[caption id="attachment_24431" align="alignnone" width="230"]

{"remix_data":[],"remix_entry_point":"challenges","source_tags":["local"],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{"addons":1,"transform":1},"is_sticker":false,"edited_since_last_sticker_save":true,"containsFTESticker":false}[/caption]
အေးမြတဲ့ဆောင်းရာသီမနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ ဖြူဝင်းတဲ့အသားအရေနဲ့ ခြံဝင်းထဲ၌ပြေးလွှားဆော့ကစားနေသော ကလေးမလေးတစ်ယောက်…..
ထိုကလေးမမှာ အခြားသူမဟုတ် ရှင်လွန်းဖြူသာလျှင်ဖြစ်၏။ သူမဟာ မိခင်ဖြစ်သူကိုမွေးစကပင်ဆုံးရှုံးထားသူဖြစ်၏။ ထို့အပြင် ဖခင်ဖြစ်သူမှာလည်း မိတဆိုးလေးဖြစ်တဲ့ ရှင်လွန်းဖြူကို အလွန်ပင်လိုလိုက်၏။
သူမဆော့ကစားနေတဲ့အချိန်မှာပင် ဖခင်ဖြစ်သူဟာ မိန်းကလေးတစ်ယောက်နှင့် ရှင်လွန်းဖြူအရွယ်ရှိတဲ့ ကလေးမလေးတစ်ယောက်ကိုခေါ်ကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။
“သမီးလေး လွန်း ။ ဒါသမီးရဲ့မေမေအသစ်လေ
ဒါကသမီးရဲ့မမဖြစ်လာမဲ့သူပဲ နာမည်က သစ်သစ်တဲ့”
ဖခင်ဖြစ်သူ၏စကားကိုကြားသောအခါ ရှင်လွန်းဖြူ၏ ကြည်လဲ့နေသောမျက်ဝန်းအစုံသည် ပြူးကျယ်သွားခဲ့သည်။
“ဟုတ် ဖေဖေ။ သမီးမှတ်ထားပါ့မယ်။”
“အန်တီကိုလည်း အမေအရင်းလိုသဘောထားနော်သမီး ။ အန်တီသမီးသစ်သစ်ကလည်း သမီးရဲ့မမပဲပေါ့ သမီးပိုင်တဲ့အရာကလည်း မမသစ်သစ်ပိုင်တယ်ဆိုတာ မှတ်ထားရမယ်နော်”
မိထွေးဖြစ်သူ၏စကားကို ဘဝင်မကျသော်လည်း ဖခင်ဖြစ်သူ၏စကားကိုမလွန်ဆန်နိူင်၍ ရှင်လွန်းဖြူဟာ ခေါင်းငုံ့ခံခဲ့ရသည်။
ထိုအချိန်မှစ၍ ဖခင်ဖြစ်သူ အိမ်တွင်မရှိသည့်အခါတိုင်း မိထွေးဖြစ်သူဟာ ရှင်လွန်းဖြူလေးအား အမြဲပင်အနိူင်ကျင့်ခဲ့သည်။
ဒီလိုနဲ့ ရှင်လွန်းဖြူအသက်၁၈နှစ်ရောက်တဲ့အခါမှာတော့ ဖခင်ဖြစ်သူဟာ သူ့သူငယ်ချင်းဖြစ်၏သားဖြစ်သူ တိမ်ထင်ရှားနဲ့ စေ့စပ်ပေးခဲ့ပါတော့တယ်။
ရှင်လွန်းဖြူနှင့် တိမ်ထင်ရှားဟာ အသက်၄နှစ်ခန့်ကွာသည်။
ရှင်လွန်းဖြူဟာ ဖြူဝင်းနူးညံ့သောနို့နှစ်ရောင်အသားအရေနှင့် ပါးမို့မို့နီနီလေးရှိသော ချစ်စရာမိန်းကလေးငယ်ဖြစ်၏။ ဆံနွယ်များဟာလည်း ခါးအလယ်ထိရှည်လျားပြီး ပိတုန်းရောင်ကေသာနှင့် ခန္ဓာကိုယ်ကောက်ကြောင်းလှသူဖြစ်၍ သူမအား သဘောမကျသူမရှိပေ။
တိမ်ထင်ရှားဟာလည်း အသားညိုညို အရပ်မြင့်မြင့်နှင့် ခန္ဓာကိုယ်တောင့်တင်းလှပြီး အတော့်ပင်ခံ့ညားလှသူဖြစ်ပေ၏။
တိမ်ထင်ရှားဟာ ရှင်လွန်းဖြူအပေါ် မေတ္တာရှိသော်လည်း ရှင်လွန်းဖြူမှာ အစ်ကိုတစ်ယောက်လိုသာ ခင်မင်သည်။
” လွန်း။ ကိုကိုတို့စေ့စပ်ပြီးပြီဆိုတော့ လွန်းအနေနဲ့ ကိုကို့အပေါ် အရင်လိုစည်းမတားပါနဲ့တော့ ကိုကိုတို့တွေ ချစ်သူလိုမျိုး ရင်း”နှီး”နေကြရအောင်လေနော်။ “
” လွန်းအနေနဲ့က ကိုထင်ရှားအပေါ် ဘယ်လိုမီချစ်သူလိုတွေးလို့ရမနေဘူး။ စေ့စပ်တာကိုလက်ခံခဲ့တာကလည်း ဖေဖေနဲ့အန်တီလေးက အတင်းတိုက်တွန်းခဲ့လို့ပါ။ လွန်းကိုနားလည်ပေးပါနော်။ “
“လွန်း သဘောအတိုင်းပါ။ လွန်းချစ်လာမယ့်အချိန်ထိ ကိုကိုစောင့်နေပါ့မယ်။”
တစ်နေ့မှာတော့ သစ်သစ်ဟာ သူငယ်ချင်းတစ်ဦးကို အိမ်ကိုခေါ်လာခဲ့ပါတယ်။ ထိုသူငယ်ချင်းဟာ မိန်းကလေးဖြစ်သော်လည်း ယောင်္ကျားလေးစိတ်ပေါက်နေသူ တစ်ဦးဖြစ်၏။
သူ့နာမည်က “နွေဦးအလင်္ကာ”
သစ်သစ်နဲ့ အလင်္ကာဟာ ကျောင်းနေဘက်တွေဖြစ်သလို အရမ်းရင်းနှီးတဲ့သူငယ်ချင်းတွေလည်းဖြစ်ကြပါတယ်။
“သစ်သစ်။ ဟိုခုံမှာထိုင်နေတာက မင်းညီမလား?”
ခြံဝင်းထဲရှိ အုတ်ခုံပေါ်ထိုင်နေသော ရှင်လွန်းဖြူကိုတွေ့တဲ့အခါမှာသော အလင်္ကာ့ရဲ့ အကြည့်တွေဟာ သူမဆီ စူးစူးနစ်နစ်ရောက်ရှိသွားခဲ့ပါတော့တယ်။
“ဟုတ်တယ် အလင်္ကာ။ သူက တို့မေမေယောက်ျားဘက်ကပါတဲ့ သမီးလေ သူ့ကြည့်ရတာအမြဲငြိမ်ကုပ်နေတာပါပဲ စိတ်ဝင်စားဖို့မကောင်းပါဘူး။”
“ကိုယ်တော့ စိတ်ဝင်စားတယ်။ “
“ဟင်…. အလင်္ကာ နင်…
နင် လွန်းကိုစိတ်ဝင်စားလို့လား နင်ကမိန်းကလေးနော်”
” သစ်သစ်ရာ ငါက ယောင်္ကျားလေးလိုပဲနေတာ ယောင်္ကျားလေးပါပဲ ငါသူ့ကိုချစ်လို့မရဘူးလား မရဘူးလား။ “
“မရဘူး သူ့မှာစေ့စပ်ထားတဲ့သူရှိတယ် “
“ငါဆိုတဲ့ အလင်္ကာက လိုချင်တာကိုမရရအောင် ယူတတ်တယ်ဆိုတာ နင်မေ့နေတာလား သစ်သစ်”
“ဒါပေမဲ့….
အင်းပါ အလင်္ကာရယ် နင်သဘောကျရင်လည်း ရအောင်ယူပေါ့”
သစ်သစ်ဟာ တိမ်ထင်ရှားအပေါ် တစ်ဖက်သတ်သဘောကျနေသူဖြစ်သောကြောင့် အလင်္ကာနဲ့လွန်းကို အောင်သွယ်ပေးရန် ကြံစည်ပါတော့တယ်။
“ဟဲ့ လွန်း”
“မမသစ် ပြန်လာပြီလား”
“နင့်ကိုငါ့သူငယ်ချင်းနဲ့ မိတ်ဆက်ပေးမလို့လေ
ဒါကငါ့သူငယ်ချင်းနွေဦးအလင်္ကာတဲ့
အလင်္ကာ ဒါကတော့ငါ့ညီမချောလေး ရှင်လွန်းဖြူတဲ့”
“တွေ့ရတာဝမ်းသာပါတယ် မမနွေဦး”
“ဟားဟားဟား”
“မင်းကိုယ့်ကိုဘယ်လိုခေါ်လိုက်တာလဲ လွန်းရယ်
ကိုယ့်လို tomboyကေနဲ့ gentleman စတိုင်ဝတ်ထားတဲ့သူက မမဖြစ်စရာလား။ ကိုကိုအလင်္ကာလို့ခေါ်”
“ဟုတ်ကိုကိုအလင်္ကာ”
အလင်္ကာဟာ အသားဖြူဖြူ ခပ်ပိန်ပိန်ပါးပါး မျက်နှာသွယ်သွယ်နဲ့ ယောင်္ကျားလေးဆန်ဆန်နေတတ်ပြီး ရုပ်ရည်ကအစ ငွေကြေးအဆုံးအပြစ်ပြောစရာမရှိတဲ့ မိန်းကလေးတစ်ဦး။
သူ့အတွက်တော့ လွန်းဟာ သူ့ကိုပထမဆုံးရင်ခုန်စေနိူင်တဲ့သူလေးပါပဲ။