိလို့ သူကိုယ်တိုင်သွားအပ်လိုက်ရတာ သူ့နာမည်ကို ရှင်းလန်လို့ဘဲရေးခဲ့တာ။ မျိုးရိုးက ကျန်းဖြစ်မှန်းသိပေမယ့်သူမသုံးခဲ့ဘူး။ အဲအချိန်တုန်းကသူအသက်က၁၀ ကျော်လောက်ဘဲရှိသေးတာ။ အိမ်အခြေအနေကလည်းအဆင်မပြေ။ ပုန်ကန်တဲ့အရွယ်ကလည်းဖြစ် ဆိုတော့ ငူ့နာမည်ကိုမျိုးရိုးချန်ပြီးအပ်လိုက်တာ။ မြို့ငယ်လေးမှာ သူ့အကြောင်းမသိတဲ့သူမရှိဘူး။ သူ့အမေက ဗိုက်ရှိမှဒီကိုတစ်ယောက်တည်းလာပြီးမွေးတော့ သူ့ဖအေဘယ်သူမှန်းမသိဘူး။ ဖအေမပေါ်ဘဲမွေးတဲ့သား လိုလိုပေါ့။ အဲတုန်းကသူကလည်းကလန်ကဆန်လုပ်တဲ့အရွယ်ဖြစ် မြို့ငယ်ကကျောင်းလဲဖြစ်တော့ ကျောင်းကသူ့အမည်ကို မျိုးရိုး ရှင်း အမည်လန်တဲ့ထည့်ပေးခဲ့တယ်။
အဲတော့အခုကသူ့နာမည်ကိုမေးနေတာလား။
သူအဖေဆိုသူကိုမျက်လုံးချင်းဆုံပြီး သူတစ်လုံးချင်းဖြေလိုက်တယ်။
”ရှင်း လန်.”
သူ့အဖေကလည်းသူ့ကိုကြည့်ကာအရေးမစိုက်စွာတစ်ခွန်းပြောပြီးထွက်သွားခဲ့တယ်။
”အခု မင်းက ကျန်းမိသားစုဖြစ်နေပြီမို့ မင်းနာမည်က ကျန်းရှင်းလန် ”
______________________________________________
20.5.2024
word- 7003
# kura