(ဇာတ်လမ်းမိတ်ဆက်)
သုံးနှစ်ကြာပြီးမှပြန်တွေ့တဲ့ ရည်းစားဟောင်းကမေးလာတယ်။
“ငါ မင်းခင်ပွန်းအနေနဲ့ဆို ဘယ်လိုလဲ” တဲ့။
အမြင့်ဆုံးနေရာနဲ့ အလိုက်ဖက်ဆုံးယောကျ်ား။
ပိုက်ဆံရှိတဲ့မိသားစုက,ကလေးတွေတိုင်း အလိုလိုခ,ယရတဲ့လူတစ်ယောက်။
အားလုံးရဲ့အထက်ကနေအုပ်ချုပ်တဲ့ အမြင့်ဆုံး စီးပွားရေးသမား ချားဆောင်းဟျော့။
” ကျွန်မနဲ့ မထိုက်တန်ဘူး”
ယောင်အင်းဟာ သူလမ်းခွဲခဲ့တဲ့ယောကျ်ားကို အဲ့လိုပြန်ဖြေရုံကလွဲရင် မတတ်နိုင်ခဲ့ဘူး။ အမှန်တရားဖြစ်တာမို့လေ။
“ဒါဆို ငါနဲ့လက်ထပ်မလား”
အဲ့အထိတော့ ခွေးစကားတစ်ခွန်းလိုမျိုး ကျော်သွားပေးနိုင်ခဲ့တယ်။
“ငါ မင်းနဲ့လမ်းခွဲပြီးနောက်ပိုင်း တခြားမိန်းကလေးနဲ့ ကလေးရမဲ့အလုပ်မျိုး မလုပ်ဖူးဘူးလေ။ ဒါမျိုးကို သစ္စာရှိတယ်လို့ခေါ်တာမလား။”
လွန်ခဲ့တဲ့သုံးနှစ်အတွင်း သစ္စာရှိခဲ့တယ်လို့ ဂုဏ်ယူပြီးပြောနေတဲ့ဒီယောကျာ်းက ဘယ်လိုပဲဖြစ်ဖြစ် ရူးနေတယ်ထင်ပါရဲ့။
ဒါပေမဲ့ အဲ့အရူးကောင်ဆီမှာ ထပ်ပြီး ရင်ခုန်သွားခဲ့မိတယ်။
******
Telegram မှာတော့ အပိုင်း 100 အစအဆုံးထိပြီးပါပြီ။ Extra အပါအဝင် အပိုင်း 100 အပြီးကို 4K နဲ့ Telegram Paid group ဝင်လို့ရပါတယ်ရှင်။
Telegram ACC – @lioniscute