Chapter 1
လမ်းမကြီးတွင် လူများရှင်းလင်းနေသည် ပုံမှန်ဆိုရင်လူတွေစည်ကားနေသလောက် ယနေ့တော့… ဆိုင်တွေတောင် မဖွင့်တော့ချေ
ရှင်းလင်းနေသော လမ်းမကြီးပေါ်တွင်
ပြေးလွှားနေသော ကောင်လေးတစ်ယောက်သာရှိသည်
ယွန်ရှန့်တစ်ယောက် မိုးရွာလည်းမမှုနိုင်တော့.. မိုးရေစက်များက ရင်ထဲက အပူကို မသက်သာစေနိုင်ပေ..
ကိုယ်ချစ်ရတဲ့ သူဆီမှ သစ္စာဖောက်ခံရတဲ့ ခံစားချက်က ဆိုးလွန်းလှပါ၏
ထားလိုက်ပါတော့ သူ့ဟာနဲ့သူပဲရှိပါစေလေ
စိတ်တွေလည်းဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိနိုင်တော့
ပြေးနေရင်းမှာပင် သူ့ကမ္ဘာကြီး လည်သွားသလိုခံစားလိုက်ရကာ အမှောင်အ
တိသို့…
*ဟက် လောကကြီးက မျှတလိုက်တာ *
သူမေ့မသွားခင် ခပ်ရွဲ့ရွဲ့တွေးမိလိုက်သေး၏
ယွန်ရှန့် နိုးလာချိန် သတိထားမိသည်က နှာခေါင်းထဲဝင်လာတဲ့ ပန်းရနံ့တစ်ချို့ပင်
သူမျက်လုံးများကိုဖွင့်လိုက်သည်
သူမြင်လိုက်ရတာက ကောင်းကင်ပြာပြာကြီး၏အောက်တွင် ‘တစ်ဆယ်ဧက’လောက်ကျယ်ဝန်းသည့်ပန်းမာန်ခြံကြီးဖြစ်ကာ ပန်းများဖူးပွင့်နေပုံမှာ ကျက်သရေရှိလှပေသည်
*မိုက်သားဟ ငါဘယ်နေရာရောက်နေတာလည်း.. ဒါက ငါ နတ်မင်းကြီးတစ်ပါးဖြစ်လာပြီး အုပ်စိုးနေရတဲ့ နေရာဖြစ်နိုင်တယ်*
[မဖြစ်နိုင်တာတွေပါဗျ]
“ဘုရား! ဘယ်ကအသံလဲဟ ကြိုပြောလိုက်မယ် သရဲခြောက်တာဆိုရင် မင်းလူမှားနေပြီ မင်းအဖေငါက မကြောက်တတ်ဘူး ဒိုးလိုက်တော့”
[မင်္ဂလာပါ Host ကျွန်တော်က သရဲမဟုတ်ပါဘူးဗျ]
“…..”
[ကျွန်တော်က system-917ဗျ ပြီးတော့ ကျွန်တော်က host အောက်မှာရှိနေပါတယ်]
ယွန်ရှန့် သူအောက်ကိုငုံ့ကြည့်လိုက်တော့ အရောင်စုံပွင့်နေတဲ့နှင်းဆီပန်းပင်ကြီးတစ်ပင်ကိုတွေ့လိုက်ရသည်
“မင်းက နှင်းဆီပင်လား”
[မဟုတ်ဘူးဗျ နှင်းဆီပင်ပေါ်မှာပါ ကျွန်တော်က]
“အဲ့တော့ မင်းကဘာလဲ”
[Host မှန်းကြည့်လေ
“မင်းဘာသာ ဘာနေနေ.. ငါပြန်အိပ်တော့မယ်”
[hostကလည်း စိတ်ရှည်ပါဦး စကားပုံတစ်ခုရှိတယ်လေ စိတ်ရှည်သည်းခံလမ်းကြောင်းမှန်တဲ့]
“ကိုယ့်စိတ်နဲ့ကိုယ်ပဲ ရှည်ချင်ရှည်မယ် တိုချင်တိုမယ်”
[ကျွန်တော်က အမှန်တော့ပိုးအိမ်ထဲမှာမို့ hostကိုတွေ့မရသေးလို့ပါဗျ]
“ဒါဆို မင်းက ပိုးကောင်လား”
[ဟုတ်တယ်ဗျ ကျွန်တော်က နုနုထွတ်ထွတ်ရေမရောတဲ့ အသွင်ပြောင်းပိုးကောင်လေးပါ.. host တော့မသိလောက်ဘူး ကမ္ဘာပေါ်မှာသန်းနဲ့ချီတဲ့ ပိုးကောင်တွေက ရည်မှန်းချက်တစ်ခုအတွက် ဘဝတိုက်ပွဲဝင်နေကြရတယ်.. သူတို့ရဲ့ရည်မှန်းချက်က လှပပြီးလွတ်လပ်တဲ့အတောင်ပံနဲ့ လိပ်ပြာတစ်ကောင်ဖြစ်လာနိုင်ဖို့ပဲ… ဒါပေမယ့် ဒီဘဝတိုက်ပွဲကြီးက ခက်ခဲကြမ်းတမ်းနေတုန်းပါပဲ]
“ဟုတ်ပါပြီကွာ”
(Love you all😘)